ကိုမင်းကိုနိုင် နှစ် (၅၀) ပြည့်မွေးနေ့ အလှူဒါန ပြု
by mmnewshub
RFAထိန်လင်းကုသိုလ်ဖြစ်ဆေးခန်းဆိုင်းဘုတ်တင်ပွဲနှင့်၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့အမှတ်တရကွန်ပြူတာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပနေစဉ်။
RFA News, 18 October 2012 — ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်
ကိုမင်းကိုနိုင်ရဲ့ နှစ် (၅၀) ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ
ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇန ဥယျာဉ်မြို့တော်မှာ ဖွင့်လှစ်ထားတဲ့ ထိန်လင်း
ကုသိုလ်ဖြစ် ဆေးခန်း ဆိုင်းဘုတ်တင်ပွဲနဲ့ စာကြည့်တိုက်ဖွင့်ပွဲကို ဒီကနေ့
သွားရောက် အလှူဒါန ပြုခဲ့ပါတယ်။