Sunday, August 12, 2012

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ပြုလုပ်


တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ပြုလုပ် 

Sunday, 12 August 2012 11:19
7453 
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ပြည်သူ့ လွှတ်တော် ကော်မတီရေးရာဆောင် I-12 တွင် သြဂုတ်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ကော်မတီအ ဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို ဒေါ်အောင်ဆန်းစုကြည်မှ တစ်ဦးချင်း မိတ်ဆက်ခြင်း၊ ကော်မတီအဖွဲ့ဝင် တစ်ဦးချင်းစီ၏ ကော်မတီအပေါ် အမြင်များ တောင်းခံခဲ့ကြောင်း သိရှိရသည်။
ကော်မတီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့အ စိုးရ၊ တရားရေးအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်းမီဒီယာများနှင့် သက်ဆိုင်သူ အားလုံးတို့သည် တရားဥပဒေနှင့်အညီ နေထိုင်ပြုမူ လိုက်နာဆောင်ရွက်နိုင်ရေး အတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိ ကူညီခြင်း ပြုရမည်။ အရေးယူ ဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော် သို့ တင်ပြရမည်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော အကြောင်းကိစ္စ များဖြစ်ပေါ်ရန်အကြောင်း ပေါ်ပေါက်လာပါက၊ ပေါ်ပေါက်သည်ဟု ယူဆ ပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးရမည်။ တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုမှ တစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အောင်မြင်လာရေး အတွက် လေ့လာသုံးသပ် ဆောင်ရွက်ရမည်။ သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ ရှိက လွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစည်းအဝေးမျာကို အပတ်စဉ် ကြာသပတေးနေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
 

Comments 

+16 #7 shiningstar 2012-08-13 00:04
ဦးသိန်းညွန့်လဲ ခုလိုပူးပါင်းဆောင်ရွက်နေတာတွေ့၇တော့ ၀မ်းသာတယ်ဗျာ...
မလွယ်ပေမယ် အမေစု ဖြစ်အောင်လုပ်နီုင်မှာပါ ..ယုံကြည့်တယ်
မလွယ်တာတွေကို ဟိုဖွတ်တွေလုပ်မှမလုပ်နိုင်တာ...
သူတို့သိတာ ဘယ်နေရာမှာ ဘာဂွင်ရိုက်မယ် ၊ မိန်းမကို ဘယ်ကားလဲပေးရမလဲ ၊ သားသမီးတွေကို ဘယ်နိုင်ငံကကျောင်းထားပေးရမလဲ ဒီလောက်ပဲသိတာလေ..
 
+23 #6 Public Servant 2012-08-12 22:09
(14)နှစ်လောက် တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်အကျယ်ချုပ်ချထားခံခဲ့ရတဲ့ သူကို အခုမှ ဘာလို့များ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌအဖြစ်တာဝန်ပေးအပ်ရတာလဲ...???
 
+16 #5 kinglakeshore 2012-08-12 20:16
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြတဲ့ အချက်အလက်ထဲက အနည်းဆုံး ၅၀%ကျော်ကျော်လောက် ပန်းတိုင်ရောက်ပါစေလို့ တောင်းဆုပြုပါတယ်...
 
-7 #4 pass word 2012-08-12 17:23
အမေစုကိုချောက်ချလိုက်တာ။ တရားဥပဒေစိုးမိုးဖို့အတွက်ဆိုရင် ဥပဒေတော်တော်များများကိုပြင်ရမှာ။ မပြင်ရသေးဘဲနဲ့ ဘာလုပ်လို့ ရမှာလဲ။ ပြင်ဖို့ ကလွယ်မှာမှမဟုတ်တာ။
 
+12 #3 wuntho 2012-08-12 16:28
ဘယ်သူ က ဘက်လုပ် ပေးမှာလဲ? တင်ပြ သမျှကို မပေါက်ကြားအောင် ထိမ်းသိမ်း ရမယ် ဆိုတာ ကြီးကရော။။ အမေစုကို များ မအားအောင် လုပ် ထားလေ သ လား? :-?
 
+45 #2 အားမာန် 2012-08-12 14:55
အမေ.....
တာဝန်တခုကို ဘယ်လို တာဝန်ကျေစွာထမ်းဆောင်ရတယ်ဆိုတာ ပြလိုက်ပါ..
ကျနော်တို့တိုင်းပြည်က ၀န်ကြီးတွေက နေရာလေးတခုရတာနဲ့ တန်းပြီးကိုယ်ကျိုးရှာလို့ပါ...
 
+53 #1 h-h-aung 2012-08-12 14:05
တရားဥပဒေစိုးမိုးဖို့အတွက်ဆိုရင် ဥပဒေရဲ့အထက်မှာ တရားသူကြီးတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ခရိုနီတွေအပါအဝင် ဘယ်သူမှရှိမနေဖို့ လိုအပ်ပါတယ်။
ခုတော့ ဥပဒေအထက်မှာအခန့်သားထိုင်ပြီး ဥပဒေကို လက်တစ်လုံးခြား လုပ်ချင်တိုင်းလုပ်နေကြတာတွေကို အမြန်ဆုံး (လွယ်ကူမှာမဟုတ်ပေမဲ့ မြန်နိုင်သမျှ အမြန်ဆုံး) အရေးယူ ဖယ်ရှားပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်... အမေ။

တူရကီနိုင်ငံခြားရေးဝန်ကြီး စစ်တွေရှိ ရခိုင်နှင့်ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ




တူရကီနိုင်ငံခြားရေးဝန်ကြီး စစ်တွေရှိ ရခိုင်နှင့်ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ  
Sunday, 12 August 2012 12:35
AddThis Social Bookmark Button
7454
တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား ရခိုင်ကယ်ဆယ်ရေး စခန်းတစ်ခုတွင် တွေ့ရစဉ်
တူရကီသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E Mr Ahmet Davutoglu နှင့် ဇနီး Mrs. Sare Davutoglu၊ ၀န်ကြီးချုပ် ဇနီး Mrs. Emine Erdogan နှင့် ၀န်ကြီးချုပ်သမီး Miss Sumeyye Erdogan တို့သည် မြန်မာနိုင်ငံ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ နတလ ညွှန်ကြားရေးမှူးချုပ်တို့ နှင့် သီးခြားကိုယ်စားလှယ်အဖွဲ့ဝင်များ ၉၉ ဦးပါဝင်သည့် အဖွဲ့သည် သြဂုတ် လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိ နစ် ၄၀ ခန့်တွင် စစ်တွေမြို့သို့ရောက်ရှိလာခဲ့ပြီး ဘင်္ဂါလီကယ်ဆယ်ရေး စခန်းတစ်ခုနှင့် ရခိုင်ကယ်ဆယ်ရေး စခန်းတစ်ခုသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရှိရသည်။
ပထမဦးစွာ စစ်တွေလေဆိပ်မှ တစ်ဆင့် ဘင်္ဂါလီကယ်ဆယ်ရေး စခန်းသို့ သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီများနှင့် တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် ဘင်္ဂါလီများ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို မေးမြန်းခြင်းနှင့် မည်သည့် အကူအညီများ လိုအပ်သည်များကို မေးမြန်းခဲ့ကြောင်းလည်း သိရသည်။ ကယ်ဆယ်ရေးစခန်းမှ ဖြေကြားသူများကလည်း လက်ရှိအခြေ အနေသည် အဆင်မပြေလှကြောင်း နှင့် အစစအရာရာ ပြုပြင်ပေးလိုခြင်းများကို တင်ပြခဲ့ကြသည်။
ယင်းနောက် မွန်းလွဲ ၁၂ နာရီ ၁၅မိနစ်တွင် ဘင်္ဂါလီကယ်ဆယ်ရေး စခန်းမှ ပြန်လည်ထွက်ခွာလာခဲ့ရာ ဆုတောင်းပြည့်ကျောင်းတိုက်ရှိ ခိုလှုံ နေကြသော ရခိုင်ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
ယင်းနောက် အဆိုပါကျောင်း မှဘုန်းတော်ကြီး ဦးဥာဏ၀ံသနှင့် တွေ့ဆုံရာတွင် တူရကီနိုင်ငံခြားရေး ၀န်ကြီးက ဘင်္ဂါလီလူမျိုးသည် ရန်လိုသော လူမျိုး မဟုတ်ကြောင်းနှင့် သူတို့အရင်နေထိုင်ခဲ့သကဲ့သို့ အတူတကွ ခိုက်ရန်မဖြစ်ဘဲ နေထိုင်ကြပါရန် လျှောက်ထားခဲ့သည်။ ဆရာတော်ကလည်း လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အတွင်းမှ အခြေအနေမှန်များကို ပြောကြားခဲ့ကြောင်း လည်း သိရသည်။
ယင်းနောက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်တွင် စစ်တွေမြို့ပေါ်ရှိ အောင်မင်္ဂလာကျေးရွာသို့ သွားရောက်ကာ ဗလီတွင် ၀တ်ပြုဆုတောင်းခြင်း နှင့် ဘာသာရေးခေါင်းဆောင်များ နှင့်တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီများနှင့် ၁၅ မိနစ်ခန့်တွေ့ဆုံ စကားပြောဆိုပြီးနောက် အောင်မင်္ဂလာမှ ထွက်လာခဲ့သည်။ ယင်းနောက် စစ်တွေဟိုတယ်တွင် ခဏအနားယူပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ညနေ ၃ နာရီ ၄၀ မိနစ်တွင် ရောက်ရှိလာခဲ့ရာ ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ခြင်းများကို ပုံနှင့်တကွ ရှင်းလင်းခဲ့သည်။ ယင်းသို့တင်ပြရာတွင်လည်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် နိုင်ငံတော် မှ လုပ်ဆောင်ချက်များ အားလုံးကို ရှင်းလင်းတင်ပြခြင်းဖြစ်ပြီး မောင်တောမြို့နယ်အတွင်း နယ်စပ်ခြံစည်းရိုး ကာရံထားမှုများ၊ ဘင်္ဂါလီများ မီးရှို့သွားသော ရွာများနှင့် လက်ရှိကယ်ဆယ်ရေး စခန်းများ၏ အခြေအနေ အရပ်ရပ်တို့ကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။ အလားတူ ဘင်္ဂါလီဘာသာရေး ခေါင်းဆောင်များနှင့်တွေ့ဆုံ ဆွေးနွေးမှုများ၊ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုများ အပါအ၀င် နိုင်ငံခြားအဖွဲ့အစည်းများ နှင့် တွေ့ဆုံခြင်း၊ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ခြင်းများလည်း ထည့်သွင်းရှင်းလင်းခဲ့သည်။
ထို့အတူ တူရကီ နိုင်ငံခြားရေး ၀န်ကြီးကလည်း အရေးအကြီးဆုံးမှာ ထင်သာမြင်သာရှိရေးနှင့် လုံခြုံရေးများ တိုးချဲ့ချထားရေးနှင့် နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်းခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း နှင့် မိမိတို့အနေဖြင့် မြန်မာနိုင်ငံ အစိုးရအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် စီမံကိန်းများ ရေးဆွဲ ရာတွင်လည်း ပါဝင်ကူညီသွားမည် ဖြစ်ကြောင်းများကို ထည့်သွင်းတင်ပြ သွားခဲ့သည်။     
Comments 
 
#11 aungkyawmyint 2012-08-13 07:43
EMG ကိုကျေးဇူးတင်တာတစ်ခုပဲေ-ာက်ကုလားတွေငိုယိုမျက်ရေခံထိုးနေတာကိုမပြပဲ ရခိုင်မိသားစုတွေရဲ့အခက်အခဲတွေကိုပဲတင်ပြပေးသွားလို့ အကုသိုလ်ကင်းကင်းနဲ့ကြည့်လိုက်ရတယ်....။ ကျေးဇူးတင်ပါတယ်ဗျ
 
-29 #10 thar tun hla 2012-08-13 00:28
ဘယ်လို့ လဲ ခုကုလား ပေးတာ စားနေပြီးပေါ့ ပာုတ်လား ပြောတော့ ကုလား ကုလား စားနေပြီးပေါ့ ငါလို့ မသာ ရခိုင် မင်းတို့ ပါတီက နာမည်က ရခိုင်တိုင်ရင်းသာတိုးတက်ရေးပါတီ မတိုးတက်ဘဲနဲ့ ပြည်ပ မာ နေရာကျဉ်းနေတာ သိလား တူရိကီ က သန်း၅၀ ပေးတာနော် တာတောင်မူဆလင်း တစ်နိုင်ငံ ဘဲ ရှိတယ်နော်
 
+38 #9 oonayoo 2012-08-12 22:47
အခုလိုနိုင်ငံတကာက လာနေတဲ့အချိန်မှာ အစိုးရကလက်ခံတွေ့ဆုံတဲ့သူတွေက စစ်ဝတ်စုံနဲ့ပဲအမြဲပွဲထွက်နေတာ ဒီမိုကရေနိုင်ငံအတွက်မတင့်တယ်လှပါဘူး။ စစ်ဗိုလ်တွေက အခြေအနေအရ စစ်တပ်ရာထူးနဲ့တွဲဖက်တာဝန်ယူထားသေးတယ်ဆိုရင်တောင် ခုလိုနိုင်ငံတကာက လူတွေအမြင်မှာ အရင်အစိုးရနဲ့ တန်းတူသတ်မှတ်အောင် မပြုမူသင့်မနေပြသင့်ပါဘူး။
ဘင်္ဂလီလူမျိုးတွေက ရန်လိုတတ်တဲ့လူစားမျိုးမဟုတ်ဘူးဆိုတာကို အခုလတ်တလောအနေအထားတွေနဲ့ ရိုဟင်ဂျာတွေရဲ့ အကြမ်းဖက်တုံ့ပြန်မှုတွေကြောင့် လက်ခံလို့မရတော့ပါဘူး။ ရိုဟင်ဂျာတွေက သူတို့ကိုလက်မခံချင်တဲ့ နယ်နမိတ်ကို ခိုးဝင်နေထိုင်တာမလို့လဲ ရခိုင်ဒေသကလူတွေနဲ့ အဆင်ပြေအောင်နေရမှာပါ။ တိုင်းတပါးမှာ တရားဝင်အလုပ်လုပ်ရင်း နေထိုင်နေကြတဲ့သူတွေလဲ သက်ဆိုင်ရာ ဒေသခံ/နိုင်ငံသူနိုင်ငံသားတွေနဲ့ အမှားမဖြစ်အောင် ထိန်းသိမ်းနေထိုင်ရတာ သဘာဝပါပဲ။
မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ မသိစိတ်ထဲမှာ ရိုဟင်ဂျာကို ဘာလို့မုန်းတီးလာရတာလဲဆိုတာ ရှင်းရှင်းလေးပါ။
ရိုဟင်ဂျာက မြန်မာပြည်ထဲမှာ လာနေတယ်၊ ဒါပေမယ့် မြန်မာတွေကရဲ့ မကောင်းကြောင်း မဟုတ်တာကိုချဲ့ပြီး အစဉ်တစိုက်ပြောတယ်၊ နိုင်ငံတကာကို အသနားခံတယ်။ မြန်မာပြည်နိမ့်ကျအောင်လုပ်တယ်၊ ပြည်ပမှာ မြန်မာပတ်စ်ပို့ကိုင်ပြီး ကျောင်းတက်တယ်/
အလုပ်လုပ်တယ် ပြီးတော့ မြန်မာပြည်ကို နည်းမျိုးစုံနဲ့စော်ကားတယ်။ အဲ့တော့ ရိုဟင်ဂျာကို မြန်မာက မမုန်းလို့ ဘယ်သူတွေ မုန်းမလဲ။
ရိုဟင်ဂျာတွေ လုပ်သင့်တာက မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ သဟဇာတဖြစ်ကြောင်းနဲ့ မြန်မာတွေရဲ့လူနေမှုစနစ်ကို ယဉ်ပါးအောင်နေသင့်တာ။
မြန်မာမွတ်စ်လင်တွေကို ကြည့်ပါ။ ဘယ်မိသားစုမှ ကလေးကို ရသလောက်ယူပြီး ကိုယ့်ကလေးကိုယ် ကြုံရာကျပန်းအလုပ်လုပ်ခိုင်းစားဖို့ အတွေးမရှိဘူး။
ရိုဟင်ဂျာက အခုမြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နှောင့်နှေးအောင်သက်သက်ကြီးကို ကြိုးပမ်းသလိုဖြစ်လာနေတော့၊ မြန်မာပြည်ထဲမှာနေပြီး မြန်မာလူမျိုးတွေရဲ့ ရန်သူဖြစ်ဖို့ ကြိုးစားနေရင် ဒေါ်လာသန်း၅၀ ဆိုတာ ရိုဟင်ဂျာတွေရဲ့ ဘ၀ကို ဘာမှပြောင်းလဲပေးနိုင်တဲ့ ငွေပမာဏပါ။
ကျွန်တော်ကတော့ ကျွန်တော်ရဲ့တိုင်းပြည်ကို သေလောက်အောင်ချစ်တယ်။
(မြန်မာ့မြေပေါ်မှာ သူပုန်တစ်ဖွဲ့၊ တစ်ယောက်တိုးလာမှာကို လုံးဝမလိုလားဘူး)
 
-11 #8 Mandalaythar 2012-08-12 21:00
ဟေ့လုပ်ကြပါဦး။ ဒါကအမှန်ဘဲလား? elevenmyanmar မှာတွေ့ လို့။ ငါတို့တွေကအဲလောက်ရက်စက်တတ်လို့လား။ အဖြစ်မှန်ကဘာလဲ။ ဘာတွေအမှန်ဖြစ်ခဲ့တာလဲ။
"The shops in the Sittwe market which are owned by Bengali Muslims are still shut down and the Rakhine shopkeepers in the market share the common view that they can no longer work together with Bengali Muslims."
Bengali's shops are still shut down BECAUSE THERE IS NO HUMAN RIGHT THERE AND IN SITTWE, Bengali are minority and Rakhine can do anything upon them and government will allow Rakhine to do so. They've done as well. In review of earlier crisis, government allow Rakhine to fire Bengali houses and media stated that Bengali themselves fired their houses. THERE IS NO HUMAN RIGHT AT ALL. Government is like a poison covered by sweets. They (both government and Rakhines) killed more than 10000 Bengalis and stated as 43 officially in the newspapers. Mr. Quentana came to know the same at his visit to Rakhine state. Dead elephant cannot be covered with goat skin.
 
+31 #7 mgmaung 2012-08-12 20:55
" တူရကီနိုင်ငံခြားရေး ၀န်ကြီးက ဘင်္ဂါလီလူမျိုးသည် ရန်လိုသော လူမျိုး မဟုတ်ကြောင်းနှင့်"
ဒါဆို မင်းတို.နိုင်ငံကို ခေါ်သွားလေ သောက်ရူးရဲ.
 
+25 #6 Public Servant 2012-08-12 20:55
Quote:
အဆိုပါကျောင်း မှဘုန်းတော်ကြီး ဦးဥာဏ၀ံသနှင့် တွေ့ဆုံရာတွင် တူရကီနိုင်ငံခြားရေး ၀န်ကြီးက ဘင်္ဂါလီလူမျိုးသည် ရန်လိုသော လူမျိုး မဟုတ်ကြောင်းနှင့် သူတို့အရင်နေထိုင်ခဲ့သကဲ့သို့ အတူတကွ ခိုက်ရန်မဖြစ်ဘဲ နေထိုင်ကြပါရန် လျှောက်ထားခဲ့သည်။
သူမျုားနိုင်ငံခြားဝန်ရေးဝန်ကြီးတွေက ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီး မြန်မာ ဘုန်းတော်ကြီးကို သြ၀ါဒပေးသွားခဲ့သကိုး..။ မြန်မာတွေနိုင်ငံခြားမှာအနှိမ်ခံရတုန်းကရော.. မြန်မာနိုင်ငံခြားရေးဝန်ကြီး ဘယ်နှခါ လာပါစ..။
 
+38 #5 Alexander 2012-08-12 19:36
ဆော်ဒီကုလားဘုရင်က ရိုဟင်ဂျာကုလားတွေအတွက် အမေရိကန်ဒေါ်လာ သန်း၅၀ ပေးလိုက်ပါတယ်တဲ့ခင်ဗျာ။ ရောက်တာသတင်းရဲ့အဆိုအရပါ။
http://www.reuters.com/article/2012/08/12/us-saudi-myanmar-muslims-idUSBRE87B06V20120812
-------
Saudi Arabia's King Abdullah has ordered $50 million in aid be sent to a Muslim minority in Myanmar which a human rights group said has been targeted by the authorities since sectarian riots in June.
-------
ဒေါ်လာသန်း ၅၀ ဆိုတာနည်းတဲ့ငွေပမာဏမှ မဟုတ်တာ။
မြန်မာပြည်မှာ NGO တစ်ချို့ကလုပ်နေတဲ့ Project တွေတောင် တစ်နှစ်လုံးမှ ဒေါ်လာ တစ်သန်းဖိုးလောက်လုပ်တဲ့အဖွဲ့တွေတောင်ရှိသေးတယ်။ ဒေါ်လာ သန်း၅၀ ဆိုရင် အနှစ်၅၀ လောက်လုပ်လို့ရတယ်။ :D
သို့သော် ...
အဲဒီငွေက ကုလားတွေအတွက်သီးသန့်ပါခင်ဗျာ။ ရခိုင်ဒေသမှာ ဒုက္ခရောက်ရတဲ့ ပြည်သူအားလုံးအတွက်မဟုတ်ပါဘူး။ :D
သြော် ...
အမေရိကန်တို့ ဥရောပတို့လို အင်အားကြီးတွေက ခရစ်ယန်နိုင်ငံတွေဖြစ်နေလို့တော်သေးတာပေါ့။ မွတ်စလင်နိုင်ငံတွေဖြစ်မသွားခဲ့တာ အပြည်ပြည်ဆိုင်ရာ ဘုရားအပေါင်းအား အလွန်ပင် ကျေးဇူးတင်ရှိလှပါ၏။
:-|
 
-16 #4 ကျောင်းသားကြီး 2012-08-12 15:32
မြန်မာကို ဘားမားလို့ မခေါ်စေချင်လျှင် အစိုးရသတင်းစာတွေကနေ တာကီ နိုင်ငံကို တူရကီလို့ မခေါ်သင့်ပါ။
 
+93 #3 h-h-aung 2012-08-12 14:11
Quote:
တူရကီနိုင်ငံခြားရေး ၀န်ကြီးက ဘင်္ဂါလီလူမျိုးသည် ရန်လိုသော လူမျိုး မဟုတ်ကြောင်းနှင့်
နောက်နေတာလားဟင်။
သြော်ဟုတ်ပါတယ်။ ရန်မလိုပါဘူး။ တစ်ခါတစ်လေ ပျင်းပျင်းရှိရင် လူလေးစု၊ မီးရှို့၊ လူသတ်တာလေးလောက်တော့ နားလည်ပေးရမှာပေါ့ဗျာ။
 
+65 #2 jungleman 2012-08-12 13:17
ခေါင်းဆောင်ပိုင်းတွေမှာ Master Plan ရှိမယ်လို့တော့ထင်တာဘဲ။ ခုထိတော့ ကိုင်တွယ်တာတွေအားမရတာ အမှန်ဘဲ။ မြန်မာနိုင်ငံကဒီမိုကရေစီလမ်းကြောင်းကိုလျှောက်နေတာ ကလျှောက်နေတာဘဲ။ ရခိုင်မှာဖြစ်နေတဲ့ကိစ္စတွေကတပိုင်း ရောချလို့မရပါဘူး။ ရခိုင်မှာဖြစ်ပျက်နေတာတွေနဲ့ပတ်သတ်ပြီး ဒီမိုကရေစီလမ်းပေါ်ကနေ သွေဖီသွားမယ်လို့တော့ မယူဆနိုင်ဘူးလို့ပြောပါရစေ။ နိုင်ငံတကာက ရခိုင်မှာဖြစ်နေတာတွေနဲ့ပတ်သတ်ပြီးနောက်ကြောင်းပြန်လှည့်မယ်ပြောနေတာတွေကို ဘာလို့ပြန်မခြေပကြတာလဲ။
 
+99 #1 ဇမ္ဗူတလူ 2012-08-12 12:57
ဒို့တိုင်းရင်းသားများ တယ်ရိုးသကိုး။
ဟိုနောက်ဖေးပေါက်က ခိုးဝင်လာတဲ့ ကောင်တွေဆိုရင် ဖက်ယက်ဆွဲလွဲပြီးတော့ ငိုယိုပြနေလိုက်တာ အကယ်ဒမီရှော့ပဲလေကွယ်။ ဒါလည်း အပြစ်တော့ မဆိုသာပေဘူး။ တောင်းတတ်စားတတ်မှလည်း အလုပ်မလုပ်ပဲ ထိုင်စားသောက် ကလေးတွေ တပြွတ်ပြွတ် မွေးနေနိုင်တာပေါ့လေ။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ကို အဖွဲ့ဝင် ဦးရေ ၆၀ ဖြင့် ဖွဲ့စည်း




လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ကို အဖွဲ့ဝင် ဦးရေ ၆၀ ဖြင့် ဖွဲ့စည်း 
Sunday, 12 August 2012 13:50
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး အတွက် စုံစမ်းရေးကော်မရှင်ကို အဖွဲ့ဝင် ၆၀ ဦး ဖြင့် သြဂုတ်လ ၈ ရက်နေ့မှစတင်ကာ ဖွဲ့စည်းခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့် က ထုတ်ပြန်ခဲ့သည်။
အဆိုပါအဖွဲ့၏ သက်တမ်းမှာ စတင်ဖွဲ့စည်းသည့်နေ့မှ တစ်နှစ်သတ်မှတ်ပြီး လယ်ယာမြေ သိမ်းဆည်းခံ ရသည့်ကိစ္စများကို အကြောင်းအရာ တစ်ခုချင်းစီ အလိုက် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လယ်ယာမြေသိမ်းဆည်းခံရခြင်း အပေါ် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြေညာချက်၊ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ၊ စီမံကိန်း၊ စီမံ ချက်များ၏ မူလရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်း ရှိ၊ မရှိ၊ သိမ်းဆည်းစဉ်က လယ်ယာမြေသိမ်းဆည်းခံ တောင်သူလယ်သမားနှင့်အပြန်အလှန် ပွင့်လင်း မြင်သာစွာ ညှိနှိုင်းဆွေးနွေးမှုရှိ မရှိ၊ လျော်ကြေးငွေသည် သိမ်းဆည်းကာလတန်ဖိုးနှင့် ညီညွတ်မှု ရှိ မရှိ၊ မြေ ယာသိမ်းဆည်းခြင်း အငြင်းပွားမှု များ စိစစ်ဆောင်ရွက်ရာတွင် ၁၉၈၈ ခုနှစ်အထိဆောင်ရွက်ခဲ့ပြီး ကိစ္စရပ်များအတွက် စိစစ်ဆောင်ရွက်ခြင်း မပြုရန်နှင့် ၁၉၈၉ ခုနှစ်မှ ယနေ့အထိ ကိစ္စရပ်များကိုသာ စုံစမ်းလေ့လာ ဖော်ထုတ်ရန်၊ ၁၉၈၉ ခုနှစ်နောက် ပိုင်း မြေယာသိမ်းဆည်းမှုများတွင် စီမံကိန်းပြီးပြတ်မှု မရှိဘဲ ဆက်လက် ဆောင်ရွက်နေဆဲ လုပ်ငန်းများနှင့် မူလနိုင်ငံတော် စီမံကိန်းလုပ်ငန်းများတွင် အောင်မြင်ပြီးပြတ်ပြီး ဖြစ်သည့် ကိစ္စရပ်များအတွက် စိစစ်ဆောင်ရွက်ခြင်း မပြုရန် သတ်မှတ်ထားကြောင်း သိရှိရသည်။
ကော်မရှင်၏ လုပ်ပိုင်ခွင့်များမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများထံမှ မြေယာသိမ်းဆည်းခြင်း ဆိုင်ရာ စာရင်းဇယား အထောက်အထားများကို ညှိနှိုင်းတောင်းခံရယူရန်၊ မြေယာသိမ်းဆည်းရာတွင် ၀န်ကြီးဌာန၊ ဦးစီးဌာနများမှ ဆောင်ရွက် ခြင်းဖြစ်ခဲ့ပါက ၎င်းတို့ထံမှ စာရင်း ဇယား အထောက်အထားများကို ညှိနှိုင်းတောင်းခံရယူရန် စသည့်အချက်များဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကော်မရှင်၏ ရှောင်ကြဉ်ရမည့် အချက်များကိုလည်း သတ်မှတ် ထားပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းချက်ဖြစ်သော အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာသုံးရပ် ခွဲခြားကျင့်သုံးသည် ဆိုသောပြဋ္ဌာန်းချက်ကို လိုက်နာရန်၊ ကော်မရှင်သည် အဆုံးအဖြတ်ပေး နိုင်သည့် အဖွဲ့အစည်း မဟုတ်သည့် အတွက် စုံစမ်းလေ့လာတွေ့ရှိချက် ကို ဘက်လိုက်မှုကင်းစွာဖြင့် ရှုမြင် သုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော် သို့ ပြန်လည်အစီရင်ခံ တင်ပြရန်၊ အခါအားလျော်စွာ သတင်းမီဒီယာ များနှင့် တွေ့ဆုံရဖွယ်ရှိနိုင်ပြီး ယင်းသို့တွေ့ဆုံရာတွင် အစွန်းထွက်သော ပြောဆိုမှုများ၊ အစိုးရ၊ ပုဂ္ဂိုလ်တစ်ဦးဦး၊ အဖွဲ့အစည်းတစ်ခုခု၊ ပါတီတစ် ရပ်ရပ်ကိုသော်လည်းကောင်း ထိခိုက်ပုတ်ခတ်သော အပြောအဆို မပြောမိရေး သတိပြုလိုက်နာရန် စသည့်အချက်များဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်၊ ဇလွန်မဲ ဆန္ဒနယ်၏ ‘လယ်မြေများသိမ်းဆည်း ခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ပေးရန်’အဆိုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးပါဝင် ဆွေးနွေးပြီးနောက် ယခုကဲ့သို့ ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Comments 
 
0 #3 exodus88 2012-08-13 12:22
Dr. Khin Shwe ( Phd.. Cheattalist) should be the chairman of that group) Eleven Media, Please don't put Mg Khin Shwe as a Doctor in your news. All the doctors are abused because of him.
 
+13 #2 Public Servant 2012-08-12 20:46
ခေါင်းဆောင်က ဒေါက်တု ကြီးဖြစ်နေဦးမယ်နော... :cry:

အစ္စရေးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Asian Science Camp ၌ မြန်မာလူငယ်များ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရရှိ


အစ္စရေးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Asian Science Camp ၌ မြန်မာလူငယ်များ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရရှိ 

Monday, 13 August 2012 10:45
အာရှဒေသမှ သိပ္ပံပညာကို ချစ်မြတ်နိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ ပါဝင်ဆင်နွှဲခွင့်ရှိသည့် Asian Science Camp 2012 ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့ အထိ အစ္စရေးနိုင်ငံ ဟီဗရူးတက္ကသိုလ် အက်ဒ်မွန်ဂျေဆာ ဖရာနယ်မြေ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားနှစ်ဦး၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသူတစ်ဦး၊ PSBusiness-School မှ ကျောင်းသားတစ်ဦး၊ ရန်ကုန် ချင်းတွင်းကောလိပ်မှ ကျောင်းသားနှစ်ဦးနှင့် မန္တလေးချင်းတွင်းကောလိပ်မှ ကျောင်းသူတစ်ဦး တက်ရောက်ခွင့်ရခြင်းဖြစ်ပြီး သြဂုတ်လ ၂၄ ရက်တွင် အစ္စရေး နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
Asian Science Camp ကို နိုဗယ်ဆုရှင် သိပ္ပံပညာရှင်နှစ်ဦးဖြစ်သည့် Prof. Y.T.Lee နှင့် Prof. M. Koshiba တို့က ၂၀၀၇ ခုနှစ်မှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အာရှတစ်လွှားမှ ထူးချွန်လူငယ်များအား ရွေးချယ်၍သိပ္ပံဆိုင်ရာ နိုဗယ်ဆုရှင် ၁၀ ဦးခန့်နှင့် ထင်ရှားသည့် သိပ္ပံပညာရှင်များအား ဖိတ်ခေါ်ကာ ဟောပြောပို့ချပြီး အသိပညာမျှဝေသည့် အစီအစဉ်ဖြစ်သည်။ ယခုနှစ်၌ ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှ ပါဝင်ခွင့်ရရှိခဲ့သည်။ “သိပ္ပံပညာကိုစိတ်ဝင်စားပြီး အင်္ဂလိပ်စာထူးချွန်တဲ့ အသက် ၁၇ နှစ်မှ ၂၁ နှစ်အတွင်း လူငယ်တွေကို အဆင့်ဆင့် ရွေးချယ်ခဲ့ပါတယ်” ဟု Asian Science Camp 2012 ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေစီစဉ်သူ Myanmar Credent Technology ၏ မန်နေဂျင်းဒါရိုက်တာ ဦးဇော်နိုင်က ပြောကြားပါသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။