Wednesday, August 8, 2012

“၈၈၈၈ အပေါ် သစ္စာရှိမရှိဆိုတာ အရေးကြီးတဲ့ စံတခုဖြစ်တယ်”



“၈၈၈၈ အပေါ် သစ္စာရှိမရှိဆိုတာ အရေးကြီးတဲ့ စံတခုဖြစ်တယ်”

ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၈ မိနစ်

ptks
ရဲဘော်ဖိုးသံချောင်း
(ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ)
နယူးဒေလီ (မဇ္ဈိမ) ။       ။ ၈၈၈၈ ခေါ် ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်လာချိန်သည် ဗိုလ်ချုပ်ကြီး
နေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၏ တပါတီ အာဏာရှင်စနစ်ဖြင့် တိုင်းပြည်အား အုပ်ချုပ်နေချိန် ဖြစ်သည်။
တနိုင်ငံလုံး ဒီမိုကရေစီတောင်းဆို အုံကြွကြသည့် ယင်းကာလ မတိုင်မီ နိုင်ငံရေးပါတီဟူ၍ မြို့ပေါ်တွင် မဆလ၊
တောထဲတွင် ဗကပ ဟူ၍သာ ရှိခဲ့သည်။
ပြည်သူလူထုကြီး၏ ထိုအရေးတော်ပုံအား စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး အာဏာသိမ်းလိုက်သည်။ အာဏာသိမ်း နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) စစ်ခေါင်းဆောင်များဖြစ်ကြသည့် ဗိုလ်ချုပ်မှူးကြီး စောမောင်
နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့က ၎င်းတို့၏ အကြိမ်ပေါင်း ရာနှင့်ချီ ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲများတွင် ထို ၈၈၈၈ အရေးတော်ပုံကြီးအား ဗကပ များ သွေးထိုးမြှောက်ပင့်၍ ဖြစ်လာရပြီး ဗကပ များ၏ နိုင်ငံတော်အာဏာ သိမ်းပိုက်ရေး အကြံအစည်အဖြစ် ပုံဖော်ကာ စာအုပ်စာတမ်းများ ရောင်စုံထုတ်ဝေ ဖြန့်ချိခဲ့ကြသည်။
ထို့ကြောင့် ထို ၈၈၈၈ အရေးတော်ပုံကာလ ဗကပ ၏ အခန်းကဏ္ဍ၊ ၂၄ နှစ်ကြာ ဒီမိုကရေစီတိုက်ပွဲအပေါ် သုံးသပ်ချက်၊ ၁၃ဝဝ ပြည့် အရေးတော်ပုံနှင့် နှိုင်းယှဉ်ချက်တို့ကို သိရှိနိုင်ရန်အတွက် ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ပြောရေးဆိုခွင့် ရှိသူ ရဲဘော်ဖိုးသံချောင်း အား မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။
၈၈၈၈ အရေးအခင်းကို ဗကပ တွေ သွေးထိုးတာလို့ အာဏာသိမ်းအစိုးရက ပြောကြ၊ သတင်းစာရှင်းကြ၊ မှတ်တမ်းစာအုပ်တွေ ထုတ်ကြပါတယ်။ ဒီလိုစွပ်စွဲချက်နဲ့ပတ်သက်ပြီး ဗကပ အနေနဲ့ ဘယ်လို တုန့်ပြန်လိုပါသလဲ။
ဖြေ။   ။ ၈၈၈၈ အရေးတော်ပုံကြီးဟာ ပြည်သူတရပ်လုံးရဲ့
၁၃၀၀ ပြည့် အရေးတော်ပုံဟာ ဖြစ်ပေါ်ပြီး ကိုးနှစ် အကြာမှာ တိုက်ပွဲအသီးအပွင့်တွေ ခံစားရပါတယ်။ ဒါပေမယ့် ရှစ်လေးလုံး အရေးတော်ပုံကတော့ ၂၄ နှစ် ကျော်လွန်ခဲ့ တာတောင်မှ အသီးအပွင့်တွေကို မမြင်ရသေး ပါဘူး။
အရေးတော်ပုံကြီးပါ။ ပြည်သူလူထုကြီးရဲ့ လိုလားချက်တွေ ကို ပြည်သူလူထုကြီးက တောင်းဆို တိုက်ပွဲဝင်ကြတာပါ။ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ် တဦးတယောက်ကမှ ဒါ
ငါတို့ လုပ်တာ၊ ငါတို့ လက်ရာလို့ အမှတ်မယူနိုင်ပါဘူး။
နောက်ပြီး ဒီအရေးတော်ပုံကြီးဟာ သူ့ရှေ့က ပေါ်ခဲ့တဲ့
၇ ရက် ဇူလိုင် အစချီတဲ့ တိုက်ပွဲတွေနဲ့လည်း ဆက်နေပါ
တယ်။ ခွဲလို့ မရပါဘူး။ ဒီအရေးတော်ပုံကြီးမှာ ဗကပ ဟာ သူတတ်နိုင် တဲ့ အခန်းက အစွမ်းကုန် ပါဝင်ခဲ့ပါတယ်။ ပေးဆပ်မှုတွေလည်း ပြုလုပ်ခဲ့ရပါတယ်။ ဗကပ သမိုင်းမှာ ဘယ်သူ့ကိုမှ သွေးမထိုးခဲ့ပါဘူး။ ကိုယ့်သဘောထားကို ရှင်းပြခဲ့တာပဲ ရှိပါတယ်။ သွေးထိုးတယ် ဆိုတာက ၈၈၈၈ အရေးတော်ပုံတုန်း က ဆန္ဒပြကြသူတွေအကြား ရှုပ်ထွေးအောင် ထောက်လှမ်းရေးကလုပ်တဲ့ မြှောက်ပေးနည်းမျိုး ကိုသာ ပြောနိုင်ပါတယ်။ ဒီပဲယင်း အရေးတော်ပုံ တုန်းကလည်း အရက် ကိုးမောင်းတိုက် သွေးထိုးခဲ့ပါတယ်။
၈၈၈၈ အရေးတော်ပုံကို ၁၃၅၀ ပြည့် အရေးတော်ပုံလို့လည်း ခေါ်ကြပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ဒီ ၁၃၅၀ ပြည့် အရေးတော်ပုံ နှစ်ခု တူညီချက်တွေနဲ့ ထူးခြားချက်တွေ နှိုင်းယှဉ်ပြပေးပါ။
ဖြေ။  ။ ဗကပ အနေနဲ့ ၁၉၈ဝ စုနှစ်များ အစပိုင်းကစပြီး ၁၃ဝဝ ပြည့်နှစ် စိတ်ဓာတ်ကို ပြန်ဖော်ထုတ်ဖို့ လှုံ့ဆော်ခဲ့ပါ တယ်။ မြေအောက်ပုံစံနဲ့ပါ။ ၁၃၀၀ ပြည့် အရေးတော်ပုံမှာ ပါဝင်ခဲ့ဖူးသူတွေနဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေအပြင် စာပေအနု ပညာသည်တွေ၊ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေဆီကို လှမ်းဆက်သွယ်ပြီး ၁၃၀၀ ပြည့်နှစ် တုန်းကလိုပဲ တပြည်လုံး သွေးစည်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ကြဖို့ တင်ပြခဲ့ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံနဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံတို့ရဲ့တူညီချက်နဲ့ မတူညီတဲ့ အချက်တွေကို ပြောရရင် တချက်က ၁၃ဝဝ ပြည့် အရေးတော်ပုံဟာ ဖြစ်ပေါ်ပြီး ကိုးနှစ် အကြာမှာ တိုက်ပွဲအသီးအပွင့်တွေ ခံစားရပါတယ်။ ဒါပေမယ့် ရှစ်လေးလုံး အရေးတော်ပုံကတော့ ၂၄ နှစ် ကျော်လွန်ခဲ့တာတောင်မှ အသီးအပွင့်တွေကို မမြင်ရသေးပါဘူး။
ငွေရတု ပြည့်လုလု ၂၄ နှစ်အကြာမှာ ဒီ ၈၈၈၈ အရေးတော်ပုံအပေါ် ဘယ်လို သုံးသပ်မိပါသလဲ။ ရည်မှန်းချက်ကို ဘာ့ကြောင့် မရောက်နိုင်သေးရသလဲ။
ဖြေ။   ။၁၃ဝဝ ပြည့် အရေးတော်ပုံ ကာလတုန်းက နိုင်ငံကြီး
ဦးသိန်းစိန် အစိုးရဟာ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို ငွေလှူတာလို အပေါ်ယံ ဟန်ဆောင်လုပ်ငန်းတွေ လုပ်ပြနေပါတယ်။ သူတို့ဟာ ဖြစ်နိုင်မယ်ဆိုရင် ရှစ်လေးလုံး အလံကိုတောင် အပိုင်စီးတာ လုပ်သွားနိုင်ပါ တယ်။ ဒီလိုနဲ့ ရှစ်လေးလုံး အရေးတော်ပုံရဲ့ အဓိက အကျဆုံး စိတ်ဓာတ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုတာ
မှေးမှိန်သွား၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေထဲက ဒီမိုကရေစီဆိုတာဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးက တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီပဲ ဖြစ်သယောင်ယောင် လုပ်လာနိုင်ပါတယ်။
တွေဟာဒုတိယကမ္ဘာစစ်နဲ့ အကုန် အလုပ်များနေကြ တာပါ။ သူများနိုင်ငံ အရေးကို ဝင်မရှုပ်နိုင်ကြပါဘူး။ ဒီတော့ ဗမာ
ပြည်သူတွေဟာ အင်္ဂလိပ်အခက်-ဗမာ့အချက် ဆိုတဲ့ ကြွေး
ကြော်သံကို တင်ပြီး ကိုယ့် လွတ်လပ်ရေးအတွက် ကိုယ်လုပ် ခဲ့နိုင်ကြပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံ ပြီးတဲ့အခါနဲ့ ဆိုဗီယက်အုပ် စုပြိုကွဲတာ၊ စစ်အေးစစ်ပွဲ ပြီးဆုံးတာနဲ့ သွားတိုက်ဆိုင်နေပါတယ်။ ဒီတော့ နိုင်ငံကြီးတွေ သြဇာခံ
နယ်ပယ် အလုအယက် စည်းရုံးတိုးချဲ့နေတာနဲ့ ကြုံရပါ
တယ်။ ဒီအထဲမှာ ဗမာပြည်ဟာလည်း သီးခြားကင်းလွတ်
နေတာ မဟုတ်ပါဘူး။
နောက်တချက် ပြောသင့်တာက ၁၃ဝဝ ပြည့် အရေးတော်ပုံ
တုန်းက တိုက်ပွဲဝင်သူတွေ အကြားမှာ တူညီတဲ့ ဘုံလမ်းစဉ် ရှိခဲ့ပါတယ်။ နောက်ပြီး အမျိုးသား ညီညွတ်ရေးလည်း ရှိခဲ့ပါတယ်။ အဲဒါနဲ့ ပြောင်းပြန် ရှစ်လေးလုံး နောက်ပိုင်းမှာ တိကျ တဲ့ ဘုံလုပ်ငန်းစဉ် မရှိဘဲ သူတလူ ငါတမျိုး ဖြစ်နေခဲ့ပါတယ်။ တဆက်ထဲ အမျိုးသားညီညွတ်ရေးလည်း လျော့ရဲခဲ့ပါ တယ်။
၈၈၈၈ နှစ်ပတ်လည်မှာ ဖြည့်စွက်ပြောလိုတာများရှိရင် ပြောပါ။
ဖြေ။   ။ အထက်မှာ ပြောခဲ့သလိုပဲ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ အောင်ပွဲ မရသေးပါဘူး။ ဒါပေမယ့် ဒီလိုပြောတဲ့ အတွက် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ရှုံးနိမ့်သွားပြီလို့ မဆိုနိုင်ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့
တောင်းဆိုချက်တွေဟာ ဒီနေ့အခါမှာလည်း တောင်းဆိုတိုက်ပွဲဝင်ရမယ့် တောင်းဆိုချက်တွေ ဖြစ်မြဲ ဖြစ်နေပါသေး တယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးအပေါ် သစ္စာရှိမရှိဆိုတာ ဒီနေ့ နိုင်ငံရေး လုပ်သူတွေကို တိုင်းတာမယ့် အရေးကြီးတဲ့ စံတခု ဖြစ်ပါတယ်။ ဒီနေ့အခါမှာ ဦးသိန်းစိန် အစိုးရဟာ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို ငွေလှူတာ လို အပေါ်ယံ ဟန်ဆောင်လုပ်ငန်းတွေ လုပ်ပြနေပါတယ်။ သူတို့ဟာ ဖြစ်နိုင်မယ်ဆိုရင် ရှစ်လေးလုံး အလံကိုတောင် အပိုင်စီးတာ လုပ်သွားနိုင်ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံး အရေးတော်ပုံရဲ့ အဓိက အကျဆုံး စိတ်ဓာတ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုတာ မှေးမှိန်သွား၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေထဲက ဒီမိုကရေစီဆိုတာဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးက တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီပဲ ဖြစ်သယောင်ယောင် လုပ်လာနိုင်ပါတယ်။
ဒါကြောင့် ဒီနေ့ခေတ် ကျောင်းသား လူငယ်တွေရော၊ ရှစ်လေးလုံးတုန်းက ပါဝင် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဟန်းရှင်လူ အများရော အခုအခါမှာ ရှစ်လေးလုံး အလံကို မြင့်မြင့်မားမား လွှင့်ထူပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အရေးတော်ကို ဆက်လက် အကောင်အထည် ဖော်ရပါမယ်။ တဆက်ထဲမှာလည်း ရှစ်လေးလုံးအလံကို ဘယ်သူ တဦးတယောက်၊ တဖွဲ့တပါတီကမှ လက်ဝါးကြီးအုပ် အမြတ်မထုတ်နိုင်အောင်လည်း သတိပြုရပါမယ်။
ရှစ်လေးလုံး အရေးတော်ပုံ ကြီးမြတ်တာဟာ လူထုကြီး တခဲနက်ပါဝင်ခဲ့လို့ပါ။ ဒီနေ့ ဗမာပြည်မှာ လိုအပ်နေတာကလည်း ဒီလိုပဲ လူထုကြီး တခဲနက်ပါဝင်တဲ့ တိုက်ပွဲတွေ ဖော်ထုတ်ဖို့ပါ။   ။

စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ နှစ်သောင်းနီးပါး ဒဏ်ရိုက်ခံရ


စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ နှစ်သောင်းနီးပါး ဒဏ်ရိုက်ခံရ

ရန်ကုန် (မဇ္ဈိမ) ။      ။ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများအား ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု
ကော်မတီက ဇန်နဝါရီလမှ စတင် အရေးယူခဲ့ရာ ဇူလိုင်လ ကုန်အထိ ၁၉,၄၉၂ ဦးကို ဒဏ်ကြေးတပ် အရေးယူခဲ့သည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ အလုံ တို့တွင် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ အများဆုံး ဖမ်းဆီးရမိခဲ့ကာ ဒဏ်ကြေးငွေပေါင်းကျပ် ၄၂၉ သိန်းခန့် ရန်ကုန်တိုင်း အစိုးရက ရရှိခဲ့သည်။
“အခုလို စည်းကမ်းမဲ့ လမ်းဖြတ်ကူးတဲ့သူတွေကို ဖမ်းဆီးအရေးယူမှုက စီမံချက် ကာလအနေနဲ့ လုပ်တာ မဟုတ်ဘဲ ဆက်တိုက် အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ယာဉ်စည်းကမ်း ကြီးကြပ်မှု ကော်မတီ၏ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
ယာဉ်အသွားအလာများသော လမ်းဆုံများ၏ လူကူးရန် သတ်မှတ်ထားသော နေရာများမှ ဖြတ်မကူး၍ ဖမ်းဆီးခံရသော
သူများကို နီးစပ်ရာ ယာဉ်ထိန်းနယ်မြေ ရဲစခန်းသို့ ခေါ်ဆောင်ကာ တဦးလျှင် ကျပ် ၂,၂၀၀ နှုန်းဖြင့် ဒဏ်တပ်သည်။ ဖမ်းဆီးခေါ်ဆောင်သော ကားများ လူပြည့်မှ ထွက်လေ့ရှိသဖြင့် ဒဏ်ငွေဆောင်ရန် နာရီအတန်ကြာ စောင့်ဆိုင်းရလေ့ ရှိသည်။
ရန်ကုန်တိုင်း အစိုးရက စည်ပင်သာယာရေးကော်မတီသို့ တာဝန်ပေးချက်အရ စည်းကမ်းမဲ့ လမ်းကူသူများ ဖမ်းဆီးခြင်း ကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များအပြင် ပင်စင်စား စစ်မှုထမ်းဟောင်း၊ ရဲဝန်ထမ်းဟောင်း ၆ဝ ကလည်း ဖမ်းဆီး အရေးယူမှု များ ပြုလုပ်ပေးလျက် ရှိသည်။ စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆိုပါ ပင်စင်စားများကိုလည်း နေ့စား လုပ်အားခ ကျပ် ၂,၁ဝဝ ပေးသည်။
“စည်ပင်ဝန်ကြီးက အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေရေးကဏ္ဍမှာ ဥက္ကဋ္ဌဖြစ်တာကြောင့် အငြိမ်းစား ဝန်ထမ်းတွေရဲ့ လုပ်အားကို ပြန်အသုံးချချင်တဲ့အတွက် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို လိုက်လံဖမ်းဆီးမှုမှာ အငြိမ်းစားဝန်ထမ်း
တွေကို အခုလို ခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ကုလ ကိုယ်စားလှယ်ခရီးစဉ်အား အစိုးရက ပိတ်ပင်မှုအချို့ ပြုလုပ်ခဲ့


ကုလ ကိုယ်စားလှယ်ခရီးစဉ်အား အစိုးရက ပိတ်ပင်မှုအချို့ ပြုလုပ်ခဲ့ 

စံခလပူရီ (မဇ္ဈိမ) ။       ။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေး ကွင်တားနား ၏ ခြောက်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူ့အခွင့်အရေး အခြေအနေများ သွားရောက်
လေ့လာရန် ခွင့်တောင်းထားသည့် နေရာအချို့အား မြန်မာအစိုးရမှ ခွင့်မပြုခဲ့ဟု ကွင်တားနားက ပြောသည်။
သြဂုတ်လ ၇ ရက်နေ့က မဲဆောက်မြို့၌ မြန်မာအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် မစ္စတာကွင်တားနားက ထိုသို့
ပြောကြားသွားခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။
“သူ့ခရီးစဉ်မှာ သွားဖို့ သုံးနေရာ တောင်းထားတယ်။ ရခိုင်ရယ်၊ ကရင်ရယ်၊ ကချင်ရယ်။ ဒါပေမယ့် ရခိုင်ကို သွားဖို့ပဲ ခွင့်ပြုခဲ့တယ်။ ကျန်တဲ့ နှစ်နေရာကိုတော့ အစိုးရဘက်က လုံခြုံရေး အကြောင်းပြချက်နဲ့ သွားခွင့် မပြုနိုင်ဘူးဆိုပြီး
ငြင်းလိုက်တယ်” ဟု မြန်မာဒီမိုကရေစီအဖွဲ့ချုပ် FDB မှ ဒေါက်တာ နိုင်အောင် က ပြောသည်။
TOQ2
မြန်မာနိုင်ငံခရီးစဉ်အတွင်း လူ့အခွင့်အရေး အခြေအနေများ သွားရောက်လေ့လာရန် ခွင့်တောင်းထားသည့် နေရာအချို့အား မြန်မာအစိုးရမှ ခွင့်မပြုခဲ့ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေး ကွင်တားနားက ပြော (ဓါတ်ပုံ မဇ္ဈိမ)
မစ္စတာ ကွင်တားနားသည် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP၊ ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ TBBC၊ FDB၊ ကရင်အမျိုးသမီးအဖွဲ့ KWO၊ လူ့အခွင့်အရေး အချက်အလက်စုဆောင်းရေးကွန်ယက် ND-Burma ၊ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ Back-Pack ၊ မယ်တော်ဆေးခန်း၊ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) တို့နှင့် တွေ့ဆုံခဲ့သည်။
“နိုင်ငံတကာက လူ့အခွင့်အရေးကိစ္စကို အလေးပေးနေတဲ့အချိန်မှာ ရခိုင်ကိစ္စဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ပိုလာနေ ပါတယ်။ ကျန်တဲ့ နိုင်/ကျဉ်း လွတ်မြောက်ရေးတို့၊ အခြားဒေသတွင်း လူအခွင့်အရေး ချိုးဖောက်မှုတွေကိုတော့ ဒုတိယ အဆင့်မှာ စဉ်းစားနေပေမယ့် သူ့အနေနဲ့ ဒီလိုဖြစ်စဉ်တွေ ရှိနေသေးတဲ့ အကြောင်းကိုလည်း အသိအမှတ် ပြုထားပါ တယ်” ဟု ဒေါက်တာ နိုင်အောင်က ဆက်ပြောသည်။
မစ္စတာ ကွင်တားနားက ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် တွေ့ရှိချက်များနှင့် ပတ်သက်၍ ရန်ကုန်လေဆိပ်၌ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ကာ ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဖြစ်ခွင့် အက်ဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရန် လိုအပ်နေပြီ
ဖြစ်ကြောင်းနှင့် ရခိုင်အရေးအား သီးခြား လွတ်လပ်သည့် ယုံကြည် စိတ်ချလောက်သော စုံစမ်း စစ်ဆေးမှုတရပ် ပြုလုပ် ရန် တိုက်တွန်းထားသည်။
မဲဆောက်မြို့ တွေ့ဆုံပွဲ၌လည်း မစ္စတာ ကွင်တားနားက ကချင် ပြည်တွင်းစစ် အနေအထားနှင့် လူ့အခွင့်အရေး ကိစ္စရပ် များနှင့် ရှမ်းပြည်ရှိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှု အခြေအနေများ၊ ဘိန်းများ တွင်ကျယ်စွာ စိုက်ပျိုးရောင်းချ
ဖောက်ကားနေမှုများ၊ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း၌ ကရင်အမျိုးသား အစည်းအရုံးနှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ အနေအထားများမှာ စိုးရိမ်စရာ အနေအထား၌ ရှိနေဆဲဟု သုံးသပ် ပြောဆိုသွားခဲ့ သည်။
ဆွေးနွေးပွဲတက်ရောက်သည့် အဖွဲ့များ၏ တင်ပြချက်များကို မစ္စတာ ကွင်တားနား က သတင်းအချက်အလက်များ ရယူ စုဆောင်းသွားခဲ့သည်။ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ၌ နိုင်ငံတကာမှ ပါဝင် ကူညီဆောင်ရွက်
ပေးနိုင်ရေးမှာ လူ့အခွင့်အရေး ကိစ္စအား Top Agenda (ထိပ်တန်းခေါင်းစဉ်)အဖြစ် ထားရှိပြီး ပြောဆိုနေသည်ဟု မစ္စတာ ကင်တားနား က ပြောသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် အဖြစ် မစ္စတာ ကင်တားနားအား ၂ဝဝ၈ ခုနှစ်၊ မတ်လတွင် စတင် တာဝန်ပေးအပ်ခဲ့ပြီး လူ့အခွင့်အရေး ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ လာရောက်ခြင်းမှာလည်း ခြောက်ကြိမ်မြောက် ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် များအဖြစ် ၁၉၈၈ နောက်ပိုင်းမှ စ၍ စာဒါကို အိုဂါတာ (Sadako Ogata)၊ ယိုဇိုယိုကိုတာ (Yozo Yokota)၊ ရာခ်ျ စိုးမားလာလား (Rajsoomer Lallah)၊ ပင်ညဲရိုး (Paulo Sergio Pinheiro)၊ သောမတ်စ် ကွင်းတားနား (Tomas Ojea Quintana) တို့က ဆောင်ရွက်ခဲ့ကြသည်။

အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ကျောင်းသားတပ်မတော် မယုံကြည်

အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ကျောင်းသားတပ်မတော် မယုံကြည် 

ချင်းမိုင်(မဇ္စျိမ) ။       ။ သမ္မတ ဦးသိန်းစိန်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်း တည်ဆောက်နေသည်ဟု ဆိုသော်လည်း ကချင်ပြည်နယ်အတွင်းမှာမူ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေ သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ကျောင်းသားတပ်မတော် က ပြောဆိုလိုက်သည်။
ယနေ့ ကျရောက်သော ရှစ်လေးလုံး ၂၄ နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ကချင်ပြည်နယ် မြောက်ပိုင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြန်မာပြည်မြောက်ပိုင်း)မှ အလုပ်အဖွဲ့ ခေါင်းဆောင် ဦးလဆိုင်းက ပြောဆိုလိုက်သည်။
“ဒီကနေ့ ကျနော်တို့နိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံက သင်ခန်းစာတွေကို ထုတ်နုတ်ပြီးတော့ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းတဲ့ တိုင်းပြည်ကြီး တည်ဆောက်နေပါတယ်၊ ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်နေပါ တယ်လို့ ကြွေးကြော်နေပေမယ့် လက်တွေ့ဘဝမှာ အဲဒီ ကြွေးကြော်မှုနဲ့ တခြားစီ ဖြစ်နေတယ် ဆိုတာကို အခမ်းအနား မှာ မီးမောင်းထိုးပြတယ်”ဟု မဇ္စျိမကို ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီတွင် သမ္မတ၊ ဒု-သမ္မတများ ပါဝင်၍ ဖွဲ့စည်းထားသော်လည်း ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အပေါ် အစိုးရအား အယုံအကြည်မရှိကြောင်း
ကျောင်းသား တပ်မတော်မှ စစ်ရေးတာဝန်ခံ ဦးအောင်ဆွေဦး က ပြောသည်။
“ဒီနေ့ ဦးသိန်းစိန်အစိုးရကနေ သွားနေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အပေါ်မှာ ကျနော်တို့ ကျောင်းသားတပ်မတော် အနေနဲ့
တော့ လုံးဝ အယုံအကြည် မရှိဘူး။ ငြိမ်းချမ်းရေးလမ်းစဉ် ဖော်ဆောင်တဲ့ဟာ စေတနာ မပါဘူး။ ရိုးသားမှု မရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြည်သူလူထုကို ပြောလိုက်တယ်။ တကယ်တမ်း ငြိမ်းချမ်းချင်တဲ့ စိတ်နဲ့လုပ်တယ်ဆိုရင် သိပ်ခက်ခဲ တာမှ မဟုတ်တာ။ ငြိမ်းချမ်းရေး လုပ်တာက အစိုးရနဲ့ စစ်တပ်နဲ့က သီးခြားစီ လုပ်နေသလို ဖြစ်နေသလား” ဟု ပြောသည်။
အဓိကအားဖြင့် လက်ရှိ ကချင်စစ်ပြေးဒုက္ခသည်များအား ရှစ်လေးလုံး အရေးတော်ပုံအား နားလည် သဘောပေါက်စေ ရန်နှင့် ယနေ့ ဖြစ်ပျက်နေသည့် ပြည်တွင်းစစ်သည်လည်း ငြိမ်းချမ်းရေးမရနိုင်ခြင်းအကြောင်းများကို ရှင်းပြလိုခြင်း
ကြောင့် ယနေ့ ရှစ်လေးလုံး အခမ်းအနားကို ကျင်းပရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။
အခမ်းအနားတွင် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ ၏ သဝဏ်လွှာနှင့် မဟာမိတ်များဖြစ်သော ရခိုင်တပ်မတော်၊ ပလောင် အစည်းအရုံး၊ KIO တို့၏ သဝဏ်လွှာများ ဖတ်ကြားခဲ့သည်။
ပြည်သူလူထု၏ ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုအုံကြွမှုအား စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းလိုက်ပြီးနောက် လက်နက်ကိုင်
တော်လှန်ရေးလုပ်ရန် နယ်စပ်ဒေသများသို့ ကျောင်းသားလူငယ်များ ထောင်နှင့်ချီ၍ ရောက်ရှိသွားခဲ့ကြသည်။

ထိုအထဲမှ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေသို့ ရောက်ရှိလာကြသော ကျောင်းသား လူငယ်များက ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း) ABSDF (NB)ကို ၁၉၈၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြ သည်။

KIO နှင့် အစိုးရတို့အကြား အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင် ABSDF (NB)တပ်ဖွဲ့များ ထိုနယ်မြေမှ ထွက်ခွါပေးခဲ့ရပြီး ၂ဝ၁၁ ခုနှစ်တွင်မှ အစိုးရနှင့် KIO တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့်  အင်အား ၁ဝဝ ကျော်ဖြင့် ABSDF (NB)ကို ပြန်လည် စုစည်းခဲ့ခြင်း ဖြစ်သည်။
၈၈၈၈ အခမ်းအနားကို လိုင်ဇာမြို့အထက် ငါးမိုင်အကွာရှိ ABSDF (NB) ဌာနချုပ် လခွမ်းဘွမ် lahkum bum တွင် ကျင်းပပြုလုပ်ခဲ့ရာ မဟာမိတ် အဖွဲ့မှ အရာရှိများ၊ စစ်ပြေး ဒုက္ခသည်များ၊ ကျောင်းသားလူငယ်များ စုစုပေါင်း ၂ဝဝ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
မြို့ပေါ်များတွင်လည်း ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများကို မန္တလေး၊ ရန်ကုန်နှင့် နယ်မြို့ အသီးသီးတွင် ကျင်းပခဲ့ကြသည်။
ယနေ့တွင်ပင် KIO ၏ တပ်မဟာ ၃ နယ်မြေ မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်ရှိ ဂျာပူနှင့် ဂန်ဒေါင်ယန်ကြားတွင်
မြန်မာအစိုးရနှင့် KIO တပ်များအကြား တိုက်ပွဲများ တနေကုန် ဖြစ်ပွားနေသည်ဟု ဦးလဆိုင်းက ပြောသည်။
ဆဒုံး-စကာပါ အကြားရှိ KIO ၏ တပ်မဟာ ၃ လက်အောက်ခံ ရှေ့တန်းစခန်း လုထော်ပိုစ့်အား မြန်မာအစိုးရ၏ တပ်မ ၇၇၊ ၉၉ တပ်ဖွဲ့များ အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ပြောသည်။

အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ထုတ်ဖေါ်ကြေညာရေးအဆို ရှုံးနိမ့်


အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ထုတ်ဖေါ်ကြေညာရေးအဆို ရှုံးနိမ့် 


ရန်ကုန် (မဇ္ဈိမ) ။       ။ အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို ထုတ်ဖေါ်ကြေညာပြီး လွှတ်တော်မှ မှတ်တမ်းတင်ထားရန် အဆိုကို ဗုဒ္ဓဟူးနေ့ ပြည်သူ့လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာ မဲအရေအတွက် ၂၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ခဲ့သည်ဟု အဆိုရှင် ပုသိမ် လွှတ်တော်အမတ် ဦးဝင်းမြင့် က မဇ္ဈိမကို ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လွှတ်တော်အမတ်ဖြစ်သူ ဦးဝင်းမြင့်၏ အဆိုကို ထောက်ခံမဲ ၆၈ မဲနှင့် ကြားနေမဲ ၁၅ မဲ ရရှိပြီး ကန့်ကွက်မဲ ၂၇၁ မဲဖြင့် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်၏ အစောပိုင်း အစီအစဉ်အရ ၎င်းအဆိုကို ဆွေးနွေးမည့်သူ  ဦးစိန်ဝင်း (မအူပင်)၊ ဦးကျော်မင်း (လက်ပံတန်း)၊ ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်)၊ ဦးကျော်မြင့် (မြန်အောင်)၊ ဦးရဲထွန်း (သီပေါ)၊ ဒေါ်မြင့်မြင့်စန်း (ဝါးခယ်မ)၊ ဒေါက်တာဇော်မြင့်မောင် (ကျောက်ပန်းတောင်း)၊ ဒေါက်တာမျိုးအောင် (ဒဂုံ ဆိပ်ကမ်း)တို့ ရှစ်ဦးက
ဆွေးနွေးရန် ရှိခဲ့သည်။

meetlotdaw1
အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို ထုတ်ဖေါ်ကြေညာပြီး လွှတ်တော်မှ မှတ်တမ်းတင်ထားရန် အဆိုကို ပြည်သူ့လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာ မဲအရေအတွက် ၂၀၀ ကျော်အကွာဖြင့် ရှုံးနိမ် (ဓါတ်ပုံ မဇ္ဈိမ)

သို့သော် လွှတ်တော်စတင်ပြီးနောက် ဦးဝင်းမြင့်၏ အဆိုကို ဆွေးနွေးလိုသူ ငါးဦး ထပ်မံ ပေါ်ပေါက်လာပြီး တပ်မတော်သား လွှတ်တော်အမတ် နှစ်ဦးလည်း ပါဝင် ဆွေးနွေးခဲ့သည်ဟု ဦးဝင်းမြင့် က ပြောသည်။
တပ်မတော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် အခြေခံဥပဒေ ပုဒ်မ ၆၈ နှင့် မညီကြောင်း အဆိုကို ကန့်ကွက်
ဆွေးနွေးသွားကြသည်ဟု ဦးဝင်းမြင့် က ပြန်ပြောပြသည်။
အဆိုပါ ပုဒ်မ ၆၈ တွင် “နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစီးပွားတည်းသောဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေး လုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်” ဟု ပြဋ္ဌာန်းပါရှိသည်။
“ဟိုက (ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၆၈) သမ္မတနဲ့ ဒုသမ္မတ ကိစ္စ နှစ်ခုပဲပြောတာကိုး ကျနော်တင်တာက
ပြည်ထောင်စု အစိုးရအဖွဲ့ကော ပြည်နယ်တိုင်း အစိုးရ အဖွဲ့ကိုကော ပြောတာ။ ကျနော့်အမြင်ကတော့ ညီပါတယ်။ ဘာမှ ဆန့်ကျင်တာ မရှိဘူး။” ဟု ဦးဝင်းမြင့် က ဆိုသည်။
ဦးဝင်းမြင့်၏ အဆိုတွင် “Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များအား၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်” ဟု ပါရှိသည်။
အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို စာရင်းပြုစု၍ ယခုလ ၁ ရက်နေ့တွင် သမ္မတထံ တင်ပြရန်လည်း ဇူလိုင်လ ၂၆ ရက်နေ့က သမ္မတရုံးမှ ညွှန်ကြားထားသည်။ အစိုးရ အဖွဲ့ဝင်အချို့၏ ပိုင်ဆိုင်မှုစာရင်းများ သမ္မတရုံးသို့ လာရောက် စာရင်းပေးပို့နေကြပြီ ဟုလည်း သမ္မတရုံး အကြီးတန်းအရာရှိတဦးက မဇ္ဈိမကိုပြောသည်။ မည်သူများ စာရင်းပေးအပ် သည်ကိုမူ ၎င်းအရာရှိက ဖြေကြားခြင်းမရှိပါ။
သမ္မတရုံး၏ အဆိုပါ ညွှန်ကြားစာတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော်ချုပ် တရားသူကြီး များ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု
ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ တရားသူကြီးချုပ်များ တရားသူကြီးများ စသည့် ပုဂ္ဂိုလ် ၇ မျိုး တို့၏ ပိုင်ဆိုင်မှုစာရင်းများ ပြုစုတင်ပြရန် ညွှန်ကြားထားသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။