Friday, March 8, 2013

မြန်မာ့ လူ့အခွင့်အရေး အခြေအနေများကို ဆက်လက်စောင့်ကြည့်ရန် AI တိုက်တွန်း


မြန်မာ့ လူ့အခွင့်အရေး အခြေအနေများကို ဆက်လက်စောင့်ကြည့်ရန် AI တိုက်တွန်း 

မအူပင်မြို့နယ် မလက်တို ကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေ အကြား ပဋိပက္ခမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်ရိုက်နက်ကိုင်တွယ်ဖြေရှင်း
ရန်ကုန် (မဇ္ဈိမ) . ၈ရက်နေ့ မတ်လ ၂၀၁၃  —-  သမ္မတ ဦးသိန်းစိန်၏ ဥရောပ ခရီးစဉ် အတွင်းတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ (AI) က ကြေညာချက် တစောင် ထုတ်ပြန်ပြီး ကုလသမ္မဂ္ဂ လူ့အခွင့်အရေးကောင်စီ အနေဖြင့် မြန်မာ
နိုင်ငံ အတွင်းရှိ လူ့အခွင့်အရေး အခြေအနေများကို အနီးကပ် ဆက်လက် စောင့်ကြည့်သွားရန် တိုက်တွန်း လိုက်သည်။

အိန္ဒိယဆေးဝါး ရွှေတြိဂံသို့ ပို့၊ စိတ်ကြွဆေးအဖြစ် ပြန်လာဟု မဏိပူရ သတင်းစာဆို


အိန္ဒိယဆေးဝါး ရွှေတြိဂံသို့ ပို့၊ စိတ်ကြွဆေးအဖြစ် ပြန်လာဟု မဏိပူရ သတင်းစာဆို 


နယူးဒေလီ (မဇ္ဈိမ) . ၈ရက်နေ့ မတ်လ ၂၀၁၃  —- အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် ဆူဒိုအဖက်ဒရင်း ဆေးပြားများသည် မဏိပူရပြည်နယ်ကို
ဖြတ်သန်းကာ မြန်မာနိုင်ငံ ရွှေတြိဂံဒေသသို့ သယ်ဆောင်ကြပြီးနောက် စိတ်ကြွဆေးအဖြစ် မဏိပူရသို့ ပြန်လည် ဝင်ရောက်လာကြောင်း ပြည်နယ်ထုတ် Sangai Express သတင်းစာက ရေးသားသည်။

မဏိပူရပြည်နယ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်သည့် လမ်းကြောင်း ၁၄ ခုရှိပြီး ထို လမ်းကြောင်းများကို ထိထိရောက်ရောက် ကြပ်မတ် စစ်ဆေးရန် လိုကြောင်း ပြည်နယ် ဥပဒေပြုအမတ် Dr I Ibohalbi က တိုက်တွန်းသည်။

ဘဏ်များတွင် ၅,၀၀၀ တန် အတုများ လက်ခံရရှိနိုင်ဟု ဒု-ဝန်ကြီးဆို


ဘဏ်များတွင် ၅,၀၀၀ တန် အတုများ လက်ခံရရှိနိုင်ဟု ဒု-ဝန်ကြီးဆို 


ရန်ကုန် (မဇ္ဈိမ) . ၈ရက်နေ့ မတ်လ ၂၀၁၃  —-  နိုင်ငံအတွင်းရှိ ဘဏ်များတွင် ကျပ် ၅,၀၀၀ တန် ငွေစက္ကူအတုများ မလည်ပတ်စေနိုင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း လည်ပတ်နေသော ငွေကြေးပမာဏအရ ဘဏ်များတွင် ငွေစက္ကူအတုများ လက်ခံရရှိနိုင်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဒုတိယ ဝန်ကြီးက ပြောဆိုလိုက်သည်။

ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို KIO မှ ကြိုဆိုမည်


ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို KIO မှ ကြိုဆိုမည် 

ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၃ ခုနှစ်ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား မန္တလေးမှ ကချင်လူငယ်များ ကြိုဆိုကြစဉ် (ဓာတ်ပုံ - 8888newgenerations.blogspot.com)
ချင်းမိုင်(မဇ္ဈိမ) . ၈ရက်နေ့ မတ်လ ၂၀၁၃  —-  ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူများအား ကြိုဆိုရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကော်မတီအဖွဲ့တခုကို ယနေ့ သောကြာနေ့တွင် ဖွဲ့စည်းလိုက်သည် ဟု ကော်မတီခေါင်းဆောင်တဦးဖြစ်သူ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။
၎င်းကော်မတီအဖွဲ့ကို KIO စစ်ပြေးဒုက္ခသည်များ အကူအညီပေးရေး တာဝန်ခံ ဦးဒွဲပီဆားနှင့် ဗိုလ်မှူးကြီး အင်ဘန်ဘွမ်ဆင်ဝါးတို့ နှစ်ဦးအား ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင်ပေါင်း ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ လိုင်ဇာအနီး ရောက်ရှိ


ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ လိုင်ဇာအနီး ရောက်ရှိ 

ဧရာဝတီမြစ် အနောက်ဘက်ကမ်းက ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ မိုးကောင်းမြို့နယ် မြတောင်ကျေးရွာ အတွင်းကို ဝင်ရောက်လာစဉ် photo: RFA/ Kyaw Myo Min
RFA News, 8March 2013  —-  မြင်းခြံမြို့ကနေ တရုတ်-မြန်မာနယ်စပ်နားက လိုင်ဇာမြို့အထိ  ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၈ ရက်နေ့ ဒီကနေ့မှာ လိုင်ဇာနဲ့ ၁၉မိုင်ကွာဝေးတဲ့ ဒေါ့ဖုန်းယန်ကို ရောက်ရှိနေပြီး အဲဒီအရောက်မှာ ဒေါ့ဖုန်းယန်အုပ်ချုပ်ရေးမှူးက နယ်မြေတွင်း မြေမြှုပ်မိုင်းတွေရှိတဲ့ အတွက် ရှေ့ဆက်မသွားဖို့ ခေါ်ယူသတိပေးတယ်လို့ လမ်းလျှောက်သူတွေက RFA ကို ပြောပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။