Monday, September 24, 2012

ကေအိုင်အေးခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး - အပိုင်း(၂)



ကေအိုင်အေးခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး - အပိုင်း(၂) 

စက်တင်ဘာ (၂၃)
အစိုးရသတင်းစာမှာဖေါ်ပြထားတဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်တွေရဲ့ အလင်းဝင်လက်နက်ချမှုဟာလည်း အယောက်(၁၀၀)ကျော်ပါပြီ။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ကေအိုင်အေစစ်သည်တွေအနေနဲ့ စစ်ကိုမလို လားဘူး ဆက်မတိုက်ချင်တော့ဘူးဆိုတာ ပေါ်လွင်နေပါတယ်။ စစ်တပ်ကဆုံးရှုံးမှုတွေကိုတော့ စစ်တပ် အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရှိခဲ့ရာက ပြင်ပမီဒီယာတွေရဲ့ ဖော်ပြချက်တွေထက် အလွန်ပဲ နည်းပါးပါတယ်။
စစ်တပ်က စစ်သားတွေရဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေကို ကြေငြာလေ့မရှိတဲ့အတွက် ကေအိုင်အေခေါင်းေ ဆာင် တွေအနေနဲ့ တိုက်ပွဲဖြစ်တိုင်း စစ်တပ်ရဲ့ ထိခိုက်အကျအဆုံးကို ချဲ့ကာပြောလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အကျအဆုံးကိုဖော်ပြရာမှာတော့ အမှန်တိုင်းဖော်ပြလေ့မရှိပါဘူး။ ကေအိုင်အေတပ်တွေဟာ စနစ် တကျ ဖွဲ့စည်းထားတာ မဟုတ်ဘဲ ရွာတွေကအတင်းအဓမ္မလူသစ်စု၊ သင်တန်းပေး၊ အတင်းတိုက်ခိုင်း လို့ ရှေ့တန်းမှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်တဲ့နေရာမှာ ကေအိုင်အေတပ်တွေ ထိခိုက်ကျဆုံးအများအပြား ရှိနေပြီး အောက်ခြေက အခြေအနေတွေကို ကေအိုင်အေလူကြီးတွေ မသိတာဖြစ်နိုင်သလို မသိ ချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်။
ကေအိုင်အေအနေနဲ့ ဘယ်လောက်ပဲခုခံတွန်းလှန်နေတယ်ပြောပြော စနစ်တကျလေ့ကျင့်ထားပြီး ခေတ်မှီ လက်နက်တွေအသုံးပြုနေတဲ့ စစ်တပ်ကို မယှဉ်နိုင်ပါဘူး။ ကာချုပ်ကြီးရဲ့ အမြော်အမြင်ရှိစွာ စစ်တပ်အပေါ် ကြီးကြပ်ကွပ်ကဲနေတဲ့အတွက်ကြောင့် လိုင်ဇာ၊ မိုင်ဂျာယန်နဲ့ လိုင်စင်ပို့စ် နေရာလေးလောက်ပဲ ကျန် ပါတော့မယ်။ ပစ်ခက်မှုစတင်ဖြစ်ပွားပြီး ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူကြီးသန်းအောင်နဲ့ ကေ အိုင်အေဒုချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ဆွေးနွေးကတည်းက သဘောတူညီထားတဲ့အတိုင်း လက်မှတ်ထိုးနိုင် ခဲ့ရင် ကေအိုင်အေစစ်သည်တွေလည်း အခုလို ထောင်နဲ့ချီပြီး သေစရာမရှိပါဘူး။ 
ဗမာစစ်သားတွေလည်း သေစရာအကြောင်းမရှိသလိုသူတို့ကိုမှီခိုပြီး နေရတဲ့သားမယား၊ ဆွေမျိုးတွေလည်း ဒုက္ခရောက်စရာအကြောင်းမရှိတော့ပါဘူး။ ဒေသခံပြည်သူတွေ သောင်းနဲ့ချီပြီးတော့လည်း ဒုက္ခသည် စခန်းတွေမှာ နေစရာအကြောင်းမရှိပါဘူး။ နှစ်ဦးနှစ်ဘက်သဘောတူပြီး လက်မှတ်ထိုးတော့မယ့် ဆဲဆဲ မှာ ကေအိုင်အေဘက်က မဖြစ်နိုင်တဲ့အချက်တွေ၊ ငြိမ်းချမ်းရေးနဲ့မသက်ဆိုင်တဲ့ အချက်တွေကို ထပ် ပြီး တောင်းဆိုလို့ အခုလို ကချင်ပြည်နယ်အတွင်းမှာ စစ်ရဲ့အနိဌာရုံတွေကို ကြုံတွေ့နေရခြင်း ဖြစ်ပါတယ်။ အဲဒီ အချိန်ကတည်းက အပစ်အခက်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲရင် အခုလောက်ဆို ကေအိုင်အေ ဘက်က အမြဲပြောနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း အတော်ခရီးရောက်နေပါပြီ။
       အခုဆိုရင် ကေအိုင်အေနယ်မြေဟာလဲ လိုင်ဇာ၊ လိုင်စင်နဲ့ မိုင်ဂျာယန်နေရာလေးလောက်ပဲ ကျန်ပါတော့တယ်။ ဒါလည်းကာချုပ်အနေနဲ့ သဘောထားကြီးနေလို့သာ မတိုက်သေးပဲရှိနေတာပဲဖြစ်မှာပါ။ ကျန်နေတဲ့နေရာလေးတွေဘဲ ကေအိုင်အေအနေနဲ့ နယ်မြေသစ်ရဖို့ ပန်းဝါဘက်ကို နယ်ချဲ့ပေမယ့်လဲ NDAK တပ်ဖွဲ့တစ်ဖြစ်လဲ နယ်ခြားစောင့် တပ်တွေကြောင့် အထိအခိုက်အကျအဆုံးများခဲ့ရပါတယ်။ အခုဆိုရင် ကေအိုင်အေရဲ့ အခွန်ကောက်ရာမှောင်ခို လမ်းကြောင်းတွေကလည်း ပိတ်နေတော့ ၀င်ငွေ မရှိတော့ပါဘူး။ ကေအိုင်အေနယ်မြေထဲက သစ်တွေလဲ တရုတ်ကိုခိုးရောင်နေလိုကုန်နေပါပြီ။ 
အခုလဲ လိုင်ဇာမှာနေထိုင်နိုင်ဖို့ ကေအိုင်အေတပ်ဖွဲ့ဝင်အားလုံးနဲ့ မိသားစုဝင်တွေကို ဒုက္ခသည်စာရင်း သွင်းထားပြီး နိုင်ငံတကာအထောက် အပံ့နဲ့ အသက်ဆက်နေရပါတယ်။ ဒီလောက်တောင် ကချင်တစ်မျိုး သားလုံး ဒုက္ခရောက်နေတာကို ဘာကြောင့် ကေအိုင်အို လူကြီးတွေ ဒီတိုင်းကြည့်နေတာလဲ။ ကေအိုင်အေ အနေနဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ချင်တာလဲ ဆိုတာကတော့ စဉ်းစားစရာပါပဲ။
          စစ်ရဲ့ဆိုးရွားလှတဲ့ ဒုက္ခတွေကို ကြုံတွေ့နေရတဲ့ ကချင်ပြည်နယ်သားတို့ကလဲ အခုဆိုရင် ကာချုပ်ကြီး ဆီသူတို့ကို ပစ်မထားဖို့၊ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေကို အကာအကွယ်ပေး ဖို့ တောင်းဆိုတဲ့ စာတွေလဲ အပြင်မှာ မကြာခဏတွေ့နေရပါပြီ။ ကေအိုင်အေတို့ ငြိမ်းချမ်းရေးမလိုလားရတဲ့ အဓိကအကြောင်း အရင်းတစ်ခုရှိပါတယ်။ ကေအိုင်အေရဲ့ ရဲဘော်တွေအဆုံးအရှုံးခံ၊ ကချင်ပြည်နယ်ကြီး ထဲက တိုင်းရင်းသား ညီအစ်ကိုတွေကို ခုက္ခခံခိုင်းနေတာတွေက ကမ္ဘာပေါ်မှာ နောင်နှစ်ပေါင်း(၅၀)ကြာရင် မျိုးတုန်းပျောက်ကွယ် တော့မယ့် တန်ဖိုးကြီးမားတဲ့ သံ/ သတ္ထုကြောကြီးက လိုင်စင်ပို့စ်အနီးမှာ ရှိတဲ့ အတွက်ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ကေအိုင်အေခေါင်းဆောင်တွေအနေနဲ့ ရနိုင်သမျှအချိန်ဆွဲထားပြီး ကိုယ်ကျိုးစီပွားအတွက် အမြတ်ထုတ်လက်ဝါးကြီးအုပ်ချင်တဲ့ အရင်းရှင်စနစ်ဆိုးကို လက်ကိုင်ထားနေတယ် ဆိုတာ တွေ့ရပါတယ်။ အေအိုင်အေခေါင်းဆောင်တွေ ကိုယ့်ကျိုးစီးပွားပဲကြည့်နေသ၍ အပစ်အခတ်ရပ် စဲရေးဆိုတာ အလှမ်းဝေးနေအုံး မှာဖြစ်ပါတယ်။

KIA မှ တပ်ဖွဲ့ဝင်များအား ကုန်သည်များ၏ ယာဉ်မောင်းများအဖြစ် ဟန်ဆောင်စေလွှတ်ထား


KIA မှ တပ်ဖွဲ့ဝင်များအား ကုန်သည်များ၏ ယာဉ်မောင်းများအဖြစ် ဟန်ဆောင်စေလွှတ်ထား   

စက်တင်ဘာ(၂၄)

ကေအိုင်အေ အကြမ်းဖက်အဖွဲ့ တပ်မဟာ(၃)မှ ထောက်လှမ်းရေးသင်တန်းနဲ့  ဖောက်ခွဲရေးသင်တန်း များ တက် ရောက်ပြီးသည့် လက်ရွေးစင် ၁၀ ဦးခန့်ကို ဗန်းမော်မြို့အနီးတစ်ဝိုက်သို့ အရေးကြီးသတင်းများရယူ ရန် စေလွှတ်ထားကြောင်း သိရပါတယ်။
၎င်းလက်ရွေးစင်အဖွဲ့ဟာ  မြစ်ကြီးနားမြို့ပေါ်ရှိ  အကြီးအကဲများနှင့်  အဆင်ပြေသည့်   စီးပွားရေးသမား များ၏   ယာဉ်မောင်းသူများအဖြစ်  ဟန်ဆောင်ပြီး  ဗန်းမော်-မိုးမောက်-လွယ်ဂျယ်     ကားလမ်းကြောင်း တစ်လျှောက် နဲ့ မြို့ကြီးများရှိ စစ်တပ်များအ၀င်အထွက်တို့ကိုသတင်းရယူနေကြောင်းသိရပါတယ်။
အရင်တုန်းကလည်း  ကျွန်တော်တို့ဆီမှာ  အသိပေးပြီး   လာလုပ်ခဲ့တာတွေရှိတယ်။    ကျွန်တော်တို့ လည်းကြောက် လို့ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။ အစိုးရနဲ့ KIA အဖွဲ့ တိုက်ခိုက်မှုတွေဖြစ်လာပြီးတဲ့နောက် မှာ သူတို့အဖွဲ့က လွှတ်ထားတဲ့သူအရေအတွက်ပိုများလာတယ်။   အရင်ကတည်းက နေရာတွေ၊ အလေ့ အထတွေကို ကြိုတင်လေ့ လာထားပြီး မိုင်းတွေကြိုတပ်ထားတော့ တိုက်ပွဲတွေဖြစ်တဲ့အခါမှာ မိုင်းတွေခဏ ခဏခွဲလို့ရတာပေါ့။အားလုံးအ တွက်အကျိုးရှိမယ်ထင်လို့ အခုလိုကျွန်တော်ပြောပြခြင်းဖြစ်တယ်လို့ ယခင် လွယ်ဂျယ်တွင် စီးပွားရေးလုပ်ကိုင်ခဲ့ သည့်ကုန်သည်တစ်ဦးမှ KDN သို့ ပြောကြားပါတယ်။

ကေအိုင်အေတပ်မဟာ(၃)မှ လက်နက်ပြပွဲပြုလုပ်


ကေအိုင်အေတပ်မဟာ(၃)မှ လက်နက်ပြပွဲပြုလုပ် 

စက်တင်ဘာ(၂၄)
 ကေအိုင်အေတပ်မဟာ(၃)မှာ စက်တင်ဘာလ ၂၂ ရက်နေ့က ၀ရာဘွမ် စစ်ရေးပြကွင်းတွင် လက်နက်ငယ်များ၊ လက်နက်ကြီးများ၊ အမြောက်ကျည်ဆံများ၊ မိုင်းများအားခင်းကျင်းပြသထားကြောင်းနှင့်
၂၂ ရက်မှ ၂၅  ရက်နေ့ ထိပြသသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုလက်နက်ပြပွဲသို့ အများပြည်သူမည်သူမဆိုလာရောက်ကြည့်ရှုနိုင်ကြောင်းလည်းဆိုသည်။ ထိုပြပွဲသို့ သွားရောက်ကြည့် ရှုခဲ့သူယာဉ်မောင်းတစ်ဦးမှ “သူတို့လက်နက်တွေကိုပြထားတာပါ။ ကချင်ပြည်သူတွေ စိတ်အားတက်စေဖို့လို့ထင်ပါတယ်။ လက်နက်တွေကတော့ အစုံပဲ၊ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော၊ ကျည်ဆံတွေရော အများကြီးဘဲ၊ အသစ်တွေ ချည်းဘဲ နိုင်ငံခြားကမှာထားတာ လို့  ပြောတယ်။ဘယ်သူမဆိုလာ ကြည့်နိုင်တယ်လို့လည်းပြောတယ်။ စာတွေလည်းရေးထားတယ် ကျွန်တော်ကကချင်စာမတတ်လို့ဘာတွေရေး ထားတာလည်းတော့မသိဘူး” ဟုဆိုသည်။
ထိုလက်နက်များအား တပ်မဟာ ၃ မှ ကားနှစ်စီးဖြင့် ၂၁ ရက်နေ့တွင် ဆိုင်နိုင်ပါရွာ၊ စိုင်ဘန်ရွာဘက်လမ်း ကြောင်း မှ  ၀ရာဘွမ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။
ဝရာဘွမ်သည်ကေအိုင်အေတပ်ရင်း(၂၁)မှ ထိန်းချုပ်ထားသောနေရာဖြစ်သည်

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။