Wednesday, August 1, 2012

တံငါနားနီး တံငါ

တံငါနားနီး တံငါ 

Written by နီမင်းဆွေ  
Wednesday, 01 August 2012 16:05
'လူဟာ ငယ်စဉ်ဘ၀မှာ ကိုယ့် ကိုယ်ကိုယ်ခိုင်းရမယ်၊ အဲဒီလိုမှမခိုင်း ခဲ့ရင် ကြီးလာတဲ့အခါ သူများခိုင်း တာတွေကို လုပ်ပေးရတဲ့ဘ၀ကို ရောက်သွားလိမ့်မယ်'လို့ ဆရာ တစ်ယောက်က ပြောခဲ့ဖူးတယ်။ ဆရာ့ဆုံးမ စကားလေးကို ပြန်သတိ ရ ပြီး လူဟာငယ်စဉ်ဘ၀မှာ ကိုယ့် စိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားရမယ်၊ အဲဒီလိုမှ မထိန်းချုပ်ခဲ့ရင် ကြီးလာတဲ့အခါ အများတကာရဲ့ ထိန်းချုပ်ခြင်းကို ခံရတဲ့ဘ၀ကို ရောက်သွားလိမ့်မယ်လို့ လည်း ဖြည့် စွက်ပြီး စဉ်းစားနေမိပါတယ်။ ငယ်ရွယ်စဉ်ဘ၀မှာ လူဟာ ကိုယ့်ကိုဘယ်သူခိုင်းခိုင်းလုပ်ပေး နိုင်ပါတယ်။ စိတ်ညစ်စရာတွေ ဘယ်လောက်ပဲ တွေ့တွေ့ခံနိုင်ရည် ရှိပါတယ်။ ကြီးလာရင်တော့ ကိုယ့် ကိုသူများပဲ ခိုင်းခိုင်းကိုယ့်ဟာကိုယ်ပဲ ပြန်ခိုင်းခိုင်းလုပ်နိုင်မယ်မထင်တော့ ပါဘူး။ အဲဒီလိုကြီးလာမှ ကိုယ်ဖြစ် ချင်တာတွေအားလုံးဘာတစ်ခုမှ ဖြစ် မလာတော့ဘဲကိုယ်မဖြစ်ချင်တာတွေ ချည်းပဲ ဖြစ်ရတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လူဖြစ်ရကျိုးနပ် တယ်လို့လည်း ထင်မှာမဟုတ်တော့ ပါဘူး။ 
ဒီလိုအတွေးတွေ ၀င်လာရတာကလည်း မျက်စိအောက်မှာ ခုခေတ်တချို့လူငယ်တွေ ဘာတွေ လုပ်နေကြသလဲဆိုတာကို မြင်တွေ့နေရလို့ ဖြစ်တယ်။ ဒီတော့ အဲဒီလူငယ်တွေကြီး လာတဲ့အခါ အောင်မြင်တဲ့လူသား တစ်ယောက်ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်တဲ့ လူသားတစ်ယောက် ဖြစ်လာစေဖို့ သူတို့ကို ဘယ်လို အတွေးအခေါ်မျိုးတွေ ပေးနိုင်မလဲ တစ်နိုင်ငံလုံးမှာရှိတဲ့ မိဘပြည်သူ တွေအနေနဲ့ကရော ဘာတွေလုပ်ပေး ပြီး ဘာတွေရှောင်ကြဉ်သင့်ကြသလဲ ဆိုတာကို စဉ်းစားလာရပါတော့တယ်။
ဒီအတွေးကြောင့် လွန်ခဲ့တဲ့ ၁၇ နှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို ရောက်သွားစဉ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေးကို ပြန်သတိရမိပါတယ်။ ဂျကာတာကို ရောက်တဲ့ ညက ခရီးပန်းပြီးမောမောနဲ့ ဟိုတယ်မှာ အစောကြီး အိပ်ပျော်သွားခဲ့ပါ တယ်။ မနက်၂ နာရီလောက် တစ်ရေးနိုးတော့ ဘာရယ်မဟုတ်ဘူး ဟိုတယ်ပြတင်းပေါက်ကို ဖွင့်လိုက်မိတယ်။ အဲဒီမှာ 'ဒိန့်.ဒိန့်.. ဒိန့်.ဒိန့်..'နဲ့ ခပ် အုပ်အုပ်အသံတွေကို မြို့ထဲဘက်ဆီက ကြားနေရတယ်။ ကိုယ့်ဟိုတယ်အခန်းက အထပ်အမြင့်ကြီးမို့ တစ်မြို့လုံးကို အပေါ်စီးက မြင်နေရပေမယ့် အသံလာနေတဲ့နေရာကိုတော့ မတွေ့ရဘူး။ အသံတွေကလည်း တစ်နေရာထဲက လာနေတဲ့အသံတွေ မဟုတ်ဘူး။ လေးငါးနေရာလောက်က လာနေတဲ့အသံတွေ ဖြစ်တယ်။ ဘာသံတွေဖြစ်မလဲဆိုတာ သေသေချာချာ စဉ်းစားမရဘဲ အိပ်ရာထဲပြန်ဝင်ခဲ့ပါတယ်။
မနက်လင်းတော့ အောက်စောစောဆင်း နံနက်စာစားပြီး အခန်းထဲကို ပြန်တက်လာခဲ့တယ်။ မနက် ၈နာရီတောင် ကျော်နေလောက်ပါပြီ။ အဲဒါညတုန်းက ကြားခဲ့ရတဲ့အသံတွေကို သတိရလို့ အခန်းပြတင်းပေါက်ကို ဖွင့်လိုက်မိပါတယ်။ အဲဒီအခါမှာ မြို့ကြီးတစ်မြို့လုံး ဆိတ်ငြိမ်နေပြီး ဘာသံမှမကြားရတာကို ထူးဆန်းစွာတွေ့လိုက်ရတယ်။ လမ်းတွေပေါ်မှာလည်း ကားတွေရှင်းနေပြီး တစ်စီးစ နှစ်စီးစလောက်ပဲတွေ့ရလို့ အတော် အံ့သြသွားမိပါတယ်။
ဒါနဲ့ နေ့ လယ်ကျတော့ ကိုယ့် အင်ဒိုမိတ်ဆွေကို အဲဒါတွေက ဘယ်လိုဖြစ်ရတာလဲလို့ မေးကြည့်မိတယ်။ အဲဒီအခါကျမှ သူကအကျိုးအကြောင်း ပြန်ပြောပြတော့တာကိုး။ အမှန်ကတော့ တစ်ညလုံးဖွင့်တဲ့ nightclub တွေမှာ မိုးလင်းကာ နီးထိအောင်ကနေကြပြီး၊ မနက် ရောက်တော့ တစ်မြို့လုံးဘယ်သူမှ မထဘဲ အိပ်နေကြတာဖြစ်တယ်။ အဲ့ဒီနေ့ညဟာ သောကြာနေ့ ညလား စနေနေ့ ညလား အသေအချာတော့ မမှတ်မိတော့ပါဘူး။ အဲဒီတုန်းက ဒီအဖြစ်ကို အံ့သြနားမလည်မိတဲ့ မြန်မာလူမျိုးတစ်ယောက်ကို အပြစ်တင်ဖို့တော့လည်း မသင့်ဘူးလို့ ထင်မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၁၉၉၄ခုနစ်လောက်တုန်းက မနက်၂နာရီထိုးတဲ့အထိ တဒိန့်ဒိန့်နဲ့ ကကြတဲ့ night club မျိုးတွေကိုယ့် နိုင်ငံမှာ ရှိမှ မရှိသေးဘဲဟာကိုး။

'လူဟာ ငယ်စဉ်ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် ခိုင်းရမယ်၊ အဲဒီလိုမှ မခိုင်းခဲ့ရင် ကြီးလာတဲ့အခါ သူများခိုင်းတာတွေကို လုပ်ပေးရတဲ့ ဘ၀ကို ရောက်သွားလိမ့်မယ်'လို့ ဆရာတစ်ယောက်က ပြောခဲ့ဖူးတယ်။ ဆရာ့ဆုံးမစကားလေးကို ပြန်သတိရပြီး လူဟာငယ်စဉ်ဘ၀မှာ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားရမယ်၊ အဲဒီလိုမှ မထိန်းချုပ်ခဲ့ရင် ကြီးလာတဲ့အခါ အများတကာရဲ့ ထိန်းချုပ်ခြင်းကို ခံရတဲ့ဘ၀ကို . . .

နေ့လယ်ပိုင်းမြို့ထဲကို လျှောက်လည်တော့တွေ့လိုက်ရတဲ့ အင်ဒို မိန်းမငယ်လေးတွေထဲက ၁၀ယောက်မှာ ၈ယောက်လောက်က ဘောင်းဘီတိုလေးတွေ ၀တ်ထားတာကို တွေ့ရပါတယ်။ ခုခေတ်မိန်းကလေးတွေ ဘောင်းဘီတိုဝတ်တာများ ဘာဆန်း တာလိုက်လို့ ပြောစရာရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီနေရာမှာတော့ တကယ်ဆန်းတာပါလို့ ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဝတ်ထားတဲ့ ဘောင်းဘီတိုလေးတွေက ကိုယ်တို့ဆီက ယောက်ျားလေးတွေဝတ်တဲ့ အတွင်းခံဘောင်းဘီထက် လက်နှစ် လုံးလောက်ပဲ ပိုရှည်လို့ဖြစ်ပါတယ်။

အဲဒီခရီးစဉ်က ပြန်လာပြီး နောက်နှစ်နှစ်လောက်အကြာမှာ ဂျပန်ကိုတစ်ခါ ရောက်သွားပြန်ပါတယ်။ ဂျပန်မလေးတွေကို ဘောင်းဘီတိုလေးတွေနဲ့များ တွေ့ရမလားဆိုတဲ့ စူးစမ်းစိတ်နဲ့ ကြည့်မိပါတယ်။ အဲဒီမှာတွေ့ရတဲ့ ဂျပန်မလေးတွေကတော့ အင်ဒိုက မိန်းကလေးတွေဝတ်တဲ့ တိုနန့်နန့် ဘောင်းဘီတိုမျိုးကို ၀တ်တဲ့မိန်းကလေးဆိုလို့ တစ်ရာမှာ တစ်ယောက်တောင် မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် အံ့သြရတာကတော့ အံ့သြရတာပါပဲ။ ဘာကြောင့်လဲဆိုတော့ coffee shop တွေမှာထိုင်နေကြတဲ့ အသက် ၁၇ နှစ် ၁၈ နှစ်အရွယ် ဂျပန်မလေးတွေဟာ စီးကရက်တွေကို ကြောက်ခမန်းလိလိ သောက်နေကြလို့ပါပဲ။ မိန်းကလေး သုံးလေးယောက်လောက် စုထိုင်နေတဲ့ စားပွဲအလယ်က ဆေးလိပ်ခွက်ထဲမှာ စီးကရက်တိုမရှိဘူးဆိုရင် အနည်းဆုံး သုံးဆယ်လေးဆယ်လောက်တော့ အသာလေးရှိနေတာကို တွေ့ရပါတယ်။ ဆေးလိပ်တိုတွေ ဆေးလိပ်ခွက်ပေါ်ကနေ လျံကျနေပုံကလည်း အကျည်းတန်လွန်းလှပါတယ်။
ဒါနဲ့ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုပြီး ကိုယ့်ဂျပန်မိတ်ဆွေကို မေးကြည့်တော့ ဒါဟာဝိတ်ကျမယ်ထင်လို့ သောက်ကြတာလည်း ပါတယ်၊ ဒါပေမယ့် အဓိကကတော့ ဒါဟာဖက်ရှင်တစ်ခုဖြစ်နေလို့ သောက်ကြ တာပါပဲလို့ ဆိုပါတယ်။ ဖက်ရှင်ဆိုတော့ လိုက်မသောက်ရင် ကိုယ်လည်းပဲ ခေတ်မမီဘဲ တောကျတဲ့ပုံစံမျိုးကြီး ဖြစ်နေမှာစိုးလို့ လိုက်သောက်တဲ့ သဘောပါပဲ။ ဖြူဖြူဖွေးဖွေး ဂျပန်မလေးတွေရဲ့ နှုတ်ခမ်းလေးတွေဟာ ဆေးလိပ်ချိုးစွဲပြီး အညိုရောင်တောင် သန်းနေကြပါပြီ။ 
နောက် ၁၂ နှစ်အကြာမှာတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ရိယာဒ်မြို့ကို တစ်ခါရောက်သွားပါတယ်။ အဲဒီနိုင်ငံမှာရှိတဲ့ ဟိုတယ်တွေမှာ အလုပ်လုပ်ကြတဲ့ ယောက်ျားလေးတွေထဲက ၁၀ ယောက်မှာ ၉ ယောက်လောက်က ဖိလစ်ပိုင်လူမျိုး တွေ ဖြစ်နေကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်အခန်းထဲ တာဝန်နဲ့ရောက်လာတဲ့ အဲဒီဟိုတယ်ဝန်ထမ်းလေးတွေဟာ ကိုယ်နဲ့စကားလက်ဆုံကျသွားလေ့ရှိပါတယ်။ သူတို့က ကိုယ်နဲ့ စကားပြောတဲ့အခါ သူတို့နိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ မိဘဆွေ မျိုးတွေအကြောင်း သိပ်ပြောပြချင်လေ့ရှိပြီး ကိုယ်ကလည်း အမြဲစိတ်ဝင်တစား နားထောင်ပေးတာကိုး။ ဒါ့ကြောင့် သူတို့လေးတွေဟာ ကိုယ်နဲ့ စကားပြောရတာကို အရမ်းသဘောကျကြပါတယ်။ တစ်ခါလာရင် အနည်းဆုံး ၅ မိနစ်လောက်တော့ စကားပြောဖြစ်လေ့ရှိတာပါပဲ။
တစ်ညမှာတော့ အဲဒီလိုစကားပြောနေတုန်း ဆူဆူညံညံအသံတွေကို အခန်းအပြင်ဘက်က ကြားလိုက်ရပါတယ်။ အခန်းတံခါးဖွင့်ပြီး အပြင်ထွက်ကြည့်လိုက်တော့ စကားပြောရင်း အော်ဟစ်ရယ်မောနေကြတဲ့ အသက် ၂၀ ကျော် အစိတ်အရွယ် မိန်းကလေးအယောက် ၂၀လောက်ကို တွေ့လိုက်ရပါတယ်။ အားလုံး ဂါဝန်တွေတကားကားနဲ့ပါ။ သူတို့ တည်းရမယ့်အခန်းထဲကို ၀င်ကာနီးမှာ တစ်ခန်းနဲ့ တစ်ခန်းလှမ်းအော် နောက်ပြောင်နေကြတာ ဖြစ်ပါတယ်။ ဒါနဲ့ခုနက ကိုယ့်မိတ်ဆွေဖိလစ်ပိုင် လူငယ်လေးကို 'ဟ.. ဘယ်သူတွေလဲဟ. ဘာတွေဖြစ်နေကြတာလဲ'လို့ မေးမိပါတယ်။ အဲဒီအခါကျမှ သူက 'ကျွန်တော်တို့နိုင်ငံက နာ့စ်မတွေလေ၊ ဆော်ဒီမှာ တာဝန် ထမ်းဆောင်တာ ၂နှစ်ပြည့်လို့ မနက်ဖြန် ဖိလစ်ပိုင်ပြန်ကြရတော့မှာမို့ ပျော်နေကြ တာ၊ အဲဒါမနက် လေယာဉ်ပေါ်တက်တာနဲ ၀တ်ရုံနက်တွေ မခြုံရတော့ဘူး၊ လွတ်ပြီကျွတ်ပြီဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ၀မ်းသာအားရ အော်ပြောနေကြတာ'လို့ ပြန်ပြောပါတယ်။ 
သူပြောတာမှန်ပါတယ်။ ဆော်ဒီမှာတော့ အင်္ဂလိပ်မရော အမေရိကန်မရော ဖိလစ်ပိုင်သူပါမကျန် ဘယ်နိုင်ငံသူဖြစ်ဖြစ် လမ်းပေါ်မှာ ၀တ်ရုံနက်ကို ခြေဆုံးခေါင်းဆုံးမရုံလို့ကတော့ တစ်ခါတည်း ဖမ်းချုပ်တာခံရမှာပါပဲ။ ဒီလောက်ပူအိုက်တဲ့ နိုင်ငံထဲမှာ ဒီဝတ်ရုံနက်ကြီး ရုံထားရတာ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ဆင်ခြေပေးနေလို့ မရပါဘူး။ နိုင်ငံခြားသူဆိုရင်တော့ မရုံနိုင်ရင်အစကတည်းက မလာနဲ့ပါပဲ။
ပြောချင်တာကတော့ မိန်းကလေးတွေ အရွယ်တူပြီး ဘာကြောင့် ဒီလိုဓလေ့စရိုက်တွေ ကျင့်ကြံမှုတွေ ကွဲပြားခြားနားနေရတာလဲဆိုတာကို ပါပဲ။ ဒီအကြောင်းတွေပြောရင်း ကိုယ့်မိတ်ဆွတစ်ယောက် သူ့ငယ်စဉ်ဘ၀က သူကျင်လည်ခဲ့ဖူးတဲ့ ဘ၀ နဲ့ အခုလက်ရှိဘ၀မှာ သူကြုံတွေ့နေရတဲ့ စိတ်မချမ်းမြေ့စရာတွေအကြောင်း ကိုယ့်ကိုပြောပြခဲ့တာတွေကို သတိရသွားမိပါတယ်။
အသက် ၁၆ နှစ် ၁၇ နှစ် အရွယ်ငယ်ရွယ်စဉ်ဘ၀က ကိုယ့်မိတ်ဆွေဟာ သူ့ရဲ့မွေးရပ်မြို့လေးမှာ အဲဒီတုန်းကအခေါ်နဲ့ ပြောရရင် လမ်းသူရဲဖြစ်ပါတယ်။ ကိုယ့်မိတ်ဆွေနဲ့ သူ့သူငယ်ချင်း လမ်းသူရဲတစ်စုလူ ၂၀ လောက်ဟာ အားလုံးစက်ဘီး ကိုယ်စီ ရှိကြပါတယ်။ သူတို့ဟာ ဘာရယ်မဟုတ်ဘူး ညဘက် တစ်မြို့လုံး စက်ဘီးတွေနဲ့ လျှောက်ပတ်နေလေ့ရှိကြပါတယ်။ စားသောက်ဆိုင်တွေမှာ ရန်ကုန်တို့ မန္တလေးတို့ကလာတဲ့ လူစိမ်းတွေ ကိုတွေ့လို့ သူတို့မျက်စိထဲမှာ ထောင့်မကျိုးဘူးထင်ရင် အသားလွတ်သွားပြီး ရန်စကြရန်ဖြစ်ကြလို့ အချုပ်ခန်းထဲလည်း မကြာခဏ ရောက်ကြပါတယ်။ ညည ဘိလိယက်ခုံနဲ့ တွေ့ကရာကင်းတဲတွေမှာ အိပ်ကြပါတယ်။
ကိုယ့်မိတ်ဆွေ ကိုယ့်ကိုပြောချင်တာက လူငယ်တွေဟာ သူတို့ ဘ၀ကို သူတို့ ဂရုစိုက်ချင်ကြတာထက် ပတ်ဝန်းကျင်က သူတို့ကို ဘယ်လိုသဘောထားတယ် ဘယ်လိုဂရုပြုတယ်ဆိုတဲ့အပေါ်မှာ ပိုအရသာခံချင်ကြတယ် ဆိုတာကို ပြောချင်တာပါပဲ။ ကိုယ့်မိတ်ဆွေဟာ သူငယ်စဉ်တုန်းက'ဒီကောင်က လမ်းသူရဲ'လို့ သူများပြောတာကိုပဲ စိတ်ထဲမှာကျိတ်ပြီး အဟုတ်ထင်ကျေနပ်နေခဲ့မိတာကို အခုမှ သေသေချာချာ ပြန်စဉ်းစားကြည့်မိတယ်လို့ ကိုယ့်ကိုပြောပြပါတယ်။ ပြဿနာက အမှားအမှန်ကို ခွဲခြားပြီး သူနားလည်အောင်ပြောပြပေးမယ့်သူ သူ့အနားမှာ ရှိမနေခဲ့ခြင်းပါပဲ။ သူများ night club တက်လို့ အဟုတ်ကြီးထင်ပြီး ဂုဏ်ယူချင်စိတ်ကြောင့် ကိုယ်လိုက် တက်တာ၊ သူများဘောင်းဘီတိုဝတ်လို့ ကိုယ့်ပေါင်အသားအရောင်နဲ့ လိုက်မှန်းမသိ မလိုက်မှန်းမသိ ကိုယ်လိုက်ဝတ်တာ၊ သူများစီးကရက်သောက်လို့ ကိုယ့်တစ်ကိုယ်လုံး အနံအစော်ခံ နှုတ်ခမ်းတွေ အပြာခံပြီး တစ်ရက်ကို စီးကရက် အလိပ် ၅၀ လောက် မကုန်ကုန်အောင် လိုက်သောက်တာတွေဟာ ပတ်ဝန်းကျင်က ကိုယ့်အပေါ် မြင်တဲ့အမြင်တွေအပေါ်မှာ လိုက်အရသာခံချင်လို့ လုပ်ကြတာဖြစ်တယ်လို့ ကိုယ့်မိတ်ဆွေက ဆိုပါတယ်။
ဆော်ဒီလိုနိုင်ငံမျိုးမှာ လူငယ်တွေ ဒီလိုမလုပ်အောင်ဥပဒေနဲ့ တားချင်ရင်တားလို့ ရနိုင်လောက်ပေမယ့် ကျန်တဲ့နိုင်ငံတွေမှာတော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ ချမ်းသာတဲ့ နိုင်ငံပဲဖြစ်ဖြစ် ဆင်းရဲတဲ့နိုင်ငံပဲ ဖြစ်ဖြစ် တာဝန်ရှိတဲ့ လူတွေရော ပြည်သူတွေကပါ ဒီလိုမျိုးကိစ္စတွေကို လျစ်လျူရှုပြီး မေ့နေကြမယ်ဆိုရင် ကလေးတွေဟာ အထိန်းမရှိတဲ့ ချည်ခင်လို လမ်းလွဲကို ရောက်သွားကြမှာပါပဲ။ 
ကိုယ့်မိတ်ဆွေဆက်ပြောတာက အခုကိုယ်တို့နိုင်ငံက တချို့စာသင်ကျောင်းတွေနားမှာသာမက ကိုယ့်ကျောင်းရှေ့က ၀န်ထမ်းသက်သာ အခန်းတွေမှာတောင် ဘီယာဆိုင်တွေ ဖွင့်ထားတာကိုတွေ့နေရတဲ့ အကြောင်းပါပဲ။ ကျောင်းဆင်းတဲ့ အခါတိုင်း ဆယ်ကျော်သက်အရွယ် ကျောင်းသားလေးတွေဟာဆိုင်ထဲမှာ ဘီယာသောက်နေတဲ့လူတွေကို  မမြင်ချင်မှအဆုံး နေ့စဉ်နဲ့အမျှ တွေ့နေရတယ်တဲ့။ ကိုယ့်မိတ်ဆွေပြောတာတွေ အများကြီးထဲက ဒီတစ်ခုတည်းပဲ ပြောပြချင်ပါတယ်။ တစ်ည လုံး တဒိန့်ဒိန့်ကိစ္စအကြောင်းတွေကိုတော့ ပြောမနေချင်တော့ပါဘူး။
လောကမှာ လူဟာ 'ဂေါဏေန ဂေါဏော သမဏေန သမဏော' ပါပဲ။ အထူးသဖြင့် လူ့ဝန်းကျင်ထဲ စ၀င်ကာစကလေးတွေရဲ့ ဘ၀မှာ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသလို ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကလေးတွေရဲ့ စိတ်စရိုက်တွေလိုက် ပြောင်းလဲသွားလေ့ ရှိကြတာပါပဲ။ ဒါကြောင့်မို့ လူကြီးတွေဟာ သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်ကို ဂရုမပြုဘဲ လျစ်လျူရှုထားလို့ မဖြစ်တော့ပါဘူး။
ဒါ့ကြောင့် 'နိုင်ငံတစ်နိုင်ငံရဲ့ ပြုမူကျင့်ကြံပုံတွေဟာ ကလေးတွေရဲ့ အကျင့်စာရိတ္တကို ပျက်စီးယိုယွင်းစေတယ်ဆိုရင် အဓိကနစ်နာသူဟာ အဲဒီနိုင်ငံပဲဖြစ်လိမ့်မယ်'လို့ အမေရိကန် စာရေးဆရာမကြီး 'ပါးလ်အက်စ်ဘတ်'(Pearl S Buck)ပြောခဲ့တာလေး ကိုပဲ သတိရနေမိပါတော့တယ်။

စတုတ္ထမဏ္ဍိုင်နဲ့ တတိယနိုင်ငံသားများ

စတုတ္ထမဏ္ဍိုင်နဲ့ တတိယနိုင်ငံသားများ 
Written by မောင်ခိုင်လတ်   
Sunday, 22 July 2012 10:12
ဒီမိုကရေစီနိုင်ငံတိုင်းမှာ မဏ္ဍိုင်ကြီးလေးရပ်ကို အားကောင်းဖွံ့ဖြိုးစေဖို့အတွက် ဂရုဓမ္မကြီးကြီးနဲ့ ပြုစုပျိုးထောင်လေ့ရှိကြပါတယ်။ အဲ့ဒီမဏ္ဍိုင်ကြီးလေးရပ်က အများသိပြီးဖြစ်တဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ စာနယ်ဇင်းမဏ္ဍိုင်ဆိုပြီး မဏ္ဍိုင် ကြီးလေးရပ်ရှိကြပါတယ်။ စာနယ်ဇင်းမဏ္ဍိုင်ကိုပဲ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာဖြစ်ပါတယ်။
ဥပဒေပြုရေးမဏ္ဍိုင် ဆိုတာကတော့ အရေးအကြီးဆုံး ပထမမဏ္ဍိုင် ဖြစ်ပါတယ်။ သူကလွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ(ပြည်သူ့ကိုယ်စားလှယ်တွေ)က တင်ပြအတည်ပြုပြီး ပြဋ္ဌာန်းရေးဆွဲရတာ ဖြစ်ပါတယ်။ ပြင်ဆင်သင့်တဲ့ ဥပဒေကိုပြင်ဆင် အသစ်ပြဋ္ဌာန်းသင့် တာ ပြဋ္ဌာန်းရေးဆွဲပေးရတဲ့ တာဝန်ယူမှု ပြုရပါတယ်။ အခု အသစ်ပြဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေ၊ လယ်ယာမြေဥပဒေနဲ့ အသစ်ပြဋ္ဌာန်းဖို့ ကြိုးပမ်းပြင်ဆင်နေတဲ့ မီဒီယာဥပဒေ...စတဲ့ ဥပဒေပြုရေးကဏ္ဍတွေအတွက် တာဝန်အရှိဆုံးနေရာက ပါဝင် ဆောင်ရွက်ရပါတယ်။
တရားစီရင်ရေးမဏ္ဍိုင်....က တရားရုံးတွေရဲ့ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍလို့ ပြောနိုင်ပါတယ်။ လွတ်လပ်ပြီးတရားမျတတဲ့ ထင်သာ မြင်သာရှိတဲ့ အဂတိလေးပါးကင်းစင်တဲ့ တရားရုံးတွေနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို မတိမ်းမစောင်းဆောင်ရွက်မှသာ ဒီမိုကရေစီ နိုင်ငံတော်ကို ဖော်ဆောင်နိုင်မှာပါ။ ပြဌာန်းထားတဲ့ ဥပဒေက တခြား၊ ကျင့်သုံးတာကတခြားဖြစ်ပြီး မကြားဖူးတဲ့ တရားစီရင်ရေးနဲ့ ပြုမူဆောင်ရွက်လေ့ရှိတဲ့ အာဏာရှင်တွေရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကိုတော့ သတိရချင်လည်း ရကြပါ။ ထပ်မံပြီး သယ်ဆောင်မလာဖို့တော့ သတိပြုရပါလိမ့်မယ်။
အုပ်ချုပ်ရေးမဏ္ဍိုင်ဆိုတာကျတော့ လက်ရှိအာဏာရနေသူတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ အစိုးရအဖွဲ့လို့ ပြောနိုင်ပါတယ်။ ကျောသားရင်သား မခွဲခြားတဲ့ ပြည်သူပြည်သားတွေကို ညှာတာထောက်ထားမှု အပြည့်အ၀နဲ့ ငြိမ်းချမ်းသာယာတဲ့ လူ့အဖွဲ့ အစည်းဖြစ်ရေး ရှေးရှုတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်မှသာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအဖြစ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

စတုတ္ထမဏ္ဍိုင်ခေါ်တဲ့ စာနယ်ဇင်းမဏ္ဍိုင်ကျတော့ ကျန်တဲ့မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေနဲ့ အသွင်သဏ္ဌာန်ချင်း မတူပါဘူး။ အဲ့ဒီမဏ္ဍိုင်ကြီးသုံးရပ်မှာက ပြည်သူလူထု က ရွေးကောက်တင်မြှောက်ထားတဲ့ ဒါမှမဟုတ် အုပ်ချုပ်တဲ့အစိုးရက ဖွဲ့စည်းခန့်အပ်ထားတဲ့ နိုင်ငံတော်ဘဏ္ဍာနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်ကျတော့ အဲသလို မဟုတ်ပါဘူး။ နိုင်ငံတော်ဘဏ္ဍာကလည်း ကျခံပေးခြင်း မရှိပါဘူး။ အဖွဲ့အစည်းတစ်ခုတည်းလည်း မဟုတ်ပါဘူး။ စာရေးဆရာ၊ သတင်းဆရာ၊ အယ်ဒီတာ စတဲ့ မီဒီယာလောကသားတွေ တစ်ဦးချင်းစီရဲ့ နိုင်ငံအနှံ့ ပြန့်ကျဲနေတဲ့ အင်အားတစ်စုပဲ ဖြစ်ပါတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကြတဲ့ မဏ္ဍိုင်ဖြစ်ပါတယ်။
ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေဆိုလျှင် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းမဏ္ဍိုင်ရဲ့ အရေးပါအရာ ရောက်မှုကို အစိုးရကလည်း တရားဝင် အသိအမှတ်ပြုပြီး အပြန်အလှန် အားပေးကူညီလေ့ရှိတယ်။ မိတ်ဖက် အဖွဲ့အစည်းလို့ ခေါ်ကြတယ်။ အဲ့ အာဏာရှင်နိုင်ငံတွေဆိုရင်တော့ ထောင်ထဲမှာ စာနယ်ဇင်းသမားတွေချည်းပေါ့။ စတုတ္ထမဏ္ဍိုင်ရဲ့ သဘောသဘာဝကိုက နိုင်ငံနဲ့ ပြည်သူ့အကျိုးအတွက် ကျန်တဲ့မဏ္ဍိုင်ကြီးသုံးရပ်က ဖြောင့်ဖြောင့်မတ်မတ် မှန်မှန်ကန်ကန် ကျင့်သုံးရဲလားလို့ အမြဲမပြတ် စောင့်ကြည့်ပြီး မမှန်မကန်လုပ်တာနဲ့ ဖော်ထုတ်ရှုတ်ချပြီး ပြည်သူတွေသိအောင် ပြောပြရတဲ့ သမိုင်းပေးတာဝန်ကြီးကို ထမ်းပိုးထားရတာပဲ မဟုတ်လား။ ဒါကြောင့်လည်း စာနယ်ဇင်းသမားတွေကို Watch dog လို့ ချစ်စနိုး ခေါ်လေ့ရှိကြတယ်။ ပြည်စောင့်ခွေးလို့ ပြောနိုင်ပါတယ်။

စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းသမားတွေမှာ
အာဏာတော့ မရှိပါဘူး၊ သြဇာတော့ ရှိပါတယ်။
ရဲရင့် ပြတ်သားပြီး အမှန်တရားကို မကြောက်မရွံ့ ထုတ်ဖော်တင်ပြရဲတဲ့ စာနယ်ဇင်းသမားတိုင်းကို ပြည်သူတွေက အမြဲတစေ လေးစားချစ်ခင်နေကြတယ်  . . .
စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းသမားတွေမှာ အာဏာတော့ မရှိပါဘူး၊ သြဇာတော့ ရှိပါတယ်။ ရဲရင့် ပြတ်သားပြီး အမှန်တရားကို မကြောက်မရွံ့ ထုတ်ဖော်တင်ပြရဲတဲ့ စာနယ်ဇင်းသမားတိုင်းကို ပြည်သူတွေက အမြဲတစေ လေးစားချစ်ခင်နေကြတယ်  . . .
ပြောရရင်တော့ မဏ္ဍိုင်ကြီးလေးရပ်လုံး ကိုယ့်တာဝန်နဲ့ ကိုယ့်ကျင့်ဝတ်နဲ့ ကိုယ်ရပ်တည်နိုင်လေ သန့်ရှင်းခိုင်မာလေလေပါပဲ။ မဏ္ဍိုင်ကြီးလေးရပ် တစ်ခုနဲ့တစ်ခု အာဏာလွှမ်းမိုးမှုတွေ ရှိလာရင်၊ အမှီအခိုကင်းကင်း မရပ်တည်နိုင်ကြရင်တော့ လာဘ်ပေးလာဘ်ယူမှုတွေ ထူပြောလာတာ၊ အဂတိလေးပါး ကျန်းမာသန်စွမ်းလာတာတွေတွေ့ကြုံကြရမှာပါ။ အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေးမဏ္ဍိုင်ကို လွှမ်းမိုးလာရင် ပြည်သူတွေက တရားစီရင်ရေးမဏ္ဍိုင်ကို ယုံကြည်ကိုးစားမှု လျော့နည်းလာရင် နောက်ဆုံး အုပ်ချုပ်ရေးမဏ္ဍိုင်ကိုပါ အထင်သေးအမြင်သေးနဲ့ စက်ဆုပ်ရွံရှာလာကြပြီး ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါတွေကို သတိရှိရှိနဲ့ စောင့်ကြည့်ဟန့်တားကာကွယ်ဖို့ စတုတ္ထမဏ္ဍိုင်မှာ လုံးလုံးလျားလျား တာဝန်ရှိနေပြန်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းသမားတွေမှာ အာဏာတော့မရှိပါဘူး၊ သြဇာတော့ ရှိပါတယ်။ ရဲရင့်ပြတ်သားပြီး အမှန်တရားကို မကြောက်မရွံ့ ထုတ်ဖော်တင်ပြရဲတဲ့ စာနယ်ဇင်းသမားတိုင်းကို ပြည်သူတွေက အမြဲတစေ လေးစားချစ်ခင်နေကြတယ်။ အဲ့ဒီ စာနယ်ဇင်းသမားရဲ့ ပြောကြားချက် (ရေးသားချက်)တွေမှန်သမျှ လေးလေးစားစားနဲ့ နာယူမှတ်သားလေ့ရှိကြတယ်။ ဒါကြောင့်လည်း ရှေးအခါက စာနယ်ဇင်းသမားတွေနဲ့ သတင်းစာတွေကို ပြည်ကြီးပခုံး၊ ပြည်ကြီး လက်ရုံးလို့ ခေါ်ခဲ့ကြတာဖြစ်ပါတယ်။
စာနယ်ဇင်းသမားတွေဆိုတာ အာဏာရှင်အစိုးရနဲ့ သူရဲ့လက်ပါးစေတွေအတွက်တော့ ကမ္ဘာ့ရန်ပါပဲ။ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်စိုးတဲ့ အာဏာရှင်တွေအတွက် အကြောက်တရား ကင်းအောင်၊ မှန်ရာကို ပြောရဲအောင်၊ မတရားမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အလေ့အထ တွေထွန်းကားအောင် ရှေ့ဆောင်လမ်းပြသူတွေဖြစ်တဲ့ စာနယ်ဇင်းသမားတွေကို အော့နှလုံးနာတာ သဘာဝပါပဲ။ အဆန်းတကြယ် မဟုတ်ပါဘူး။

စာနယ်ဇင်းသမားတွေရဲ့ ရန်သူတွေဆိုတာ အာဏာရှင်အစိုးရနဲ့ သူ့လက်ပါးစေသာ မဟုတ်ပါဘူး။ ပြည်သူတွေထဲမှာလည်း ရှိပါတယ်။ တရုတ်စာရေးဆရာကြီး လူရွှန်းရဲ့စံနဲ့တိုင်းတာကြည့်ရင်တော့ တတိယနိုင်ငံသားတွေလို့ ခေါ်နိုင်မယ်ထင်ပါရဲ့။
လူရွှန်းက ပထမနိုင်ငံသား ဆိုတာတိုင်းပြည်နဲ့ လူမျိုးအပေါ် ချစ်ခင်မြတ်နိုးပြီး အကြွင်းမဲ့သစ္စာခံသူ။ တိုင်းပြည်ရဲ့ရန်သူမှန်သမျှ မကြောက်မရွံ့ ခုခံကာကွယ်တွန်းလှန်ရဲသူလို့ ဖွင့်ဆိုပါတယ်။ ဒုတိယနိုင်ငံသားဆိုတာကတော့ လက်ရှိ အုပ်စိုးနေတဲ့အရာကိုတော့ ကြောက်တယ်။ အုပ်စိုးသူရဲ့ တရားမဲ့လုပ်ရပ်တွေကို မထောက်ခံဘူး၊ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း မဆန့်ကျင်ရဲဘူး။ အနာဂတ်ကိုတော့ ယုံကြည်မျှော်လင့်နေကြတယ်။ အဆိုးဆုံးကတော့ တတိယနိုင်ငံသားတွေပါပဲ လက်ရှိအုပ်စိုးနေတဲ့အရာကိုလည်း ကြောက်တယ်။ စကားတောင် ကျယ်ကျယ်မပြောဝံ့ဘူး။ နားရွက် မခတ်ရဲဘူး။ နောင်ပေါ်ထွန်းလာမယ့် အရာကိုလည်း ကြောက်တယ်။ သူ့ရဲ့ ကြောက်စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ မသိမှု အ၀ိဇ္ဇာကြောင့်ပဲဖြစ်ဖြစ် စာနယ်ဇင်းတွေကို အလိုလိုမုန်းတီးစိတ် ရှိနေတယ်။ ၀န်ခံချင်မှ ၀န်ခံမှာဖြစ်ပေမယ့် သူတို့ရဲ့ မသိစိတ်ထဲမှာ မုန်းတီးစိတ် ရှိနေတယ်။တတိယနိုင်ငံသား အများစုကတော့ ရေပေါ်ဆီ လူတန်းစားလို့ခေါ်တဲ့ Elite ... တွေပါပဲ။ ကိုယ့်ရဲ့ချမ်းမြေ့နေတဲ့ အသိုက်အမြုံလေး ပျက်သုဉ်းသွားမှာကြောက်လို့၊ အရာရာကို သံသယနဲ့ ကြောက်ရွံ့စိတ်က ဦးဆောင်ပြီး အကဲဖြတ်နေ တတ်တာကိုး။ လူတစ်ကိုယ်တည်း နှစ်ခြမ်းကွဲ နေတယ်ဆိုတဲ့ လူစားမျိုးပါပဲ။ ဒါပေမယ့်သူတို့က ဟန်ဆောင်ကောင်းတယ်။ အနေအထိုင် ပိရိသေသပ်တယ်။ သူတို့ရဲ့ မုန်းတီးမှုစိတ်ကို မျက်နှာအမူအရာက မဖော်ပြဘူး။ နှုတ်ချိုတယ် အတွင်းသားကတော့ မည်းမှောင်နေတဲ့ လူစားမျိုးပါ။
အာဏာရှင်တွေသာ စာနယ်ဇင်းတွေကို မုန်းတီးတာပါလို့ပြောရင် ဒီမိုကရေစီ နိုင်ငံကြီးသားစစ်စစ်ဖြစ်ပါလျက်နဲ့ သတင်းစာတွေအပေါ် အာဃာတစိတ် ရှိနေသူမျိုးလည်း ရှိတာပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီးဟောင်း ဂျော့ဘုရှ်(အကြီး) ဆိုရင်...နာလိုခံခက်စွာ ပြောခဲ့ဖူးသေ တယ်။ ''သတင်းစာဆိုတာ မရှိမဖြစ် လိုအပ်တဲ့ မကောင်းဆိုးဝါးဖြစ်တယ်'' တဲ့။
ဘာပဲပြောပြော တတိယနိုင်ငံသားတွေနဲ့ စာနယ်ဇင်းတွေဟာ အစဉ်အမြဲမဟုတ်တောင်မှ များသောအားဖြင့် မပြေလည်ကြပါဘူး။ မလိုမုန်းထား စိတ်မျိုးမဟုတ်ရင်သာရှိမယ် စာနယ်ဇင်းတွေအပေါ် ကြည်လင်တဲ့ စိတ်နဲ့တော့ ကြည့်မြင်လေ့ မရှိကြဘူး။

တတိယနိုင်ငံသားတွေနဲ့ စတုတ္ထ မဏ္ဍိုင်ဆိုတာ(၃)နဲ့ (၄)လိုပါပဲ။

မဝေးကွာပေမယ့် ရှုမျှော်တာကျတော့ တစ်နေရာစီပါပဲ။

Comments 

+11 #2 မို က် ခဲ 2012-07-23 10:03
သူ တို.သာ အ မှန် တ ကယ်ြေ ပာင်း လဲ ချင် တဲ. စိတ် ၇င်း အမှန် သာ ၇ှိ ခဲ. မယ် ဆို ၇င် The voice တ၇ား ၇ုံးေေ၇ာက် စ၇ာ မလို ပါ။ တ ယုတ် နှင်. ချုပ် ဆို ထား တဲ. Gas pipe line စာ ချုပ် ... မြန်မာ ပြည် သားတွေ အတော် အထိ နာ နေ တဲ. ပြသနာ ကြီး ပါ.... eleven တင် မှာ တင် မ ဟုတ် ပါ ဘူး ကျန် တဲ. media တွေ မှာ ဖော် ပြ ပေးစေ ချင် ပါ တယ်
 
+30 #1 wuntho 2012-07-22 12:20
စတုတ္ထမဏ္ဍိုင် ကို ပြည်သူတွေက ကျွေး ပါတယ်။။ ဒါပေ မဲ့ လက်ရှိ စတုတ္ထမဏ္ဍိုင် က လွတ်လပ်စွာ ရေးပါဆိုရင် တောင် ပြည်သူ တွေ ဘတ် က ပြတ်ပြတ် သားသား ပါ ဘို့ အမှန် ကို ရဲရဲရင့်ရင့် ရေး ဘို့ မစွမ်းသေး ပါဘူး။။ အကြောင်းအမျိုးမျိုးကြောင့် လှဲ့ပတ် ရေးနေကြတာတွေ့ ရပါတယ်။။ ရေးရင် လည်း လက်ရှိ အာဏာရ အဖွဲ့အစည်း က အရေးတယူ မရှိ တာလည်းပါမှာ ပေါ့။။ (ဥပမာ - The Voice & သတ္တုတွင်းဝန်ကြီးဌာန )
ဘာပဲ ဖြစ်ဖြစ် အားရစရာ မရှိ ပေမဲ့ အားလုံးရဲ့ အားကိုးရာ က တော့ စတုတ္ထမဏ္ဍိုင် ပါ ပဲလေ။။

တံငါနားနီး တံငါ

တံငါနားနီး တံငါ 

Written by နီမင်းဆွေ  
Wednesday, 01 August 2012 16:05
'လူဟာ ငယ်စဉ်ဘ၀မှာ ကိုယ့် ကိုယ်ကိုယ်ခိုင်းရမယ်၊ အဲဒီလိုမှမခိုင်း ခဲ့ရင် ကြီးလာတဲ့အခါ သူများခိုင်း တာတွေကို လုပ်ပေးရတဲ့ဘ၀ကို ရောက်သွားလိမ့်မယ်'လို့ ဆရာ တစ်ယောက်က ပြောခဲ့ဖူးတယ်။ ဆရာ့ဆုံးမ စကားလေးကို ပြန်သတိ ရ ပြီး လူဟာငယ်စဉ်ဘ၀မှာ ကိုယ့် စိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားရမယ်၊ အဲဒီလိုမှ မထိန်းချုပ်ခဲ့ရင် ကြီးလာတဲ့အခါ အများတကာရဲ့ ထိန်းချုပ်ခြင်းကို ခံရတဲ့ဘ၀ကို ရောက်သွားလိမ့်မယ်လို့ လည်း ဖြည့် စွက်ပြီး စဉ်းစားနေမိပါတယ်။ ငယ်ရွယ်စဉ်ဘ၀မှာ လူဟာ ကိုယ့်ကိုဘယ်သူခိုင်းခိုင်းလုပ်ပေး နိုင်ပါတယ်။ စိတ်ညစ်စရာတွေ ဘယ်လောက်ပဲ တွေ့တွေ့ခံနိုင်ရည် ရှိပါတယ်။ ကြီးလာရင်တော့ ကိုယ့် ကိုသူများပဲ ခိုင်းခိုင်းကိုယ့်ဟာကိုယ်ပဲ ပြန်ခိုင်းခိုင်းလုပ်နိုင်မယ်မထင်တော့ ပါဘူး။ အဲဒီလိုကြီးလာမှ ကိုယ်ဖြစ် ချင်တာတွေအားလုံးဘာတစ်ခုမှ ဖြစ် မလာတော့ဘဲကိုယ်မဖြစ်ချင်တာတွေ ချည်းပဲ ဖြစ်ရတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လူဖြစ်ရကျိုးနပ် တယ်လို့လည်း ထင်မှာမဟုတ်တော့ ပါဘူး။ 
ဒီလိုအတွေးတွေ ၀င်လာရတာကလည်း မျက်စိအောက်မှာ ခုခေတ်တချို့လူငယ်တွေ ဘာတွေ လုပ်နေကြသလဲဆိုတာကို မြင်တွေ့နေရလို့ ဖြစ်တယ်။ ဒီတော့ အဲဒီလူငယ်တွေကြီး လာတဲ့အခါ အောင်မြင်တဲ့လူသား တစ်ယောက်ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်တဲ့ လူသားတစ်ယောက် ဖြစ်လာစေဖို့ သူတို့ကို ဘယ်လို အတွေးအခေါ်မျိုးတွေ ပေးနိုင်မလဲ တစ်နိုင်ငံလုံးမှာရှိတဲ့ မိဘပြည်သူ တွေအနေနဲ့ကရော ဘာတွေလုပ်ပေး ပြီး ဘာတွေရှောင်ကြဉ်သင့်ကြသလဲ ဆိုတာကို စဉ်းစားလာရပါတော့တယ်။
ဒီအတွေးကြောင့် လွန်ခဲ့တဲ့ ၁၇ နှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို ရောက်သွားစဉ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေးကို ပြန်သတိရမိပါတယ်။ ဂျကာတာကို ရောက်တဲ့ ညက ခရီးပန်းပြီးမောမောနဲ့ ဟိုတယ်မှာ အစောကြီး အိပ်ပျော်သွားခဲ့ပါ တယ်။ မနက်၂ နာရီလောက် တစ်ရေးနိုးတော့ ဘာရယ်မဟုတ်ဘူး ဟိုတယ်ပြတင်းပေါက်ကို ဖွင့်လိုက်မိတယ်။ အဲဒီမှာ 'ဒိန့်.ဒိန့်.. ဒိန့်.ဒိန့်..'နဲ့ ခပ် အုပ်အုပ်အသံတွေကို မြို့ထဲဘက်ဆီက ကြားနေရတယ်။ ကိုယ့်ဟိုတယ်အခန်းက အထပ်အမြင့်ကြီးမို့ တစ်မြို့လုံးကို အပေါ်စီးက မြင်နေရပေမယ့် အသံလာနေတဲ့နေရာကိုတော့ မတွေ့ရဘူး။ အသံတွေကလည်း တစ်နေရာထဲက လာနေတဲ့အသံတွေ မဟုတ်ဘူး။ လေးငါးနေရာလောက်က လာနေတဲ့အသံတွေ ဖြစ်တယ်။ ဘာသံတွေဖြစ်မလဲဆိုတာ သေသေချာချာ စဉ်းစားမရဘဲ အိပ်ရာထဲပြန်ဝင်ခဲ့ပါတယ်။
မနက်လင်းတော့ အောက်စောစောဆင်း နံနက်စာစားပြီး အခန်းထဲကို ပြန်တက်လာခဲ့တယ်။ မနက် ၈နာရီတောင် ကျော်နေလောက်ပါပြီ။ အဲဒါညတုန်းက ကြားခဲ့ရတဲ့အသံတွေကို သတိရလို့ အခန်းပြတင်းပေါက်ကို ဖွင့်လိုက်မိပါတယ်။ အဲဒီအခါမှာ မြို့ကြီးတစ်မြို့လုံး ဆိတ်ငြိမ်နေပြီး ဘာသံမှမကြားရတာကို ထူးဆန်းစွာတွေ့လိုက်ရတယ်။ လမ်းတွေပေါ်မှာလည်း ကားတွေရှင်းနေပြီး တစ်စီးစ နှစ်စီးစလောက်ပဲတွေ့ရလို့ အတော် အံ့သြသွားမိပါတယ်။
ဒါနဲ့ နေ့ လယ်ကျတော့ ကိုယ့် အင်ဒိုမိတ်ဆွေကို အဲဒါတွေက ဘယ်လိုဖြစ်ရတာလဲလို့ မေးကြည့်မိတယ်။ အဲဒီအခါကျမှ သူကအကျိုးအကြောင်း ပြန်ပြောပြတော့တာကိုး။ အမှန်ကတော့ တစ်ညလုံးဖွင့်တဲ့ nightclub တွေမှာ မိုးလင်းကာ နီးထိအောင်ကနေကြပြီး၊ မနက် ရောက်တော့ တစ်မြို့လုံးဘယ်သူမှ မထဘဲ အိပ်နေကြတာဖြစ်တယ်။ အဲ့ဒီနေ့ညဟာ သောကြာနေ့ ညလား စနေနေ့ ညလား အသေအချာတော့ မမှတ်မိတော့ပါဘူး။ အဲဒီတုန်းက ဒီအဖြစ်ကို အံ့သြနားမလည်မိတဲ့ မြန်မာလူမျိုးတစ်ယောက်ကို အပြစ်တင်ဖို့တော့လည်း မသင့်ဘူးလို့ ထင်မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၁၉၉၄ခုနစ်လောက်တုန်းက မနက်၂နာရီထိုးတဲ့အထိ တဒိန့်ဒိန့်နဲ့ ကကြတဲ့ night club မျိုးတွေကိုယ့် နိုင်ငံမှာ ရှိမှ မရှိသေးဘဲဟာကိုး။

'လူဟာ ငယ်စဉ်ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် ခိုင်းရမယ်၊ အဲဒီလိုမှ မခိုင်းခဲ့ရင် ကြီးလာတဲ့အခါ သူများခိုင်းတာတွေကို လုပ်ပေးရတဲ့ ဘ၀ကို ရောက်သွားလိမ့်မယ်'လို့ ဆရာတစ်ယောက်က ပြောခဲ့ဖူးတယ်။ ဆရာ့ဆုံးမစကားလေးကို ပြန်သတိရပြီး လူဟာငယ်စဉ်ဘ၀မှာ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားရမယ်၊ အဲဒီလိုမှ မထိန်းချုပ်ခဲ့ရင် ကြီးလာတဲ့အခါ အများတကာရဲ့ ထိန်းချုပ်ခြင်းကို ခံရတဲ့ဘ၀ကို . . .

နေ့လယ်ပိုင်းမြို့ထဲကို လျှောက်လည်တော့တွေ့လိုက်ရတဲ့ အင်ဒို မိန်းမငယ်လေးတွေထဲက ၁၀ယောက်မှာ ၈ယောက်လောက်က ဘောင်းဘီတိုလေးတွေ ၀တ်ထားတာကို တွေ့ရပါတယ်။ ခုခေတ်မိန်းကလေးတွေ ဘောင်းဘီတိုဝတ်တာများ ဘာဆန်း တာလိုက်လို့ ပြောစရာရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီနေရာမှာတော့ တကယ်ဆန်းတာပါလို့ ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဝတ်ထားတဲ့ ဘောင်းဘီတိုလေးတွေက ကိုယ်တို့ဆီက ယောက်ျားလေးတွေဝတ်တဲ့ အတွင်းခံဘောင်းဘီထက် လက်နှစ် လုံးလောက်ပဲ ပိုရှည်လို့ဖြစ်ပါတယ်။

အဲဒီခရီးစဉ်က ပြန်လာပြီး နောက်နှစ်နှစ်လောက်အကြာမှာ ဂျပန်ကိုတစ်ခါ ရောက်သွားပြန်ပါတယ်။ ဂျပန်မလေးတွေကို ဘောင်းဘီတိုလေးတွေနဲ့များ တွေ့ရမလားဆိုတဲ့ စူးစမ်းစိတ်နဲ့ ကြည့်မိပါတယ်။ အဲဒီမှာတွေ့ရတဲ့ ဂျပန်မလေးတွေကတော့ အင်ဒိုက မိန်းကလေးတွေဝတ်တဲ့ တိုနန့်နန့် ဘောင်းဘီတိုမျိုးကို ၀တ်တဲ့မိန်းကလေးဆိုလို့ တစ်ရာမှာ တစ်ယောက်တောင် မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် အံ့သြရတာကတော့ အံ့သြရတာပါပဲ။ ဘာကြောင့်လဲဆိုတော့ coffee shop တွေမှာထိုင်နေကြတဲ့ အသက် ၁၇ နှစ် ၁၈ နှစ်အရွယ် ဂျပန်မလေးတွေဟာ စီးကရက်တွေကို ကြောက်ခမန်းလိလိ သောက်နေကြလို့ပါပဲ။ မိန်းကလေး သုံးလေးယောက်လောက် စုထိုင်နေတဲ့ စားပွဲအလယ်က ဆေးလိပ်ခွက်ထဲမှာ စီးကရက်တိုမရှိဘူးဆိုရင် အနည်းဆုံး သုံးဆယ်လေးဆယ်လောက်တော့ အသာလေးရှိနေတာကို တွေ့ရပါတယ်။ ဆေးလိပ်တိုတွေ ဆေးလိပ်ခွက်ပေါ်ကနေ လျံကျနေပုံကလည်း အကျည်းတန်လွန်းလှပါတယ်။
ဒါနဲ့ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုပြီး ကိုယ့်ဂျပန်မိတ်ဆွေကို မေးကြည့်တော့ ဒါဟာဝိတ်ကျမယ်ထင်လို့ သောက်ကြတာလည်း ပါတယ်၊ ဒါပေမယ့် အဓိကကတော့ ဒါဟာဖက်ရှင်တစ်ခုဖြစ်နေလို့ သောက်ကြ တာပါပဲလို့ ဆိုပါတယ်။ ဖက်ရှင်ဆိုတော့ လိုက်မသောက်ရင် ကိုယ်လည်းပဲ ခေတ်မမီဘဲ တောကျတဲ့ပုံစံမျိုးကြီး ဖြစ်နေမှာစိုးလို့ လိုက်သောက်တဲ့ သဘောပါပဲ။ ဖြူဖြူဖွေးဖွေး ဂျပန်မလေးတွေရဲ့ နှုတ်ခမ်းလေးတွေဟာ ဆေးလိပ်ချိုးစွဲပြီး အညိုရောင်တောင် သန်းနေကြပါပြီ။ 
နောက် ၁၂ နှစ်အကြာမှာတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ရိယာဒ်မြို့ကို တစ်ခါရောက်သွားပါတယ်။ အဲဒီနိုင်ငံမှာရှိတဲ့ ဟိုတယ်တွေမှာ အလုပ်လုပ်ကြတဲ့ ယောက်ျားလေးတွေထဲက ၁၀ ယောက်မှာ ၉ ယောက်လောက်က ဖိလစ်ပိုင်လူမျိုး တွေ ဖြစ်နေကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်အခန်းထဲ တာဝန်နဲ့ရောက်လာတဲ့ အဲဒီဟိုတယ်ဝန်ထမ်းလေးတွေဟာ ကိုယ်နဲ့စကားလက်ဆုံကျသွားလေ့ရှိပါတယ်။ သူတို့က ကိုယ်နဲ့ စကားပြောတဲ့အခါ သူတို့နိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ မိဘဆွေ မျိုးတွေအကြောင်း သိပ်ပြောပြချင်လေ့ရှိပြီး ကိုယ်ကလည်း အမြဲစိတ်ဝင်တစား နားထောင်ပေးတာကိုး။ ဒါ့ကြောင့် သူတို့လေးတွေဟာ ကိုယ်နဲ့ စကားပြောရတာကို အရမ်းသဘောကျကြပါတယ်။ တစ်ခါလာရင် အနည်းဆုံး ၅ မိနစ်လောက်တော့ စကားပြောဖြစ်လေ့ရှိတာပါပဲ။
တစ်ညမှာတော့ အဲဒီလိုစကားပြောနေတုန်း ဆူဆူညံညံအသံတွေကို အခန်းအပြင်ဘက်က ကြားလိုက်ရပါတယ်။ အခန်းတံခါးဖွင့်ပြီး အပြင်ထွက်ကြည့်လိုက်တော့ စကားပြောရင်း အော်ဟစ်ရယ်မောနေကြတဲ့ အသက် ၂၀ ကျော် အစိတ်အရွယ် မိန်းကလေးအယောက် ၂၀လောက်ကို တွေ့လိုက်ရပါတယ်။ အားလုံး ဂါဝန်တွေတကားကားနဲ့ပါ။ သူတို့ တည်းရမယ့်အခန်းထဲကို ၀င်ကာနီးမှာ တစ်ခန်းနဲ့ တစ်ခန်းလှမ်းအော် နောက်ပြောင်နေကြတာ ဖြစ်ပါတယ်။ ဒါနဲ့ခုနက ကိုယ့်မိတ်ဆွေဖိလစ်ပိုင် လူငယ်လေးကို 'ဟ.. ဘယ်သူတွေလဲဟ. ဘာတွေဖြစ်နေကြတာလဲ'လို့ မေးမိပါတယ်။ အဲဒီအခါကျမှ သူက 'ကျွန်တော်တို့နိုင်ငံက နာ့စ်မတွေလေ၊ ဆော်ဒီမှာ တာဝန် ထမ်းဆောင်တာ ၂နှစ်ပြည့်လို့ မနက်ဖြန် ဖိလစ်ပိုင်ပြန်ကြရတော့မှာမို့ ပျော်နေကြ တာ၊ အဲဒါမနက် လေယာဉ်ပေါ်တက်တာနဲ ၀တ်ရုံနက်တွေ မခြုံရတော့ဘူး၊ လွတ်ပြီကျွတ်ပြီဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ၀မ်းသာအားရ အော်ပြောနေကြတာ'လို့ ပြန်ပြောပါတယ်။ 
သူပြောတာမှန်ပါတယ်။ ဆော်ဒီမှာတော့ အင်္ဂလိပ်မရော အမေရိကန်မရော ဖိလစ်ပိုင်သူပါမကျန် ဘယ်နိုင်ငံသူဖြစ်ဖြစ် လမ်းပေါ်မှာ ၀တ်ရုံနက်ကို ခြေဆုံးခေါင်းဆုံးမရုံလို့ကတော့ တစ်ခါတည်း ဖမ်းချုပ်တာခံရမှာပါပဲ။ ဒီလောက်ပူအိုက်တဲ့ နိုင်ငံထဲမှာ ဒီဝတ်ရုံနက်ကြီး ရုံထားရတာ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ဆင်ခြေပေးနေလို့ မရပါဘူး။ နိုင်ငံခြားသူဆိုရင်တော့ မရုံနိုင်ရင်အစကတည်းက မလာနဲ့ပါပဲ။
ပြောချင်တာကတော့ မိန်းကလေးတွေ အရွယ်တူပြီး ဘာကြောင့် ဒီလိုဓလေ့စရိုက်တွေ ကျင့်ကြံမှုတွေ ကွဲပြားခြားနားနေရတာလဲဆိုတာကို ပါပဲ။ ဒီအကြောင်းတွေပြောရင်း ကိုယ့်မိတ်ဆွတစ်ယောက် သူ့ငယ်စဉ်ဘ၀က သူကျင်လည်ခဲ့ဖူးတဲ့ ဘ၀ နဲ့ အခုလက်ရှိဘ၀မှာ သူကြုံတွေ့နေရတဲ့ စိတ်မချမ်းမြေ့စရာတွေအကြောင်း ကိုယ့်ကိုပြောပြခဲ့တာတွေကို သတိရသွားမိပါတယ်။
အသက် ၁၆ နှစ် ၁၇ နှစ် အရွယ်ငယ်ရွယ်စဉ်ဘ၀က ကိုယ့်မိတ်ဆွေဟာ သူ့ရဲ့မွေးရပ်မြို့လေးမှာ အဲဒီတုန်းကအခေါ်နဲ့ ပြောရရင် လမ်းသူရဲဖြစ်ပါတယ်။ ကိုယ့်မိတ်ဆွေနဲ့ သူ့သူငယ်ချင်း လမ်းသူရဲတစ်စုလူ ၂၀ လောက်ဟာ အားလုံးစက်ဘီး ကိုယ်စီ ရှိကြပါတယ်။ သူတို့ဟာ ဘာရယ်မဟုတ်ဘူး ညဘက် တစ်မြို့လုံး စက်ဘီးတွေနဲ့ လျှောက်ပတ်နေလေ့ရှိကြပါတယ်။ စားသောက်ဆိုင်တွေမှာ ရန်ကုန်တို့ မန္တလေးတို့ကလာတဲ့ လူစိမ်းတွေ ကိုတွေ့လို့ သူတို့မျက်စိထဲမှာ ထောင့်မကျိုးဘူးထင်ရင် အသားလွတ်သွားပြီး ရန်စကြရန်ဖြစ်ကြလို့ အချုပ်ခန်းထဲလည်း မကြာခဏ ရောက်ကြပါတယ်။ ညည ဘိလိယက်ခုံနဲ့ တွေ့ကရာကင်းတဲတွေမှာ အိပ်ကြပါတယ်။
ကိုယ့်မိတ်ဆွေ ကိုယ့်ကိုပြောချင်တာက လူငယ်တွေဟာ သူတို့ ဘ၀ကို သူတို့ ဂရုစိုက်ချင်ကြတာထက် ပတ်ဝန်းကျင်က သူတို့ကို ဘယ်လိုသဘောထားတယ် ဘယ်လိုဂရုပြုတယ်ဆိုတဲ့အပေါ်မှာ ပိုအရသာခံချင်ကြတယ် ဆိုတာကို ပြောချင်တာပါပဲ။ ကိုယ့်မိတ်ဆွေဟာ သူငယ်စဉ်တုန်းက'ဒီကောင်က လမ်းသူရဲ'လို့ သူများပြောတာကိုပဲ စိတ်ထဲမှာကျိတ်ပြီး အဟုတ်ထင်ကျေနပ်နေခဲ့မိတာကို အခုမှ သေသေချာချာ ပြန်စဉ်းစားကြည့်မိတယ်လို့ ကိုယ့်ကိုပြောပြပါတယ်။ ပြဿနာက အမှားအမှန်ကို ခွဲခြားပြီး သူနားလည်အောင်ပြောပြပေးမယ့်သူ သူ့အနားမှာ ရှိမနေခဲ့ခြင်းပါပဲ။ သူများ night club တက်လို့ အဟုတ်ကြီးထင်ပြီး ဂုဏ်ယူချင်စိတ်ကြောင့် ကိုယ်လိုက် တက်တာ၊ သူများဘောင်းဘီတိုဝတ်လို့ ကိုယ့်ပေါင်အသားအရောင်နဲ့ လိုက်မှန်းမသိ မလိုက်မှန်းမသိ ကိုယ်လိုက်ဝတ်တာ၊ သူများစီးကရက်သောက်လို့ ကိုယ့်တစ်ကိုယ်လုံး အနံအစော်ခံ နှုတ်ခမ်းတွေ အပြာခံပြီး တစ်ရက်ကို စီးကရက် အလိပ် ၅၀ လောက် မကုန်ကုန်အောင် လိုက်သောက်တာတွေဟာ ပတ်ဝန်းကျင်က ကိုယ့်အပေါ် မြင်တဲ့အမြင်တွေအပေါ်မှာ လိုက်အရသာခံချင်လို့ လုပ်ကြတာဖြစ်တယ်လို့ ကိုယ့်မိတ်ဆွေက ဆိုပါတယ်။
ဆော်ဒီလိုနိုင်ငံမျိုးမှာ လူငယ်တွေ ဒီလိုမလုပ်အောင်ဥပဒေနဲ့ တားချင်ရင်တားလို့ ရနိုင်လောက်ပေမယ့် ကျန်တဲ့နိုင်ငံတွေမှာတော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ ချမ်းသာတဲ့ နိုင်ငံပဲဖြစ်ဖြစ် ဆင်းရဲတဲ့နိုင်ငံပဲ ဖြစ်ဖြစ် တာဝန်ရှိတဲ့ လူတွေရော ပြည်သူတွေကပါ ဒီလိုမျိုးကိစ္စတွေကို လျစ်လျူရှုပြီး မေ့နေကြမယ်ဆိုရင် ကလေးတွေဟာ အထိန်းမရှိတဲ့ ချည်ခင်လို လမ်းလွဲကို ရောက်သွားကြမှာပါပဲ။ 
ကိုယ့်မိတ်ဆွေဆက်ပြောတာက အခုကိုယ်တို့နိုင်ငံက တချို့စာသင်ကျောင်းတွေနားမှာသာမက ကိုယ့်ကျောင်းရှေ့က ၀န်ထမ်းသက်သာ အခန်းတွေမှာတောင် ဘီယာဆိုင်တွေ ဖွင့်ထားတာကိုတွေ့နေရတဲ့ အကြောင်းပါပဲ။ ကျောင်းဆင်းတဲ့ အခါတိုင်း ဆယ်ကျော်သက်အရွယ် ကျောင်းသားလေးတွေဟာဆိုင်ထဲမှာ ဘီယာသောက်နေတဲ့လူတွေကို  မမြင်ချင်မှအဆုံး နေ့စဉ်နဲ့အမျှ တွေ့နေရတယ်တဲ့။ ကိုယ့်မိတ်ဆွေပြောတာတွေ အများကြီးထဲက ဒီတစ်ခုတည်းပဲ ပြောပြချင်ပါတယ်။ တစ်ည လုံး တဒိန့်ဒိန့်ကိစ္စအကြောင်းတွေကိုတော့ ပြောမနေချင်တော့ပါဘူး။
လောကမှာ လူဟာ 'ဂေါဏေန ဂေါဏော သမဏေန သမဏော' ပါပဲ။ အထူးသဖြင့် လူ့ဝန်းကျင်ထဲ စ၀င်ကာစကလေးတွေရဲ့ ဘ၀မှာ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသလို ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကလေးတွေရဲ့ စိတ်စရိုက်တွေလိုက် ပြောင်းလဲသွားလေ့ ရှိကြတာပါပဲ။ ဒါကြောင့်မို့ လူကြီးတွေဟာ သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်ကို ဂရုမပြုဘဲ လျစ်လျူရှုထားလို့ မဖြစ်တော့ပါဘူး။
ဒါ့ကြောင့် 'နိုင်ငံတစ်နိုင်ငံရဲ့ ပြုမူကျင့်ကြံပုံတွေဟာ ကလေးတွေရဲ့ အကျင့်စာရိတ္တကို ပျက်စီးယိုယွင်းစေတယ်ဆိုရင် အဓိကနစ်နာသူဟာ အဲဒီနိုင်ငံပဲဖြစ်လိမ့်မယ်'လို့ အမေရိကန် စာရေးဆရာမကြီး 'ပါးလ်အက်စ်ဘတ်'(Pearl S Buck)ပြောခဲ့တာလေး ကိုပဲ သတိရနေမိပါတော့တယ်။

သတင်းမီဒီယာများအပေါ် ထုတ်ဝေခွင့် ပိတ်ပင်ခြင်း၊ ချုပ်ချယ်မှုများပြုလုပ်ခြင်းများနှင့် ပတ်သတ်၍ သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)က ထုတ်ပြန်ကြေညာချက် (၇) ချက် ထုတ်ပြန်

သတင်းမီဒီယာများအပေါ် ထုတ်ဝေခွင့် ပိတ်ပင်ခြင်း၊ ချုပ်ချယ်မှုများပြုလုပ်ခြင်းများနှင့် ပတ်သတ်၍ သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)က ထုတ်ပြန်ကြေညာချက် (၇) ချက် ထုတ်ပြန် 

Thursday, 02 August 2012 01:21
သတင်းမီဒီယာများအပေါ် ထုတ်ဝေခွင့် ပိတ်ပင်ခြင်း၊ ချုပ်ချယ်ခြင်းများ ပြုလုပ်ခြင်းများနှင့်ပတ်သက်၍ သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)က ထုတ်ပြန်ကြေညာချက် ၇ ချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိပါသည်။
သြဂုတ်လ ၁ ရက်နေ့ နေ့လည် ၃ နာရီအချိန်က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြည်တွင်းဂျာနယ်နှစ်စောင် ထုတ်ဝေခွင့် ယာယီရပ်နားခံရခြင်း ကိစ္စနှင့်ပတ်သက်၍ သတင်းမီဒီယာသမားများ၏ အရေးပေါ်အစည်း အဝေး ခေါ်ယူခဲ့ပြီး အဆိုပါသတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကို အဖွဲ့ဝင် ၂၃ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီအောက်တွင် ကော်မတီခွဲ သုံးခုထားရှိကာ လုပ်ငန်းဖြစ်မြောက်ရေးကော်မတီတွင် ကိုသာလွန်ဇောင်းထက်(ဗီးနပ်ဂျာနယ် တာဝန်ခံအယ်ဒီတာ)၊ကိုသူရအောင် (Messenger ဂျာနယ် တာဝန်ခံအယ်ဒီတာ)၊ ကိုဝေဖြိုး (Weekly Eleven ဂျာနယ် အယ်ဒီတာချုပ်)၊ကိုနိုင်မင်းဝေ(The Voice Weekly ဂျာနယ် သတင်းထောက်ချုပ်)၊ မနန်းလွင်၊ မညိုမီသင်း ၊ဦးကျော်မြင့်တို့ဖြင့် လည်းကောင်း သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ) ပြန်ကြားရေးကော်မတီတွင် ကိုသက်ဇင်၊ ကိုဇော်သက်ထွေး(မြန်မာစာနယ်ဇင်းသမဂ္ဂ) ၊ ကိုကျော်ဆန်းမင်းတို့ဖြင့် လည်းကောင်း ဆန္ဒထုတ်ဖော်ရေးနှင့် စည်းရုံးရေးကော်မတီတွင် ကျန် ကော်မတီဝင်အားလုံးဖြင့်လည်းကောင်း အသီးသီး ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။
ယင်းသတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ထုတ်ပြန်ချက်၇ချက်မှာ -  
(၁) ပိတ်ပင်ခံထားရသော The Voice Weekly ဂျာနယ်နှင့် Envoy ဂျာနယ်၊ လျှပ်တစ်ပြက် တို့ကို ချက်ချင်း ထုတ်ဝေခွင့်ပေးရန်
မှတ်ချက်။  ။ လျှပ်တစ်ပြက် ဂျာနယ်ကို သြဂုတ်လ ၉ ရက်နေ့မှ စတင်ပြီး ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ကြောင်း စာပေစိစစ်ရေးမှ  သြဂုတ်လ ၁ ရက်နေ့ညနေပိုင်းက အကြောင်းကြားခဲ့သည်ဟု သိရသည်။)
(၂) ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့် နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆို အရေးယူ ဖယ်ရှားပေးရန်
(၃) ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့် မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်း ဖျက်သိမ်းပေးရန်
(၄) သတင်းမီဒီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်း မပြုရန်
(၅) ကျင့်ဝတ်နှင့်အညီ ရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုများကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်
(၆) မီဒီယာသမားများ သဘောဆန္ဒမပါဝင်ဘဲ ရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆို လက်မခံပါ။
(၇) လက်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့် ဆုံးရှုံးမှုများအတွက် မီဒီယာများအား နိုင်ငံတော်၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က အမြန်ဆုံး တွေ့ဆုံဖြေရှင်းပေးရန် ဟူသည့်အချက်များဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ ဆွေးနွေးချက်အရ ပြည်သူ့လွှတ်တော်တွင် အတည်ပြုမည့် ၂၀၁၂ခုနှစ်၊ တက္ကသိုလ် ပညာရေးဥပဒေကြမ်းကို ရပ်ဆိုင်းကာ အသစ်ပြန်လည်ပြင်ဆင် ရေးဆွဲသွားမည်

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ ဆွေးနွေးချက်အရ ပြည်သူ့လွှတ်တော်တွင် အတည်ပြုမည့် ၂၀၁၂ခုနှစ်၊ တက္ကသိုလ် ပညာရေးဥပဒေကြမ်းကို ရပ်ဆိုင်းကာ အသစ်ပြန်လည်ပြင်ဆင် ရေးဆွဲသွားမည်
Thursday, 02 August 2012 10:41
5188
ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနေစဉ်
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် သူရဦးအောင်ကို၊ ဒေါ်တင်နွယ်ဦးတို့၏ ဆွေးနွေးချက်အရ ပြည်သူ့လွှတ်တော်တွင် အတည်ပြုမည့် ၂၀၁၂ခုနှစ်၊ တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ရပ်ဆိုင်းကာ အသစ်ပြန်လည် ပြင်ဆင် ရေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဇူလိုင်လ ၃၁ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
၂၀၁၂ခုနှစ်၊ တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှု ကော်မတီ မှ ရေးဆွဲ တင်သွင်းထားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြား ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များမှတင်သွင်းထားသည့် ပြင်ဆင်ချက်အဆို ၆၆ခုကို ဆွေးနွေးကာ အတည်ပြုပြဌာန်းနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
၎င်းဥပဒေကြမ်းကို စတင် မဆွေးနွေးမှီ ဒေါ်တင်နွယ်ဦးက “တင်သွင်းလာတဲ့ ပညာရေးဥပဒေကြမ်း မှာ တက္ကသိုလ်များ ကြီးကြပ်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သည့် တက္ကသိုလ်များ ဗဟိုကောင်စီ၊ တက္ကသိုလ်များစီမံခန့်ခွဲရေးအတွက် ပညာရေးဝန်ကြီးဌာနက တိုက်ရိုက်စီမံခန့်ခွဲခြင်း၊ တက္ကသိုလ်ပညာရေးအဖွဲ့များ ကောင်စီ၏ ဥက္ကဌမှာ ပညာရေးဝန်ကြီးဌာန ၀န်ကြီးဖြစ်ခြင်း၊ တက္ကသိုလ်များ၏ ဘဏ္ဍာရေးအရအသုံးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရဌာန များနည်းတူ ကျခံသုံးစွဲရခြင်းတို့ပါ ရှိပေရာ တက္ကသိုလ်ဆိုသည်မှာ လွတ်လပ်စွာ ပညာရှာမှီးဆည်းပူးရာ ဌာနများမဟုတ်တော့ဘဲ အစိုးရ၏ ဗျူရိုကရေစီယန္တရားတွင် အပါအ၀င် ဌာနတစ်ခုဖြစ်နေပါတယ်။ ထို့ကြောင့် ယနေ့တင်သွင်းလာသည့် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းအား လွှတ်တော်မှ လက်မခံပယ်ချသင့်ပါကြောင်းနှင့် လက်ရှိအပြောင်းအလဲ နှင့် လိုက်လျောညီထွေဖြစ်မည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ တည်ဆောက်ရေးအတွက် လိုအပ်သည့် တက္ကသိုလ်ဥပဒေသစ်များ ပြဌာန်းပေးပါရန်နှင့် တင်သွင်းလာသည့် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ပါကြောင်း တင်ပြအပ်ပါတယ်” ဟုပြောကြားခဲ့သည်။
ထို့နောက် သူရဦးအောင်ကို က “ယခုတင်သွင်းလာသော တက္ကသိုလ် ပညာရေးဥပဒေကြမ်းသည် ၁၉၇၃ ခုနှစ်ကာလ ဆိုရှယ်လစ်စနစ်ကို အထောက်အကူပြုသည့် ဥပဒေကို မွမ်းမံပြင်ဆင်ထားသော ဥပဒေကြမ်းဖြစ်ကြောင်း လေ့လာ သိရှိနိုင်ပါတယ်။ တက္ကသိုလ်များ၏  အုပ်ချုပ်ရေး၊ သင်ကြားရေး၊ ဘဏ္ဍာရေး၊ စည်းကမ်း ထိန်းသိမ်းရေးစသည့် အရေးကိစ္စအားလုံးကို ၀န်ကြီးဌာနက ထိန်းချုပ်ထားသောကြောင့် ဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီတက္ကသိုလ်ဖြစ်ရန် အတွက် လိုအပ်ချက်မှာ လွတ်လပ်သော တက္ကသိုလ်ကောင်စီ ဖွဲ့စည်းလျက် လွတ်လပ်စွာစီမံ အုပ်ချုပ်ခွင့်ပြုရန်၊ လွတ်လပ်သော သင်ကြားရေး မဟာဌာနကြီးများဖွဲ့စည်း လျက် သင်ရိုးဇယားများကို ခေတ် နှင့်အညီ အစဉ်ပြုပြင်ရေးဆွဲပြဌာန်းရန်၊ အခြားနည်းလမ်းဖြင့် လွတ်လပ်စွာ ရန်ပုံငွေရှာဖွေခွင့် သုံးစွဲခွင့်ပြုရန်၊ နိုင်ငံခြားသားပညာရှင်များ၊ သင်ကြားရေးဆရာများ ဌားရမ်းခွင့်ပြုရန်၊ အဆောင်ပါဝင်သော တက္ကသိုလ်များ တည်ထောင်ခွင့်ပြုရန်၊ သီခြားရပ်တည်နိုင်သော တက္ကသိုလ်ဖြစ်ရန် လိုအပ်ချက်များ ပံပိုးပေးရန်တို့ဖြစ်ပါတယ်။ ယခုကာလမျိုးတွင် တင်သွင်းလာသော တက္ကသိုလ်ပညာရေးဥပဒေ ကြမ်းသည်  ခေတ်စနစ်တို့နှင့်အံဝင် လျော်ညီခြင်းမရှိပါကြောင်း တင်ပြအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာတွင် “ကျွန်မ ဒီတက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို အင်မတန်မှစိတ်ဝင်စားခဲ့တာကြောင့်မို့လို့ လွှတ်တော်ကိုစပြီး တက်ကတည်းက ကျွန်မဥက္ကဌကြီးကို ပြည်သူ့လွှတ်တော်ဥပဒေ ၁၀(ခ)အရရော ပြည်သူ့လွှတ်တော်နည်းဥပဒေ ၁၅၈ (င)အရရော တင်သွင်းခဲ့ပါတယ်။ ၁၅၈(င)ကတော့ ဥပဒေကြမ်းတစ်ခုကို မည်သည့်အဆင့်မှာရောက်ရှိ စေကာမူ ဥက္ကဌကြီးရဲ့ သဘောတူညီ ချက်နဲ့ ဥပဒေကြမ်းကို ဆွေးနွေးခြင်း ကို ရွှေ့ဆိုင်းပေးရန် အဆိုတင်သွင်း ဖို့ ကျွန်မလျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက လွှတ်တော်ရုံးကနေ ဒီဥပဒေတင်သွင်းခဲ့ တာလည်း ကြာပြီဖြစ်တာကြောင့် ကျွန်မအနေနဲ့ဆွေးနွေးခြင်တာတွေ ရှိရင် ပြင်ဆင်ချက်ဇယားအရပဲ ထည့်သွင်းပြီးပြောပါဆိုပြီး အကြောင်း ကြားခဲ့ပါတယ်။ အဲဒါ ကြောင့်မို့လို့ ဒီပြင်ဆင်ချက်ဇယား ထဲမှာပဲ တတ်နိုင်သလောက် ကျွန်မပြင်ဆင်ချင်တဲ့ အပိုင်းတွေကို ပြင်ဆင်ပြီးတော့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ မလုံလောက်ပါဘူး။ ဒါနဲ့ပတ်သက်လို့ ကျွန်မတို့ အနေနဲ့ အများကြီးပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင်ပါတယ်။  ဒါပေမယ့် ပြည်သူ့လွှတ်တော်ရုံးကနေ ဒါဟာဆွေးနွေးဖို့နောက်ကျ သွားပြီလို့ ပြောတာကြောင့် ဆွေးနွေးပိုင်ခွင့်မရခဲ့ပါဘူး။ ဒီလိုပဲ ဇယား အရ တင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ရှေ့က လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ပြောသွားတဲ့အတိုင်းပဲ ဒီဥပဒေတစ်ခုလုံးကို ပြန်လည်ပြီး သုံးသပ် ဆွေးနွေးသင့်တယ်လို့ ကျွန်မအနေ နဲ့ ယုံကြည်ပါတယ်။ အဲဒါကြောင့် လွှတ်တော် ဥက္ကဌကြီးနဲ့တစ်ကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးဟာ ပြည်သူ့လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေအရ ဖြစ်နိုင်မယ်ဆို ရင် ဒီဥပဒေကြမ်း တစ်ခုလုံးကို ပြန်လည် ဆွေးနွေးပြီး ဒီနိုင်ငံ၊ ဒီကာလ၊ ဒီကမ္ဘာကြီးနဲ့ ပိုပြီးသင့်တော်မယ့် ဥပဒေကြမ်းတစ်ခု ဖြစ်ပေါ်လာရေး အတွက် လုပ်ဆောင်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟုပြောကြားခဲ့သည်။
ထို့နောက် ပညာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေးက private school များ ၂၀၁၂ခုနှစ်အတွင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ ပြည်တွင်း တက္ကသိုလ်အချို့နှင့် ပြည်ပတက္ကသိုလ်များ ချိတ်ဆက်ဆောင်ရွက်သွားရန်ရှိကြောင်း၊ အဆိုရှင် နှစ်ဦးတင်ပြသည့် autonomous  university များ၊ national university များဖြစ်ရန် အလှမ်းမဝေးတော့ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။
ထိုအခါ ဒေါ်အောင်ဆန်းစုကြည်က “သက်ဆိုင်ရာဝန်ကြီးဌာနက ရှင်းပြသွားတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်ခုနက ကိုယ်စားလှယ် ၂ ဦးပြောသွားတဲ့ အချက်နဲ့ ကျွန်မ ပြင်ထားတဲ့အချက်တွေက အခု မြန်မာနိုင်ငံက တက္ကသိုလ်တွေဟာ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ဆက်သွယ်ရေးကို အဓိကထားပြီးပြောတာ မဟုတ်ပါဘူး။ တက္ကသိုလ်များနဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ပြောတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တက္ကသိုလ်အသီးသီးရဲ့ လွှတ်လပ်ပိုင်ခွင့်ရှိဖို့အတွက် ပညာရေးဝန်ကြီး ဌာနရဲ့ သြဇာအာဏာလျော့ချရေးကို အဓိကထားပြီး ပြောတာလို့ ကျွန်မ နားလည်ပါတယ်။လွှတ်တော်ကိုယ် စားလှယ် ၂ယောက်လည်း ဒီအတိုင်း ပဲ ဖြေသွားတာပါ။ကျွန်မရဲ့ ရည်ရွယ်ချက်ကလည်း ဒီလိုပဲဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုပဲ နိုင်ငံခြား တက္ကသိုလ်တွေနဲ့ ဆက်သွယ်နေ၊ ဆက်သွယ်နေ ဒီဆက်သွယ်မှုကို ပညာရေးဝန်ကြီးဌာနကနေ အုပ်စည်း ထားမယ်ဆိုရင် ခေတ်နဲ့လျှော်ညီတဲ့ လွှတ်လပ်တဲ့ တက္ကသိုလ်တွေ မပေါ်လာနိုင်ဘူးလို့ ကျွန်မထင်တဲ့ အကြောင်း လေးစားစွာပြောကြား လိုပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဌ၏ ခွင့်ပြုချက်အရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်မှ ပြည်သူ့လွှတ်တော် ဥပဒေ ၁၅၈ပုဒ်မခွဲ (ဃ)တွင်ပါဝင်သည့် အတိုင်း ဥပဒေကြမ်းဆွေးနွေးခြင်း ကို ရွေ့ဆိုင်းပေးရန် အဆိုတင်သွင်းခဲ့ရာ အဆိုကို ကန့်ကွက်မည့်သူမရှိသည့်အတွက် အဆိုအတည်ဖြစ် ကြောင်း ကြေညာခဲ့သည်။
ထို့နောက် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ဥပဒေကြမ်း ကော်မတီ၊ ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ စိတ်ဝင်စားကြသော လွှတ်တော် ကိုယ်စားလှယ်များ ညှိုနှိုင်းရေးဆွဲကာ လွှတ်တော်ဆန္ဒရယူကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောကြားခဲ့သည်။

Comments 

0 #4 tntun 2012-08-02 12:01
ပညာ...ပညာ...ပညာ...
 
0 #3 David1970 2012-08-02 11:51
Very good discussions in Lwittaw,
Thanks A may Su,
Thanks Thura U Aye Myint and Daw Tin Nwe Oo,
U Thein Nyint, thank you and please continue your supporting democracy with your valuable knowledge of law.
And thank to U Shwe Mann.
Even though A May Su sit in parliament as a normal member, it is good chance for Lwittaw to get free advice from such a wise lady.
How much important for Education?
Singapore is the good example.
Singapore own air only, no jade,no oil,no timber and nothing.
But their leader Mr Lee support the education and now they own best university in Asia.
But unfortunately, ditactor Ne Win destroy our educations.
This is the time to save and build again.
 
+1 #2 minu.min 2012-08-02 11:38
ဆရာမြို့မငြိမ်း ရဲ့ “လူချွန်လူကောင်း“ သီချင်းလေး ဆိုမိတယ်....။ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်.....“ ...... “ခေတ်ရော ရှေးမီ သမားတော်များပင်...“ .... “သစ်ပင်တွေ... မြေတွင်းဓာတ်တွေ.... ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်....“ .......။ အန်တီစုပြောတာ.... ဘာတဲ့...“ဒီနိုင်ငံ.. ဒီကာလ... ဒီကမ္ဘာကြီးနဲ့သင့်တော်တဲ့ ဥပဒေကြမ်း“ တဲ့... “လွတ်လပ်တဲ့ တက္ကသိုလ်“တဲ့....။ အမတ်မင်း... ၀န်မင်းအပေါင်းတို့...... မြန်မာလိုပြောသွားတာ... နားလည်ကြရဲ့လား.....။
 
+12 #1 Public Servant 2012-08-02 11:07
သိပ်ကောင်းတဲ့ဆွေးနွေးချက်ဖြစ်ပါတယ်။ လမ်းခင်းပေးဘို့အစီအစဉ်ရှိမရှိမေးခွန်းပေါင်း ၁၀၀ ထက်တန်ဘိုးရှိလှပါတယ်။ တစ်ခြား University တွေနဲ့ affiliate လုပ်တာအဓိကမဟုတ်ဘူး။ private university တွေ လွတ်လွတ်လပ်လပ် ထူထောင်ဘို့ခွင့်ပေးဘိုရရာ ပဓာန ကျလှပါတယ်။
တိုင်းပြည်ရဲ့ပညာရေးဟာ အဲဒီနိုင်ငံတိုးတက်ရေးရဲ့ ရှေ့ပြေးနိမိတ်ပါပဲ။ ဆွေးနွေးချက် outcomes များကနေ major changes ဖြစ်နိုင်ပါစေ။ ပညာရေးမှာ competitive market ဖော်ဆောင်နိုင်ရင် ပညာသင်စရိတ်စခ တွလဲ အခုလောက်ကြီးနေမှာ မဟုတ်တော့ပါဘူး။ ကျုပ်တို့ရဲ့ generation တွေလဲ ကြက်တူရွေးနှုတ်တိုက် သင်အံရွတ် ဘ၀က ကင်းလွတ်ပြီး တွေးခေါ်မြော်မြင်ညာဏ်ဖြင့်သင်ကြားနိုင်ကြသော ဘ၀ရရှိနိုင်ကြပါစေ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။