Thursday, October 11, 2012

မြန်မာနိုင်ငံဟာ ကံကောင်းသတဲ့


မြန်မာနိုင်ငံဟာ ကံကောင်းသတဲ့

by Aung Moe Win on Wednesday, October 10, 2012 at 11:38pm ·
မြန်မာနိုင်ငံဟာ နယ်ဆင်မင်ဒဲလား လို ခေါင်းဆောင်တယောက်နဲ့ ဂေါ်ဗာချော့ လို ပြုပြင်ပြောင်းလဲရေးလုပ်ချင်သူတယောက်ကို တပြိုင်တည်းရလိုက်တဲ့ အတွက် ကံကောင်းသတဲ့။လွန်ခဲ့တဲ့ အပတ်တုံးက နိုင်ငံတကာ သတင်းစာတွေကို ပြန်တုန့်ပြန်ထားတဲ့ ဆောင်းပါးလေးကို လွတ်လပ်တဲ့အာရှအသံရဲ့ ကြာသာပတေးညပိုင်းအစီးအစဉ်မှာ ဆွေးနွေးခဲ့တယ်။
နိုင်ငံတကာ သတင်းမီဒီယာတွေကိုကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန်တို့ရဲ့ ခရီးစဉ်တွေ၊ သူတို့အပေါ် နှိုင်းယှဉ်သုံးသပ်ထားတဲ့ ဆောင်းပါးတွေ၊ ဒီမိုကရေစီရေးမျှော်လင့်ချက်ရောင်ခြည်တွေကို ဝေဝေဆာဆာတွေ့မြင်နေကြရပါတယ်။ နယူးယောက်တိုင်း သတင်းစာကြီးမှာ ဆိုရင် မြန်မာနိုင်ငံဟာ နယ်ဆင်မင်ဒဲလား နဲ့ ဂေါ်ဗာချော့ လို ပုဂိုလ်နှစ်ယောက်ကို တပြိုင်တည်းရတဲ့အတွက် ကံကောင်းတယ် လို့ ခြီးကြူးထောပနာပြုထားခြင်းကို နှိုင်းယှဉ်ပြထားမှုအပေါ် ပြန်လည်ချေပထားတဲ့ အချက်အလက်တွေကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိက လွတ်မြောက်ရေးခေါင်းဆောင် နယ်ဆင်မင်ဒဲလား နဲ့ နှိုင်းယှဉ်ထားပြီး သမ္မတကြီး ဦးသိန်းစိန် ကိုတော့ ဆိုဗီယက်ပြည်ထောင်စုရဲ့ စီးပွားရေး၊ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲရေးလုပ်ချင်သူ ဂေါ်ဗာချော့ အဖြစ်နဲ့ ရည်ညွှန်းချင်ပုံရပါတယ်။ တချို့ကတော့ အဲ့ဒီ နှိုင်းယှဉ်ချက်တွေကို အပြင်းအထန်ငြင်းဆန်ခဲ့ကြပါတယ်။
 နယ်ဆင်မင်ဒဲလား ဟာ အကျဉ်းထောင်ထဲမှာ ၂၇ နှစ်ကျော် အဖမ်းခံခဲ့ရပြီးတဲ့နောက် သူရှိတဲ့နေရာကို လူဖြူအစိုးရက လာရောက်ညှိနှိုင်းခဲ့ပါတယ်။ တောင်အာဖရိက ရွေးကောက်ပွဲတွေမှာ သမ္မတအဖြစ် ရွေးချယ်ခွင့်ပေးခဲ့ပါတယ်။၊ မြန်မာစစ်အစိုးရကတော့ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေ စည်းဝိုင်းထဲကို ဝင်မလာမခြင်း၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ အပေးအယူမလုပ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူတို့ရဲ့ အတွင်းစည်းထဲမှာ ဝင်ရောက်ကစားခဲ့ပါတယ်။ အမုန်းတရား တစုံတရာမှ မပြောဆိုပဲ၊ အတိတ်ရဲ့ နာကျင်ဘွယ်အဖြစ်အပျက်တွေကို ပြန်လည် ကောက်ကြောင်းမခြစ်ပဲ၊ မေတ္တာတရား အငွေ့အသက်တွေလွှမ်းခြုံနေတဲ့ နိုင်ငံရေးလမ်းကြောင်းတခုကို စတင်လျှောက်လှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေတွေမှာ အကန့်အသတ်တွေများလွန်းတဲ့အပြင်၊ သမ္မတဖြစ်မဲ့သူဟာ စစ်ရေးအတွေ့အကြုံရှိရမယ် ဆိုတဲ့ စည်းခြားမှုတွေကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေဟာ နယ်ဆင်မင်ဒဲလား လို ဖြစ်လာဖို့ အခြေအနေမရခဲ့ပါဘူး။ ပိုပြီး ကွာခြားတဲ့ အချက်ကတော့ နိုင်ငံတကာ ရဲ့ တုန့်ပြန်မှုအနေအထားပဲဖြစ်ပါတယ်။ တောင်အာဖရိက လွတ်မြောက်ရေးလှုပ်ရှားမှုကာလတွေကို ကြည့်လိုက်မယ် ဆိုရင် အမေရိကန်ပြည်ထောင်စ နဲ့ အနောက်အုပ်စုဟာ စစ်အေးတိုက်ပွဲရဲ့ အဓိက အန္တရာယ်ဖြစ်တဲ့ ကွန်မြူနစ်တွေရဲ့ ခြေလှမ်းကို ရိုက်ချိုးချင်ခဲ့ပါတယ်။ ဒါကြောင့်လည်း၊ အကြမ်းဖက်မှုနည်းပေါင်းစုံ နဲ့ လူဖြူအစိုးရကို လက်နက်ကိုင်စွဲတိုက်ပွဲဝင်ခဲ့တဲ့ အာဖရိကန်အမျိုးသားကွန်ဂယက် ကို လက်ဝဲဝါဒီတွေရဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကလည်း အမှန်တရား နဲ့ အမှားတွေကြားမှာ ကြားနေဖို့ မသင့်ဘူး ဆိုတဲ့ စကားလုံးတွေနဲ့ ရော်နယ်ရေဂင် ရဲ့ အစိုးရကို ကွန်ဂယက်ထဲအထိ လာရောက်ဝေဖန်ခဲ့ဘူးပါတယ်။
  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကတော့ ကံဆိုးမှုတွေထဲမှာ ရုန်းကန်ခဲ့ရတယ် လို့ ဆိုရပါလိမ့်မယ်။ တောင်အာဖရိကရဲ့ လူဖြူအစိုးရကို ထောက်ခံခဲ့သူ အင်အားကြီးနိုင်ငံတွေက အဝေးကြီးမှာ ရှိနေခဲ့ပေမဲ့ မြန်မာစစ်အာဏာရှင်တွေကို အဓိက ထောက်ခံပံ့ပိုးခဲ့သူ တရုပ်ပြည်သူ့သမ္မတနိုင်ငံကတော့ အနီးဆုံးမှာ တည်ရှိနေခဲ့ပြီး၊ ဒေသတွင်း လွှမ်းမိုးမှုကို သိမ်သိမ်မွေ့မွေ့လုပ်ကိုင်နေခဲ့တာကြောင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဒဏ်ခပ်ပိတ်ဆို့မှုတွေဟာ အရာမထင်ခဲ့ပါဘူး။ ဒါ့အပြင် အာဆီယံ လို အဖွဲ့တွေကလည်း မျက်နှာနှစ်ဘက်နဲ့ အဆက်အဆံလုပ်နေခဲ့တာကြောင့် မြန်မာနိုင်ငံရေးအပြောင်းအလဲပေါ်မှာ ဘုံသဘောတူညီမှုဆန်တဲ့ မဟာဗျူဟာ တခု ရှိမနေခဲ့ပါဘူး။ အင်အားကြီးနိုင်ငံတခုက စစ်ရေးနိုင်ငံရေး အဓိက ထောက်ပံ့ပေးနေခဲ့ရင်၊ အဲ့ဒီ နိုင်ငံတွေအပေါ် ဆင်နွဲတဲ့ စစ်ပွဲဟာ မအောင်မြင်နိုင်ဘူး၊ ဥပမာ ဗီယက်နမ် စစ်ပွဲပေါ့ဗျာ ၂၀ ရာစုမှာ ဗီယက်နမ်စစ်ပွဲ အရှုံးရဲ့ သင်ခန်စာကို လေ့လာခဲ့မိကြတဲ့ အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည် အပေါ်ထားတဲ့၊ သူတို့ရဲ့ သဘောထားကို ပြန်လည် သုံးသပ်ခဲ့ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ပြည်ထောင်စု နဲ့ တရုပ်နိုင်ငံကြားက ပါဝါကစားပွဲမှာ မြန်မာနိုင်ငံဟာ ဓါးစာခံဖြစ်မှာကို စိုးရိမ်ပုံရပါတယ်။ ဒါကြောင့်လည်း ဒက်စမွန်တူးတူး ရဲ့ အင်အားပြင်းတဲ့စကားလုံးတွေလို ပြောဆိုမနေတော့ပဲ တခါတုံးက ပြိုင်ဘက်ဟောင်းတွေ နဲ့ ရင်ကြားစေ့ချင်တဲ့ စကားတွေ နဲ့ သာ ကမ်းလှမ်းခဲ့ပါတယ်။ အမျိုးသားရေးညီညွတ်မှုကို တည်ဆောက်ပြီး အသက်ရှုချောင်မဲ့အနာဂတ်ကိုသာ မြင်တွေ့ချင်ပုံရပါတယ်။
  သမ္မတကြီး ဦးသိန်းစိန် ကို ဆိုဗီယက်ခေါင်းဆောင် မစ်ဟိုင်းဂေါ်ဗာချော့ နဲ့ နှိုင်းယှဉ်လိုက်တာကတော့ တော်တော်လေးဂွကျ တဲ့ အမြင် လို့ ဆိုရမယ် ထင်တယ်။တူတဲ့အချက်တွေတော့ ရှိတယ်ဗျာ။ ဆိုဗီယက်ယူနီယံရဲ့ ဖွဲ့စည်းပုံကို ကြည့်လိုက်မယ်ဆိုရင် ဆိုဗီယက်ကွန်မြူနစ်တွေက အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်သူတွေ၊ Congress of Deputies မှာ သူတို့ရဲ့ လူတွေကပဲ ဥပဒေရေးဆွဲမှုကို အဓိက လုပ်ကိုင်ကြတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ အခြေခံဥပဒေကလည်း ဒီအတိုင်းပဲ။ ကွာခြားချက်ကတော့ ဂေါ်ဗာချော့ က ဆိုဗီယက်ယူနီယံကို ပြုပြင်ပြောင်းလဲတဲ့အခါ ပါတီစုံစံနစ်ကို မလိုချင်ဘူး။ ဆိုရှယ်လစ်အတွေးအခေါ် စက်ဝိုင်းအတွင်းကပဲ ပြုပြင်ပြောင်းလဲရေးလုပ်ချင်တယ်။ ဒါပေမဲ့ တဘက်မှာတော့ ဆိုဗီယက်ယူနီယံမှာ ပါဝင်တဲ့နိုင်ငံတွေ၊ လူမျိုးစုတွေရဲ့ အနာဂတ်ကို ကိုယ့်သဘောအတိုင်းသွားခွင့်ပြုတယ်။ သူရဲ့ အရှေ့ဂျာမဏီခရီးစဉ်မိန့်ခွန်းမှာ ဒီအချက်ကို အထင်အရှားတွေ့ရမယ်။ မြန်မာနိုင်ငံမှာတော့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ နိုင်ငံရေးစံနစ်စစ်စစ်တခုကို မတွေ့ခဲ့ရသလို၊ လူမျိုးစုတွေအတွက် တိကျသေချာတဲ့ နိုင်ငံရေးအခင်းအကျင်းတခုကို မညှိနှိုင်းနိုင်သေးတာကြောင့် ကချင်စစ်ပွဲတွေ၊ ရခိုင်ပြည်နယ်ပြဿနာတွေ လည်း တည်ရှိနေဆဲဖြစ်တယ်။ ပိုပြီးကွာခြားတဲ့အချက်ကတော့ ဂေါ်ဗာချော့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်တာနှေးကွေးမှုကို အားမရတဲ့အတွက် ပြုပြင်ပြောင်းလဲရေးကို ခုန်ပျံကျော်လွှားချင်တဲ့ ယဲ့ဆင် လို လစ်ဘရယ်ဝါဒီတွေ အများအပြားရှိခဲ့တယ်။ မြန်မာစစ်အစိုးရထဲမှာတော့ အဲ့သလို နိုင်ငံရေးသမားတွေ တွေ့ဖို့အလားလာမရှိနိုင်သေးဘူး။
သောတရှင်များခင်ဗျား
 နိုင်ငံတကာအနေအထားတွေနဲ့ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သေချာတာတခုတော့ ရှိပါတယ်။ စစ်အစိုးရအပါအဝင် ဒီမိုကရေစီ အင်အားစုတွေ နားလည်နေကြတဲ့အချက်ကတော့ အာဏာရှင်စံနစ် ရဲ့ နိုင်ငံရေးအမြင်မကျယ်မှု နဲ့ ဖိနှိပ်မှုတွေကြောင့် တိုင်းပြည်ဟာ ဆင်းရဲဒုက္ခရောက်ခဲ့ရတယ်။ အကျိုးဆက်ကတော့ အမျိုးသားညီညွတ်ရေးပြိုကွဲခဲ့ပြီး ပြဿနာတွေကြားမှာ နစ်မြှုပ် နေခဲ့ကြရတယ်။ အုပ်စိုးသူလူတန်းစားဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ နာမည်ပျက်ခဲ့ရသလို၊ ပြည်သူတွေဟာလည်း အမှောင်ထုထဲမှာ အသက်ရှုကြပ်ခဲ့ကြပါတယ်။ သောတရှင်တို့လည်း ပြည်သူကို စောင့်ရှောက်တတ်တဲ့ ဒီမိုကရေစီ အစိုးရတရပ်နဲ့ ဆုံတွေ့နိုင်ကြပါစေ။

Huawei နှင့် ZETသည်လုံခြုံရေး ကိုခြိမ်းခြောက်သည်ဟု အမေရိကန်သတိပေး


Huawei နှင့် ZETသည်လုံခြုံရေး ကိုခြိမ်းခြောက်သည်ဟု အမေရိကန်သတိပေး

mobile company spying. The two well-known mobile makers Huawei and Zte
Huawei and ZTE pose security threat according to US Intelligence report.
မြန်မာ့ဆက်သွယ်ရေးက ပီကင်းအစိုးရလက်အောက်ခံ (Huawei) နဲ့ ZTE ကုမ္ပဏီတွေက အိတ်ချိန်းဆာဗာတွေ အမြာက်အမြားဝယ်ယူ တပ်ဆင်ခဲ့ပါတယ် ၊
အဲဒီ Server တွေကို ပီကင်းကနေ အချိန်မရွေး Maintenance လုပ်ပေးနေပါတယ် ၊ Maintenance တောင်လုပ်လို့ရတယ် ဆိုတော့ အဲဒီ Server တွေကို Admin Management လုပ်လို့ ရနေတယ်ပေါ့ ၊

အခုပဲ အမေရိကန်ကွန်ကရက်က အဲဒီ ပီကင်း ကုမ္ပဏီ ၂ ခုကို အမေရိကန်က အချက်အလက်တွေ ခိုးယူဖို့ ကြိုးစားနေတာကို လက်ပူးလက်ကျပ်မိပြီတဲ့ ၊ အဲဒီ ကုမ္ပဏီတွေနဲ့ ဆက်အလုပ်မလုပ်ဖို့ တားနေပြီတဲ့ ၊

ကျနော်တို့ ဗမာပြေက ဖုန်းတွေကို စောင့်ကြည့်တာရော ပြောနေတဲ့ အသံတွေကို ကြားဖြတ်နားထောင် နိုင်တာရော အဲဒီပီကင်းက တိုက်ရိုက် လုပ်နိုင်ပါတယ် ၊ ဒါဟာ ပေါတာကြီးပြည်ဖျက်သန်းရွှေနဲ့ ပီကင်းအစိုးရတို့ ပူးပေါင်းကြံစည်ထားတာတွေပါ ၊

ကျနော်ကို့ရဲ့ အိတ်ချိန်းဆာဗာတွေကို လုံခြုံမှုရှိအောင် ဥရောပ အမေရိကန် ပညာရျင်များနဲ့ ပြန်လည် စစ်ဆေးပေးဖို့ ၊ ဆက်သွယ်ရေးစီမံခန့်ခွဲမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့ နဲ့ နောက်နောင် အဲဒီံ Huawei နဲ့ ZTE ကုမ္ပဏီတွေကို မဆက်ဆံဖို့ အစိုးရကို တိုက်တွန်းကြရပါမယ်

Hawdeka Khalaylay
(8 October 2012ရက်စွဲပါ BBC Newsမှ “Huaewi and ZTE posc security threat,warns US panel”ကိုဘာသာပြန်ဆိုသည်။)
တရုတ်ကုန်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Huaweiနှင့် ZTEတို့သည် အမေရိကန် ပြည်ထောင်စုသို လုံခြုံရေး အရခြိမ်းခြောက်မှုပြုခဲ့ကြောင်း အဆိုပါ ကုမ္ပဏီနှစ်ခုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ကွန်ဂရက်အဖွဲ့တစ်ခုက သတိပေးခဲ့သည်။

အဆိုပါ ကုမ္ပဏီနှစ်ခုအား အမေရိကန်မှ ပူးတွဲလုပ်ဆောင်ခြင်း ဝယ်ယူခြင်းများ ပိတ်ပင်သင့်ကြောင်း Houseစုံစမ်းထောက်လှမ်းရေး ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကွန်ဂရက်အဖွဲ့က ပြောကြားရာတွင် ၎င်းကုမ္ပဏီနှစ်ခုသည် တရုတ်အစိုးနှင့် လည်းကောင်း၊ တရုတ်စစ်တပ်နှင့် လည်းကောင်း၊ ပါဝင်ပတ်သက်နေမှု အတွက် စိုးရွံ့နေမှုများကို ဖြေဖျောက်မပေးနိုင်ကြောင်း ဆိုသည်။

Huawei နှင့်ZTEသည် စက်တင်ဘာလက ကွန်ဂရက် အဖွဲ့အရှေ့တွင် စွပ်စွဲချက်များကို ငြင်းဆိုခဲ့ သည်။ တနင်္လာနေ့က ZTEက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာ ၎င်း၏ပစ္စည်းများသည် အမေရိကန်၏စံကို ပြည့်မီကြောင်း၊ ခြိမ်းခြောက်မှုများလည်း ပြုလုပ်သွားခြင်း မရှိကြောင်း “ZTEဟာ ကွန်ဂ ရက်၏ စုံစမ်းစစ်ဆေးမှု နှင့်အတူ အခြားမည်သည့် တရုတ်ကုမ္ပဏီမှ မလုပ်ဆောင်ဖူးသော ကော်ပိုရေးရှင်းဆိုင်ရာစံများ ထချမှတ်ခဲ့ပါတယ်”ဟုတရုတ် Xinhuaသတင်းဌာနက ကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

Huawei၏ ဒုတိယဥက္ကဋ္ဌ William Plummerက ပြောကြားရာတွင် ယခုနောက်ဆုံး စွပ်စွဲချက်များသည် အန္တရာယ်ကြီးသော နိုင်ငံရေးအရ မတည် ငြိမ်အောင် ဆွပေးခြင်းဖြစ်ကြောင်း ပြောသည်။

“Huaweiသည် ၎င်း၏နည်းပညာနှင့် ဈေးကွက်ဆိုင်ရာ ကောင်းကွက်များကို လျစ်လျူရှု၍ ဆိုက်ဘာ၏
ဆိုးရွားသော တိုက်ခိုက်မှု Cyber Mischief” ကို ထီးထီးကြီး ခံနေကြောင်း ရှင်းပြလိုပါတယ်။ အမေရိကန်၏ အလုပ်အကိုငှ်င့် တီထွင်ဖန်တီးမှုများကို အမှုမဲ့အမှတ်မဲ့ ခြိမ်းခြောက်သလို ဖြစ်သွးရခြင်းသာ ဖြစ်ပြီး အမျိုးသား လုံခြုံရေးကို ကာကွယ်ရန် ဘာမှ မလုပ်ခဲ့ပါဟုရှင်ပြခဲ့သည်။
Houseထောက်လှမ်းရေး အစီရင်ခံစာတွင် အဆိုပါ ကုမ္ပဏီများမှ ထုတ်လုပ်သော မိုဘိုင်းဖုန်း ထုတ်ကုန်များကို သပိတ်မှောက်ရန် တိုက်တွန်း ထားရာ အဆိုပါ ကုမ္ပဏီ များအတွက် လွန်စွာအရေးကြီးသည်။ “တရုတ်မှာ သူရဲ့တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီများကို သူတစ်ပါးအား ထိခိုက်စေလို သော ရည်ရွယ်ချက်ဖြင့် အသုံးချရန် ငွေကြေးအခွင်အလမ်းနှင့် စိတ်နေစိတ်ထား ရှိနေပါတယ်”ဟု အစီရင်ခံစာက ပြောသည်။
ရနိုင်သမျှ လျို့ဝှက်သတင်းများ နှင့် အခြားသတင်းအချက်အလက်များကို အခြေခံပြီး ပြောရလျှင် Huaweiနဲ့ ZTEဟာ နိုင်ငံခြားအစိုးရရဲ့ သြဇာ လွှမ်းမိုးမှု လွတ်ကင်းတယ်လို့ ယုံကြည်မှုမရှိနိုင်ပါဘူး ဒါ့ကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ ကျွန်ုပ်တို့ရဲ့ စနစ်များကို လုံခြုံရေးအရ ခြိမ်းခြောက်နေတယ်လို့ ဆိုနိုင်ပါတယ်ဟု ဖော်ပြထားသည်။
ကွန်ဂရက်အဖွဲ့က ပြောကြားရာတွင် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှု များတွင် Huawei၏လက်ရှိနှင့် ဝန်ထမ်းဟောင်းများထံမှ လာဘ်ပေးမှု၊ အဂတိ လိုက် စားမှု မတရားသော အပြုအမူနှင့် မူပိုင်ခွင့် ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များနှင့် ပတ်သက်၍ လုံလောက်သော ခိုင်လုံသည့် သတင်းများ ရရှိထားသည်ဟု ဆိုသည်။
ရီပက်ဘလစ်ကန် ကော်မတီဥက္ကဋ္ဌ Mike Rogersကပြောကြားရာတွင် ၎င်းတို့သည် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနိုင်ရန် သတင်း အချက် အလက်များအား FBIသို့လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်းဆိုသည်။
“ကျွန်တော်တို့ကိစ္စက ပြီးပါပြီ။ ကံမကောင်းတာက ဒီကိစ္စဟာ အများနဲ့ မဆိုင်တဲ့ သီးသန့်ကိစ္စပါ”ဟု Mr Rogersက တနင်္လာနေ့က ပြောကြား ခဲ့သည်။ တနင်္လာနေ့က အမေရိကန်၏ Networkဖြစ်သော CBSတွင် Mr Rogersကမိနစ်ခြောက်ဆယ်ကြာ ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပွင့်ပွင့်လင်းလင်းပြော ခဲ့သည်။
“တကယ်လို့ ကျွန်တော်တို့သာ Huaweiနှင့် အလုပ်လုပ်ဖို့ စဉ်းစားနေတဲ့ အမရိကန်ကုမ္ပဏီတစ်ခု ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပစ္စည်းကို ဂရုပြုမယ်၊ ကိုယ့်ဖောက်သည်တွေရဲ့ ပုဂ္ဂလိက အခွင့်အရေး ကို ကိုအလေးထားမယ်။ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးကို အလေးထားမယ် ဆိုရင် တခြားကုမ္ပဏီ တစ်ခုဖြစ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပစ္စည်း ကိုဂရုပြုရမယ်။ ကိုယ့်ဖောက်သည်တွေရဲ့ ပုဂ္ဂလိက အခွင့်အရေးကို အလေး ထားရမယ်။ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို အလေးထားမယ်ဆိုရင် တခြားကုမ္ပဏီ တစ်ခုကို ထပ်ရှာပါတယ်”ဟု ၎င်းကပြောသည်။
အစီရင်ခံစာတွင် ထောက်ခံပြထားသော အချက်များ၌ အမေရိကန် ကန်ထရိုက်တာများသည် Huawei နှင့်ZET ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် သို့မှသာ အဆိုပါ ကုမ္ပဏီများသည် ပိုမိုပွင့်လင်းမှုရှိလာပြီး အမေရိကန် ဥပဒေကို လိုက်နာရန် လုပ်ဆောင်လာမည်ဟု ဆိုသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါကုမ္ပဏီနှစ်ခုနှင့် ပတ်သက်သော အကြောင်းအကျိုး မခိုင်လုံသည့် စွပ်စွဲချက်များကို စွန့်လွှတ်ရန် အမေရိကန်အား တိုက်တွန်းခဲ့သည်။
“တရုတ် တယ်လီကွန်းကုမ္ပဏီတွေ သူတို့ရဲ့နိုင်ငံတကာ စီးပွားရေးတွေကို ဈေးကွက်စီးပွားရေး စည်းမျဉ်း စည်းကမ်းများ အပေါ်အခြေခံပြီင်္း လုပ်ဆောင်နေတာဖြစ်ပါတယ် ”နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Hong lei ကပြောသည်။
Huaweiကို တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ Ren Zhengfei က၁၉၈၇ခုနှစ်တွင် စတင်တည်ထောင် ခဲ့ သည်။
၎င်းသည်အဆိုပါ ကဏ္ဍ၌ ကမ္ဘာပေါ်တွင် အကြီးဆုံး ပလေယာအဖြစ် ကြီးထွားရာ ၎င်း၏တရုတ် စစ်တပ် နှင့် ဆက်ဆံမှုများမှာ မကြာခဏ ပေါ်လာ ပြီး စိုးရိမ်မှုများပင် ဖြစ်စေသည်။
Huaweiသည် တရုတ်နိုင်ငံအတွက် နိုင်ငံခြား တိုင်းပြည်များနှင့် ကုမ္ပဏီများထံမှ သတင်းအချက်အလက်များ စုဆောင်းပေးသည်ဟု စွပ်စွဲချက်များ ၊ စိုးရိမ်မှုများ ရှိခဲ့ပြီး ၎င်းကစွပ်စွဲချက်များ မဟုတ်မှန်ကြောင်း ငြင်းဆိုမှုများရှိခဲ့သည်။
ပြီးခဲ့သည့်နှစ်က ၎င်းသည် အမေရိကန်ကွန်ပျူတာ ကုမ္ပဏီဖြစ်သော 3Leafမှ စနစ်များ ဝယ်ယူရာ အမေရိကန် လုံခြုံရေး အဖွဲ့တစ်ခုမှ ပယ်ဖျက် ခြင်းကို ခံခဲ့ရသည်။
ယခုနှစ် အစောပိုင်း ကလည်း၎င်းနှင့် ZETမှ အချို့ကိရိယာများတွင် အချို့သတင်းအချက် အလက်များ တရုတ်နိုင်ငံသို့ ပြန်ပို့သည့် ကုဒ်(Code of Rely)များ ထည့်သွင်းထားကြောင်း စွပ်စွဲချက်များကို ကြုံတွေ့ခဲ့ ရသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုမှ အကြီးတန်းအမှုဆောင်များသည် စက်တင်ဘာလက အမေရိကန် အမတ်များအရှေ့တွင် အဆိုပါ စွပ်စွဲချက်များကို မမှန် ကန်ကြောင်း ငြင်းဆိုခဲ့ကြသည်။
ZETသည်၎င်းအနေဖြင့် အမေရိကန် တယ်လီကွန်း ကိရိယာများကို အရေးယူမှုများ ချမှတ်ခံထားရသော အီရန်သို့ရောင်းချကြောင်း စွပ်စွဲချက်များ ကို ရင်ဆိုင်ခဲ့သည်။ အမေရိကန် ဧရာမ တယ်လီကွန်း ကုမ္ပဏီတစ်ခု ဖြစ်သော Ciscoသည် တနင်္ဂနွေနေ့က ZETနှင့်ဆက်ဆံရေးကို ရပ်ဆိုင်ခဲ့ကြောင်း Reutersက သတင်းထုတ်ပြန်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အီရန်နှင့် သဘောတူညီချက်များတွင် ၎င်း၏ပစ္စည်းကိရိယာများ ပါဝင်နေခြင်း ကြောင့်ဟု ဆိုသည်။
ယခုနောက်ဆုံး သတင်းထွက်ပေါ်လာချိန်မှာ အမေရိကန် သမ္မတမဲဆွယ်မှုများတွင် တရုတ်အရေးကိစ္စ သည် ရေပန်းစားနေသည့် အချိန်ဖြစ်သည်။ သမ္မတBarack Obamaရော ၎င်း၏ရီပက်ဘလစ်ကန် ပြိုင်ဘက် Mitt Romney ပါတရုတ်၏ ငွေကြေးမူဝါဒ မှအစပြ၍ တရုတ်ကုမ္ပဏီများအပေါ် အစိုးရကဝင်၍ အရှုံးခံ ပေးနေမှု အများအဆုံး ကိစ္စရပ်များတွင် Beijingအား ဖိအားတိုး၍ ပေးရန်စီစဉ်လျက်ရှိသည်။
ယခုအစောပိုင်း ကာလကလည်း Obamaသည်တရုတ်ကုမ္ပဏီ ဖြစ်သော Rall Cropsက Oregon အနီး အမေရိကန်ရေတပ် အဆောက်အဦး အနီး တွင် လေအားလျှပ်စစ် (Wind farm)စီမံကိန်းလေးခုတွင် သဘောတူညီချက်ကို ပိတ်ဆို့သည့် အမိန့်အား လက်မှတ်ရေးထိုးခဲ့သည်။ ဤသည်မှ အမေရိကန် အနေဖြင့် ၂၂နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကို ပိတ်ဆို့ခြင်း ဖြစ်သည်။
ထိုကိစ္စအတွက် တရုတ်ကုမ္ပဏီက Mr Obamaအား တရားစွဲခဲ့ပြီး အမေရိကန်အစိုးရသည် ၎င်း၏အာဏာကို လိုအပ်သည်ထက် အလွန်အကျွံ သုံးစွဲခဲ့ကြောင်း စွပ်စွဲခဲ့သည်။

Yangon chronicle

နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကစာသင်ကျောင်းများ မိခင်စာပေနှင့် ဘာသာစကားကို စိန်ခေါ်နေပြီလား??????


နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကစာသင်ကျောင်းများ မိခင်စာပေနှင့် ဘာသာစကားကို စိန်ခေါ်နေပြီလား?????? 

ဥပမာဒေါ်အောင်ဆန်းစုကြည်လိုပေါ့။ အရမ်းလေးစားဖို့ကောင်းတယ်။ အင်္ဂလိပ်စကားကို အထေ့အငေါ့မရှိ လိုတိုရှင်းပြောနိုင်တယ်။ အင်္ဂလိပ်လို မေးမြန်းသမျှကိုလည်း အဆိုင်းအတွမရှိ ကျွမ်းကျင်လိမ်မာစွာပြောနိုင်တယ်။ ဒါပေမယ့် အမေစုက ဘယ်တော့မှ ကိုယ့်မြန်မာလူမျိုးအချင်ချင်းစကားပြောရာမှာ အင်္ဂလိပ်လိုပြောတာ အားမပေးဘူး။
လက်ရှိမြန်မာ့ပညာရေးလောကတွင် စာပေသင်ကြားမှုစနစ်ကို နိုင်ငံတကာအဆင့်မီမှုမမီမှုတိုင်းတာနေသောပေတံများ အမျိုးမျိုးရှိနေသော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်အဆင်ပြေမှုရှိမရှိ တိုင်းတာမှုမျိုးမှာ မတွေ့ရသေးသည်မှာ ၀မ်းနည်းဖွယ်ရာဖြစ်ကြောင်း လေ့လာသူများကထောက်ပြလိုက်သည်။ လက်ရှိအစိုးရလက်ထက်တွင် ပညာရေးစနစ်ကို နိုင်ငံတကာအဆင့်မီစေရန် တိုက်တွန်းအားပေးမှုများရှိနေပြီး ပုဂ္ဂလိကစာသင်ကျောင်းများဖွံ့ဖြိုးစေရန် ကူညီအားပေးမှုများလည်း အစိုးရပိုင်းကလုပ်ဆောင်နေသည်။
ငွေကြေးတတ်နိုင်သည့်မိဘအသိုင်းအ၀ိုင်းများကလည်းမိမိတို့ကလေးများကို နိုင်ငံတကာအဆင့်မီသည်ဟုဆိုသော နိုင်ငံခြားဘာသာဦးစားပေးသင်သည့် ကျောင်းများတွင် တက်ရောက်စေကြသည်မှာလည်း ခေတ်စားနေသော ကြွားစရာပြယုဂ်တစ်ခုဖြစ်နေပါတယ်။သို့သော် ထိုကျောင်းများကပင် မိခင်စာပေ၊ ဘာသာစကားကို ထိခိုက်အောင် စိန်ခေါ်မှုများရှိနေသည်ကိုလည်း မငြင်းနိုင်ပေ။

နိုင်ငံတကာသင်ရိုးနှင့်အညီသင်ကြားနေသည်ဆိုသော သံရုံးကျောင်းတစ်ကျောင်းမှ ကျောင်းသားမိဘတစ်ဦးက " ကျွန်မကလေးကို ဒီကျောင်းမှာထားရတာ တော်တော်အဆင်ပြေတယ်၊ ဒီကျောင်းက သင်ကြားမှုစနစ်လည်းကောင်းတယ်။ အင်္ဂလိပ်စာကို အသားပေးသင်တော့ ကလေးက အင်္ဂလိပ်စကားတော်တော်ကျွမ်းကျင်လာတယ်။ တစ်ခြား ဘာသာရပ်တွေမှာလည်း မဆိုးဘူး။ ကျွန်မတော့ကလေးအတွက် တော်တော်စိတ်ချရပြီ။ဒီကျောင်းကပြီးလို့ကလေးကြီးလာရင် နိုင်ငံခြားကကျောင်းမှာထားဖို့ကျတော့လည်း အဆင်ပြေတယ်လေ " ဟုပြောကြားသွားသလို သာမန်အစိုးရကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသာ မိဘတစ်ဦးကမူ " ကျွန်မတို့က ငွေကြေးအရမ်းကြီးမတတ်နိုင်တော့ ရိုးရိုးကျောင်းမှာပဲထားရတာပေါ့။ ဒါတော် ကျူရှင်စရိတ်က နည်းတာမဟုတ်ဘူး။ ဒါပေမယ့် ကလေးရဲ့ ကြိုးစားအားထုတ်မှုကိုလိုက်ပြီး တတ်နိုင်သမျှဖြည့်ဆည်းပေးသွားမယ်လို့တော့ စိတ်ပိုင်းဖြတ်ထားတယ်။

ပုဂ္ဂလိကကျောင်းမှာထားဖို့ကျတော့ ကျမတို့ကတတ်နိုင်သူတွေမဟုတ်ဘူးလေ။ တော်ကြာ ဖြုန်းနိုင်သုံးနိုင်တဲ့ကလေးတွေနဲ့ ပေါင်းပြီး
ကျမကလေးပျက်စီးသွားမှာလဲကြောက်တယ်" ဟုပြောကြားသွားပါတယ်။ အဆိုပါနိုင်ငံခြားဘာသာဦးစားပေးသင်သောကျောင်းများနှင့်ပတ်သက်ပြီး လေ့လာသူ ကိုမျိုးညီညီက "ကျွန်တော် တစ်နေ့က အလှူတစ်ခုမှာမိဘတွေပြောနေတဲ့စကားတစ်ခုကြားလိုက်ရတယ်။ ပြောနေတဲ့သူကသူ့ကလေးကိုPrivate ကျောင်းတစ်ခုမှာထားတဲ့အကြောင်း၊ အဲဒီကျောင်းကတော်တော်ကောင်းကြောင်း ကလေးတွေကိုလည်း စနစ်တကျသင်တဲ့အကြောင်း။ အဲဒီအထိကြားရတာအဆင်ပြေသေးတယ်။ နောက်သူက ဘာပြောလဲဆိုရင် ကလေးက အင်္ဂလိပ်စာကို တော်တော်ကျွမ်းကျင်နေပြီတဲ့ ဘယ်လောက်တောင်လဲဆိုရင် မြန်မာစာကိုတောင် အင်္ဂလိပ်စာလောက်ကောင်းကောင်းမဖတ်နိုင်ဘူးတဲ့။ သူပြောနေတာတော့်တော့်ကို ၀မ်းပန်းတသာနဲ့ကိုပြောနေတာ။
ဒီဟာလေးကိုကြည့်ပြီးပြောလို့ရတာတစ်ခုကတော့ မိဘတွေအနေနဲ့ ပညာရေးအားပေးတာ လမ်းကြောင်းလွဲလာပြီလို့ပြောလို့ရတယ်။ ကိုယ့်ရဲ့ မိခင်ဘာသာကို မကျွမ်းကျင်ဘဲနဲ့ တခြားဘာသာကျွမ်းကျင်တာကို မိဘတွေအနေနဲ့ ဂုဏ်ယူနေကြပြီလားလို့ ကျွန်တော်မေးချင်တယ်။ ဒါဟာ ကိုယ့်ရဲ့ မိခင်ဘာသာစကား ပျောက်သွားတော့မယ့် ရှေ့ပြေးနမိတ်ပုံပဲ။ ဒီလိုအပြောအဆိုမျိုး ရပ်ကွက်ထဲမှာ အပြောများလာပြီ။ ကိုယ့်ရဲ့ကလေး မိခင်ဘာသာစကားထက် နိုင်ငံခြားဘာသာစကားကို ပိုကျွမ်းကျင်တယ်ဆိုတဲ့ ကြွားစရာမဟုတ်တဲ့ အကြွားမျိုးတွေ ခေတ်စားလာတယ်။ ဘယ်နိုင်ငံမှာမဆို မိမိတို့ရဲ့ မိခင်ဘာသာစကားကို ပထမဦးစားပေးစာပေအနေနဲ့ သင်ကြားရတာပါ။ မြန်မာဖြစ်ပြီး မြန်မာစာ၊စကားမကျွမ်းကျင်ရင် ကိုယ့်ယဉ်ကျေးမှုကို ဘယ်လိုထိန်းသိမ်းမလဲ။ မိဘတွေစဉ်းစားဥာဏ်ရှိရင် စဉ်းစားကြဖို့ကောင်းတယ်။
အခုဥပမာအနေနဲ့ပြရင် ကိုရီးယားတို့ တရုတ်တို့ ဂျပန်တို့ပေါ့။ သူတို့ရဲ့မိခင်ဘာသာစကားကို နိုင်င်္ငတကာက အသိအမှတ်ပြုအောင် လက်ခံသုံးစွဲလာအောင် ကြိုးစားနေတာ။ ကျွန်တော်တို့နိုင်ငံက မိခင်စာပေ၊ ဘာသာစကားမရှိတဲ့နိုင်ငံမဟုတ်ပါဘူး။ ခိုင်မာတဲ့ ယဉ်ကျေးမှုနဲ့အတူ ရှေးရိုးစဉ်ဆက် စာပေ၊ဘာသာစကားထွန်းကားတဲ့နိုင်ငံပါ။
ကျွန်တော်က ခေတ်လူငယ်ပါ။ နိုင်ငံခြားဘာသာရဲ့အသုံးဝင်ပုံကို အများကြီးသိတယ်။ ဒါပေမယ့် သုံးသင့်တဲ့နေရာမှာ သင့်တော်သလိုသုံးတာပဲကောင်းတယ်။
ဥပမာဒေါ်အောင်ဆန်းစုကြည်လိုပေါ့။ အရမ်းလေးစားဖို့ကောင်းတယ်။ အင်္ဂလိပ်စကားကို အထေ့အငေါ့မရှိ လိုတိုရှင်းပြောနိုင်တယ်။ အင်္ဂလိပ်လို မေးမြန်းသမျှကိုလည်း အဆိုင်းအတွမရှိ ကျွမ်းကျင်လိမ်မာစွာပြောနိုင်တယ်။ ဒါပေမယ့် အမေစုက ဘယ်တော့မှ ကိုယ့်မြန်မာလူမျိုးအချင်ချင်းစကားပြောရာမှာ အင်္ဂလိပ်လိုပြောတာ အားမပေးဘူး။
အထူးသဖြင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေနဲ့ တွေ့တဲ့အခါ မြန်မာလို ကြိုးစားပြောခိုင်းတာ အားလုံးအသိပါ။ အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း ဒါတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်သင့်ပါတယ်။ တစ်ချို့ကျောင်းတွေဆို မြန်မာစာကို ပြီးပြီးရောသင်တယ်။ ၄တန်းလောက်ထိပဲ မြန်မာစာသင်တယ်၊ အဲဒီကျောင်းကလေးကို မြန်မာဆေးအညွှန်းကို ဖတ်ခိုင်းတာ မဖတ်တတ်တော့ဘူး။ မြန်မာစာ ပါဍ်ဆင့်တွေကို မဖတ်တတ်တော့ဘူး။ ဘုရားစာဖတ်ခိုင်းလိုက်တာ ဂုဏ်တော်ကိုးပါးကိုတောင် ဖတ်ခိုင်းလို့မရတော့ဘူး။ ဒီလိုမဖတ်တတ်တာကို ပဲ မိဘတွေက ဂုဏ်ယူနေမယ်ဆိုရင်တစ်ချိန်ချိန်မှာ မြန်မာလိုမ၀တ်စားတတ်တာကိုဂုဏ်ယူနေမယ့်မိဘတွေပေါ်ထွက်များပြားလာတော့မယ်ဆိုတာ မြေကြီးလက်ခက်မလွဲဘူး"လို့ ဝေဖန်ပြောဆိုသွားပါတယ်။

by: People Development for Knowledge

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။