Friday, March 15, 2013

Google Reader ဖျက်သိမ်းတော့မယ်


Google Reader ဖျက်သိမ်းတော့မယ် 

နေ့ စဉ်နဲ့ အမျှ Google Reader ကနေတဆင့် စာဖတ်နေတဲ့သူများအတွက် အံ့အားသင့်သွားမယ့် သတင်းတပုဒ်ကို Google က ကြေညာလိုက်ပါတယ်။
အဲဒါကတော့ သူ့ရဲ့ application ၀န်ဆောင်မှု တခု ဖြစ်တဲ့ Google Reader ကို လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ ပိတ်သိမ်းတော့မယ် ဆိုတာပါပဲ။
ကမ္ဘာအနှံ့က လူအများအပြား ပွက်လောရိုက်သွားအောင် လုပ်ခဲ့တဲ့ ဒီသတင်းက အခုတော့ Twitter စာမျက်နှာမှာ နံပါတ် ၁ နေရာ ယူသွားပါပြီ။
သတင်းဝက်ဆိုဒ်တွေနဲ့ ဘလော့ တွေမှာ တွေ့ နေရတဲ့ RSS ( Real Simple Syndication) ဆိုတဲ့ လုပ်ဆောင်ချက်ဟာ စာဖတ်သူများ နောက်ဆုံး ရသတင်းတွေ အလွယ်တကူ ဖတ်ယူစေနိုင်တဲ့ ၀န်ဆောင်မှုမျိုးဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး USAID ကူညီ


မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး USAID ကူညီ 

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah
VOA News, 13March 2013   —–  ဒေသတွင်း မီးဖွားစ ကလေးငယ် အသေအပျောက်အများ ဆုံးဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တနှစ်တနှစ်ကို ကလေးငယ် ၂ သောင်းလောက်အထိ အသက်ကယ်နိုင်ရေးအတွက် အစီအစဉ်တရပ် ရည်မှန်းထားတယ်လို့ USAID အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲက ပြောပါတယ်။
တချိန်တည်းမှာပဲ မြန်မာလူငယ် ကျောင်းသားတွေအတွက် နည်းပညာ ဆို်င်ရာ အကူအညီတွေကို ပံ့ပိုးကူညီသွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီ အလားအ လာကောင်းတွေအတွက် မိတ်ဖက်နိုင်ငံအဖြစ် သမ္မတ အိုဘားမားရဲ့ ပြီးခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဖော်ပြချက် နဲ့အတူပဲ၊ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် အကူအညီပေး ဆောင်ရွက်သွားနိုင်ဖို့ ထိစပ်လုပ်ကိုင်နေတာ ဖြစ်တယ် လို့  မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ USAID အကြီးအကဲ Dr.Rajiv Shah က မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီလို အကူအညီတွေ ပေးမယ့်အထဲ မီးဖွားစ ကလေးငယ် အသေအပျောက် လျှော့ကျရေး ဟာလည်း အစီအစဉ်တခု ဖြစ်တယ်လို့ ပြောပါတယ်။

မူးယစ်ဆေးထုတ်လုပ်မှု မြန်မာ ကမ္ဘာမှာ ဒုတိယလိုက်


မူးယစ်ဆေးထုတ်လုပ်မှု မြန်မာ ကမ္ဘာမှာ ဒုတိယလိုက် 


VOA News, 13March 2013  —- မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဘိန်းနဲ့ ဘိန်းဖြူ အဓိကထွက်တဲ့ နိုင်ငံတခု အဖြစ် ဆက်ပြီး ရှိနေသေးတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပမာဏက ၁၉၈၀၊ ၁၉၉၀ ပြည့် လွန်နှစ်တွေကထက်စာရင် သိသိသာသာ ကျဆင်းသွားခဲ့ပေမဲ့ ဘိန်းထုတ်လုပ်မှုကတော့ အမြင့်ဆုံး အခြေအနေ ကို ရောက်နေတယ်လို့ အမေရိကန် နိုင်ငံခြာရေးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာဆိုင်ရာ အစီရင်ခံစာထဲ မှာ ဖော်ပြထားပါတယ်။
အာရှဒေသတွင်း Amphetamine အမျိုးအစား စိတ်ကြွဆေးတွေ ထွက်ရှိရာ ဇစ်မြစ်ဟာ လည်း မြန်မာနိုင်ငံဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဆိုပါတယ်။ မြန်မာအစိုးရ ထိန်းချုပ်မှု မရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိရာ မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသတွေမှာ ဘိန်းစိုက်ပျိုးတာနဲ့ စိတ်ကြွဆေးတွေ ထွက်တာကို မကြာခဏ တွေ့ရတယ်လို့လည်း အစီရင်ခံစာက ပြောပါတယ်။

ပထမဆုံး လက်တင်အမေရိက ပုပ်ရဟန်းမင်းကြီး တင်မြှောက်ခံရ


ပထမဆုံး လက်တင်အမေရိက ပုပ်ရဟန်းမင်းကြီး တင်မြှောက်ခံရ 

ပုပ်ရဟန်းမင်းကြီးသစ် Francis I ပထမဆုံးအကြိမ် လူထုကို ထွက်နှုတ်ဆက်စဉ် (၁၃ မတ် ၂၀၁၃)
VOA News, 13March 2013  —-  ရိုမန်ကက်သလစ်ဘာသာဝင်တွေအတွက် ပုပ်ရဟန်းမင်းကြီးသစ်အဖြစ် Pope Francis ကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ရွေးချယ်လိုက်ပြီးတဲ့နောက်၊ ဗာတီကန်ရင်ပြင်မှာ လူအုပ်ကြီးဟာ ပုပ်ရဟန်းမင်းသစ်ကို ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။
ကာဒီနယ်ဘုန်းတော်ကြီး ၁၁၅ ဦးကနေ ရွေးချယ်ပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးသစ်ဟာ ဗာတီကန်ရင်ပြင်မှာ စောင့်ဆိုင်းနေတဲ့ လူထုပရိသတ်ကို ခန်းမဆောင်ကနေထွက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။
ကက်သလစ်ဘာသာဝင်တွေအကြား ညီရင်းအကို စိတ်ထားကြဖို့နဲ့၊ သူရော တာဝန်က အနားယူသွားတဲ့ ပုပ် Benedict ကိုပါ ဆုမွန်ကောင်း တောင်းပေးကြဖို့ မေတ္တာရပ်ခံပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာ


ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာ 

လက်ပံတန်းတောင် ဒေသတွင် ပြင်းပြင်းထန်ထန်ဆန္ဒပြ ကန့် ကွက် မှုများ နှင့် ကြုံတွေ့ သော် လည်း မုံရွာ ၀င်းယူနတီ မြို့  သို့  ပြန်အရောက် တွင် ကြိုဆိုနှုတ် ဆက်သူများ နှင့် အတူ တွေ့ ရသည့် ဒေါ်အောင်ဆန်းစုကြည် Credit : ThanLarWaddy Times သလ္လာဝတီတိုင်း(မ)/Freedom News
Mmnewshub , 14March 2013  —– လက်ပန်းတောင်းတောင် ကြေးနီစီိမံကိန်းအစီရင်ခံစာနှင့်ပါတ်သက်ပြီးစုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် မုံရွာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာဒေသခံကျေးရွာများသို့ သွားရောက် ရှင်းလင်းပြောကြား ပြီးနောက်  ယခုအခါ မုံရွာမြို့မှ နေပြည်တော်သို့ ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရပါသည်။
ယနေ့ မတ်လ ၁၄ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စုံစမ်းရေးကော်မရှင်အဖွဲ့သည် တစ်ရွာဝင် တစ်ရွာထွက် လှည့်ကာ ရှင်းလင်းပြောကြားခဲ့ရာတွင် တွေ့ကြုံရသော အခြေအနေအခက်အခဲများနှင့် ပတ်သက်သည့်သတင်းဖြစ်စဉ်အချို့ကို ဖော်ပြထားသည့်   7Day News အင်တာနက်သတင်း စာမျက်နှာပေါ်မှ ကောက်နုတ် စုစည်းဖော်ပြလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ရောက်ချိန် လက်ပံတောင်းဆန္ဒပြပွဲ ဆက်ဖြစ်


ဒေါ်အောင်ဆန်းစုကြည် ရောက်ချိန် လက်ပံတောင်းဆန္ဒပြပွဲ ဆက်ဖြစ် 

ဒေါ်အောင်ဆန်းစုကြည်ကို ဆင်တဲရွာမှ ထွက်ခွာစဉ် ရွာသားတချို့မှ ဆန္ဒပြကြွေးကြော်နေစဉ်။ (မတ်လ ၁၄၊ ၂၀၁၃)
VOA News, 14March 2013  —-  လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာထွက်လာပြီးတဲ့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဒေသခံတွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး တချို့ကျေးရွာတွေမှာ ဆန္ဒပြမှုတွေရှိခဲ့တဲ့ အကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။