Thursday, March 28, 2013

မိတ္ထီလာအရေးကိစ္စအပါအဝင် လတ်တလောဆူပူမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးမှ ပြည်သူလူထုထံသို့ ရှင်းလင်း ပြောကြားခြင်း


မိတ္ထီလာအရေးကိစ္စအပါအဝင် လတ်တလောဆူပူမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးမှ ပြည်သူလူထုထံသို့ ရှင်းလင်း ပြောကြားခြင်း

နေပြည်တော် မတ် ၂၈
မိတ္ထီလာအရေးကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများ ကူးစက်ပြန့်ပွားရန် ကြိုးပမ်းလာတဲ့ အခြေအနေများနဲ့စပ်လျဉ်းပြီး ကျွန်တော့်အနေနဲ့ ပြည်သူလူထု တရပ်လုံးကိုလိုအပ်တဲ့ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့ပါဘူး။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။
ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ဆိုရမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ လွပ်လပ်ခြင်းရဲ့ အရသာကို အားလုံးခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ ပေးထားပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား လိုပါတယ်။
ဒီလိုပဋိပက္ခတွေ၊ အခက်အခဲအကျပ်အတည်းတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ မဖြစ်မနေကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ၊ ပြဿနာတွေထဲက တစ်ခုလို့ ရှုမြင်ရမှာ ဖြစ်ပြီး အားလုံးအတူ ပူးပေါင်းကျော်လွှား ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့ အခါမှာလည်း နိုင်ငံတည်ဆောက်ရေးမှာ နှစ်ပေါင်းခြောက်ဆယ်လုံးလုံး ကျွန်တော်တို့ နိုင်ငံကို နောက်ကျကျန်စေခဲ့တဲ့ မတူတဲ့အင်အားစုတွေအကြား ထိပ်တိုက်ရင်ဆိုင်ပြီး အချင်းချင်း ဖယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ အနိုင်-အရှုံးသတ်မှတ်တဲ့ အလေ့အကျင့်ကို အတိတ်မှာ ချန်ထားခဲ့ပြီး မတူညီတဲ့ အားတွေကို စုစည်းပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင် ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်းဆုံး အဖြေကိုရှာတဲ့ ဒီမိုကရေစီအလေ့အကျင့်ကို ကျင့်သုံးခြင်း ကသာ ပေါ်ပေါက်လာတဲ့ အကျပ်အတည်းတွေ ကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းခြင်း ဖြစ်စဉ်ကို ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထား ပါတယ်။
ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို ဖြေရှင်းတဲ့နေရာမှာ ယခင်ကနဲ့မတူဘဲ အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။ တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင်၊ ကောလာဟလတွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေအဖြစ် ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘောဆောင်သော ဖြစ်ရပ်များအဖြစ် တွေ့မြင်နေရပါတယ်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို လူတစ်စုက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေချိန်တွင် ဘာသာကြီး လေးခုမှ ဘာသာဝင်တိုင်းက တစ်ဦးကိုတစ်ဦး သံသယမ၀င်ပဲ မေတ္တာထားကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင် အပါအ၀င် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်းမှ တိုက်တွန်း




မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို လူတစ်စုက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေချိန်တွင် ဘာသာကြီး လေးခုမှ ဘာသာဝင်တိုင်းက တစ်ဦးကိုတစ်ဦး သံသယမ၀င်ပဲ မေတ္တာထားကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင် အပါအ၀င် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်းမှ တိုက်တွန်း

AddThis Social Bookmark Button
3.28.2
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော လူမျိုးရေးဘာသာရေး ပဋိပက္ခအသွင်ဆောင်ကာ ကြိုးပမ်းနေသော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ အကြမ်းဖက် လူတစ်စုက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေချိန်တွင် ဘာသာကြီး လေးဘာသာမှ ဘာသာဝင်တိုင်းက တစ်ဦးကိုတစ်ဦး သံသယမ၀င်ပဲ မေတ္တာထားကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်အပါအ၀င် ဘာသာလေးခု ချစ်ကြည်ရေးအဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် လူငယ်များက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြောဆိုမှုကို မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ဗိုလ်တစ်ထောင်မြို့နယ်ရှိ ၀ိုင်အမ်စီအေခန်းမတွင် ကျင်းပသော မြန်မာပြည်အတွက် ဆုတောင်းခြင်း (Pray For Myanmar) အခမ်းအနားတွင် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် လူငယ်များက တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများအပေါ် ဘာသာလေးခု ချစ်ကြည်ရေးအဖွဲ့မှ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ဦးအေးလွင်က ယခုဖြစ်ရပ်များသည် ထောက်ချောက် တစ်ခုသာဖြစ်ကြောင်း၊ ကိုယ့်အမှား မဖြစ်စေရန် များစွာသတိထားရမည် ဖြစ်ပြီး ဆရာတော် သံဃာတော်များမှလည်း ယခုဖြစ်ရပ်အပေါ် အကြမ်းဖက်သူများ၏ ပယောဂအဖြစ် နားလည်ကြကြောင်း ပြောသည်။
“ကျွန်တော်အခုပြောနေတာက မွတ်စလင်လူမျိုးတွေကို ကာကွယ်ဖို့ မဟုတ်ပါဘူး။ တိုင်းပြည်ကို မီးလောင်တိုက်သွင်းပြီး မွတ်စ်လင်တွေကို သားကောင်အဖြစ် အသုံးချနေတာကို ကာကွယ်ဖို့ပါ။ တစ်မျိုးသားလုံး တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်ပြီး စစ်အာဏာရှင်စနစ် တစ်ကျော့ပြန် လှည့်သွားစေလို့ မဖြစ်ပါဘူး။ တရားဥပဒေ စိုးမိုးဖို့လည်း လိုပါတယ်။ ပြီးတော့ ကျွန်တော်ပြောတဲ့ အခုသဘောထားနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးရဲ့ သဘောထားနဲ့လည်း တူတူပါပဲ။ ကျွန်တော်

ဒီမိုကရေစီကို ဖျက်ဆီးမည့် သူများ၊ အကြမ်းဖက်သမားများ အတွက် နေရာမရှိ၊ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှုကို ထိပါးသည့် လုပ်ရပ် မှန်သမျှ လုံးဝ လက်သင့်ခံမည် မဟုတ်ဘဲ ရဲတပ်ဖွဲ့ အနေဖြင့် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ညွှန်ကြား


ဒီမိုကရေစီကို ဖျက်ဆီးမည့် သူများ၊ အကြမ်းဖက်သမားများ အတွက် နေရာမရှိ၊ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှုကို ထိပါးသည့် လုပ်ရပ် မှန်သမျှ လုံးဝ လက်သင့်ခံမည် မဟုတ်ဘဲ ရဲတပ်ဖွဲ့ အနေဖြင့် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ညွှန်ကြား

AddThis Social Bookmark Button
w1-28-3-1
(ဓါတ်ပုံ-နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်)
မိတ္ထီလာ ပဋိပက္ခအပါအ၀င် လက်တလော ဆူပူမှုများ ကူးစက်ပြန့်ပွားရန် ကြိုးပမ်းလာသော အခြေအနေများနှင့် ပတ်သက်၍ မတ်လ ၂၈ ရက် ညနေ ၆နာရီတွင် နိုင်ငံတော် သမ္မတက အစိုးရ၏သဘောထားရပ်တည်ချက်ကို နိုင်ငံပိုင် မီဒီများမှတစ်ဆင့် ပြည်သူလူထုသို့ ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက ပြဿနာများကို အင်အားသုံး၍ မဖြေရှင်းခြင်းနှင့် ပတ်သက်ပြီး ၎င်း၏သဘောထားကို ပြောကြားခဲ့ကာ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုကို ထိပါးသည့် လုပ်ရပ်မှန်သမျှအား လုံးဝ လက်သင့်ခံမည် မဟုတ်ဘဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြရန် ညွှန်ကြားချက်အား ထည့်သွင်းပြောကြားခဲ့သည်။
"ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကို ဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့ လုပ်ရပ်မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်"ဟု ပြောကြားခဲ့သည်။
"ကျွန်တော်တို့ အစိုးရအနေနဲ့ အင်အားသုံး ဖြေရှင်းကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခု ကာလတိုအတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့နိုင်ငံသား တဦးချင်းစီရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊
အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊
သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်း မေတ္တာရပ်ခံပါတယ်"ဟု သမ္မတက ပြောကြားခဲ့ပါသည်။

လူမျိုးရေး ပဋိပက္ခများ တားမြစ်နိုင်ဖို့


 

လူမျိုးရေး ပဋိပက္ခများ တားမြစ်နိုင်ဖို့

ဦးသန်းလွင်ထွန်း
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မကြာသေးခင်က ဖြစ်ပွားသွားခဲ့တဲ့ မိထ္ထီလာမြို့  အကြမ်းဖက်ပဋိပက္ခနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ နဲ့ ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မိတ္ထီလာမြို့ မှာ သာမန်ဈေးရောင်းဈေးဝယ် အရပ်သားချင်းဖြစ်ခဲ့တဲ့ ကိစ္စတရပ်ကနေ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခကို ကူးပြောင်းသွားခဲ့ရာမှာ လူအသေအပျောက် အတော်များများရှိခဲ့ပြီး အိမ်ခြေရာနဲ့ချီ လောင်ကျွမ်းခဲ့ရပါတယ်။ နိုင်ငံတော်သမ္မတအမိန့်နဲ့ ဒေသအတွင်း အရေးပေါ်အခြေအနေ ကြေညာပြီး စစ်တပ်က ဝင်ရောက်ထိန်းသိမ်းနေရပြီ ဖြစ်ပါတယ်။ ဒီလို လူမျိုးရေးပဋိပက္ခဆောင်တဲ့အထိ ဖြစ်သွားခဲ့ရခြင်းဟာ ဒေသအတွင်း သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေရဲ့  အရေးယူဆောင်ရွက်မှုမှာ နှောင့်နှေးဆောင်ရွက်ခဲ့မှုတွေကြောင့်လည်း အဓိက အကြောင်းရင်းတရပ်ဖြစ်တယ်လို့ NDF ခေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ က ကြေညာချက်ထုတ်ပြန်ပါတယ်။ NDF ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ကို ဗွီအိုအေ က ဆက်သွယ်မေးမြန်းထားပါတယ်။

တောင်ကိုရီးယားနဲ့ စစ်ဘက်ဆက်သွယ်ရေး လိုင်း မြောက်ပိုင်းဖြတ်တောက်


တောင်ကိုရီးယားနဲ့ စစ်ဘက်ဆက်သွယ်ရေး လိုင်း မြောက်ပိုင်းဖြတ်တောက်

ဗွီအိုအေ(မြန်မာဌာန)
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန် မြင့်လာတာ နဲ့အမျှ မြောက်ကိုရီးယားနိုင်ငံ က တောင်ကိုရီးယားနဲ့ ဆက်သွယ်ရေးမှာ နောက်ဆုံး ကျန်နေသေးတဲ့ စစ်ဘက် အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက် လိုက်ပြီလို့ ပြောလိုက်ပါတယ်။
စစ်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်ခြေရှိတာမို့ ဆက်သွယ်ရေး လမ်းကြောင်းတွေ မလိုအပ်တော့ ဘူးလို့ မြောက်ကိုရီးယား တာဝန်ရှိသူတွေက တောင်ကိုရီးယား နိုင်ငံဆီ အကြောင်းကြား လိုက်ပြီ ဖြစ်ကြောင်း အစိုးရအာဘော် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ KCNA က ဗုဒ္ဓဟူးနေ့ မှာပြောပြီး၊ နိုင်ငံပိုင် ရုပ်သံကနေလည်း ကြေညာ ခဲ့ပါတယ်။
နှစ်နိုင်ငံအကြား စစ်မဲ့ဇုံရဲ့ မြောက်ဘက် Kaesong ပူးတွဲ စက်မှုဇုံမှာရှိတဲ့ အရေးပေါ် တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းကို မြောက်ကိုရီးယား ဘက်က ဖြတ်တောက်လိုက်ပြီဆိုတာကို တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ဗွီအိုအေ ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။
အရင်တုန်းကလည်း ဒီစစ်ဘက်အရေးပေါ် ဆက်သွယ်ရေးလိုင်းကို မြောက်ကိုရီးယား ဘက်က ဖြတ်ခဲ့ဖူးတာကြောင့် တောင်ကို ရီးယားအလုပ်သမားတွေ စက်မှုဇုံထဲမှာ ပိတ်မိနေခဲ့ဖူးပါတယ်။ အခု နောက်ဆုံးလုပ်တဲ့ ဆက်သွယ်ရေး ဖြတ်တောက်မှုကြောင့်
စက်မှုဇုံပေါ် ဘယ်လို သက်ရောက်မယ်ဆိုတာကတော့ မသိရသေးပါဘူး။ မြောက်ကိုရီးယားက တောင်ကိုရီးယားအပေါ် နေ့စဉ်လို စစ်ရေးအရ ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်နေချိန်မှာပဲ အခု အဆက်အသွယ် ဖြတ်တဲ့ကိစ္စ ဖြစ်လာတာပါ။
အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်တာနဲ့ နောက်ဆုံး လုပ်ခဲ့တဲ့ နျူကလီးယား စမ်းသပ်မှုကြောင့် ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှု ချမှတ်ခဲ့ တာတွေအပေါ် မြောက်ကိုရီးယားက မကျေမနပ် ဖြစ်နေတာပါ။

ဒီမိုကရေစီခရီး နဲ့ ဆူးငြောင့်ခလုတ်များ


ဒီမိုကရေစီခရီး နဲ့ ဆူးငြောင့်ခလုတ်များ

ဦးကျော်ဇံသာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီရေး ပြပြုပြောင်းလဲမှုကို ဘယ်လောက်အထိ အဟန့်အတားဖြစ်စေပါသလဲ။ ယဉ်ကျေးမှု၊ ဘာသာရေး ကွဲလွဲမှုတွေအပေါ်မှာ သည်းညည်းမခံနိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ ဒီမိုကရေစီ ထွန်းကားနိုင်မယ့် အလားအလာကရော ဘယ်လောက် ရှိပါသလဲ။ NLD သဘာပတိ သတင်းစာဆရာကြီး ဦးဝင်းတင် နှင့် မြန်မာအရေးသုံးသပ်သူ သမိုင်းပညာရှင် ဦးအောင်ခင် တို့နှင့် ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးဝင်းတင် ခင်များ။ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူမျိုးရေး ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဘယ်လောက်အရေးကြီးတဲ့ စိန်ခေါ်မှုတွေလို့ ဆရာ ထင်ပါသလဲ။


ဦးဝင်းတင် ။ ။ ဒီမေးခွန်းကို ကျနော်အမှန်အတိုင်းပြောရရင် ဒီလတ်တလောအတွင်းမှာ မီဒီယာတွေနှင့် တွေ့တဲ့အခါမှာ ကျနော် နောက်ဆုံးပိတ်မှာ ထားပြောတဲ့ ကိစ္စဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က နိုင်ငံရေးပါတီတွေ ဖြစ်နေတယ်၊ နိုင်ငံရေးသမားတွေ ဖြစ်နေတယ် ဆိုတော့ နိုင်ငံရေးကို ကျနော်တို့ ဇောင်းပေးပြီးတော့ တမင်တွန်းပို့တဲ့ဟာမျိုး ဖြစ်မှာစိုးတဲ့အတွက် ကျနော် ဒီကိစ္စကို ကျနော် နောက်ဆုံးပိတ်မှာထားပြောပါတယ်။ သို့သော် အခု ဦးကျော်ဇံသာက ဒီကိစ္စကို ပထမဆုံးတန်းပြီးတော့ ဒီဟာ အရေးကြီးတဲ့ကိစ္စကို အရေးကြီးတဲ့အတိုင်းပဲ ကျနော်လည်း ဖြေကြားဖို့ တာဝန်ရှိတယ်လို့ ကျနော်သဘောထားတယ်။ အဲဒီတော့ ဦးကျော်ဇံသာ ပြောတဲ့အတိုင်းပဲ ဒီဟာ အတိုးချုပ်နှင့် ပြောရမယ်ဆိုရင်တော့ ဒီဟာက ဗမာပြည်မှာ ဒီကနေ့ဆောင်ရွက်နေကြတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို သေရေးရှင်ရေးအမျှ အရေးကြီးတယ် အန္တရာယ် ဖြစ်နိုင်တယ်လို့ပဲ ကျနော် သုံးသပ်ပြပြီး ပြောချင်ပါတယ်။

၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ


၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ

AddThis Social Bookmark Button
၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ၊ ဒီမိုကရေစီ စနစ်ဖြင့် ချီတက်ရာတွင် တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့
3.27.13
Photo: AFP
မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် ၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး တင့်ကားများ၊ တိုက်လေယာဉ်များ၊ လေယာဉ် အမြောက်နှင့် ဒုံးကျည်များ အစရှိသည့် စစ်လက်နက် ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြခဲ့ပြီး ဒီမိုကရေစီ စနစ်ဖြင့် ချီတက်ရာတွင် တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။
တပ်မတော်နေ့ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ စစ်ဘက်ဆိုင်ရာ အရာရှိများ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံခြား သံတမန်များလည်း တက်ရောက်ခဲ့ကြပါသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တပ်မတော်နေ့ မိန့်ခွန်းတွင် တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဒို့တာဝန် အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိကြောင်း၊ တပ်မတော်အနေဖြင့် လူတစ်ဦးအတွက်၊ လူပုဂ္ဂိုလ်တစ်စုအတွက် တာဝန်ထမ်းဆောင်နေခြင်း မဟုတ်ကြောင်း အစရှိသဖြင့် ပြောကြားခဲ့သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။