Tuesday, September 11, 2012

အိုင်းအနာကြီးပေါ်က အနာလေးကိစ္စ …


အိုင်းအနာကြီးပေါ်က အနာလေးကိစ္စ …

Wednesday, September 5, 2012

 

အိုင်းအနာကြီးပေါ်က အနာလေးကိစ္စ …
ဒေါက်တာလွဏ်းဆွေ

တကယ်တော့ စစ်အာဏာရှင်စနစ်ဆိုတာက မြန်မာနိုင်ငံဆိုတဲ့ ခန္ဓာကိုယ်ကြီးပေါ်မှာ နှစ်ပေါင်း ၅၀ ကျော် အမြစ်တွယ် ဒုက္ခပေးလာတဲ့ အိုင်းအနာကြီးပါ (အခုအထိလည်း ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့ စစ်အုပ်စုက စစ်အာဏာရှင်စနစ်ကို ပုံစံသစ်တမျိုးနဲ့ ခေတ်မီမီ အသက်သွင်းနိုင်အောင် အားသွန်ခွန်စိုက် ကြိုးစားနေဆဲ ဆိုတာကို မြင်တတ်သူတွေ တွေ့နိုင်မှာပါ)။
တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ ဘင်္ဂလီအရေး၊ တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ တရုတ်လူမျိုးများအရေး … ဆိုတာတွေက မှားယွင်းအုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ သက်ဆိုင်ရာ ၀န်ထမ်းတွေ အူမ မတောင့် သီလမစောင့်နိုင်ကြဘဲ အကျင့်ပျက်ခြစားခဲ့မှုတွေကြောင့် ဖြစ်တည်လာရတဲ့ ဆင့်ပွားအနာတခုပါ။

ပြောရရင် အိုင်းအနာကြီးကို အမြစ်ပြတ်ပျောက်ကင်းအောင် အလျင်အမြန် မကုသနိုင်ခဲ့တဲ့အတွက် နောက်ဆက်တွဲ ဖြစ်လာရတဲ့ ဆင့်ပွားအနာပါ။ သူ့ချည်းပဲဆို ‘အနာလေး’ လို့ မဆိုသာပေမယ့် အိုင်းအနာကြီးနဲ့ ယှဉ်လိုက်ရင်တော့ အနာကြီးပေါ် အနာလေး ဆင့်လာခြင်းပါပဲ။ မြန်မာနိုင်ငံတော်ကြီး အရှည်သဖြင့် တည်တံ့ထွန်းကားရေးအတွက်ဆို ဒီအနာလေးကိုလည်း ပျောက်ကင်းအောင် ကုသရမှာ အမှန်ပါပဲ။

ဒါပေမယ့် အိုင်းအနာကြီးပေါ်မှာ ဆင့်နေတဲ့ အနာလေးဖြစ်တဲ့အတွက် အိုင်းအနာကြီးကို အမြစ်ပြတ် ပျောက်ကင်းအောင် မကုသနိုင်ဘဲ ဒီအနာလေးကို ပျောက်ကင်းအောင် ကုနိုင်မှာ မဟုတ်ပါဘူး။

ကချင်အရေး၊ လယ်သမားအရေး၊ အလုပ်သမားအရေး တိုက်ပွဲဝင်မှု … ဆိုတာတွေက မြန်မာပြည်သူတွေ လျစ်လျူရှုခဲ့လို့ အရေးနိမ့်ခဲ့ရင် စစ်အာဏာရှင်နစ်ဆိုတဲ့ အိုင်းအနာကြီးကို ပိုပြီးရင်း ပိုပြီးကြီးထွားလာစေမှာ ဖြစ်သလို အောင်မြင်တဲ့အထိ ညီညီညွတ်ညွတ် စုစုစည်းစည်း တိုက်ပွဲဝင်နိုင်ခဲ့ရင် စစ်အာဏာရှင်စနစ်ဆိုတဲ့ အိုင်းအနာကြီးကို လုံးဝ အမြစ်ပြတ်ပျောက်ကင်းသွားစေတဲ့အထိ တက်လှမ်းသွားနိုင်မယ့် ပြည်သူ့အရေးကိစ္စတွေပါ။

အဲဒါကြောင့် အိုင်းအနာကြီးပေါ်က အနာလေး ပျောက်ကင်းရေးအပေါ် လတ်တလော တိမ်းညွတ်နေကြသူတွေကို စစ်အာဏာရှင်စနစ်ဆိုတဲ့ အိုင်းအနာကြီးကို လုံးဝ အမြစ်ပြတ်ပျောက်ကင်းအောင် အရင်ကုသရေး ၀ိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းချင်ပါတယ်။

အိုင်းအနာကြီး အမြစ်ပြတ်ပျောက်ကင်းမှသာ တဖြေးဖြေး သေးကျုံ့လာမယ့် တရားမ၀င် လူမျိုးခြားအရေး အနာကို အမာရွတ်ပါ မကျန်အောင် လူသားဆန်တဲ့ နည်းတွေနဲ့ ကျနော်တို့ ဆက်လက်ကုစားကြပါစို့လို့ တိုက်တွန်းပါရစေခင်ဗျား။


အားလုံးသို့ လေးစားစွာဖြင့် …

ဒေါက်တာလွဏ်းဆွေ

နံနက် ၂း၃၉ နာရီ

၅-၉-၂၀၁၂

8 comments:

saw said...
အနာကြီး ပေါ်က အနာဖေး တွေ အနာဖတ်တွေ အရင် ရှင်းပြီး မှ အနာကြီးကို ဆေးထဲ့ လို့ ရ မှာ မဟုတ်ဖူးလား ဒေါက်တာ
Retkhita said...

ဒါဆို NLD ကလူတွေ လွှတ်တော်ထဲဝင်တာ ၈၈ကလူတွေ အစိုးရနဲ့ ဆက်ဆံနေတာတွေဟာ စစ်အာဏာရှင်စနစ်ကို ပုံစံသစ်တမျိုးနဲ့ ခေတ်မီမီ အသက်သွင်းနိုင်အောင် အားပေးနေကြတာပေါ့။ ဒီလူတွေက နိုင်ငံရေးအမြင် မရှိကြပေဘူးပေါ့။ site link လေးတွေတင်ပေးတာ လုံးဝကျေးဇူးတင်တယ်။ သို့သော် ဦးတည်ချက် အမှားနဲ့ ဝင်ဝင် မပွါးနဲ့ ကိုယ့်ဆရာ အာရုံနောက်လို့ ။ သတိထားကြည့် အခုလက်ရှိ အတိုက်အခံ ခေါင်းဆောင်တွေ အားလုံး ဘယ်တုန်းကမှ ဘယ်မှမထွက်ပြေးပဲ ပြည်တွင်းမှာ အသေခံပြီး ပြည်တွင်းရေးကို လှုပ်ရှားနေသူတွေ။ ဒေါ်လာစားပြီး ချီးပေါက်နေတာ တယောက်မှမရှိဘူး။

hi said...
အော် ဒေါက်တာ ဒေါက်တာ- ခင်ဗျား ၀င်ဝင်ပွားတဲ့ ဘ၀က မတက်သေးဘူးကိုး--
hammer said...
ကွန်မြူနစ်တွေလို ကျောက်ဆင်းတုခေါင်းငြိမ့်အောင်ပြော
ဆွေးနွေးပွဲတွေလုပ်လေတွေဖော ဘေးထိုင်ဘုပြော
သတ္တိရှိရင် ပြန်လာလိုက်လေ
ပါတီထောင်ကြည့်လိုက်

KONAING FRIENDSHIP said...
ဒေါက်တာ၊ခင်ဗျားလဲ ဒီမိုကရေစီဘက်တော်သားဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျနော်တို့ တခုခုကိုတော့ယုံရမယ်လေ။ အားလုံးကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုင်းပြည်ကိုချစ်ကြတာပဲ တိုတက်စေချင်ကြတာပဲ။ဒါလေးတော့ ခေါင်းထဲထည့်စေချင်ပါတယ်။ ခင်ဗျာကိုဖမ်းမယ်မထင်ပါဘူး။ပြည်တွင်းကိုလာပီး ပြည်သူလူထုရင်ထဲ ဘာတွေရှိလဲလာ ကြည့်ပါလားဗျာ။ ခင်ဗျားလက်ခံရမှာက ပြည်သူ မပပါရင်ဘာမှမဖြစ်ဘူးဗျ။ အထဲမှာလဲ ပွားနေလို့ရပါပီ။

ပြည်သူတစ်ရပ်လုံးကြည်ညိုတဲ့ တပ်မတော်ဖြစ်အောင် ဆောင်ရွက်ဖို့ သခင်ချန်ထွန်းတိုက်တွန်း


ပြည်သူတစ်ရပ်လုံးကြည်ညိုတဲ့ တပ်မတော်ဖြစ်အောင် ဆောင်ရွက်ဖို့ သခင်ချန်ထွန်းတိုက်တွန်း 

2012-09-11
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက တိုင်းပြည် တိုးတက်ဖို့ဆိုရင် ညီညီညွတ်ညွတ်နဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့နဲ့ တပ်မတော်အနေနဲ့လည်း ပြည်သူတွေ လေးစားတဲ့ တပ်မတော်ဖြစ်အောင် လုပ်ဆောင်ကြဖို့ ဒီကနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ (၉၁) နှစ်မြောက် မွေးနေ့မှာ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကျောက်ကုန်းရှိ မဟာဗောဓိ ကျောင်းတိုက်တွင် ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။
သခင်ချန်ထွန်းရဲ့ မွေးနေ့ကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကျောက်ကုန်းမှာရှိတဲ့ မဟာဗောဓိ ကျောင်းတိုက်မှာ သံဃာတော် အပါး ၂၈၀ ကို ဆွမ်းကပ်ပြီး နိုင်ငံရေး မိတ်ဆွေတွေနဲ့ တွေ့ဆုံပွဲ လုပ်ခဲ့ကြောင်း သခင်ချန်ထွန်းက ပြောပါတယ်။
"အမှတ်တရ ပြောချင်တာကတော့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် တိုင်းပြည် တစ်ပြည်လုံးဟာ ညီညွတ်ဖို့ လိုတယ်လေ။ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ကြဖို့ လိုတယ်။ ကမ္ဘာကနေ အလေးပြု ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်မှုကို ယူပြီးတော့ တစ်တိုင်း တစ်ပြည်လုံးက တိုင်းပြည်ရဲ့ စီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရင် အမှန်ကြီးပွား တိုးတက်လာမယ်လို့ ဒီလိုပဲ ယုံကြည်ပါတယ်။ တပ်မတော် အနေနဲ့ကတော့ ဒါက နိုင်ငံရေး ကင်းကင်းရှင်းရှင်းနဲ့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အကြည်ညိုခံရတဲ့ တပ်မတော် ဖြစ်အောင် ကြိုးစား ဆောင်ရွက်ဖို့ လိုတယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်"
သခင်ချန်ထွန်းရဲ့ မွေးနေ့ပွဲကို NLD ပါတီ ခေါင်းဆောင်တွေအပြင် တိုင်းရင်းသား ခေါင်းဆောင် တချို့နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တချို့ စုစုပေါင်းလူ ၆၀ နီးပါး တက်ရောက်ကြောင်း သိရပါတယ်။

ဆက်သွယ်ရေးအကြံပေး ကုမ္ပဏီ ငါးခု ပမာဏရွေး


ဆက်သွယ်ရေးအကြံပေး ကုမ္ပဏီ ငါးခု ပမာဏရွေး 

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာ တင်ဒါ ခေါ်ယူရေးအတွက် ဆက်သွယ်ရေးဆိုင်ရာ အကြံပေး အဖွဲ့ငါးဖွဲ့ကို ပဏာမ ရွေးချယ်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ကဆိုသည်။
ယင်းသို့ ရွေးချယ်နိုင်ရန်အတွက် ဆက်သွယ်ရေးဆိုင်ရာ အကြံပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို သုံးကြိမ် ကျင်းပခဲ့ပြီး ယခုလ ၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော အစည်းအဝေးတွင် အဆိုပြုလွှာ တင်သွင်းထား သည့် ၆၄ ဖွဲ့ မှ  ငါးဖွဲ့ကိုရွေးချယ်ခဲ့သည်။
“တင်ဒါအကြံပေး အဖွဲ့တွေထဲမှာ အများဆုံးကတော့ ပြည်ပက ဖြစ်ပါတယ်။ ပထမ ၁၁ ဖွဲ့ရွေးထားပြီး ရွေးထားပါတယ်၊ အဲဒီနောက် ငါးဦးဖွဲ့ကို ထပ်ရွေးတယ်။ နောက်ထပ် ရွေးပါဦးမယ်။ သုံးဖွဲ့ ဖြစ်ချင်လည်း ဖြစ်မယ်။ အပြီးသတ် ရွေးဖို့ ကျန်ပါသေးတယ်။ ဘယ်အချိန် ဖြစ်မလည်း ဆိုတာတော့ ပြောလို့မရသေးပါဘူး” မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဆက်သွယ်ရေး သင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးက ဟု ပြောသည်။
ဆက်သွယ်ရေး အကြံပေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးသို့  အဆိုပြုလွှာ တင်ထားသော
နိုင်ငံများမှာ အမေရိကန်၊ အင်္ဂလန်၊ ဂျာမဏီ၊ စင်ကာပူ၊ အိန္ဒိယ၊ တရုတ်၊ ဂျပန် အစရှိသော နိုင်ငံများလည်း ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာရင်းများအရ သိရသည်။
တင်ဒါအကြံပေး လုပ်ကိုင်ရန်အတွက် စီစစ်ရွေးချယ်ရခြင်း အစည်းအဝေးများ ကျင်းပခြင်းနှင့် ပတ်သက်ပြီး ဆက်သွယ်
ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန ဒုဝန်ကြီး ဦးဝင်းသန်းက  ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ
ဆောင်ရွက်ရာတွင် ဈေးနှုန်းသက်သာပြီး နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီသော စက်ပစ္စည်းကောင်းများ ဝယ်ယူနိုင်ရေးအတွက် ဖြစ်ပြီး နိုင်ငံတကာ အတွေ့အကြုံရှိသော International Telecom Union  (ITU )မှ အကြံဥာဏ်များလည်း ရယူခဲ့ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝဘ်ဆိုဒ်တွင် ဖော်ပြထား သည်။
နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်ဒါခေါ်ယူ နိုင်ရန်အတွက် တင်ဒါအကြံပေး အဖွဲ့များ ဖိတ်ခေါ်ခြင်းကို ဇူလိုင်လ အတွင်းက စတင်ခေါ်ယူခဲ့သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အစိုးရဘတ်ဂျတ် မှီခိုခြင်း မရှိဘဲ ကောပိုရေးရှင် အဖြစ် ဆောင်ရွက်သွားရန် နှင့် ဆက်သွယ်ရေး အပါအဝင်ပုဂ္ဂလိက ကုမ္ပဏီလေးခုတို့ က ဆက်သွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြုပြင်ပြောင်းလဲရေး အစီအစဉ် အရ သိရသည်။
ယင်းသို့ ဆက်သွယ်ရေးလုပ်ငန်းများကို ပုဂ္ဂလိက လုပ်ကိုင်ရာတွင် မိုဘိုင်းဖုန်း ဝန်ဆောင်မှု တစ်ခုတည်းသာ မဟုတ်ဘဲ အင်တာနက်နှင့် ပတ်သက်သည့် ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း လုပ်ကိုင်သွားမည် ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။