ကချင်ပြည်နယ်
မန်းဝိန်းကြီးဒေသတွင် တပ်မတော် နှင့် KIA သောင်းကျန်းသူ တို့ တစ်ဖက်နှင့်
တစ်ဖက် တိုက် ခိုက်ခြင်းမပြုရန် ညှိနှိုင်းထားသောလည်း အချို့သော KIA
သောင်းကျန်းသူများသည် လက်နက်အား ကိုးဖြင့် အပြစ်မဲ့သော
တိုင်းရင်းသားများကို ရန်လိုတိုက်ခိုက်နေမှုများရှိနေပါသည်။
ဖြစ်စဉ်မှာ
မန်းဝိန်းကြီး ရပ်ကွက်(၁)တွင်နေထိုင်သော ရိုးသားစွာ
တောင်ယာလုပ်ကိုင်စားသောက် သည့် ဒူ လွမ်း (၄၀)နှစ်(ဘ)ဦးဇော်လသည်
(၂၂-၂-၂၀၁၃)ရက်နေ့တွင် မန်းဝိန်းကြီးရပ်ကွက်(၆)ရှိ မိတ်ဆွေဖြစ် သူထံ
သွားရောက်ပြီး လယ်ယာလုပ်ငန်းအတွက် သူရင်းငှားကိစ္စများ
သွားရောက်ညှိနှိုင်းပြီး ညနေ (၇)နာရီ ခန့်တွင် အိမ်သို့ ပြန်လာရာ
အပြန်လမ်းတွင် အရက်မူးမောင်းနှင်လာသော လက်နက်ကိုင် KIA သောင်း ကျန်း သူ
(၆)ဦးနှင့် ထောလာဂျီတစ်စီးနှင့် မျက်နှာချင်းဆိုင် မီးထိုးမောင်းမိသည့်
အတွက် ထော်လာ ဂျီပေါ် ပါသော အရက်မူးနေသည့် KIA သောင်းကျန်းသူတို မှ
ဆိုက်ကယ်အားရပ်တန့်စေခဲ့ပြီး စစ်ဆေးမေးမြန်း ခဲ့ကြောင်း၊ ရိုးသားစွာ
စစ်ဆေးမေးမြန်းခြင်းမျိုးမ ဟုတ်ဘဲ သေနတ်မောင်းတင် ခြိမ်းခြောက်လာသည့် အ
တွက် ကိုဒူလွမ်းသည်ကြောက်ရွံ့တုန့် လှုပ်စွာဖြင့် ဆိုင်ကယ်မောင်းနှင်
ထွက်ပြေးခဲ့ရာ အရက်မူးနေသော KIA သောင်းကျန်းသူများမှ လက်နက်ငယ်များဖြင့်
ဝိုင်းဝန်းပစ်ခတ်သည့် အတွက် ကိုဒူလွမ်းသည် ပုံပါ အ တိုင်း
ဒဏ်ရာများစွာရရှိပြီး လွတ်မြောက်လာခဲ့ပါသည်။