Tuesday, March 5, 2013

ကုဋေကုဋာ ချမ်းသာနိုင်သည့် နည်းလမ်း


ကုဋေကုဋာ ချမ်းသာနိုင်သည့် နည်းလမ်း 


ကုဋေကုဋာ ချမ်းသာနိုင်သည့် နည်းလမ်းက အားလုံးနှင့် တည့်အောင်ပေါင်းခြင်း ဖြစ်နိုင်သည်။
မြန်မာပြည်တွင် ကုဋေကုဋာ ချမ်းသာသူ ထိပ်တန်း လုပ်ငန်းရှင်ကြီးများတွင် မက်စ်မြန်မာကုမ္ပဏီ ပိုင်ရှင် ဦးဇော်ဇော်လည်း ပါဝင်သည်ဟု အများအပြားက ယူဆကြသည်။
ဦးဇော်ဇော်သည် "နာမည်ပြောင်းသော်လည်း လူမပြောင်းသည့် အစိုးရများ" အဆက်ဆက် ပုခုံးကြယ်ပွင့်တပ်ပုဂ္ဂိုလ်တချို့နှင့် နီးစပ်သည်ဟု လေ့လာသူတချို့က ယုံကြည်ကြသည်။
ထို့ပြင် ဦးဇော်ဇော်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း အဆက်အစပ် ရှိသည်။

New York convention သို့ အဖွဲ့ ဝင်အဖြစ်ဝင်ရောက်ရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးချက် အပြည့်အစုံ


New York convention သို့ အဖွဲ့ ဝင်အဖြစ်ဝင်ရောက်ရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးချက် အပြည့်အစုံ

1958 new York convention နင့်ပတ်သတ်လို့ ရှေ့ က ကိုယ်စား လှယ်ကြီးများ တော်တော် များများ ဆွေးနွေးပြီး သွားကြပါပြီ။ ဘာလို့  ကို ကျွှန်မတို့နိုင်ငံ အနေနဲ့အဖွဲ့ ဝင် အဖြစ် နေသင့်တယ် ဆိုတာကို စုံစုံလင်လင် ပြောပြီးကြပါပြီ။ ကျွှန်မအနေနဲ့ တစ်ခုပဲ ဖြည့် စွက်ချင်တာက ကျွှန်မတို့ ဒီလို အခွင့်အရေးတွေရတဲ့ အခါကြလို့ရှိရင် အခွင့်အရေးတွေကို ထိထိရောက်ရောက်သုံးနိုင်မှသာလျှင် ကျွှန်မတို့ နိုင်ငံအတွက် အပြည့် အ၀ အကျိုးရှိမှာပါ။ ဥပမာဆိုလို့ရှိရင် နိုင်ငံခြားရင်းနီးမြှပ်နံမူဥပဒေ ၊ new York convention လိုဝင်မယ်ဆိုလို့ ရှိရင် ဒီလိုဝင်ခြင်းရဲ့ အကျိုးသက်ရောက်မူ ကျွှန်မတို့ နိုင်ငံက ခံစားရမှာ ဖြစ်ပါတယ်။ပြည့် ပြည့်၀၀ ခံစားရနိုင်ဖို့ ဆိုတာ ကျွှန်မတို့ ပြည်တွင်းအခင်းအကျင်းကလည်း ပြည့်စုံဖို့ လိုအပ်ပါတယ်။

မြန်မာပုံနှိပ်ဥပဒေမူကြမ်း ခြေလှမ်းပြန်ဆုတ်ရာရောက်


မြန်မာပုံနှိပ်ဥပဒေမူကြမ်း ခြေလှမ်းပြန်ဆုတ်ရာရောက် 

မြန်မာနိုင်ငံ မီဒီယာ ဥပဒေသစ် တရပ်ကို အခု လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ဖို့ အစိုးရက တင်သွင်းထားပါတယ်။ မြန်မာနိုင်ငံမှာ မကြာ သေးခင်ကပဲ ဆင်ဆာ ဖြတ်တောက်မှုကို ဖျက်သိမ်းလိုက်တာကြောင့် သတင်းမီဒီယာနဲ့ ပတ်သက်လို့ တိုးတက်မှု မြင်လာရပေမဲ့၊ အခု ဒီဥပဒေကြမ်းဟာ အခြေအနေတွေကို သိသိသာသာ နောက်ပြန် လှည့်သွားစေတဲ့ ခြေတလှမ်းဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဝေဖန်နေပါတယ်။ ဒီအကြောင်း ဘန်ကောက်မြို့ကနေ Danielle Bernstein ရဲ့ သတင်းလွှာကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။