Wednesday, October 3, 2012

တရားမ၀င်ရွှေတင်ပို့မှု များပြားလာ


Wednesday, October 3, 2012

တရားမ၀င်ရွှေတင်ပို့မှု များပြားလာ

Yangon Media Group
==========================================
နှင်းကို(သာစည်)
==========================================
ကမ္ဘာ့ရွှေဈေးအမြင့်ဘက်သို့ ဆက်တိုက်ဦးတည်နေသည့်အတွက် ပြည်ပသို့ တရားမဝင်ရွှေတင်ပို့ခြင်းများ ယခုနှစ်ပိုင်းတွင် ပိုမိုများပြား လာနေ ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦးကျော် ဝင်းက ပြောကြားသည်။
လက်ရှိပြည်တွင်းရွှေဈေး သည် စက်တင်ဘာ၂၈ရက်တွင် တစ်ကျပ်
သား လျှင် ကျပ်၇၈၇၀၀ဝအဖြစ် သမိုင်းတစ် လျှောက် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသော်လည်း ကမ္ဘာ့ရွှေဈေး သည် ပြည်တွင်းရွှေဈေးထက် ပိုမိုမြင့် မားသည့်အနေအထား တစ်ရပ် အဖြစ် တစ်အောင်စလျှင် ဒေါ်လာ၁၇၈ဝသို့ ရောက်ရှိနေရာ တင်ပို့ရောင်းချပါက တွက်ခြေကိုက်သည့် အနေ အထားဖြစ် နေခြင်းကြောင့် အထက်ပါ ကဲ့သို့ ရွှေ တင်ပို့ခြင်းများ များလာခြင်းဖြစ်ကြောင်း ဆိုသည်။
ဦးကျော်ဝင်းက ''တရားမဝင်သွား နေတာ နေ့တိုင်းနီးပါးရှိပါတယ်။ ပမာဏ တော်တော်များတယ်။ ဒီမှာအရောင်း အဝယ်မဖြစ်မှတော့ အဲဒီ(ပြည်ပ)ကိုပဲ သွားမှာပေါ့။ ပမာဏက ကျွန်တော် ပြောရရင် သိပ်မကောင်းဘူး။ အခုလို ရွှေဈေးတက်ချိန်မှာ ပိုသွားတာပေါ့'' ဟု စက်တင်ဘာလ ဒုတိယအပတ်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ တရားဝင်ရွှေတင်ပို့ခွင့်အား တစ်ခါမှ ခွင့်ပြုပေးခြင်းမရှိသော်လည်း တရား မဝင်အနေအထားဖြင့် တင်ပို့မှုများရှိ နေခဲ့ခြင်းဖြစ်ကာ အဓိကအသုံးများသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ အဓိက ပြုလုပ်နေကြကြောင်း ဦးကျော်ဝင်းက ဆက်လက်ပြောသည်
ဆက်လက်၍ ဦးကျော်ဝင်းက ''အခွန်ထမ်းစရာမလိုဘဲ လုပ်နေကြ တာ။ နိုင်ငံတကာဈေးနှုန်းနဲ့ယှဉ်ရင် အမြတ်လဲများတယ်။ ဒါကို နိုင်ငံတော် က မသိလို့ဘဲလားပေါ့။ တရားဝင်တင်ပို့ နိုင်ရင်တော့ အားလုံးအကျိုးရှိတာပေါ့။ နိုင်ငံတော်လဲ အခွန်ရတယ်လေ''ဟု ပြောသည်
ယခင်က ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စကို ဒေါ်လာ၁၉၀ဝအထိမြင့် တက်ဖူးပြီး ယင်းသို့ ကမ္ဘာ့ရွှေဈေးမြင့် တက်နေသရွေ့ မြန်မာ့ရွှေဈေးသည် လည်း ဆက်လက်မြင့်တက်နေဦးမည် ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်သည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသူတော်က ''ကမ္ဘာ့ ရွှေဈေးဆက်တက်နေသရွေ့ မြန်မာ့ ရွှေဈေးလဲ ဆက်တက်နေမှာပဲ။ လိုက် မတက်ရင် ကျွန်တော်တို့ရွှေတွေ သူတို့ (ပြည်ပ)ဆီကိုရောက်သွားမှာပေါ့။ ဒီ အတိုင်းတောင် ရွှေတွေက တရားမဝင် ထုတ်ဖို့ကြိုးစားနေကြတာ''ဟု ပြော သည်။
ပြည်တွင်းရွှေဈေးကွက် လမ်းမ တော်ဦးထုံရွှေဆိုင်မှ အရောင်းတာဝန် ခံတစ်ဦးက ''ဘာလုပ်စားရမှန်းတောင် တွက်ဆလို့မရဘူး။ ရွှေကလာရောင်း တဲ့သူပဲရှိတာ။ ဝယ်တဲ့သူမရှိဘူး။ ငွေပြန် ကောက်ရတာ ခက်တာပေါ့။ အရောင်း အဝယ်ကတော့ ရေခဲတုံးပဲလို့ပြောရ မယ်''ဟု ပြောသည်။

လွှတ်တော်တွင်း တင်ပြချက်များသည် ပြည်သူ့လိုအပ်ချက်နှင့် ကွဲလွဲနေဟု ဒေါ်ဖြူဖြူသင်းပြော




Wednesday, October 3, 2012

လွှတ်တော်တွင်း တင်ပြချက်များသည် ပြည်သူ့လိုအပ်ချက်နှင့် ကွဲလွဲနေဟု ဒေါ်ဖြူဖြူသင်းပြော

Published on October 3, 2012 by မိုးမြင့်ဇင်

လွှတ်တော်တွင်းမှာ တင်ပြချက်တွေဟာ မဲဆန္ဒနယ်ထဲက ပြည်သူ့လိုအပ်ချက်တွေနဲ့ အတော်များများ ကိုက်ညီမှု မရှိသေးဘူးလို့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂ ရက်နေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့် ရပ်ကွက်အနီး ဓမ္မာရုံမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဖြေကြားခဲ့တာပါ။
ဒေါ်ဖြူဖြူသင်းက “ရပ်ကွက်ထဲက ပြည်သူလူထုရဲ့ လိုအပ်ချက်တွေနဲ့ တော်တော်များများ ကိုက်ညီမှုမရှိဘူးလို့ပဲ ပြောရမှာပေါ့။ ဘာကြောင့်လဲဆို အခုလက်ရှိ လွှတ်တော်ထဲမှာ လုပ်နေတာက ဥပဒေပြဋ္ဌာန်းတာတွေရှိတယ်၊ အဆိုတွေ ရှိတယ်၊ အဆိုတွေက တခြားသော မြို့နယ်တွေက ပြည်သူလူထုတွေအတွက် အကျိုးရှိသွားတာတော့ ရှိပါတယ်။ အနည်းအကျဉ်းပေါ့။ အလုံးစုံ တော်တော်များများကတော့ အခုလက်ရှိတွေ့နေရတာက လွှတ်တော်ထဲမှာ တင်ပြတာတွေနဲ့ ကွဲလွဲချက်တွေ တွေ့နေရတယ်” လို့ ပြောပါတယ်။
ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းရဲ့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲကို တက်ရောက်လာသူတွေရဲ့ဆွေးနွေးမေးမြန်း အကြံပြုချက်တွေထဲမှာ သူတို့ရဲ့ နေ့စဉ်လူမှု ဘ၀မှာ ကြုံနေရတဲ့ အကြောင်းအရာ အခက်အခဲတွေက အဓိက အများဆုံးဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ကတဆင့် လွှတ်တော်ထဲကို တင်ပြပေးဖို့ကိစ္စတွေကို လည်း ပြောပြတယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အစိုးရက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ အများဆန္ဒအတိုင်း ရွေးချယ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အခုထိ တရားဝင် မထုတ်ပြန်ပေးသေးတာ၊ လမ်းတွေမကောင်းတာ၊ စည်ပင်ကိစ္စ၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ ပါဝင်နေတယ်လို့ ပြောပါတယ်။
အခုပြည်သူတွေ တင်ပြထားတဲ့ အကြောင်းအရာတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။
“ကျမတို့ ခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ညွှန်ကြားထားတာရှိပါတယ်။ ဘာလဲဆိုတော့ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုတာက သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး လုပ်ကိုင်ဆောင်ရွက်သင့်တာတွေ ကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါ။ မြို့နယ်ကအဆင်မပြေဘူး၊ လုပ်လို့မရဘူးဆိုတဲ့ ကိစ္စရပ်တွေကို လွှတ်တော်ထဲတင်ပြီး ဆွေးနွေးတင်ပြရမှာပါ။ ဒါကြောင့် လွှတ်တော်မှာတင်တာနဲ့ ရပ်ကွက်ထဲဖြစ်တာနဲ့က တော်တော်တော့ ကွဲပြားခြားနားမှာပါ။ ဒါကြောင့် ကျမတို့က ပြည်သူလူထုတွေ တင်ပြထားတဲ့ ပညာရေး၊ ကျန်းမာရေး အစရှိသဖြင့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြို့နယ်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဒီတွေ့ဆုံပွဲတွေ ပြီးတဲ့နောက် မှာ ဆောင်ရွက်သွားမှာပါ။
burmese.dvb.no

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။