Sunday, September 30, 2012

ဘင်္ဂါလီများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်လာမှုကြောင့် စစ်ဆေးအရေးယူနေ၊


ဘင်္ဂါလီများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်လာမှုကြောင့် စစ်ဆေးအရေးယူနေ၊ 

ဘင်္ဂါလီလူမျိုးများ ရန်ကုန်တိုင်း ဒေသကြီး
အတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်နေ
မှုကြောင့် စစ်ဆေးအရေးယူမှုများ ယခင်
ကထက် ပိုမိုပြုလုပ်နေရကြောင်း သက်

ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ၏ ပြောကြားချက်အရ သိရှိရသည်။

သြဂုတ်လ ၂၉ ရက်နေ့မှ စက် တင်ဘာလ ၂၅ ရက်နေ့အထိ  ရန်ကုန် တိုင်းဒေသကြီးအတွင်းသို့ တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၁၉ ဦးအား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်
ယင်းကဲ့သို့ စစ်ဆေးတွေ့ရှိခဲ့သော ဖြစ်စဉ်မှာ  ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းပူးပေါင်း စစ်ဆေးရေး ဂိတ်၌ စစ်တွေမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးတွင် ဘင်္ဂါလီလူမျိုး ၁၄ ဦးတို့အား စစ်ဆေးတွေ့ ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်စက်တင် ဘာလ ၂၄ ရက်နေ့တွင် မရမ်းကုန်း မြို့နယ်၊ ဦးဗဟန်လမ်းရှိ နေအိမ်တစ်အိမ်သို့ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာ အရှုက္တူရီ(၁၈)နှစ် ဘင်္ဂါ လီ/အစ္မလာမ်၊ မင်းပြားမြို့နယ်ရခိုင် မြို့နယ်နေသူ တရားဝင်ခရီးသွားလာခွင့်ပြုချက် ယာယီသက်သေခံ လက်မှတ်များ ပါရှိခြင်းမရှိဘဲ ခရီးသွား လာနေထိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်

ပြည်နယ်နှင့် တိုင်းအသီးသီးသို့ တရားမ၀င်နည်းလမ်းမျိုးစုံဖြင့် ၀င်ရောက်ရာတွင် ဆက်စပ်သော လမ်းပိုင်းများ၌ ဌာနအသီးသီးမှ တာဝန်ရှိသူများမှာ ယခုထက်စစ်ဆေးမှုများကို ပိုမိုတင်းကြပ်စွာ  ဆောင်ရွက်ရန် လိုအပ်သည့်အပြင် ရိုးသားစွာ လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း

အလားတူစက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၃ နာရီ ၁၀  မိနစ် အချိန်တွင် လှည်းကူးမြို့နယ် အမြန် လမ်းမကြီး တိုးဂိတ်မိုင်တိုင်အမှတ် ၁ မိုင်၎ဖာလုံတွင်သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စုံစမ်းစဉ် မကွေးမြို့မှ ရန်ကုန်မြို့သို့ ၀င်ရောက်လာသော ခရီးသည်တင်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ဘင်္ဂါလီလူမျိုး လေးဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိ ရသည်
ယင်းကဲ့သို့ တရားမ၀င်သော နည်းလမ်းမျိုးစုံဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ ဘင်္ဂါလီ လူမျိုး များ ၀င်ရောက်နေမှုနှင့် ပတ်သက်၍ 
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦးက “အခုလ ပိုင်း တွေမှာ ရန်ကုန်တိုင်းထဲကို ဘင်္ဂါလီ လူမျိုးတွေ နည်းလမ်းမျိုးစုံနဲ့မကြာခဏ လိုဝင်နေကြတယ်။ ဒီကိစ္စတွေ ကိုတော့ စစ်ဆေးအရေးယူမှု ပြုလုပ်နေပါတယ်
တရားမ၀င်နည်းလမ်းတွေနဲ့ ၀င်လာတဲ့ ဘင်္ဂါလီလူမျိုးအားလုံးကို မလွတ်အောင် စစ်ဆေးအရေးယူဖို့ဆိုတာ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ဖို့ ခက်ခဲတယ်။ ဒါပေမယ့် ပြည်သူတွေအနေ နဲ့အမျိုးသားရေးအသိစိတ်ဓာတ်ထား ပြီး မသင်္ကာတာတွေတွေ့ရင် နီးစပ် ရာရဲစခန်းကိုအကြောင်းကြားဖို့ လိုပါတယ်။

 ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ရောက်ဖို့ဆိုတာ ကြားထဲမှာရှိတဲ့ ပြည် နယ်နှင့် တိုင်းတွေကို ဘယ်လိုနည်း လမ်းမျိုးတွေနဲ့ ဖြတ်ကျော်လာတယ် ဆိုတာကိုတော့ စဉ်းစားစရာပါပဲ။ဘင်္ဂါလီလူမျိုးတွေက  သက်ဆိုင်ရာ တာဝန်ရှိသူတွေကို လာဘ်ပေးလာဘ် ယူလုပ်ပြီးတော့ ၀င်လာတာဖြစ်နိုင် သလို၊တာဝန်ကျတဲ့ သူတွေမသိအောင် ခိုးဝင်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ ပါဝင်ကူညီမယ် ဆိုရင်တော့ ဒီထက်ပိုပြီး အရေးယူ မှုတွေပြုလုပ်နိုင်မှာပါ”ဟုသုံးသပ်ပြော  ကြားခဲ့သည်
ထို့ပြင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရုံးအဖွဲ့ မှူးဖြစ်သူဦးသန်းနိုင်ထွန်းက “တိုင်း ဒေသကြီးတွေ နဲ့ပြည်နယ်ဒေသတွေ ကို ဆက်စပ်သွားလို့ရတဲ့လမ်းကြောင်း တွေမှာ အထူးစီမံချက်တွေ ချမှတ်ပြီး တော့ တရားမ၀င်နည်းမျိုးစုံနဲ့သွား နေကြတဲ့ ဘင်္ဂါလီတွေကို ပူးပေါင်း အဖွဲ့တွေနဲ့ စစ်ဆေးပြီးတော့ အရေး ယူဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။

ကျွန်တော်တို့ဌာနကစစ်ဆေးရေးဂိတ် တွေမှာတာဝန်ကျတဲ့ ၀န်ထမ်းတွေတရား မ၀င်နည်းလမ်းတွေနဲ့ ၀င်ရောက်လာ သူတွေကို လာဘ်ပေးလာဘ်ယူလုပ် ပြီးတော့ လွှတ်ပေးခဲ့တာတွေကိုလည်း စစ် ဆေးပြီးတော့ အရေးယူမှုတွေ ပြု လုပ်နေပါတယ်

 ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေက ကုန်းလမ်းကလာတဲ့ အခါမှာစစ်ဆေးရေး ဂိတ်မရောက်ခင် သူတို့က ကားပေါ်ကဆင်းပြီး တော ထဲက လမ်းလျှောက်တယ်။ပြီးတော့ မြို့ထဲကို ၀င်ကြတယ်။ ဒီလိုသွားလာ လို့ရတဲ့နေရာတွေအကုန်လုံးမှာလည်း ပိတ်ဆို့စစ်ဆေးမယ်ဆိုရင်တော့ တရားမ၀င်ဝင်ရောက်လာမှုတွေကို ပိုမိုထိ ရောက်အောင် တားဆီးနိုင်မယ်လို့ ထင်ပါတယ်”ဟုသုံးသပ်ပြောကြားခဲ့သည်။
ဘင်္ဂါလီလူမျိုးများမှာ ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားပြည်နယ် နှင့် တိုင်းအသီးသီးသို့ တရားမ၀င် နည်းလမ်းမျိုးစုံဖြင့်ဝင်ရောက်ရာတွင် ဆက်စပ်သောလမ်းပိုင်းများ၌ ဌာန အသီးသီးမှ တာဝန်ရှိသူများမှာ ယခု ထက်စစ်ဆေးမှုများကို ပိုမိုတင်းကြပ် စွာဆောင်ရွက်ရန်လိုအပ်သည့် အပြင် ရိုးသားစွာလုပ်ဆောင်ရန်လည်း လို အပ်ကြောင်း ရုံးအဖွဲ့မှူး ဦးသန်းနိုင် ထွန်းက ဆက်လက်ပြောကြားခဲ့ သည်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက် နေ့တွင် တရားမ၀င်ဝင်ရောက်လာ သောဘင်္ဂါလီလူမျိုးများကို ၁၉၄၉ ခုနှစ်ပြည်ထောင်စုမြန်မာနိုင် ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)(၃)ဖြင့်လည်းကောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား ယင်းဥပဒေပုဒ်မ ၆(၂)(၃)/ ၁၁၄ အရလည်းကောင်း၊ စက်တင် ဘာလ ၂၄ ရက်နေ့တွင် တရားမ၀င် ၀င်ရောက်နေထိုင်၍ စစ်ဆေးတွေ့ရှိရ သောဘင်္ဂါလီလူမျိုးကို ဘုရင့်နောင်ရဲ စခန်း(ပ) ၅၅၁/၂၀၁၂ ၊ ၁၉၄၉ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေ ထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆ (၂)ဖြင့်လည်းကောင်း၊ စက် တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ဆေး တွေ့ရှိခဲ့သော ဘင်္ဂါလီလူမျိုးများကို လှည်းကူးရဲစခန်း(ပ)၄၃၁/၂၀၁၂၊ ပုဒ်မ ၃၆၇ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်

ယခုအရေးယူမှုများပြုလုပ်ထားသည့် တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်ရောက်လာသော ဘင်္ဂါလီ လူမျိုးများကို စစ်ဆေးလျက်ရှိပြီး အဆိုပါကဲ့သို့ ဆက်စပ်သည့် ဖြစ်စဉ်များကိုလည်း

 ဖော်ထုတ်နို င်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
 Eleven Media Group

တစ်ခန်းတည်းနေ သူငယ်ချင်းနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား


တစ်ခန်းတည်းနေ သူငယ်ချင်းနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား   PDF Print
Sunday, 30 September 2012 18:48
AddThis Social Bookmark Button
တစ်ခန်းတည်းနေ သူငယ်ချင်းနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှုတစ်ခု တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၂၀၁၂ခုနှစ်၊ စက်တင်ဘာ လ ၂၉ရက်နေ့၊ နံနက် ၃နာရီ ၂၀မိနစ်အချိန်တွင် အမှတ် ၁၅၈၊ ၅လွှာ(ခ)၊ ကျိုက္ကဆံလမ်း၊ ပျားရည်ကုန်းရပ်ကွက်၊ တာမွေမြို့နယ်တွင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ရန်နိုင်ဝင်း၊ ၂၅နှစ်၊ Golden Hill Tower  အ၀တ်လျော်ခန်းဝန်ထမ်း၊ အမှတ် ၁၅၈၊ ၅လွှာ(ခ)၊ ကျိုက္ကဆံလမ်း၊ ပျားရည်ကုန်းရပ်ကွက်၊ တာမွေမြို့နယ် နေသူဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသူ ရန်နိုင်ဝင်း၊ ၂၅ နှစ်၊ Golden Hill Tower  အ၀တ်လျော်ဝန်ထမ်းသည် သူငယ်ချင်းများနှင့်အတူ အဆိုပါတိုက်ခန်းတွင် အတူငှားရမ်း နေထိုင်သူများဖြစ်ပြီး Golden Hill Tower တွင် ၀န်ထမ်းများအဖြစ် လုပ်ကိုင်ကြသူများဖြစ်ကြောင်း၊ ကျူးလွန်သူ စည်သူအောင်၊ Golden Hill Tower  စားဖိုဆောင် ၀န်ထမ်းအဖြစ်လုပ်ကိုင်သူနှင့် ခင်မင်သူများဖြစ်သဖြင့် မကြာခဏ လာရောက်အိပ်လေ့ရှိကြောင်း၊ အခင်းဖြစ်ပွားခဲ့သည့် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၃နာရီ ၂၀မိနစ်အချိန်ခန့်တွင် ဦးဝဏ္ဏစိုး၊ ၄၀နှစ်၊ Golden Hill Tower လုံခြုံရေးဝန်ထမ်းသည် နေအိမ်တိုက်ခန်းတွင် သူငယ်ချင်းဖြစ်သူ ကျော်ဇင်နှင့် အတူရှိနေစဉ် သူငယ်ချင်းဖြစ်သူ ရန်နိုင်ဝင်း၊ ၂၅နှစ်၊ Golden Hill Tower  အ၀တ်လျော်ဝန်ထမ်း၊ ရောက် ရှိလာပြီး အကျီချွတ်လျက် ဘောင်းဘီတိုဖြင့်အိပ်နေသည် ကိုတွေ့ပြီး ခဏအကြာ စည်သူအောင်၊ Golden Hill Tower  စားဖိုဆောင်ဝန်ထမ်း ရောက်လာ၍ ဦးဝဏ္ဏစိုးမှ တံခါးဖွင့်ပေးခဲ့ပြီး  စည်သူအောင်မှာ ခေတ္တအိပ်နေခဲ့ကာ မိနစ်အနည်းငယ်အကြာတွင် စည်သူအောင်မှ ''မင်းလူပါးဝနေတာ ကြာပြီ'' ဟုပြောဆိုကာ ပက်လက်အိပ်နေသည့် ရန်နိုင်ဝင်း အား အပေါ်မှခွကာ ဓားဖြင့် တစ်ချက်ထိုးလိုက်သည်ကို မြင်သဖြင့် ဦးဝဏ္ဏစိုးမှ ၀င်ရောက်ဟန့်တားရာ စည်သူအောင်သည် ထပ်မံမထိုးဖြစ်တော့ဘဲ ဓားချကာ မီးဖိုခန်းဘက်သို့ပြေးသွားပြီး ပုလင်း အား ယူရန်ပြုလုပ်သဖြင့် ဦးဝဏ္ဏစိုးမှ ၀င်ရောက်ဟန့်တားရာ စည်သူအောင်သည် အ၀တ် အိတ်အားယူကာ အိမ်ပေါ်မှ ပြေးဆင်းသွားကြောင်း၊ ဦးဝဏ္ဏစိုးမှ ရန်နိုင်ဝင်းအားကြည့်ရာ ၀ဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ် ရာတစ်ချက်ရရှိကာ သွေးထွက်နေပြီး ခဏအကြာတွင် ရန်နိုင်ဝင်းမှာ သေဆုံးသွားကြောင်း သိရှိရသည်။
အဆိုပါ လူသတ်မှုကျူးလွန်ခဲ့သူ စည်သူအောင်အား ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ ည ၇နာရီ ၃၀မိနစ် အချိန်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ၄င်းနေထိုင်သည့် နေအိမ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းကဲ့သို့ စကားများရာ မှ လူသတ်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်တန်းမှုအား တာမွေရဲစခန်း(ပ)၁၁၅၉ /၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကချင်အဖွဲ့ ၂၃ဖွဲ့မှ ဒုက္ခသည်များအရေး ဒေါ်အောင် ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာပို့


ကချင်အဖွဲ့ ၂၃ဖွဲ့မှ ဒုက္ခသည်များအရေး ဒေါ်အောင် ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာပို့ 

စက်တင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

ပြည်ပအခြေစိုက် ကချင်အဖွဲ့အစည်း (၂၃)ဖွဲ့မှ ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ရည်ရွယ်၍ စက်တင်ဘာလ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်း စုကြည်အား အိတ်ဖွင့်ပေးစာတစ်စောင် ပေးအပ်ခဲ့သည်။

ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသော တရုတ်ပြည်နယ်စပ် မိုင်ဂျာယန်ရှိ ဒုက္ခသည်များ၏ အခြေအနေမှန်ကို ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခြင်းအားဖြင့် ဒုက္ခသည်များ၏အရေးနှင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ကာ ယခုလို အိတ်ဖွင့်ပေးစာ ပေးအပ်ခြင်းဖြစ်ကြောင်း ကချင်ကျောင်းသားလူငယ်များသမဂ္ဂမှ အထွေထွေအတွင်းရေး မှူးဖြစ်သူ ကိုနော်ဆန်းက ပြောသည်။
“ဒေါ်စုအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်လည်းဖြစ်၊ အများက လေးစားရတဲ့ အထင်ကရပုဂ္ဂိုလ်လည်းဖြစ်တယ်။ ပြီး တော့ ဒုက္ခသည်အရေးကို ကိုယ်တိုင်တွေ့မြင်ခြင်းအားဖြင့် သူတို့အရေးအတွက် တစ်စုံတစ်ခု ဖြစ်လာဖို့ မျှော်လင့်မိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာအစိုးရစစ်တပ်နှင့် KIA တို့ကြားဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်ပေါင်း ၁သိန်းဝန်းကျင်ခန့်ရှိလာပြီး ဒုက္ခ သည်များမှာ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်ကြောင်း သိရသည်။
“မြန်မာအစိုးရစစ်တပ်အနေနဲ့ ရှေ့တန်းမှာ တပ်ရင်းပေါင်း တစ်ရာကျော်နဲ့ ထိုးစစ်ဆင်နေတယ်။ နောက်ပြီး ဒေသခံရွာသူရွာသား တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့အခါကျတော့ ဒုက္ခသည်ဦးရေ တိုးလာတာပေါ့”ဟု ကိုနော်ဆန်းက ဆက်လက် ပြောဆိုသည်။
ဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံနေကြရသော ဒုက္ခသည်များသည် အစားအသောက်၊ နေထိုင်ရေး၊ ကျန်းမာရေး အခြေ အနေများ ဆိုးဝါးလျှက်ရှိပြီး အကူအညီများစွာ လိုအပ်လျှက်ရှိကြောင်း ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ မွန်းနေလီက ပြောသည်။
မိုင်ဂျာယန်သို့ လာရောက်မည်ဆိုပါက KIA/KIO တို့၏ ထိန်းချုပ်နယ်မြေအတွင်းဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လုံခြုံ ရေးအရ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် KIA တာဝန်ရှိသူများနှင့် သွားရောက်ညှိနှိုင်းမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း ကချင်အဖွဲ့ အစည်းများက ဆိုသည်။
ထို့အပြင် ယခုလက်ရှိ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်အား အမေရိကန်နိုင်ငံရောက် ကချင်လူမျိုး ၄၀ ကျော်က သမ္မတကြီးထံ စာတစ်စောင် ပေးအပ်ခဲ့ပြီး စစ်ရပ်ဆိုင်းရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြကြသည်။
ယခုလို အိတ်ဖွင့်ပေးစာ တောင်းဆိုမှုတွင် ထိုင်း၊ မလေးရှား၊ ဂျပန်၊ အမေရိကန်၊ ဒိန်းမတ်၊ နယ်သာလန် စသည့်နိုင်ငံ (၂၃)ရှိ ကချင်အဖွဲ့အစည်းများ ပါဝင်ကြပြီး မြန်မာပြည်တွင်းရှိ ကချင်အဖွဲ့အစည်းများမှာမှု စိုးရိမ်စရာ အခြေအနေများကြောင့် ပါဝင်နိုင် ခြင်း မရှိဘူးဟု သိရှိရသည်။
ကချင်အဖွဲ့အစည်းများမှ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် အိတ်ဖွင့်ပေးစာပေး၍ တောင်းဆိုမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အကြောင်းပြန်ကြားခြင်း တစုံတရာ မရှိသေးကြောင်း သိရသည်။

ဖားအံမြို့တွင် ဖွင့်လှစ်မည့် ဆက်ဆံရေးရုံးမှာ ဗဟိုဌာနချုပ်၏ အစီအစဉ်မဟုတ်ဟု KNU ကြေညာချက်ထုတ်


ဖားအံမြို့တွင် ဖွင့်လှစ်မည့် ဆက်ဆံရေးရုံးမှာ ဗဟိုဌာနချုပ်၏ အစီအစဉ်မဟုတ်ဟု KNU ကြေညာချက်ထုတ် 

စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

မြန်မာအစိုးရနှင့် တွေ့ဆုံရန် ခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့ အပါအ၀င် အဖွဲ့ဝင် ၃၁ဦးနှင့်အတူ ကရင်ပြည်နယ်၊ ဖားအံမြို့သို့ ထွက်ခွာသွားသည့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၏ ခရီးစဉ်နှင့် ပတ်သက်၍ တစုံတရာ မသိရှိကြောင်း ကေအဲန်ယူ ဗဟိုဌာနချုပ်က စက်တင် ဘာလ ၂၇ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

၎င်းသည် ဖားအံမြို့တွင် စက်တင်ဘာလ ၂၉ရက်နေ့၌ ဗဟိုအဆင့် ဆက်သွယ်ရေးရုံး ဖွင့်လှစ်ရန် စီစဉ်ထားပြီး ယခုလို သွားရောက်သည့် ခရီးစဉ်မှာ KNU-ကရင်အမျိုးသားအစည်းအရုံးမှ စီစဉ်ဆောင်ရွက်သည့် ခရီးစဉ်မဟုတ်သည့်အပြင် KNLA-ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် ဗဟိုစစ်ဌာနချုပ်၏ အစီအစဉ်မဟုတ်ဟု ကြေညာချက်က ဆိုသည်။
KNU တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဖားအံမှာ အခုသွားဖွင့်မဲ့ ဆက်ဆံရေးရုံး ကိစ္စဟာ လက်ရှိ ဗဟိုဌာနချုပ်နဲ့ တိုင်ပင် တာ မရှိသလို စစ်ရေးအရ ကြီးငါးကြီးနဲ့လည်း တိုင်ပင်တာ မရှိတဲ့အပေါ် ဖြစ်လာသမျှတွေကို တာဝန်ယူသွားမှာ မဟုတ်ဘူးဆိုတဲ့သဘော နဲ့ ကြေညာချက်ကို ထုတ်လိုက်တာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
ကြေညာချက်တွင် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရာ၌ နှစ်ဦးနှစ်ဖက် သဘောတူညီမှု လက်မှတ်ရေးထိုးသည့်အကြိမ်တိုင်း KNU အနေ ဖြင့်သာ ဆောင်ရွက်ခဲ့ကြပြီး KNLA နှင့် မြန်မာအစိုးရတို့အကြား လက်မှတ်ရေးထိုးသည့် အထူးသီးသန့် သဘောတူညီမှု မဟုတ်ကြောင်း၊ KNLA သည် KNU ၏ ဌာန ၁၄ခုအနက်တခုဖြစ်သည့် ကရင်အမျိုးသားကာကွယ်ရေးဌာန၏ အုပ်ချုပ်မှုနှင့် ဦးဆောင်မှုအောက်တွင်ရှိ ကြောင်း ဖော်ပြထားသည်။
သို့သော် ယခင် ဖွင့်လှစ်ပြီးစီးခဲ့သည့် ဆက်ဆံရေးရုံးများမှာ အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းအရ အသိပေး၊ တိုင်ပင်၊ လက်ခံ သဘော တူမှုများနှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဗိုလ်မှူးစောလှငွေက ဆက်လက် ပြောဆိုသည်။
“အရင် ဖွင့်သွားခဲ့တဲ့ ရုံးတွေက သက်ဆိုင်ရာ ခရိုင်၊ တပ်မဟာတွေရဲ့ တင်ပြ တိုင်ပင်လာမှုတွေ ရှိတယ်။ ဒီအပေါ်မှာ အလုပ်အမှုဆောင် တွေက စည်းဝေးဆွေးနွေးကြပြီး လက်ခံလို့ လုပ်ခဲ့ကြတာပဲ။ အခု ကြေညာချက်က EC ၇ဦးအပြင် ခရီးလွန်နေတဲ့ ဒုဥက္ကဌကလည်း အစည်းအဝေးဆုံးဖြတ်ချက်ကို သူလက်ခံပါတယ်လို့ ဆိုထားတော့ ၈ဦးရဲ့ သဘောထားလို့ပြောရမှာပေါ့”ဟု သူက ပြောသည်။
ယမန်နေ့က KNU ဗဟိုအလုပ်အမှုဆောင်(EC)များ၏ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ရာ၌ ဖားအံတွင် ဖွင့်လှစ်မည့် ဆက်ဆံရေးရုံး ကိစ္စနှင့် လက်ရှိ စစ်ဦးစီးချုပ်၏ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းနှင့် မညီသော လုပ်ရပ်များကို ဆွေးနွေးခဲ့ကြပြီး လိုအပ်ပါက အရေးယူ ဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန်နှင့် လာမည့် ၁၅ကြိမ်မြောက် ကွန်ဂရက်အတွက် ဆွေးနွေးသွားရန်အတွက် ဗဟိုအလုပ်အမှု ဆောင်များမှ ယနေ့ အစည်းအဝေး ဆက်လက် ပြုလုပ်သွားမည်ဟု သိရသည်။
KNU သည် ၂၀၀၈ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ၁၄ကြိမ်မြောက် ကွန်ဂရက်ဆုံးဖြတ်ချက်အရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပြီး စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ခိုင်မာစွာ ဆုံးဖြတ်ချက်ချထားပြီး တွေ့ဆုံဆွေးနွေးရေး အစီအစဉ်များကို တဆင့်ပြီးတဆင့် လုပ်ဆောင်သွားရန်ကိုလည်း ချမှတ်ထားပြီးဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။