ဘီဘီစီ သတင်းထောက် ဂျော်နသန် ဟက်ဒ်မှ ဒေါ်အောင်ဆန်းစုကြည်ပေါ်အမြင်
မြန်မာ့လူထုကြားမှာသာမက
ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေနဲ့ လူထုတချို့ကြားမှာပါ ထင်ရှားတဲ့ မြန်မာ့
ဒီမိုကရေစီခေါင်းဆောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီ
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်
ရည်ညွှန်းတဲ့ ပြယုဂ်အဖြစ်ကနေ မျက်မှောက်နိုင်ငံရေးအပြောင်းအလဲမှာ
ရေချိန်တက်ကျရှိနိုင်တဲ့ နိုင်ငံရေးသမားတဦးဘ၀ကို ထဲထဲဝင်ဝင်
ပြောင်းလဲခုန်ဝင်လာတယ်လို့ ဘီဘီစီ သတင်းထောက် ဂျော်နသန် ဟက်ဒ်က
သုံးသပ်ပါတယ်။
သူက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး
ကော်မရှင် ဥက္ကဌအနေနဲ့ ဒေသခံတွေနဲ့ သွားတွေ့ခဲ့တာကို ထောက်ထားပြီး
ပြောလာတာလည်း ဖြစ်ပါတယ်။
ရိုသေလေးစားမှုကိုသာ အမြဲတစေ ရနေကျ
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါသတွေ အလွန်ထွက်နေကြတဲ့ ဒေသခံတွေရဲ့
ပြင်းပြင်းထန်ထန် တုန့်ပြန်ပုံကို ရင်ဆိုင်လိုက်ရတာဟာ တုန်လှုပ်စရာ
ကောင်းတယ်လို့ သူက ဆိုပါတယ်။
ပြည်တွင်းပြည်ပ ဘယ်နေရာမှာဆို
ဘယ်တွေ့ဆုံမှုမှာမဆို မြန်မာအမျိုးသမီးဝတ်စုံကို အမှားကင်းပြီး
ကျော့ရှင်းအောင် အမြဲဝတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရရင်
တော်ဝင်မင်းသမီးတပါး လာသလို ဒါမှမဟုတ် ဟောလီးဝုဒ် စူပါစတားတယောက်ကို
ကြည့်ရသလို ဥပမာတခု ဆောင်ရရင် သံတမန်တွေ တောင် ဟန်ပန်တွေ ဘေးအသာထားလို့
အရမ်းသဘောကျလို့ ဓာတ်ပုံတပုံလောက် တွဲရိုက်ပါရစေလို့ အတောင်းဆို ခံရသူဟာ
လက်ပံတောင်းမိုင်းတွင်းမှာတော့ အချေအတင် ပြောဆို ဝေဖန်စရာတွေ ရှိလာ
ခဲ့ပါတယ်။
မြန်မာ့လူထုကြားမှာသာမက
ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေနဲ့ လူထုတချို့ကြားမှာပါ ထင်ရှားတဲ့ မြန်မာ့
ဒီမိုကရေစီခေါင်းဆောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီ
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်
ရည်ညွှန်းတဲ့ ပြယုဂ်အဖြစ်ကနေ မျက်မှောက်နိုင်ငံရေးအပြောင်းအလဲမှာ
ရေချိန်တက်ကျရှိနိုင်တဲ့ နိုင်ငံရေးသမားတဦးဘ၀ကို ထဲထဲဝင်ဝင်
ပြောင်းလဲခုန်ဝင်လာတယ်လို့ ဘီဘီစီ သတင်းထောက် ဂျော်နသန် ဟက်ဒ်က
သုံးသပ်ပါတယ်။
သူက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင် ဥက္ကဌအနေနဲ့ ဒေသခံတွေနဲ့ သွားတွေ့ခဲ့တာကို ထောက်ထားပြီး ပြောလာတာလည်း ဖြစ်ပါတယ်။
ရိုသေလေးစားမှုကိုသာ အမြဲတစေ ရနေကျ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါသတွေ အလွန်ထွက်နေကြတဲ့ ဒေသခံတွေရဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်ပုံကို ရင်ဆိုင်လိုက်ရတာဟာ တုန်လှုပ်စရာ ကောင်းတယ်လို့ သူက ဆိုပါတယ်။
ပြည်တွင်းပြည်ပ ဘယ်နေရာမှာဆို ဘယ်တွေ့ဆုံမှုမှာမဆို မြန်မာအမျိုးသမီးဝတ်စုံကို အမှားကင်းပြီး ကျော့ရှင်းအောင် အမြဲဝတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရရင် တော်ဝင်မင်းသမီးတပါး လာသလို ဒါမှမဟုတ် ဟောလီးဝုဒ် စူပါစတားတယောက်ကို ကြည့်ရသလို ဥပမာတခု ဆောင်ရရင် သံတမန်တွေ တောင် ဟန်ပန်တွေ ဘေးအသာထားလို့ အရမ်းသဘောကျလို့ ဓာတ်ပုံတပုံလောက် တွဲရိုက်ပါရစေလို့ အတောင်းဆို ခံရသူဟာ လက်ပံတောင်းမိုင်းတွင်းမှာတော့ အချေအတင် ပြောဆို ဝေဖန်စရာတွေ ရှိလာ ခဲ့ပါတယ်။