Sunday, August 19, 2012

ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ထိုင်းနိုင်ငံတွင် တရားဝင်ဖွင့်လှစ်




ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ထိုင်းနိုင်ငံတွင် တရားဝင်ဖွင့်လှစ်

2012-08-19
ရှမ်းစာပေနဲ့ ယဉ်ကျေးမှုတွေ ပပျောက်မသွားစေဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းကို ထိုင်းအစိုးရက ခွင့်ပြုလိုက်တဲ့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရှိတဲ့ ၀ပ်ဒ်ကုတောက် ဘုန်းတော်ကြီးကျောင်းမှာ မနေ့မနက်က တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။
ဒီအသင်း တရားဝင် ရပ်တည်ခွင့်ရဖို့အတွက် ထိုင်းအစိုးရကို တင်ပြခဲ့တာ သုံးနှစ်လောက် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့မတ်လကမှ ခွင့်ပြုချက် ရခဲ့တဲ့အတွက် မနေ့မနက် ၉ နာရီမှာ တရားဝင် စတင် ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ကြောင်း ရှမ်းစာပေနဲ့ယဉ်ကျေးမှု အသင်းရဲ့ စည်းရုံးရေး တာဝန်ခံ နန်းယဉ်ဟန်ဖ က အာအက်ဖ်အေ ကိုပြောပါတယ်။
"ကျွန်မတို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းက ထိုင်းနိုင်ငံ ချင်းမိုင်မှာ အခြေစိုက်တာတော့ နှစ်ပေါင်း ၃၀ ကျော်ရှိပြီ။ ဒါပေမယ့် တရားဝင်အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှပဲ Approve ပေါ့နော်၊ ရလာတာပေါ့နော်။ ခွင့်ပြုချက် ရလာတာပေါ့နော်။ ဒီ အသင်းဖွင့်ပွဲကို ၀ပ်ဒ်ကုတောက်မှာ ပြုလုပ်ပါတယ်၊ ၀ပ်ကုတောက်က ကျွန်မတို့ ဒီ အသင်းဖွဲ့တည်ထောင်တဲ့ နေရာပေါ့နော်။ ဆရာတော် ကိုယ်တိုင်လည်း ခွင့်ပြုထားတယ်။ ကျွန်မတို့ ဒီနေ့ ဖွင့်ပွဲ အခမ်းအနားကတော့ မနက်ပိုင်းမှာ ဆရာတော်တွေက မင်္ဂလာသုတ် ပရိတ်တွေ ရွတ်ဖတ်ပြီးတော့ ကျွန်မတို့ ဒီ ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ပါတယ်၊ အဲနောက်ပိုင်းမှာ သံဃာတော်တွေကို နေ့ဆွမ်းကပ်ပါတယ်"
အလုပ်အမှုဆောင် ကော်မတီဝင် ၉ ဦး ပါဝင်တဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရှမ်းစာပေ ယဉ်ကျေးမှုတွေ မပပျောက်စေဖို့ အပါအ၀င် ထိုင်းနိုင်ငံ မြောက်ပိုင်းက လန်းနားလူမျိုးတွေနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံချင်း ဖလှယ်နိုင်ရေး၊ ထိုင်းနိုင်ငံရောက် ရှမ်းလူမျိုးတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်း ပေးနိုင်ရေးအတွက် ဖြစ်တယ်လို့လည်း နန်းယဉ်ဟန်ဖ က ပြောပါတယ်။

မတော်တဆ သာမန်လူမျိုးရေး ပဋိပက္ခ သက်သက်မဟုတ်ပါ



မတော်တဆ သာမန်လူမျိုးရေး ပဋိပက္ခ သက်သက်မဟုတ်ပါ

by ဦး ယဉ်ကျေး on Thursday, August 16, 2012 at 12:24pm ·
ရခိုင်ပြည်နယ် အရေးဟာ သာမန် လူမျိုးရေး အထိကရုဏ်း သက်သက်မဟုတ်ပါဘူး။
မြန်မာနိုင်ငံ ဘာလဲ ဘယ်လဲ စဉ်းစားကြည့်ကြပါ။ သမိုင်းဝင်မြန်မာပြည် မြေပုံက နယ်မြေတစ်ခုက ဘယ်သူတွေရဲ့သွေးတွေ
ဘယ်သူတွေရဲ့ အရိုးတွေ မြှုပ်နှံစတေးထားခဲ့ရတာလဲ။ ဒါဟာ လူမျိုးရေး ဘာသာရေး လုပ်ကြံမှု သက်သက်ပါ။
ပြည်နယ်တောင်းတာ လူ့အခွင့်အရေးတဲ့လား၊ နိုင်ငံထောင်တာ လူသားချင်း စာနာတာတဲ့လား၊
အစိုးရသော်လည်းကောင်း၊ ပါတီများ အားလုံးသော်လည်းကောင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်
နှိုးကြားသင့်နေပါပြီ။ နိုင်ငံတကာက ပေးအပ်ချီးမြှင့်တဲ့ ဘာဘွဲ့၊ ညာဘွဲ့တွေနဲ့ နိုင်ငံရဲ့ ပြည်နယ်တွေကို
လဲလှယ်တော့မှာလား။ မြန်မာနိုင်ငံရဲ့ အထင်ကရ တိုင်းရင်းသားတွေ အားလုံးကရော လက်ပိုက်ကြည့်နေကြတော့မှာလား။ ကျုပ်တို့တစ်တွေ စစ်ခင်းနေကြဦးမှာလား။ ယခုကတည်းက ရခိုင်ပြီးလျှင် ချင်းပြည်နယ် ဆိုပြီးစကားဦးသန်းနေပြီနော်။
အစိုးရနဲ့ တိုင်းရင်းသားပါတီတွေကြားမှာ ဘယ်လိုပဲသဘောထားကွဲခဲ့ပါစေ ရိုဟင်ဂျာ အရေးမှာတော့ အိပ်ချင်ယောင်ဆောင်၊
တို့ပြည်နယ်တော့ မီးမလောင်ဘူးဆိုပြီး ပြူံးပြနေမယ်ဆိုလျှင်တော့ မြန်မာပြည်ဆိုတာ သင်တို့လက်မှာမှ ပျက်ရလေတယ်ဆိုပြီး
တို့ဘိုးဘွားတွေ တမလွန်က ငိုကြွေး ဒေါသဖြစ်ရတော့မပေါ့။
ဒါဟာ.............. ရခိုင်အရေးမဟုတ်ပါ၊ အမျိုးသားရေး .......
ကချင်၊ကယား၊ ကချင်၊ချင်း၊ ဗမာ၊မွန်၊ရခိုင်၊ရှမ်း၊ဆိုသော သင်တို့နှင့် တိုင်းရင်းသားစစ်စစ်တွေ မရှိလျှင်
ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီး မရှိတော့ဘူးဆိုတာ သင်တို့တစ်ချက်လောက် ငဲ့ကြည့်လိုက်ကြပါဦး။
မြန်မာနိုင်ငံသားစစ်စစ် လို့ခံယူထားသူများလည်း ဘာသာရေး၊လူမျိုးရေး မှိုင်းတိုက်မှုတွေအောက်က
ယုံကြည်ချက်တွေ၊ မာန်မာနတွေ ခဏလောက်ရပ်ပြီး ခဏလောက် ညီညွတ်ပေးကြပါတော့ဗျာ...........
                                                                                                                         ဦးယဉ်ကျေး။

နကန်းတလုံးမှ မသိဘဲ သူတို့ ဟာလဲ လူပါဘဲ ဟု ပြောနေလို့ ဖြင့်...


နကန်းတလုံးမှ မသိဘဲ သူတို့ ဟာလဲ လူပါဘဲ ဟု ပြောနေလို့ ဖြင့်... 

၂၀၁၀ -ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွေးကောက်ပွဲဝင်သွားတော့ ကျွန်တော်ဆောင်းပါးတပုဒ် ရေးခဲ့ သည် ။ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနိုင်ရမည်မှာ သေချာသည် ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်မည် ။ ရာထူးတာဝန်အရ ၀န်ကြီး တနေရာလောက်ကို ပေးမည် ။ အတိုက်အခံခေါင်းဆောင်မရှိသော မြန်မာနိုင်ငံ ဒီမိုကရေစီလောက ဖြစ်သွားမည် ။ ပြည်ပရှိအဖွဲ့ တွေ ဥပမာ ပြည်ထောင်စုမြန်မာ နိုင်ငံ အဝေးရောက် အမျိုးသားအစိုးရကို ဖျက်သိမ်းရတော့မည် ။ အခြား ( NLD-LA ) ကို ဖျက်သိမ်းရတော့မည် ။ အခြားအဖွဲ့ အစည်းတွေ ဖျက်သိမ်းကြမည် ။ ပြည်တွင်းသို့  အတိုက်အခံ ဒီမိုကရေစီလောကမှ လူတွေ ၀င်သွားကြမည် ။ ပြည်ပရှိ မြန်မာသံရုံးတွင် ဆန္ဒပြနိုင်စရာ အကြောင်းမရှိတော့ ။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွား၍ပင်ဖြစ်သည် ဟု ဆောင်းပါးရေးသားခဲ့ ဖူးပါသည် ။
ဤသို့  ဝေဖန်တွက်ချက်ခဲ့ ရာ၌ ဒေါ်အောင်ဆန်းစုကြည်အား ၀န်ကြီးတနေရာလောက်ကို ပေးမည်ဆိုသော အချက်မှလွဲ၍ အခြားသောအချက်များမှာ တိုက်ဆိုင်စွာ တူညီနေခဲ့ သည် ။ သို့ သော် ဒေါ်အောင်ဆန်းစုကြည်အား ရာထူးတာဝန်တခုအနေဖြင့် တရားဥပဒေစိုးမိုးရေးကော်မီတီတွင် ဥက္ကဋ္ဌအဖြစ် ခန့် အပ်တာဝန်ပေးလိုက်သည် ။ သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရတွင် သမ္မတ အကြံပေးကော်မီတီလည်း နှစ်ခုရှိနေသည် ။ ဥပဒေပြုကော်မီတီဆိုသည်မှာလည်း ဖွဲ့ ထားသေးသည် ။ တရားဥပဒေစိုးမိုးရေး မရှိလို ပါဟု ပြောဖန်များသောကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် တရားဥပဒေစိုးမိုးရေး ကော်မီတီဆိုပြီး ဖွဲ့ ထားလိုက်သည်လား မပြောတတ်ချေ
အစိုးရ၏ ဖွဲ့ စည်းသမျှ ကော်မီတီများကို စာရင်းပြုစုပြီး သုတေသန ပြုလုပ်လျှင် စာအုပ်ကောင်း တအုပ် ထွက်လာမည်ဖြစ်သည် ။ ယခုတဖန် စုံစမ်းစစ်ဆေးရေးကော်မီတီ ဖွဲ့ လိုက်ပြီဟု ကြားရပြန်သည် ။ အစိုးရမှ တရားဝင် ဖွဲ့ စည်းလိုက်သော ကော်မီတီများကား ပြည်ပက ပြည်တော်ပြန်များ၏ အတတ်ပညာများကို အမွေခံရရှိသွား၍သာ ဖြစ်မည် ။ သမ္မတကို အကြံပေးရန်အတွက် ဖေးမစေဖို့  အကြံပေးနေပြီ ဆိုကတည်းက လွှတ်တော်ညီလာခံကို ကျင်းပစရာမလို ။ စင်စစ်အားဖြင့် သမ္မတအကြံပေးကော်မီတီဆိုသည်မှာ လွှတ်တော်ထက်ပင် အာဏာလက်စောင်း ထက်လေသလား မပြောတတ် ။ တခုတော့ရှိသည် ။ သူတို့ ပေးသောအကြံမှာ နိုင်ငံအတွက် အကောင်းဆုံး အကြံများ ပေးကြမည်ဆိုသည်ကို တထစ်ချ ယုံကြည်သည် ။
ပြည်သူ့ လွှတ်တော်ညီလာခံ ဆိုသည်မှာ သမ္မတနှင့် ဥပဒေပြုရေး ၊ တရားဥပဒေစိုးမိုးရေး ၊ အချုပ်အချာ အာဏာတည်တန့် ခိုင်မြဲရေး ဆိုသည်တို့ ကို တက်ညီလက်ညီ ဆောင်ရွက်နေကြသောကြောင့် သမ္မတအကြံပေး ကော်မီတီမှာ -တခုထက်ပို၍ ကော်မီတီအများကြီး ဖွဲ့ စရာမလိုအပ်ဟု ထင်သည် ။ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌထားပြီး တရားဥပဒေစိုးမိုးရေး ကော်မီတီ လုပ်ထားပြန်လျှင် စုံစမ်းစစ်ဆေးရေးကော်မီတီကို နောက်ထပ်တခါ ဖွဲ့ စည်းရန်လည်း မလိုအပ်တော့ ။ စုံစမ်းစစ်ဆေးရေးဆိုသည်မှာ မြန်မာနိုင်ငံပြည်သူ့ ရဲအလုပ်သာဖြစ်သည် ။ အကယ်၍ ရခိုင်ပြည်နယ်မှ ရခိုင်လူမျိုးနှင့် ဘင်္ဂလီမွတ်ဆလင် ကုလားလူမျိုးတို့ ၏ အဓိကရုဏ်း အဖြစ်အပျက်အမှန်များကို မြန်မာနိုင်ငံ ပြည်သူ့ ရဲထံမှသာ အစီရင်ခံစာ တောင်းယူရန်နှင့် ကွင်းဆင်းစစ်ဆေးရန် အတွက် ဒေါ်အောင်ဆန်းစုကြည်တို့  ကော်မီတီမှ သွားရုံသာ ရှိသည် ။
ကျွန်တော်တို့  လိုချင်သည်မှာ အဖြစ်အပျက်အမှန်သာ ဖြစ်သည် ။ အစိုးရကလည်း အဖြစ်အပျက်မှန်သာ လိုချင်သည်ဟု ယုံကြည်သည် ။ ယခုဖြစ်ပျက်နေသော ရခိုင်ပြည်နယ်မှ ပဋိပက္ခများ၏ အကြောင်းအရာကို တိကျစွာ စစ်ဆေးရန်သာလိုပြီး ထိရောက်သောပြစ်ဒဏ်များကို ပေးစေလိုသည် ။ ရခိုင်ပြည်နယ်တွင် ဗုဒ္ဒဘာသာကိုးကွယ်သော ရခိုင်လူမျိုးနှင့် မွတ်ဆလင် ဘာသာကိုးကွယ်သော ဘင်္ဂလီများမှာ ယခုအချိန်တွင် ပြသနာဖြစ်နေသည်ကို ကမ္ဘာကပါ သိနေသည် ။ ကျွန်တော်တို့ မှာ မွေးကတည်းက ရခိုင်လူမျိုးဖြစ်ပြီး မွတ်ဆလင်ဘာသာကိုးကွယ်သော ဘင်္ဂလီများနှင့် အတူတူပင် နေခဲ့ ကြသူများဖြစ်သည် ။ တယောက်အကြောင်းကို တယောက် သိကြပြီးဖြစ်သည် ။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဟုခေါ်သော ယင်းလူမျိုးကို မည်သည့်အခါမျှ နာမည်တပ်၍ မခေါ်ဖူးခဲ့  ။ ကြားလည်းမကြားဖူး ၊ ရှိလည်းမရှိ ၊ သိလည်း မသိ ။ ကျွန်တော်တို့  မသိသော ယင်းလူမျိုးကို ရခိုင်ပြည်နယ်မှာ မနေဖူးဖူးသော မီဒီယာများ -မှ အသံလွှင့်နေသူများ -စာရေးသားနေသူများကို ကျွန်တော်အံ့သြမိသည် ။ သူတို့  ဘာကြောင့် ယခုလို အသည်းအသန် ရေးသား ပြောဆိုနေကြရပါသနည်း
ကျွန်တော်တို့ ရခိုင်လူမျိုးများမှာ သမိုင်းအမှန်ကို ပြောနိုင်သည် ။ ထို့ ကြောင့် သမိုင်းအမှန်ကို ချပြနေခြင်းဖြစ်သည် ။ သူတို့ အား တိုင်းရင်းသားအဖြစ် သတ်မှတ်ဖို့ - မြန်မာနိုင်ငံသားသတ်မှတ်ဖို့ ဆိုသည်မှာ ရခိုင်လူမျိုးတို့ အဖို့  အာဏာမရှိ၍ မည်သို့ မျှ လုပ်ပိုင်ခွင့်မရှိ ။ ဘင်္ဂလီတို့ က သူတို့ အား တိုင်းရင်းသားအဖြစ် သတ်မှတ်ရန် အစိုးရက မည်သို့ မျှ မဖြစ်နိုင်သောကြောင့် ရခိုင်လူမျိုးတို့ အား ရန်ပြုသတ်ဖြတ် လည်ပင်းလှီးနေသည်မှာ အဓိပ္ပါယ် မရှိချေ ။ ကျွန်တော် ပြောနေသည်မှာ ရှင်းနေပါသည် ။ ရခိုင်လူမျိုးတို့ မှာ အာဏာမရှိ ။ သို့ သော် ဘင်္ဂလီလူမျိုးတို့ က သူတို့ အား တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ် မပြု၍ ရခိုင်လူမျိုးတို့ အား ရန်ပြုသတ်ဖြတ်လာသောအခါ ရခိုင်လူမျိုးအဖို့  ဘင်္ဂလီလူမျိုးများနေထိုင်ရန် သူတို့  ရခိုင်ပြည်နယ်ကို လက်လွှတ်စွန့် လွှတ်ရန် စိတ်ဆန္ဒ ရှိလိမ့်မည် မဟုတ် ။ ရခိုင်လူမျိုးတို့ ၏ သတ္တိကို ဘင်္ဂလီလူမျိုးတို့ က ကောင်းစွာသိကြပြီးဖြစ်သည် ။
အစိုးရအနေဖြင့် ဥပဒေအတိုင်း အတိအကျ ရခိုင်လူမျိုးနှင့် ဘင်္ဂလီလူမျိုးတို့ ၏ ပြသနာကို ဖြေရှင်းခြင်းဖြစ်သည် ။ ရိုဟင်ဂျာ ဆိုသော နာမည်မျိုးကို မသုံးစွဲရဘဲ စုံစမ်းစစ်ဆေး အရေး ယူခြင်းမျိုးသာ ဖြစ်ရမည် ။ သို့ အတူ နိုင်ငံတကာတွင်လည်း ရခိုင်လူမျိုးနှင့် ဘင်္ဂလီလူမျိုးဟုသာ သုံးနုံးရမည်ဖြစ်သည် ။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးဆိုသည်မှာ တိုင်းရင်းသားမဟုတ်ပါဟု သမ္မတကော သက်ဆိုင်သူ တာဝန်ရှိ ၀န်ကြီးများက ပြောဆိုထားပြီးဖြစ်၍ ၄င်းအသုံးအနုံးများကို လက်မခံကြောင်း အတိအလင်း ကြေညာထားရမည်ဖြစ်သည် ။ ကုလသမ္မဂတွင် သူတို့ က အဖိနှိပ်ခံ နှိပ်စက်ခံ ၊ သတ်ဖြတ်ခံနေရသည် ၊ မုဒိမ်းကျင့်ခံနေရပါသည်ဟု ပြောပြီး ရာဇ၀တ်မှုမြောက်သော လူသားချင်းစာနာမှုကို ထိခိုက်စေသည့် ပြစ်မှုဆိုင်ရာ ဥပဒေအတိုင်း အရေးယူပါဟု ပြောလို့ ကတော့ ဂရုစိုက်စရာမလို ။
ယခုဖွဲ့ စည်းပေးလိုက်သော စုံစမ်းစစ်ဆေးရေးကော်မီတီကလည်း ရခိုင်ပြည်နယ်မှ ဗုဒ္ဒဘာသာဝင်လူမျိုးနှင့် မွတ်ဆလင် ဘင်္ဂလီလူမျိုးတို့ ၏ ပဋိပက္ခများကို အဖြစ်အပျက်အမှန်အတိုင်း စုံစမ်းစစ်ဆေးရန် လိုသည် ။ မီဒီယာများမှ အင်တာဗျူးများ ပြုလုပ်သည့်အချိန်တိုင်းတွင်လည်း ယင်းကဲ့ သို့ သာ ဖြေကြားကြစေလိုသည် ။
ရိုဟင်ဂျာဆိုသော၎င်းနာမည်ကို ပြည်တွင်းမှာလွန်ခဲ့ သော နှစ်ပေါင်းများစွာက ခေါ်ဝေါ်သုံးစွဲ နေကြသည်ဆိုလျှင် ရခိုင်လူမျိုးတို့ မှာ ယင်းနာမည်ကို လက်မခံနိုင်စရာ အကြောင်းမရှိ ။ဘင်္ဂလီလူမျိုးတို့ အကြောင်းကို နကန်းတလုံးမှ မသိဘဲ သူတို့ ဟာလဲ လူပါဘဲ ဟု ပြောနေလို့ ဖြင့် ရခိုင်လူမျိုးများမှာလဲ ပြောစရာ ရှိလာမည်ဖြစ်သည် ။ ယင်းရခိုင်လူမျိုးတို့ ၏ လူ့ အခွင့်အရေးကား နယ်မြေဆုံးရှုံးခြင်းနှင့် လူမျို၍ နိုင်ငံပျောက်သွားမည့် ပြသနာ အကြီးစားဖြစ်သည်
လူ့ အခွင့်အရေးသမားတို့ က စုံစမ်းစစ်ဆေးရေးကော်မီတီ ၊ သမ္မတအကြံပေးကော်မီတီ ၊ ဥပဒေပြုကော်မီတီ ၊ နောက်ထပ်ပေါ်ပေါက်လာအုံးမည့် ကော်မီတီ နှင့် ပြည်သူ့ လွှတ်တော်တို့ သို့  အကြံပြုစာများ ပေးပို့  လိုလျှင် သူတို့ အား ခရီးသွားလာခွင့်များပေးပြီး သူတို့  နေထိုင်ရာ အခြားပြည်နယ်များနှင့် နိုင်ငံခြားများသို့  သွားရောက်ခွင့်ကိုသာ ပေးလိုက်ကြပါဟု ပြောချင်သည် ။

အောင်သာနီ

အင်္ဂလန်ပညာသင်ထောက့်ပံ့ကြေး




အင်္ဂလန်ပညာသင်ထောက့်ပံ့ကြေး

အင်္ဂလန်အခြေစိုက် Globe Education Consultancy နှင့် CROWN Education တို့ အစီအစဉ်ဖြင့်ပေးအပ်မည့် အင်္ဂလန်ပညာသင်ထောက့်ပံ့ကြေး
အင်္ဂလန်နိုင်ငံ အခြေစိုက် Globe Education Consultancy နှင့်   CROWN Education တို့ ၏ စီစဉ်ဆောင်ရွက်မှု့ ဖြင့် အင်္ဂလန်တွင် MBA, BA, Degree Foundation ပရိုဂရမ်များကို သင်ယူမည့်ကျောင်းသူကျောင်းသားများ ကုန်ကျစရိတ်စရိတ်သက်သာစွာဖြင့် ပညာသင် ယူနိုင်ရန် ၀န်ဆောင်မူ့ ပေးမည့်ရှင်းလင်းပွဲကို August 22, 2012 (Wednesday), ညနေ (၃) နာရီမှ (၅) နာရီအထိ Summit Parkview Hotel, Meeting Room တွင် ရှင်းလင်းပြောကြားသွားမည်ဖြစ်ပြီး  August 23-24  ရက်များတွင် တစ်ဦးချင်းစီ ဆွေးနွေးပေးမည့်အစီအစဉ်ရှိကြောင်းသိရသည်၊၊
ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမူဝါဒများအပေါ် အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်များမှ မြန်မာနိုင်ငံအား ပိုမိုစိတ်ဝင်စား လာကြပြီး ပညာသင်ထောက်ပံ့ကြေးများ ပိုမိုကမ်းလှမ်းလာကြသည်၊၊ မြန်မာနိုင်ငံမှ ထူးချွန်သည့် ကျောင်းသား ကျောင်းသူများအတွက် Globe Education Consultancy (UK) နှင့် ချိတ်ဆက်ထားသည့် တက္ကသိုလ်များမှ မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများ အတွက်ပညာသင် ထောက်ပံကြေးပမာဏမြင့်မားစွာပေးအပ်မည့် အစီအစဉ်များကိုအဆိုပါ ဆွေးနွေးပွဲတွင်ရှင်းလင်းတင်ပြသွားမည်ဖြစ်သည်၊၊

ပညာသင်ထောက်ပံ့ကြေးတွင် အကြုံးဝင်မည့်ဘာသာရပ်များမှာ MBA ၊ BA (Hons) Business Studies ၊ BA (Hons) Business Administration ၊ Degree Foundation နှင့် International Foundation Programme အတွက် ဖြစ်ပြီး၊ MBA တက်ရောက်မည့်သူများ အနေဖြင့် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုမှ ဒီဂရီတစ်ခုရရှိ ထားရ မည်ဖြစ်ပြီး၊ IELTS 6.0 ရရှိထားရမည်ဖြစ်သည်။

 (၁)နှစ်ကြာတက်ရောက်ရမည့် MBA တွင် အထူးပြုဘာ သာရပ်များအနေဖြင့် General Management ၊ Finance ၊ Marketing နှင့် International Business ဟူ၍ လေ့လာသင်ယူနိုင်ပါသည်။ MBA ကျောင်း လခမှာ ပေါင် ၈,၉၅၀ကျသင့်မည်ဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေးဖြင့် တက်ရောက်ပါက မြန်မာငွေ (၅၈) သိန်းခန့် သာကုန်ကျနိုင် မည် ဖြစ် ပါသည်၊၊ တက္ကသိုလ် ပထမနှစ်အောင်မြင်ထားသူများ (သို့) GCE ‘A’ ပြီးမြောက်ထားသူများအနေဖြင့် BA (Hons) ဘွဲ့ကို (၂)နှစ်ဖြင့်ရယူနိုင် မည်ဖြစ်ပြီး ပညာသင်ထောက့်ပံ့ကြေးများလည်းလျှောက်ထားနိုင်သည်၊၊
အဆိုပါဆွေးနွေးပွဲတွင် iGCSE/ GCE’A’ Level  များဖြေဆိုစရာမလိုပဲ အင်္ဂလန်ထိပ်တန်းတက္ကသိုလ်ကြီးများသို့တက်ရောက်နိုင်မည့် ပညာရေးလမ်း ကြောင်းများနှင့် CROWN Education နှင့်ချိတ်ဆက်ထားသည့် အင်္ဂလန်တက္ကသိုလ်များထဲမှ မြန်မာနိုင်ငံမှ ကျောင်းသား၊ကျောင်းသူများအတွက် နေထိုင်ခွင့် (၁) နှစ် စီစဉ်ပေးမည့် တက္ကသိုလ်များ၊ အင်္ဂလန်ထိပ်တန်းတက္ကသိုလ်ကြီးများဖြစ်သော University of Bristol, University of Surrey, University of Lancaster, University of Royal Holloway စသည့် အင်္ဂလန်ထိပ်တမ်းတက္ကသိုလ်ကြီးများသို့ ဝင်ခွင့်အကြောင်းများကိုပါ ရှင်းလင်းဆွေးနွေးသွားမည်ကြောင်းသိရသည်၊၊

ပညာသင်ဆုလျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ သင်ယူလေ့လာနိုင်မည့် စိတ်ဝင်စားဖွယ် ဘာသာရပ် များအကြောင်း၊  ဆွေးနွေးပွဲကို သြဂုတ်လ (၂၂)ရက်၊ (Wednesday) ညနေ (၃)နာရီမှ (၅)နာရီအထိ၊ Summit Parkview Hotel တွင် ရှင်းလင်းပြောကြားမည်ဖြစ်ပြီး One-to-One Consulting ကို  CROWN Education  ရုံးခန်းသစ် အမှတ် (၂၇၀), (ဒဂုန်စင်တာ (၂) နှင့်  ဓနလှိုင်တာဝါကြား) အခန်း (9A), တွင် သြဂုတ်လ (၂၃၊ ၂၄) ရက်များတွင်ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ပါသဖြင့် ၀၉ ၇၃၂ ၇၃၂ ၇၇ ၊ ၀၉ ၅၀၈၅ ၁၈၅ တို့တွင် ဆက်သွယ်စုံ စမ်းစာရင်းပေးတက်ရောက်နိုင်ပါသည်၊၊

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။