Sunday, August 5, 2012

ဘင်္ဂါလီလူမျိုးများ၏ တရားမဝင် စိမ့်ဝင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး ၉၄ ရာခိုင်နှုန်း၊ တိုင်းရင်းသား ၆ ရာခိုင်နှုန်း

From : ခေတ်လူငယ်ဘင်္ဂါလီလူမျိုးများ၏ တရားမ၀င် စိမ့်ဝင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး ၉၄ ရာခိုင်နှုန်းရှိပြီး တိုင်းရင်းသား ၆ ရာခိုင်နှုန်းသာ နေထိုင်လျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက အမျိုးသားလွှတ်တော်တွင် ဇူလိုင်လ ၃၁ ရက်နေ့က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း တရားမ၀င် ၀င်ထွက်သွားလာမှုများကို ထိန်းချုပ် ကာကွယ်ရန်အတွက် ကာကွယ်ရေးတံတိုင်းကို တောင်ကုတ်ဒေသနဲ့ ဘူးသီးတောင်ဒေသတွေမှာ ဖွဲ့စည်း ကာရံထားပြီး အုပ်ချုပ်ရေး တံတိုင်းအဖြစ် ဌာနဆိုင်ရာများမှ မောင်တောခရိုင် ဖွဲ့စည်းပုံ အင်အားပြည့် ခန့်အပ်ပြီး တည်ဆဲဥပဒေနှင့်အညီ ဒေသခံ တိုင်းရင်းသားများအပေါ် အန္တရာယ်ပြုလာမည့် ကိစ္စများကို ကာကွယ် တားဆီးသွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ ''လူမျိုးတွေ ရောနှောနေထိုင်တဲ့ နေရာတွေမှာ တိုက်ခိုက်မှုတွေ ထပ်မံ မဖြစ်ပွားဖို့အတွက် လုံခြုံရေးတာဝန် ချထားဖို့အတွက် လိုအပ်တဲ့ ရဲစခန်း အဆင့်တိုးမြှင့်ခြင်း၊ အသစ်ထပ်မံ ဖွင့်လှစ်ခြင်းကို ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိမှာတော့ ရဲစခန်း ၇၅ ခုရှိပြီး၊ ရဲစခန်း ၃၀ ခု ထပ်မံဖွင့်လှစ်ဖို့နဲ့ ရဲစခန်း ၈ ခုကို အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်'' ဟု ၄င်းကဆက်လက် ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် တစ်မြို့နယ်မှ တစ်မြို့နယ်သို့ စိမ့်ဝင်မှု မရှိစေရန်အတွက် မြို့နယ်များတွင်ရှိသည့် အဝေးပြေးကားဂိတ်များ၊ တံတားဂိတ်များ၊ သင်္ဘောဆိပ်များ၊ စက်လှေဆိပ်၊ ပင်လယ်ကမ်းခြေ ၀င်ပေါက်များနှင့် မြစ်ကြောင်းများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနဲ့ သက်ဆိုင်ရာ ကျေးရွာအုပ်စုများ ပါဝင်သည့် အဖွဲ့များနှင့် စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ လုံခြုံရေး အစီအမံများချ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာသူများကို ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး ၂၀၁၂ ဇူလိုင် ၈ ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း အရေအတွက်မှာ စစ်တွေတွင် ၆၀ ခု၊ ရသေ့တောင် ၄ ခု၊ မောင်တောတွင် ၇ ခုရှိပြီး လူဦးရေ ၅၅၄၉၅ ဦး၊ မောင်တောမြို့တွင် မီးလောင် ပျက်ဆီးသွားသည့် ရွာ ၉ ရွာ၊ အိမ်ခြေ ၄၇၀အနက် ၃၉၅ လုံးကို အသစ်ဆောက်လုပ်ပြီး မီးမလောင်ပဲ ကျန်ရှိခဲ့သည့် အိမ် ၉၄ လုံးကို ပြင်ဆင်မွမ်းမံထားကာ ၂၀၁၂ ဇူလိုင်လ ၂ ရက်နေ့အထိ အိမ် ၃၂ လုံးကို ဆောက်လုပ်ပြီး ဖြစ်ကာ ၅၈ လုံးကို ပြုပြင်ပေးထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ရေနံသဘာဝ လုပ်ကွက်များတွင် ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများကို ဈေးပြိုင်စနစ်ဖြင့်သာ ခေါ်ယူတော့မည်

From : 7 day

ကမ်းလွန်ရေနံ သဘာဝလုပ်ကွက်များတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံလိုသူများ များလာသဖြင့် တိုက်ရိုက်အဆိုပြု ခွင့်ပြုသည့်ပုံစံမှ ဈေးပြိုင်စနစ်ဖြင့် ရင်းနှီးမြှုပ်နှံမှု ခေါ်ယူသည့်ပုံစံသို့ ပြောင်းလဲ ကျင့်သုံးသွားမည် ဖြစ်ကြောင်း စွမ်းအင်စီမံရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၂၈ ကွက် လစ်လပ်နေရာမှ ၂၃ ကွက်ကို ပြည်ပမှ ရင်းနှီးမြှုပ်နှံရန် ဈေးပြိုင်စနစ်ဖြင့် ပထမဆုံးအကြိမ် ဖိတ်ခေါ်မည်ဖြစ်ပြီး ယင်းကမ်းလွန် လုပ်ကွက်များသည် ရခိုင်၊ မုတ္တမနှင့် တနင်္သာရဒေသရှိ ကမ်းလွန်လုပ်ကွက်များ ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

“အရင်ကတော့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံတဲ့စနစ်နဲ့ ခေါ်ပေမယ့် လာလုပ်မယ့်သူက စီးပွားရေးပိတ်ဆို့မှုကြောင့် နည်းတယ်။ အခုက အရမ်းများလာတယ်။ အဲဒါကြောင့် ဈေးပြိုင်စနစ်နဲ့ခေါ်ပြီး ပေးနိုင်တဲ့သူ ပေးလုပ်တဲ့စနစ်နဲ့ သွားမယ်။ အဲဒါ စက်တင်ဘာလကုန်မှ ခေါ်မှာပါ။ အခု မဟုတ်သေးဘူး” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် ပြည်ပနိုင်ငံများ စိတ်ပါဝင်စားမှု များလာသောကြောင့် ကမ်းလွန်လုပ်ကွက်နည်းတူ ကုန်းပိုင်းလုပ်ကွက် ၁၈ ကွက်ကို ယခု နှစ်ဆန်းပိုင်းတွင် နိုင်ငံတကာ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသည့် နိုင်ငံများကို ဖိတ်ခေါ်ခဲ့သည်။ ယင်းလုပ်ကွက်များကို နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၃၇ ခုက အဆိုပြု တင်ပြကြသည့်အနက် ကုန်းပိုင်းလုပ်ကွက် ၁၀ ကွက်ကို ကုမ္ပဏီရှစ်ခုအား လုပ်ပိုင်ခွင့်ပေးခဲ့သည်။ လက်ရှိတွင် သဘာဝဓာတ်ငွေ့ စီမံကိန်းနှစ်ခု ဖြစ်သော ရတနာနှင့် ရဲတံခွန်စီမံကိန်းကို ထိုင်း၊ မလေးရှား၊ ပြင်သစ်၊ ဂျပန်၊ အမေရိကန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံနေကြပြီး မြန်မာနိုင်ငံအနေဖြင့် စီမံကိန်းတစ်ခုချင်းဆီမှ နှစ်စဉ် ကန်ဒေါ်လာနှစ်ဘီလီယံနှင့် သုံးဘီလီယံကြား ရရှိသည်။ ဓာတ်ငွေ့သိုက် တွေ့ရှိပြီး စီမံကိန်းနှစ်ခုမှာ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းနှင့် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းတို့ ဖြစ်သည်။
Myanmar Express

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယခရီးစဉ် (ဓာတ်ပုံ)

နှစ်နိုင်ငံဆက်ဆံမှုခိုင်မြဲရေးနှင့်စပ်လျဉ်း၍ ကင်ဂျုံအွန်နှင့် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် တွေ့ဆုံ

From : မြဝတီ

(ပြုံယမ်း သြဂုတ် ၃)
တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မ တီ၏ နိုင်ငံတကာ ရေးရာ ဌာနမှ အကြီး အကဲ ဝမ်ကျား ရိသည် သြဂုတ် ၂ ရက် က မြောက်ကို ရီးယား နိုင်ငံသို့ အလည် အပတ် ရောက်ရှိစဉ် အတော အတွင်း နှစ် နိုင်ငံ ဆက်ဆံရေး တိုးမြှင့် မည့်ကိစ္စရပ် များကို မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အွန်နှင့် ဆွေးနွေး ခဲ့ကြ ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။
ထိုသို့ တွေ့ဆုံ ဆွေးနွေး ရာတွင် တရုတ် သမ္မတ ဟူကျင် ထောင်းနှင့် အခြားပြည် နယ်နှင့် ပါတီ များမှ ခေါင်းဆောင် များကိုလည်း မိမိ အနေနှင့် ဆုမွန်ကောင်း တောင်းပေး ပါကြောင်း ဝမ်ကျား ရိအား ကင်က ပြောကြား ခဲ့သည်ဟု သိရသည်။
တရုတ်နှင့် မြောက် ကိုရီးယား ဆက်ဆံ ရေးနှင့် စပ်လျဉ်း၍ တရုတ် ကွန်မြူနစ် ပါတီမှ ခေါင်းဆောင် များနှင့် တရုတ် အစိုးရ အဖွဲ့ဝင် များသည် မဟာဗျူဟာ နည်းအရ လေ့လာ သုံးသပ် မှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ရင်းနှီး ချစ်ကြည်စွာ ဆက်ဆံ ရေးကို တိုးမြှင့် ရန်နှင့် ဆက်လက် တည်တံ့ ခိုင်မြဲ စေရန် အတွက် မူဝါဒများ ချမှတ်ပြီး မဆုတ် မနစ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဝမ်က ဆက်လက် ပြောကြား ခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန် စေရန်၊ ပါတီ အချင်းချင်း အပြန် အလှန် နားလည်မှု ခိုင်မြဲ စေရန်နှင့် လက်တွေ့ ကျသော ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး တို့တွင် တရုတ် နိုင်ငံ သည် မြောက် ကိုရီးယား နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့် အနေအ ထားတွင် ရှိကြောင်း ဝမ်က ဆက်လက် ပြောကြား ခဲ့သည်ဟု သိရသည်။
Myanmar Express

ကင်တင်နား၏ ရခိုင်အရေးကိစ္စ သုံးသပ်ပြောဆိုချက်များ ကို ရန်ကုန်တိုင်းမ် အယ်ဒီတာ မှ လုံးဝလက်မခံ ဟု ဆို

From : ရန်ကုန်တိုင်း
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ် အိုဂျီယာ ကင်တင်နားသည် မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာမျှ လာရောက်ပြီးနောက် သြဂုတ်၎ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံမှမထွက်ခွာမီ ရန်ကုန်နိုင်ငံတကာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ဖတ်ကြားခဲ့သည်။

In this respect, I have, throughout my mandate, consistently highlighted concerns regarding systematic discrimination against the Rohingya community. Such concerns include the denial of citizenship or legal status to Rohingyas, restrictions on their freedom of movement, marriage restrictions, and other discriminatory policies. I hope that steps will be taken to address these issues, including a review of the 1982 Citizenship Act to ensure that it is in line with international human rights standards.

ကင်တင်နား၏ သတင်းထုတ်ပြန်ချက်တွင် လတ်တလောဖြစ်ပေါ်နေသော ရခိုင်အရေးကိစ္စကို အထူးအလေး ပြောဆိုသွားခဲ့ရာ အထက်ဖော်ပြပါအပိုဒ်၌ ရိုဟင်ဂျာနှင့်ပတ်သက်ပြီး ကာကွယ်ဘက်လိုက်ပြောဆိုသွား ခဲ့သည်ကို ကျွန်ုပ်တို့လေ့လာမှတ်သားလိုက်ရပါသည်။

ရိုဟင်ဂျာများကိုစနစ်တကျခွဲခြားနှိမ့်ချဆက်ဆံနေခြင်းများအပေါ်စိုးရိမ်မကင်းဖြစ်ကြောင်း ကုလအထူး ကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုသည်။ထို့အပြင် သူတို့အား နိုင်ငံသားဖြစ်မှုသို့မဟုတ် တရားဝင်တည်ရှိမှု ငြင်းပယ်ခြင်း၊ လွတ်လပ်စွာသွားလာမှုများကို ကန့်သတ်ခြင်း၊အိမ်ထောင်ပြုမှုကန့်သတ်ခြင်းနှင့် အခြားသော ခွဲခြားနှိမ့်ချဆက်ဆံမူဝါဒများအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း အသေးစိတ်ပါဖော်ပြထားသည်။ထိုမှတစ်ဖန် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်ကိုက်ညီအောင် ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှုအက်ဥပဒေကို ပြန်လည်သုံးသပ်ရန်လည်း ကင်တင်နားက တိုက်တွန်းခဲ့သည်။

ထိုတစ်ပိုဒ်လုံးသည် ရခိုင်ပြည်နယ်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့်ပကတိအခြေအနေနှင့်ကင်းကွာ နေသည့်အပြင် သန်း၆၀လူဦးရေ၏အများစုကြီး၏ လိုလားချက်၊ဆန္ဒများနှင့်လည်း ဆန့်ကျင်နေပေသည်။အထူး သဖြင့် နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ပကတိအခြေအနေ၊သမိုင်းကြောင်း၊ပထ၀ီအနေအထားတို့နှင့်ကိုက်ညီမည့် မိမိနိုင်ငံသားများ၊တိုင်းရင်းသားများအကျိုးစီးပွားကို ကာကွယ်ပေးရမည့် နိုင်ငံသားဥပဒေများရေးဆွဲပြဌာန်းရ စမြဲဖြစ်သည်ကို ကုလအထူးကိုယ်စားလှယ်ကင်တင်နား သိရှိပြီးဖြစ်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
ယင်းအတွက် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှုဥပဒေအပေါ် လူ့အခွင့်အရေးအကြောင်းပြကာ တရားမ၀င်ဝင် ရောက်နေသူများအား တရားဝင်ဖြစ်ရေး တိုက်တွန်းပြောကြားသုံးသပ်ခိုင်းမှုကို ကျွန်ုပ်တို့လက်မခံနိုင်ဟု အတိအလင်းပြော ကြားလိုပေသည်။

နိုင်ငံတော်သမ္မတကြီးအပါအ၀င် ပြည်ထောင်စုဝန်ကြီးများကလည်း နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍လည်း ကောင်း၊ တရားမ၀င် ၀င်ရောက်လာသူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးပြီး ကုလအပါအ၀င်နိုင်ငံတကာအသိုင်းအ၀န်းက ၀ိုင်းဝန်းကူညီရေးနှုင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းစွာပြောကြားပြီးဖြစ်သည်။ ထိုပြောကြားချက်များသညှ်အလွန်မျှတမှုရှိပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အထူးအရေးကြီးသည့် ရပ်တည်ချက်မှန်လည်း ဖြစ်ပေသည်။မကြာသေးမီက ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခုအတွင်း လွှတ်တော်ကိုယ်စားလှယ်တစ် ဦးက နိုင်ငံသားဖြစ်မှုကိစ္စပြောသည့်အခါ လူ့အခွင့်အရေးဆိုပြီး ကဗျာမဆန်ကြရန် ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားခဲ့သည်ကို ပြန်လည် ညွှန်းဆိုပြသလိုပေသည်။

ထို့အတွက်ကြောင့် လူ့အခွင့်အရေးကျွမ်းကျင်သူဟုဆိုသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တင်နား၏ ရခိုင်အရေးကိစ္စပြောဆိုသုံးသပ်မှုများသည် သန်း၆၀မျှသော မြန်မာပြည်သူအများစုကြီး၏ ဆန္ဒကိုဆန့်ကျင်ပြီး ထိုပြည်သူအများစုကြီး၏ အခွင့်အရေး တစ်နည်းဆိုရသော် မြန်မာပြည်သူအများစုကြီး၏ လူ့အခွင့်အရေးကို ချိုးဖောက်ပြောဆိုနေခြင်းဖြစ်သည့်အတွက် ကျွန်ုပ်တို့က လုံးဝလက်မခံနိုင်ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် လည်း မျှတစွာသုံးသပ်ပြောဆိုနိုင်သည့် ကိုယ်စားလှယ်တစ်ဦးအား အသစ်လဲလှယ်ခန့်ထားပေးပါရန် ကျွန်ုပ်တို့ကတောင်းဆိုပါသည်။

အယ်ဒီတာ
၅၊သြဂုတ် ၂၀၁၂

Myanmar Express

အိုလံပစ် ထိပ်ဆုံးတွင် တရုတ် ရှိနေ

အိုလံပစ် ထိပ်ဆုံးတွင် တရုတ် ရှိနေ 

From : planetကျင်းပလျက်ရှိသည့် ၂၀၁၂ လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲများတွင် မြန်မာစံတော်ချိန် ယနေ့ည ၁၁း၀၀ နာရီအထိ တရုတ်နိုင်ငံအသင်းက ရွှေတံဆိပ် ၂၈ ခု၊ ငွေတံဆိပ် ၁၆ ခုနှင့် ကြေးတံဆိပ် ၁၄ ခုရရှိကာ စုစုပေါင်း ဆုတံဆိပ် ၅၈ ခုဖြင့် ဆုတံဆိပ်ရရှိမှုဇယားတွင် ထိပ်ဆုံးမှရပ်တည်နေသည်။
တရုတ်နိုင်ငံ၏နောက် ဒုတိယနေရာတွင် အမေရိကန်က ရွှေတံဆိပ် ၂၇ ခု၊ ငွေတံဆိပ် ၁၄ ခု၊ ကြေးတံဆိပ် ၁၅ ခုရရှိကာ စုစုပေါင်း ဆုတံဆိပ် ၅၆ ခုဖြင့်လည်းကောင်း၊ တတိယနေရာတွင် ဂရိတ်ဗြိတိန်အသင်းက ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၉ ခု၊ ကြေးတံဆိပ် ၉ ခုရရှိကာ စုစုပေါင်း ဆုတံဆိပ် ၃၄ ခုဖြင့်လည်ကောင်း အသီးသီး ရပ်တည်နေသည်။
လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲများကို သြဂုတ် ၁၂ ရက်နေ့အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ အိုလံပစ်ပြိုင်ပွဲ ဆုတံဆိပ်ရရှိမှုဇယားမှ ထိပ်ဆုံး ၁၀ နိုင်ငံ၏ ဆုတံဆိပ်များ ဆွတ်ခူးရရှိမှု အခြေအနေကို ပုံတွင်ဖော်ပြထားသည်။
Myanmar Express

ကင်တင်နား၏ ရခိုင်အရေးကိစ္စ သုံးသပ်ပြောဆိုချက်များ ကို ရန်ကုန်တိုင်းမ် အယ်ဒီတာ မှ လုံးဝလက်မခံ ဟု ဆို

ကင်တင်နား၏ ရခိုင်အရေးကိစ္စ သုံးသပ်ပြောဆိုချက်များ ကို ရန်ကုန်တိုင်းမ် အယ်ဒီတာ မှ လုံးဝလက်မခံ ဟု ဆို 

From : ရန်ကုန်တိုင်း
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ် အိုဂျီယာ ကင်တင်နားသည် မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာမျှ လာရောက်ပြီးနောက် သြဂုတ်၎ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံမှမထွက်ခွာမီ ရန်ကုန်နိုင်ငံတကာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ဖတ်ကြားခဲ့သည်။

In this respect, I have, throughout my mandate, consistently highlighted concerns regarding systematic discrimination against the Rohingya community. Such concerns include the denial of citizenship or legal status to Rohingyas, restrictions on their freedom of movement, marriage restrictions, and other discriminatory policies. I hope that steps will be taken to address these issues, including a review of the 1982 Citizenship Act to ensure that it is in line with international human rights standards.

ကင်တင်နား၏ သတင်းထုတ်ပြန်ချက်တွင် လတ်တလောဖြစ်ပေါ်နေသော ရခိုင်အရေးကိစ္စကို အထူးအလေး ပြောဆိုသွားခဲ့ရာ အထက်ဖော်ပြပါအပိုဒ်၌ ရိုဟင်ဂျာနှင့်ပတ်သက်ပြီး ကာကွယ်ဘက်လိုက်ပြောဆိုသွား ခဲ့သည်ကို ကျွန်ုပ်တို့လေ့လာမှတ်သားလိုက်ရပါသည်။

ရိုဟင်ဂျာများကိုစနစ်တကျခွဲခြားနှိမ့်ချဆက်ဆံနေခြင်းများအပေါ်စိုးရိမ်မကင်းဖြစ်ကြောင်း ကုလအထူး ကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုသည်။ထို့အပြင် သူတို့အား နိုင်ငံသားဖြစ်မှုသို့မဟုတ် တရားဝင်တည်ရှိမှု ငြင်းပယ်ခြင်း၊ လွတ်လပ်စွာသွားလာမှုများကို ကန့်သတ်ခြင်း၊အိမ်ထောင်ပြုမှုကန့်သတ်ခြင်းနှင့် အခြားသော ခွဲခြားနှိမ့်ချဆက်ဆံမူဝါဒများအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း အသေးစိတ်ပါဖော်ပြထားသည်။ထိုမှတစ်ဖန် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်ကိုက်ညီအောင် ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှုအက်ဥပဒေကို ပြန်လည်သုံးသပ်ရန်လည်း ကင်တင်နားက တိုက်တွန်းခဲ့သည်။

ထိုတစ်ပိုဒ်လုံးသည် ရခိုင်ပြည်နယ်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့်ပကတိအခြေအနေနှင့်ကင်းကွာ နေသည့်အပြင် သန်း၆၀လူဦးရေ၏အများစုကြီး၏ လိုလားချက်၊ဆန္ဒများနှင့်လည်း ဆန့်ကျင်နေပေသည်။အထူး သဖြင့် နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ပကတိအခြေအနေ၊သမိုင်းကြောင်း၊ပထ၀ီအနေအထားတို့နှင့်ကိုက်ညီမည့် မိမိနိုင်ငံသားများ၊တိုင်းရင်းသားများအကျိုးစီးပွားကို ကာကွယ်ပေးရမည့် နိုင်ငံသားဥပဒေများရေးဆွဲပြဌာန်းရ စမြဲဖြစ်သည်ကို ကုလအထူးကိုယ်စားလှယ်ကင်တင်နား သိရှိပြီးဖြစ်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
ယင်းအတွက် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှုဥပဒေအပေါ် လူ့အခွင့်အရေးအကြောင်းပြကာ တရားမ၀င်ဝင် ရောက်နေသူများအား တရားဝင်ဖြစ်ရေး တိုက်တွန်းပြောကြားသုံးသပ်ခိုင်းမှုကို ကျွန်ုပ်တို့လက်မခံနိုင်ဟု အတိအလင်းပြော ကြားလိုပေသည်။

နိုင်ငံတော်သမ္မတကြီးအပါအ၀င် ပြည်ထောင်စုဝန်ကြီးများကလည်း နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍လည်း ကောင်း၊ တရားမ၀င် ၀င်ရောက်လာသူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးပြီး ကုလအပါအ၀င်နိုင်ငံတကာအသိုင်းအ၀န်းက ၀ိုင်းဝန်းကူညီရေးနှုင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းစွာပြောကြားပြီးဖြစ်သည်။ ထိုပြောကြားချက်များသညှ်အလွန်မျှတမှုရှိပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အထူးအရေးကြီးသည့် ရပ်တည်ချက်မှန်လည်း ဖြစ်ပေသည်။မကြာသေးမီက ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခုအတွင်း လွှတ်တော်ကိုယ်စားလှယ်တစ် ဦးက နိုင်ငံသားဖြစ်မှုကိစ္စပြောသည့်အခါ လူ့အခွင့်အရေးဆိုပြီး ကဗျာမဆန်ကြရန် ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားခဲ့သည်ကို ပြန်လည် ညွှန်းဆိုပြသလိုပေသည်။

ထို့အတွက်ကြောင့် လူ့အခွင့်အရေးကျွမ်းကျင်သူဟုဆိုသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တင်နား၏ ရခိုင်အရေးကိစ္စပြောဆိုသုံးသပ်မှုများသည် သန်း၆၀မျှသော မြန်မာပြည်သူအများစုကြီး၏ ဆန္ဒကိုဆန့်ကျင်ပြီး ထိုပြည်သူအများစုကြီး၏ အခွင့်အရေး တစ်နည်းဆိုရသော် မြန်မာပြည်သူအများစုကြီး၏ လူ့အခွင့်အရေးကို ချိုးဖောက်ပြောဆိုနေခြင်းဖြစ်သည့်အတွက် ကျွန်ုပ်တို့က လုံးဝလက်မခံနိုင်ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် လည်း မျှတစွာသုံးသပ်ပြောဆိုနိုင်သည့် ကိုယ်စားလှယ်တစ်ဦးအား အသစ်လဲလှယ်ခန့်ထားပေးပါရန် ကျွန်ုပ်တို့ကတောင်းဆိုပါသည်။

အယ်ဒီတာ
၅၊သြဂုတ် ၂၀၁၂

Myanmar Express

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။