Sunday, August 26, 2012

သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တို့  စီးချင်းထိုးပွဲ ဘယ်သူနိုင်မှာလဲ


Wednesday, August 22, 2012

သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တို့  စီးချင်းထိုးပွဲ ဘယ်သူနိုင်မှာလဲ

  အပိုင်း ၁
          ၂၁.၈.၂၀၁၂ ရက်နေ့မှာ အလွန်ထူးခြားဆန်းကျယ်တဲ့ အတွေးပေါင်း
များစွာတွေးရမယ့် သတင်းကြီး (၃) ခု တွေ့သိလိုက်ရလို့ မြန်မာနိုင်ငံရေး
လမ်းကြောင်းမှာ ဂယက်အက်ကြောင်းများ ပေါ်ပေါက်လာနေပြီ ဖြစ်သည်ကို
သတိပြုမိလာရပြီ ။
(၁) နိုင်ငံတော် သမ္မတက ပြည်သူ့လွှတ်တော်ထံပေးပို့လိုက်
သည့် သဝဏ်လွှာ၊
(၂) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ ပေးပို့လိုက်သည့် သဝဏ်လွှာ ၊
(၃) ဖွဲ့စည်းပုံအခြေဥပဒေဆိုင်ရာ ခုံရုံးက ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲ ဆိုသည်တို့ ကား  မြန်မာနိုင်ငံ၏ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးမှာ အစိုးရက လွှတ်တော်အပေါ်မှာ မည်သို့  သဘောထားသနည်း ၊
ပြည်သူတွေ၊ တိုင်းရင်းသားတွေကိုကော မည်သို့  သဘောထား သနည်းဆိုသည်ကို
ပြုပြင်ပြောင်းလဲရေး လိုလားသူအနေနဲ့ အခြေအနေ အရပ်ရပ်ကို
လေ့လာသုံးသပ်ရမည့် အစိပ်အပိုင်း ဖြစ်လာသည် ။ ။
          နိုင်ငံတော် သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ သြဂုတ်လ ၂၀
ရက်စွဲဖြင့် သဝဏ်လွှာ တစ်စောင်ပေးပို့ ခဲ့ပါသည်။ ထိုသဝဏ်လွှာတွင်
“နိုင်ငံတော် သမ္မတ၏ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းလွှာကို
ပြန်လည် ရုပ်သိမ်းရန် အကြံပြုချက်နှင့် စပ်လျဉ်း၍ ရှင်းလင်း
ပြောကြားလိုပါကြောင်း၊ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊
ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်သည်ဟု
သတ်မှတ်ပြောကြား နေခြင်းနှင့် စပ်လျဉ်း၍ အဆိုပါ ကော်မတီ၊ ကော်မရှင်၊
အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်လာပါက ပြည်ထောင်စု
အဆင့်နှင့် လျော်ညီသည့် ငွေကြေး ကိစ္စများ နှင့် အုပ်ချုပ်ရေးဆိုင်ရာ
ကိစ္စရပ်များကို မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် စီမံဆောင်ရွက်ပေးရန်
တာဝန်ရှိလာမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးရာတွင် ဥပဒေ၊
စည်းမျဉ်း စည်းကမ်းများနှင့် ညီညွှတ်ရန် လိုအပ်ပါကြောင်း၊ လွှတ်တော်
အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည်
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်း ရှိ၊ မရှိ
တိကျရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း
အသီးသီးဆိုသည့် စကားရပ်ကို အနက် အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်း မေးမြန်းခဲ့ခြင်း
ဖြစ်ပါကြောင်း” လို့ ပါရှိပါသည်။
          နိုင်ငံတော် သမ္မတထံသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၂၀၁၂ ခုနှစ်
သြဂုတ်လ (၁၄) ရက်စွဲ ဖြင့်ပေးပို့သော သဝဏ်လွှာတွင်
“နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ
(၂)ရက်နေ့ ရက်စွဲပါ စာအမှတ် ၃/ညမ (၁) ၃ - ၁ (၉၂) နပတ (၇၂) အရ
တင်သွင်းခဲ့သော တင်သွင်းလွှာ အပေါ် နိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ကို ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်အများစုဖြစ်သော ကိုယ်စားလှယ်ပေါင်း ၃၀၁ဦးက
ကျေနပ်လက်ခံနိုင်ခြင်း မရှိသည့်အတွက် စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ပေးရန်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ ၂၀၁၂၊ သြဂုတ်လ (၈) ရက်နေ့တွင် လွှတ်တော်
အခွင့်အရေးကော်မတီမှ တဆင့် ဒုတိယအကြိမ် အဆိုပြု တင်ပြလာပါကြောင်း၊
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က)၊
ပုဒ်မခွဲငယ် (၂) ပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်း၊
ပုဒ်မခွဲငယ် (၅) အရ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ
မထမ်းဆောင်နိုင်ခြင်း တို့ကြောင့် စွပ်စွဲ ပြစ်တင်မှု
ပြုလုပ်ရန်တင်ပြလာခြင်း ဖြစ်ကြောင်း” လို့ပါရှိပါသည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက “လွှတ်တော် အသီးသီးက
ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့်
အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ
အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ညီညွှတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ချက်
ချမှတ် ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၃၂၄
နှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေပုဒ်မ ၂၃
တို့အရ အပြီးအပြတ် အတည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည့် အပြင် အဆိုပါ
ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်တွင်
ဆွေးနွေးနေခြင်းအား ၎င်းက ကန့်ကွက်စာပို့ ခဲ့ပါသည်။
အဆိုပါ သ၀ဏ်လွှာများကို လေ့လာရာတွင် အစိုးရနှင့် လွှတ်တော်ကြား အဓိက
သဘောကွဲလွဲချက်ကို ထင်ရှားစွာ တွေ့ရှိရလေသည်။ နိုင်ငံတော်အစိုးရက
`ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့သည် ပြည်ထောင်စု အဆင့် ဖြစ်လာပါက
ပြည်ထောင်စုအဆင့်နှင့် လျော်ညီသော ငွေကြေးကိစ္စများနှင့်
အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို မိမိတို့အစိုးရအဖွဲ့အနေဖြင့်
စီမံဆောင်ရွက်ပေးရန် တာဝန်ရှိလာမည် ဖြစ်ပါကြောင်း´ ဟု သ၀ဏ်လွှာ တွင်
ဖော်ပြထားရာ ၎င်းတို့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို
ပြည်ထောင်စုအဆင့်နှင့် လျော်ညီသော ငွေကြေးကိစ္စများနှင့်
အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရမည်စိုးသောကြောင့် ထိုကဲ့သို့
ပြုမူဆောင်ရွက်ခဲ့ကြောင်း များစွာ ပေါ်ပေါက်လျက်ရှိပါသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှာ အဓိကအားဖြင့် ဥပဒေက
ပြဌာန်းသတ်မှတ်ထားသည့် လုပ်ပိုင်ခွင့်များကို ဆိုလိုခြင်း ဖြစ်ပါသည်။
ရပိုင်ခွင့်များကို တောင်းဆိုခြင်း မဟုတ်ပါ။ ဤအချက်သာလျှင် အစိုးရနှင့်
လွှတ်တော်ကြား အဓိက သဘောကွဲလွဲချက် ဖြစ်ပါသည်။
လွှတ်တော်များဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင်
လွှတ်တော်ကိုယ်စားလှယ်များအတွက် အခွင့် အရေးနှင့် ရပိုင်ခွင့်
သတ်မှတ်ပြီးသား ဖြစ်ပါသည်။ ထို့အတွက်ကြောင့် အထွေအထူး တောင်းဆိုနေစရာ
မလိုပါ။
ယခုလွှတ်တော်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှာ
များသောအားဖြင့် မိမိကိုယ်ကို မိမိ ရပ်တည်နိုင်ခဲ့သူများ ဖြစ်ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များမှ မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊
မိသားစုအရေးကို စွန့်ခွာ၍ လွှတ်တော်သို့ လာရောက်ကြခြင်း၏ ရည်ရွယ်ချက်မှာ
လွှတ်တော်တွင်း မှနေ၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထိရောက်စွာ
ပြုလုပ်နိုင်ရန်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ- ၁၁နှင့် အညီ အာဏာ (၃)
ရပ်ကို အပြန်အလှန် ထိန်းကျောင်းနိုင်ရန်၊ နှစ်ပေါင်း ၅၀ ကြာ
ဝါးအစည်းပြေနေသကဲ့သို့ ဖြစ်နေသော တိုင်းပြည်ကို ပြန်လည်ထူထောင်ရန် နှင့်
ထာဝရငြိမ်းချမ်းရေးရ၍ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရရှိစေရန်တို့
ဖြစ်ပါသည်။
ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှာ-
ညွှန်ကြားရေးမှူးလောက်တောင် အဆင့် မရှိကြ ။ ညွှန်ကြားရေးမှူးတောင်မှ
နိုင်ငံတော်အစိုးရက လုံးချင်းအိမ်ရာ၊ တိုက်ခန်း၊ ကားများ ပေးထားပါသေး
သည်။ လွှတ်တော်ကိုယ်စားလှယ်များမှာ နေတော့ အဆောင်၊ စားတော့
နေရာအမျိုးမျိုး၊ သွားတော့ လမ်းလျှောက်ဖြစ်နေခြင်းကို အစိုးရနှင့်တကွ
မည်သူတစ်ဦးတစ်ယောက်မျှ စိတ်ပါဝင်စားမှု မရှိကြပါ။ ဒါကို
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတော်နှင့်
နိုင်ငံသားအတွက်လာတာပဲ၊ ပြည်သူတွေရဲ့ အကျိုး စီးပွားအတွက်ပဲဟု ခံယူပြီး
ကိုယ့်ငွေကိုယ်ထုတ် ကိုယ့်အိတ်ကတ်ကို စိုက်ပြီး လာခဲ့ခြင်း ဖြစ်သည်ဟု
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးက ရင်နင့်စွာ ထုတ်ဖေါ်ပြောရှာသည် ။

လွှတ်တော်ထဲရောက်တော့ ရုံးဝန်ထမ်း လုံလောက်မှုမရှိ၊ လိုအပ်သော စက်ပစ္စည်း
ကိရိယာများ လုံလောက်မှု မရှိဘဲ ရေကိုတောင် ခွဲတမ်းနှင့်
ရယူနေခြင်းဆိုတာကို အစိုးရက သိပါလေစလို့ မေးလိုက်ချင်သည် ။ `ရုံးဝန်ထမ်း
နေရာတွေမှာ ကိုယ်စားလှယ်တွေကိုယ်တိုင် ၀င်လုပ်၊ စက်ပစ္စည်းကိရိယာတွေကို
ကိုယ်စားလှယ်တွေက အချိုးကျ ထည့်ဝင် ၀ယ်သုံး´၊ ဥက္ကဋ္ဌကြီး ကိုယ်တိုင်
မိမိကိုယ်ပိုင် ငွေထဲမှ ထည့်ဝင်၍ လွှတ်တော်လှည့်ပတ်နေခြင်းသည် ကမ္ဘာပေါ်တွင်
မြန်မာတစ်နိုင်ငံသာ ရှိမည် ထင်ပါသည်။
ယခင် ပထမ/ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတုန်းက မေးခွန်းများ၊
အဆိုတင်တွင်းရာတွင် လွှတ်တော်သို့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက
တစ်လေးတစ်စား လာရောက်ဖြေဆို ဆွေးနွေးခဲ့ကြ ပါသေးသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ကလည်း ပြည်ထောင်စု ၀န်ကြီးဌာန အသီးသီး
ငွေစာရင်း အစီရင်ခံ စားကို တင်ပြခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်၏
အခမ်းအနားသို့လည်းကောင်း၊ ဂုဏ်သိက္ခာရှိရှိ၊ အင်္ဂါစဉ်နှင့်အညီ
တက်ရောက်ခွင့် ရရှိခဲ့ကြသည် ။
သို့ သော်လည်း ခုံရုံးက ` လွှတ်တော် (ပြည်သူ့/ အမျိုးသား၊ /
ပြည်ထောင်စုအသီးအသီး ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်
အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပါယ်
ဖွင့်ဆို ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်
ညီညွတ်ခြင်း မရှိကြောင်း´ ဆုံးဖြတ်သည့် အပေါ်တွင်
ပြည်ထောင်စုဝန်ကြီးများနှင့်အစိုးရများမှ လွှတ်တော်အပေါ်တွင် အလေးအနက်ပြုမှု
မရှိတော့ခြင်း၊ ပြည် ထောင်စု စာရင်းစစ်ချုပ်မှ ၀န်ကြီးဌာန အသီးသီး၏
ငွေစာရင်း အစီရင်ခံစာကို မပို့တော့ခြင်း၊ ကော်မတီမှ ပေးပို့သော
တိုင်စာနှင့်အခြားစာများအပေါ် အရေးယူ ဆောင်ရွက်မှု မရှိခြင်း/ ကော်မတီတွင်း
ဆွေးနွေးမှုပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဖိတ်ကြားရာတွင် အခက်အခဲ
ကြုံတွေ့ခြင်း စသည်တို့ဖြင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၁၁(က) ပါ
နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊
အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား
သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုရာမှာ
လွန်စွာ ခက်ခဲနေပါသည်။ အပြန်အလှန် ထိန်းကျောင်းမှုစနစ် ပပျောက်ခြင်းသည်
ဒီမိုကရေစီစနစ် ပျောက်ဆုံးသွားမည်ဖြစ်၍ ဒီမိုကရေစီပြုပြင်
ပြောင်းလဲရေးကို ဖော်ဆောင်ချင်သော ပြည်သူများ၏ကိုယ်စား လွန်စွာ ၀မ်းနည်း
စိတ်ပူနေမိပါသည်။ အဆိုပါ အပြန်အလှန် ထိန်းကျောင်းခြင်းစနစ်ကို အာဏာ (၃)
ရပ်လုံးက လက်ခံ ကျင့်သုံးမှ ဒီမိုကရေစီစနစ် ရှင်သန်မည် ဖြစ်ကြောင်း
တင်ပြလိုသည်။
အပိုင်း(၂) ဆက်လက်ဖတ်ရှုပါ။
ခိုင်အောင်ကျော် ( နယူးယောက် )

ရခိုင်ပဋိပက္ခ သုံးသပ်ချက်မှတ်တမ်း သမ္မတ သဘောထား မဟုတ်ဟုဆို


ရခိုင်ပဋိပက္ခ သုံးသပ်ချက်မှတ်တမ်း သမ္မတ သဘောထား မဟုတ်ဟုဆို

မြတ်ကျော်သူ | သောကြာနေ့၊ သြဂုတ်လ ၂၄ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။      ။ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ဗုဒ္ဓဟူးနေ့က ပေးပို့သည့် သဝဏ်လွှာနှင့် ပူးတွဲပါ “သတင်းသုံးသပ်ချက် မှတ်တမ်း” သည် သမ္မတနှင့် သမ္မတရုံး၏ သဘောထားမဟုတ်ကြောင်း သမ္မတရုံး ကိုယ်စား ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် သောကြာနေ့က ရေးသားလိုက် သည်။
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာသည် နှစ်ပိုင်းပါရှိပြီး တပိုင်းမှာ ဦးသိန်းစိန်၏ သဝဏ်လွှာဖြစ်ပြီး ကျန်တပိုင်းမှာ “ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း” ဖြစ်သည်။
အဆိုပါ သတင်းသုံးသပ်ချက်မှာ “ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများစသည်တို့၏ သတင်းများကို စုစည်းထုတ်နုတ်ထားသည့် နိုင်ငံတော် သမ္မတထံ တင်ပြချက်သာ” ဖြစ်ကြောင်း ညွှန်ကြားရေးမှူးက ဆိုသည်။
“ကျနော့်ရေးသားချက်က သမ္မတရုံး ထုတ်ပြန်ချက်ကို ကိုယ်စားပြုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ရုံးက ထုတ်ပြန်သွားဦးမှာပါ” ဟု ဦးဇော်ဌေး က မဇ္ဈိမကို ပြောသည်။
သမ္မတ၏ သဝဏ်လွှာတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည်များနှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုများ၊ ၎င်းတို့အစိုးရ အနေနှင့် လုပ်ဆောင်နေသည့် လုပ်ငန်းများ၊ ဦးတည်ရာ လမ်းကြောင်းကို အနှောင့်အယှက်ပြုသူများကို အရေးယူ
ဆောင်ရွက်မှုများနှင့် သတင်း မီဒီယာအချို့၏ လုပ်ကြံချဲ့ကားမှုများမှ ထင်ယောင်ထင်မှား ဖြစ်စေခြင်းများကြောင့်
နှောင့်နှေးကြံ့ကြာမှု ဖြစ်စေလျက်ရှိကြောင်းတို့ ပါရှိသည်။
သတင်းသုံးသပ်ချက်တွင် “နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှု စိတ်ဓာတ်ကို အလွန်အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့
ဆောင်ရွက်လျက်ရှိသည်” ဟု ဖော်ပြထားသလို “ဘင်္ဂါလီမူဆလင်များအပေါ် အကြမ်းဖက်ရန် အဆက်မပြတ် ကြံစည်လုပ်ဆောင်လျက်ရှိသည်” ဟုလည်း စွပ်စွဲထား၍ လွှတ်တော်တွင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီအမတ် ၁၄ ဦး၏ ကန့်ကွက်ခြင်း ခံခဲ့ရသည်။
ထို့ကြောင့် သဝဏ်လွှာကို ပြည်ထောင်စု လွှတ်တော်တွင် ဖတ်ကြားမည့် အစီအစဉ်ပါ ဖျက်သိမ်းခဲ့ရသည်။

၂၀၀၆ ခုနှစ်တွင် တရုတ် အစိုးရ အကျိုးစီးပွါးအတွက် အထူးစီမံချက် အစီရင်ခံစာ


၂၀၀၆ ခုနှစ်တွင် တရုတ် အစိုးရ အကျိုးစီးပွါးအတွက် အထူးစီမံချက် အစီရင်ခံစာ

 
 


တရုတ်လုပ်ငန်းရှင်ကြီးများနှင့် ယူနန်အစိုးရမှ ၂၀၀၆ ခုနှစ်တွင် တရုတ် အစိုးရ အကျိုးစီးပွါးအတွက် အထူးစီမံချက် အစီရင်ခံစာ တစ်စောင် ထွက်လာသည်။ ထိုအစီရင်ခံစာတွင် ယူနန်နယ်သည် တရုတ်ပြည်၏ တောင်အာရှ တံခါးဝ (ဂိတ်ဝ) ဖြစ်လာရန် စီမံချက်ဖြစ်သည်။

(၁) တောင်အာရှ ကိုထွက်သောလမ်းကြောင်းမှာ TengChong မှာ ဗဟိုပြုရန်။ အရှေ့တံခါးများကို ငွေအား၊ နိုင်ငံရေး တွန်းအား၊ ရှိသမျှအင်အား အားလုံးနှင့် လုပ်သွားရန်အတွက် ပထမအဆင့် ဆက်သ
ွယ်ရေး နယ်ချဲ့ရန်ဖြစ်သည်။
(၂၀၀၆ ခုနှစ် အကုန်မှ မြစ်ကြီးနား နှင့် ကချင်ပြည်နယ် အများပိုင်းတွင် တရုတ်ဖုန်းရလာသည်။)

(၂) လမ်းပန်းဆက်သွယ်ရေး စီမံချက်ပြုလုပ်ရန်။ ( Tengchong မြို့သို့ တရုတ်ပြည် အရပ် သုံးမျက်နှာမှ လမ်းမကြီး သုံးခု ရောက်အောင် ဆောက်သည်။ မြစ်ကြီးနား၊ ကန်ပိုင်တီလမ်းကို တရုတ် အစိုးရ ကုန်ကျခံပြီး ဆောက်ခဲ့သည်။ လိုင်ဇာ၊ မြစ်ကြီးနားလမ်း ကို KIA နှင့် Jadeland Company မှ ဆောက်ပြီးသားဖြစ်သောကြောင့်၊ တနိုင်းဖက်မှ India ထွက်ပေါက် သွားသောလမ်းကို တရုတ်အစိုးရမှ ကုန်ကျခံပြီး ကွန်ကရိတ်တံတားများ အပြီးဆောက်စေသည်။)

(၃) ဓါတ်အားအတွက် ရေအားလျှပ်စစ်များ ဆောက်ရန်။ ကုန်စည်စီးဆင်းမှု ကောင်းလာလျှင် ယူနန်ပြည်နယ်နှင့် ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း ဒေသ တလျှောက် စက်ရုံများ တည်ဆောက်ရန်၊ လျှပ်စစ်ဓါတ်အား အများကြီးလိုအပ်ချက် အတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ (အဲဒီ ကတည်းက ဧရာဝတီမြစ်ဆုံ နှင့် အထက် မေခ၊ မလိခ နှစ်ဖက်စလုံး ဆည် ၇ခု တည်ဆောက်ရန် proposal ထွက်လာသည်။)

(၄) စက်ရုံများတည်ဆောက်ရန်။ မြန်မာအစိုးရ မပါပဲ ကချင်ပြည်နယ်ထဲက ground plan များ ဆွဲထားပြီးသား ထွက်လာသည်။ ဒီအချက်ကို ကြိုမြင်သော ယုဇနကုမ္ပဏီ
ဦးဌေးမြင့် (အခုကြံ့ဖွတ်လွတ်တော်အမတ်) က ဟူးကောင်းဒေသ လမ်းဘေး၊ ၀ဲယာ သုံးမိုင် ၀န်းကျင်၊ မြေဧက သိန်းပေါင်းများစွာ အစိုးရနှင့်ပူပေါင်းပြီး သိမ်းထားခဲ့သည်။ ရွာပေါင်း မြောက်များစွာ နှင့် ဘိုးဘွားပိုင်သစ်သီးခြံ မြောက်များစွာ အတင်း အဓမ္မ သိမ်းလိုက်သည်။ စိုက်ပျိုးရေး အတွက် ဆိုရင် လမ်းဘေးမျက်နှာစာ ယူစရာ မလိုပါ။ ဟူးကောင်းချိုင့်ဝှမ်းသည် အင်မတန်မှ ကျယ်ပြောသော ဒေသ ဖြစ်သည်။ လမ်းနှင့် ဝေးပြီး ရွာများကို မထိပဲ စိုက်ပျိုးနိုင်သည်။

(၅) ကုန်သွယ်ရေးလမ်းကြောင်း ဒေသလုံခြုံရေး အတွက် သက်ဆိုင်ရာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်။ (ဒီလမ်းကျော တ၀ိုက်က KIA ကို ပ ထုတ်ဖို့ တရုတ် အစိုးရ လုပ်ဆောင်မည့်အချက်ကို KIA ခေါင်းဆောင်များ စ ပြီး သတိထားခဲ့ခြင်းဖြစ်သည်။ ဒီလိုအကျိုးဆက်ရောက်လာမယ် ဆိုတာ ၂၀၀၆ ဒီအစီရင်ခံစာ ဖတ်မိ ကတည်းက KIA ပြင်ဆင်ပြီးသား ဖြစ်သည်။ တကယ်လည်း ဒီလိုဖြစ်လာသည်။)

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။