Tuesday, March 12, 2013

နှစ်နိုင်ငံကြား ကိစ္စရပ်တွေ ကိုင်တွယ်ဖို့ အာရှရေးရာ ကိုယ်စားလှယ် တရုတ်အစိုးရ ခန့်အပ်


နှစ်နိုင်ငံကြား ကိစ္စရပ်တွေ ကိုင်တွယ်ဖို့ အာရှရေးရာ ကိုယ်စားလှယ် တရုတ်အစိုးရ ခန့်အပ် 

တရုတ် မြန်မာနယ်စပ်ဂိတ် RFA
RFA News, 11March 2013  —–  တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားက ကိစ္စကြီးငယ်တွေကို အထူးဦးစားပေးဆောင်ရွက်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး အာရှရေးရာ ကိုယ်စားလှယ်အဖြစ် အကြီးတန်းအရာရှိဟောင်းတစ်ဦးကို တရုတ်အစိုးရက တနင်္လာနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဟောင်း ၀မ်ယင်ဖန်ကို တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  အာရှရေးရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေသည် ဆိုသော သတင်းများကို တပ်မတော်ဘက်မှ ငြင်းဆို


ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေသည် ဆိုသော သတင်းများကို တပ်မတော်ဘက်မှ ငြင်းဆို  

AddThis Social Bookmark Button
3.11.7
ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်
ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့် မတ်လ လဆန်းပိုင်းများမှ စတင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း တပ်မတော်မှ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေသည် ဆိုသော သတင်းများကို ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ငြင်းဆို လိုက်ပါသည်။
မတ်လ ၁၁ ရက်နေ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ထိုကဲ့သို့ ငြင်းဆိုလိုက်ခြင်း ဖြစ်ပါသည်။
"အဲတာကတော့ မဟုတ်ပါဘူး။ မဟုတ်ပါဘူး ဆိုတာ အားလုံးလည်း သိတာပဲ။ ဒီဘက်က ကိုယ်တို့ကတော့ တပ်တွေက ကိုယ့် အလုပ်ကို ပုံမှန် လုပ်နေတာပေါ့။ အထူးသဖြင့်ကတော့ တပ်တွေ ပြန်နားတာတို့။ နောက်တစ်ခုက အသစ် တက်တာတို့။ ဒါလေးတွေက ရှိတာပေါ့။ အဲဒီ အပေါ်မှာတော့ တစ်ချို့က Fcaebook တွေပေါ်မှာလည်း ပြောတာလေးတွေ ရှိတာပေါ့။ ဒါပါပဲ။ ထူးပြီးတော့ အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့တော့ မရှိပါဘူး။ တပ်မတော် ဆိုတာကတော့ ပြောတဲ့အတိုင်းပဲ လုပ်ရတာပဲ”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ပါကြောင်း အကြံပြုအပ်ပါသည်..


အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ပါကြောင်း အကြံပြုအပ်ပါသည်.. 

(ဓာတ်ပုံ) ၉ရက်နေ့က ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည့် ယခင် ဂျပန် ပညာရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီးလည်းဖြစ်ပြီး JAPANーMYANMAR COMMITTEE ဥက္ကဋ္ဌ Mr.Toshio Yamauchi ( ဝဲဘက် မျက်မှန်တပ်ထားသူ)
ပြည်ပအားသည်လည်း ပြည်တွင်းအတွက် ဖြစ်သည်..

အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ပါကြောင်း အကြံပြုအပ်ပါသည်..။
အဖွဲ့ချုပ် ညီလာခံကို တက်ရောက် ဂုဏ်ပြုနိုင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ဖို့ ယခင် ဂျပန် ပညာရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီးလည်းဖြစ်ပြီး JAPANーMYANMAR COMMITTEE ဥက္ကဋ္ဌလည်းဖြစ်တဲ့ Mr.Toshio Yamauchiနဲ့ ၄ဦးပါအဖွဲ့ ဖိတ်ခေါ်စာ ရရှိဖို့အတွက် အင်မတန်ကြိုးစားခဲ့ရသည်..။ 

နှောင်ကြိုးတွေ မချည်ပါနဲ့


နှောင်ကြိုးတွေ မချည်ပါနဲ့ 

ကျနော်တို့လိုချင်တာက လုံးဝ လွတ်လပ်ခွင့်။ ဘာအချုပ်အနှောင် အတားအဆီးမှမလိုချင်
စနေနေ့ ၉-၃-၁၃ နေ့က သူရဦးအေးမြင့် ဥက္ကဌအဖြစ်ဆောင်ရွက်သော လွှတ်တော်ရေးရာကော်မတီမှ အစည်းအဝေးဖိတ်သည်။ ရှစ်မိုင် ရန်ကုန်စီးတီးဟော်တယ်မှာ ၉ နာရီဟု ဆိုသည်။ လွှတ်တော်သို့ တင်သွင်းထားသော ပုံနှိပ်ဥပဒေမူကြမ်းကို ဆွေးနွေးဖို့ဖြစ်သည်။ ကျနော်တို့ ကဗျာဆရာများသမဂ္ဂ မတက်ရောက်ဖြစ်။ ကိုထွန်းဝင်းငြိမ်း(စာရေးဆရာသမဂ္ဂ) ဖုန်းဆက်တော့ ကျနော်တို့သဘောထားက အရင်အတိုင်းပဲဟုသာ ပြောလိုက်သည်။  (အစည်းအဝေးသွားမတက်ခြင်းမှာ ကျနော်တို့ ကမ္ဘာ့ကဗျာနေ့ကျင်းပရန် အစည်းအဝေးနှင့် လူထုပဲ့တင်သံ သံချပ်ဒိုင်အဖွဲ့၏ အစည်းအဝေးများ ရှိနေခြင်းကြောင့် ဖြစ်သည်။)

မတရားအသင်း ဥပဒေ အပေါ် ဝေဖန်မှုများရှိနေ


မတရားအသင်း ဥပဒေ အပေါ် ဝေဖန်မှုများရှိနေ 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ကချင် ဒုက္ခသည် ဦးဘရန်ရှောင်(ညာဘက် အစွန် ဆုံးက ကလေးချီထားသူ) ကို KIA နှင့် ဆက်စပ်သူ ဟု စွပ်စွဲ၍ မြစ်ကြီးနားမြို့နယ်တရားရုံးက မတရားအသင်း ဆက်သွယ်မှုဖြင့် ၂၀၁၂ အောက်တိုဘာ လကုန်ပိုင်းက တရားစွဲခဲ့သည်။ (ဓာတ်ပုံ – Hkamung pan)
ပြည်ထောင်စု လွှတ်တော်၏ မတရားအသင်းများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပေါ်ထွက်လာခြင်းနှင့်ပတ် သက် ၍ ဝေဖန်ပြောဆို နေကြသည်။
ပြည်ထောင်စု လွှတ်တော်က မတရားအသင်းများ အက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒိယ အက်ဥပဒေ ၁၄) ကို ပြင်ဆင်သည့် ဥပဒေကြမ်း ထုတ်ပြန်ကြောင်း ယမန်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ပါရှိသည်။
ယင်း ဥပဒေ ပုဒ်မ ၁၈ ၏ နောက် ဆက်တွဲ ပုဒ်မ ၁၉ အဖြစ် ဖြည့်စွက်ချက်များကိုလည်း ဖော်ပြထားသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။