Saturday, July 28, 2012

အမျိုးသမီးများကို ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ခွင့်ရှိလာ

အမျိုးသမီးများကို ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ခွင့်ရှိလာ

သတ်မှတ်သော အရည်အချင်း ရှိပါက၊ ပြည်သူကလည်း ရွေးချယ် တင်မြှောက် မည်ဆိုလျှင် အမျိုးသမီး များကိုလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်နိုင်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က လွှတ်တော်ထဲ၌ ပြောကြား ခဲ့သည်ဟု ဇူလိုင် ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထုတ်ပြန် ခဲ့ပါသည်။
Daw_Nan_pyhaw_009ဤကိစ္စကိုဇူလိုင်၂၆ ရက်နေ့က ပြုလုပ်ကျင်းပသွားသည့် ပြည်သူ့လွတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး (၁၅) ရက် မြောက်နေ့၌ ဘားအံ မဲဆန္ဒနယ်မြေမှ ဒေါ်နန်းစေအွာက တင်ပြ ခဲ့ခြင်းဖြစ်ပါသည်။ သူ၏ တင်ပြချက်ကို ဇူလိုင် ၂၇ ရက် နေ့ အစိုးရထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖေါ်ပြထားပါသည်။ 
သတ်မှတ်သော အရည်အချင်းများမှာ ရပ်ကွက် သိုမဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ပြဌာန်း (၂၀၁၂ ခုနှစ် ပြည်ထောင်စု လွတ်တော် ဥပဒေအမှတ် ၁) ၁၃ရ၃ ခုနှစ် တပေါင်းလဆန်း ၃ ရက် (၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ရက်) နေ့က အတည်ပြုထားသော အခန်း(၂) မှ ပုဒ်မ (၅)၏ အရည်အချင်း အတိုင်းဖြစ်ပါသည်။
မြန်မာရှေ့နေများကောင်စီ  (Burma Lawyer’s Council) ဦးမြင့်သိဏ်းကလည်း “ အရင်ကတော့ အမျိုးသမီးတွေကို လုပ်ခွင့်မပြုဘူး လုပ်ခွင့်ပြုတယ်ဆိုတာမျိုးမရှိပေမယ့်  အခုတကြိမ် လွတ်တော်ထဲမှာ  အမျိုးသမီးကို ဖိတ်ခေါ်တာမျိုး ပူးပေါင်းဆောင်ရွက်တာမျိုး လမ်းဖွင့်ပေးတာမျိုး စဉ်းစားပေးလာတဲ့ အချက်ကိုတွေ့ရပါတယ်” ဟုသူကဆိုသည်။
အဆိုပါအရည်အချင်းများမှာ-
(က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ခြင်း၊
(ခ) အသက် ၂၅ နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊
(ဂ) သင့်တင့်သော ပညာအရည်အချင်ရှိသူဖြစ်ခြင်း၊
(ဃ) စားဝတ်နေရေးဖူလုံမှု ရှိသူဖြစ်ခြင်း၊
(င) သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း အနည်းဆုံး ဆယ်နှစ်နေထိုင်လျက် ရှိသူဖြစ်ပြီး လက်ရှိ တာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုတွင် အမှန်တကယ် နေထိုင်မည့်သူဖြစ်ခြင်း၊
ခြွင်းချက် ။ ဒေသခံ အငြိမ်းစား ၀န်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ကာလကိုလျှော့ပေါ့ စဉ်းစားနိုင်သည်။
(စ) ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူဖြစ်ခြင်း၊
(ဆ)  ကျန်းမာရေး ကောင်းမွန်ပြီး ပေးအပ်သည့် တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသူဖြစ်ခြင်း၊
(ဇ) နိုင်ငံတော်နှင့် ရပ်ကွက်ဒေသ၏ အကျိုးကို စေတနာ ထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသူဖြစ်ခြင်း၊
(ဈ) အတူနေ မိသားစုဝင်များသည်လည်း အကျင့် စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများဖြစ်ခြင်း၊
(ည) တာဝန် ထမ်းဆောင်ဆဲ အစိုးရ၀န်ထမ်းမဟုတ်ခြင်း၊
(ဋ) လက်နက်ကိုင် အဖွဲ့စည်းဝင် မဟုတ်ခြင်း၊ မတရား အသင်းအဖွဲ့များ၌ ပါဝင်သူ၊ ဆက်သွယ်သူမဟုတ်ခြင်း။

သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရန် စမ်းသပ်မွေးမြူမည်

သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရန် စမ်းသပ်မွေးမြူမည်


ရန်ကုန် (မဇ္ဈိမ) ။      ။ ပြည်ပ ၀ယ်လိုအားထက် ထုတ်လုပ်မှု ပိုလျှံနေသည့် ငါးမြစ်ချင်းအား ယခုနှစ်မှ စတင်
လျှော့မွေးကာ သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရှိရန် စမ်းသပ် မွေးမြူသွားမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
ငါးမြစ်ချင်းများ ပြည်ပသို့တင်ပို့ရာတွင် ကူဝိတ်နှင့် တရုတ်နိုင်ငံများသို့ တင်ပို့နေရပြီး ကုန်ထုတ်လုပ်မှု စရိတ် ကြီးမြင့်မှုကြောင့် ငါးမွေးမြူသူများ အရှုံးပေါ်ခဲ့သည်မှာ သုံးနှစ်နီးပါး ရှိနေပြီ ဖြစ်ကြောင်း ငါးမွေးမြူရေး
လုပ်ငန်းအဖွဲ့ချုပ်မှအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။
ထို့ကြောင့် ဇွန်လ နှောင်းပိုင်း အတွင်းက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှ ငါးမွေးမြူရေး
လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ တွေ့ဆုံကာ ငါးမြစ်ချင်း
မွေးမြူရေး လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ထွက်ရှိမှု၊ ပြည်တွင်းဈေးကွက်နှင့် ပြည်ပ ၀ယ်လိုအား အခြေအနေအရပ်ရပ်
တို့ကို သုံးသပ်ကြရာ ၀ယ်လိုအားထက် ထုတ်လုပ်မှုက ပိုလျှံနေကြောင်း လုပ်ငန်းရှင်များက တွေ့ရှိခဲ့ကြသည့်အတွက် ငါးမြစ်ချင်းအား လျှော့မွေးရန် ဆုံးဖြတ်ချက်ချခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် သဘာဝတွင် ရှားပါးလာပြီ ဖြစ်သည့် တိုင်းရင်း သဘာဝ ငါးမျိုးများ ပျောက်ပျက်မသွားစေရန် ငါးမွေး
တောင်သူများက တပိုင်တနိုင် အထူးပြု မွေးမြူကာ ဈေးကွက်ထိုးဖောက်နိုင်ရန် လုပ်ဆောင်သင့်သည်ဟု ယင်းတွေ့ဆုံပွဲ၌ ဆုံးဖြတ်ခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်များက ငါးမြစ်ချင်းကို ငါးမွေးမြူသူများက တဧကလျှင် ကောင်ရေ ၁,၅၀၀ မှ ၂,၀၀၀ အထိ
မွေးမြူခဲ့ကြသည့်အတွက် ထုတ်လုပ်မှု ပိုလျှံသွားကာ အရှုံးပေါ်သည့် ပြဿနာနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်ဟု ဦးဝင်းကြိုင် က ပြောသည်။
သို့ဖြစ်၍ ယခု နှစ်က စပြီး ငါးမွေးမြူသူများသည် တဧကလျှင် ကောင်ရေ ၁,၀၀၀ မျှသာ မွေးကြရန် အကြံပြုထားသည်
ဟု ၎င်းက ပြောသည်။
“ငါးမြစ်ချင်းကို လျှော့မွေးမှ အစာဖိုး ကုန်ကျစရိတ်ပါ လျော့ကျလာမှာပါ။ အဲဒီ အကြံပြုချက်ကို မလိုက်နာဘဲ အရင်နှစ်တွေလို မွေးမြူခဲ့ရင်တော့ ထုတ်လုပ်မှု ပိုလျှံနေမြဲဆိုရင် ရှုံးမြဲ ရှုံးနေကြဦးမှာပါ” ဟု ပြောသည်။
ယခုနှစ်မှစ၍ ငါးမြစ်ချင်းကို လျှော့မွေးပြီး သဘာဝတိုင်းရင်း ငါးမျိုးများဖြစ်သော ငါးရံ့၊ ငါးပြေမ၊ ငါးခူ၊ ငါးကြင်း၊ ငါးရှဥ့် စသည်တို့ကို မွေးမြူကာ ဈေးကွက်ထိုးဖောက်နိုင်ဖို့ အာရုံစိုက်လုပ်ကိုင်ကြရန် အကြံပြုထားပြီး ဧရာဝတီတိုင်းတွင် ငါးပြေမကို သားဖောက်နည်းပညာနှင့် စမ်းသပ် မွေးမြူနေပြီ ဖြစ်သကဲ့သို့ တွံတေးတွင်လည်း ငါးရှဥ့်ကို စမ်းသပ်မွေးမြူ
နေပြီ ဖြစ်ကြောင်း ဦးဝင်းကြိုင် က ပြောသည်။
လက်ရှိတွင် ငါးမြစ်ချင်းအား ပြည်ပ တင်ပို့နေသည့် ကုမ္ပဏီအချို့က ငါးမွေးမြူသူများထံ ငါးကုန်ဖိုး ငွေကို အကြွေးစနစ် ကျင့်သုံးသည့်အပြင် ပြည်ပတင်ပို့ရောင်းချသည့် ရောင်းရငွေ ရရှိမှသာ နည်းနည်းချင်းစီ
အကြွေးလာဆပ်သောကြောင့် ခေါက်ပြန်ပေးထက် ပိုဆိုးနေ၍ ကုန်ဖိုးငွေ ရရှိမှုမှာ ကြန့်ကြာမှုများ ကြုံနေရ၍ လက်ငင်း ငွေချေစနစ်ကို သော်လည်းကောင်း၊ ရက်တိုအတွင်း ငွေပေးချေခြင်းကို သော်လည်းကောင်း ငါးမွေးသူများက လိုလားလျက်ရှိကြောင်း ကုမ္ပဏီများထံ ငါးရောင်းသည့် ပွဲစားတဦး က ပြောသည်။
သဘာဝ တိုင်းရင်း ငါးမျိုးများ မွေးမြူထုတ်လုပ်ရာတွင် ပြည်တွင်းဈေးကွက် တခုတည်းသာ ရှိပါက ငါးမွေးမြူရေး လုပ်ကိုင်သူများ ရေရှည်လုပ်ကိုင်ရန် အခက်အခဲရှိလာနိုင်၍ ပြည်ပ ဈေးကွက်ကိုပါ တင်ပို့နိုင်ရန် ဈေးကွက်ရှာဖွေမှု
များ ပြုလုပ်ရန် လိုအပ်ကြောင်း ပို့ကုန်လုပ်ငန်းရှင် အများစုက သုံးသပ်သည်။
“ငါးခူနဲ့ ငါးကျည်းက ဈေးကွက်မှာ ဈေးကောင်းရသလို အစာ ကျွေးတဲ့ နေရာမှာလည်း အဆင်ပြေပေမယ့် ငါးရံ့
ကတော့ အစာစားနှုန်း များတာကြောင့် တွက်ခြေ မကိုက်နိုင်တဲ့အတွက် ဒါကို ချင့်ချိန်ဖို့လိုတယ်။ အဲဒီ ငါးတွေကို
ပြည်တွင်းဈေးကွက်ပဲ သွားမယ် ဆိုရင် ဈေးကွက် ပျက်နိုင်တာကြောင့် ဘယ်လောက် မွေးသင့်တယ်။ ငါးရှားတဲ့အချိန် ဘယ်လို ထုတ်သင့်တယ် ဆိုတာကို တတ်ကျွမ်းတဲ့သူတွေက ကူညီပံ့ပိုးပေးမယ်ဆိုရင် အဆင်ပြေနိုင်မယ် ထင်တယ်” ဟု ရေထွက် ပို့ကုန် လုပ်ငန်းရှင် တဦးဖြစ်သူ ဒေါ်တိုးနန္ဒာတင် က ၎င်း၏အမြင်ကို ပြောဆိုသွားသည်။

အင်တာနက်မှဖြစ်ရပ်မှန် ထူးဆန်သောပုံ

အင်တာနက်မှဖြစ်ရပ်မှန် ထူးဆန်သောပုံ 

http://shwemyanmarmediagroup.blogspot.com/2012/07/blog-post_9214.html
 
ဖြစ်ရပ်မှန်လေးပါ..ဂျပန်နိုင်ငံမှာ ကောင်မလေးတစ်ယောက် ပန်းချီပုံတစ်ပုံဆွဲပါတယ်..။ ပုံကို စကင်နာဖတ်ပြီးတော့ ကာလာချိန်တယ်...။ ဆိုက်...အရွယ်အစားနဲ့ ပုံစံတွေကို သတ်မှတ်ပြီးတော့...။ အင်တာနက်ပေါ်ကို ဗွီဒီယိုအနေနဲ့တင်လိုက်ပါတယ်...။

ပြီးတော့ သူ့ကိုယ်သူသတ်သေသွားတယ်....။ အဲဒီပုံလေးကို ဗွီဒီယိုအဖြစ်နဲ့ လူတိုင်း ယနေ့ထိကြည့်နေကြ ဆဲပါ...။
ပုံမှာထူးခြားချက်ရှိတယ်လို့ပြောကြတယ်...။ ပုံကို ၅ မိနစ်ခန့် စိုက်ကြည့်ပေးပါလို့ပြောတယ်...။
ဘယ်သူ့ကို မှ အာရုံမထားပဲ.. စူးစူးစိုက်စိုက်ကြည့်ပေးပါတဲ့။ တချို့က တစ်ခုခုပြောင်းလဲ သွားတယ်လို့ပြော တယ်...။ တချို့ကတော့ စကားပြောသလိုပဲခံစားရတယ်တဲ့...။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။