by မောင်ကျောက်ခဲ
Hot
News ဂျာနယ်တွင် စာလုံးမဲ ကြီးနှင့်ထင်ထင်ရှားရှား ”ရဲဆိုတာဒါလား”
ခေါင်းစဉ်ကြီးကို ဖတ်လိုက်မိယုံဖြင့် ခေါင်း
နဘန်းကြီးသွားမိပါသည်။ရဲဝန်ထမ်းဟောင်း ဖြစ်ခဲ့သည်ကိုး၊လက်ရှိ
တာဝန်ထမ်းဆောင် နေကြသော ရဲဖွဲ့ဝင်များလည်း ရင်ထဲနင့် ကနဲ
စူးဝင်သွားပေလိမ့်မည်။ အများပူး ပေါင်း ဆောင်ရွက်ကြရသော တပ်ဖွဲ့
အနေနှင့်တစ်ယောက်မကောင်းလျှင် အားလုံးခံကြရတတ်သည် မဟုတ်ပါလား။
ဆောင်းပါးရှည်ကြီးကိုဆက်ဖတ်
ကြည့်တော့လည်း မငြင်းနိုင်စရာတွေရှိ သကဲ့သို့ ငြင်းနိုင်စရာတွေလည်းတွေ့ရပါ
သည်။မည်သို့ပင်ဖြစ်စေ။ ဆောင်း ပါးရှင် က သူ့အမြင်သူ့အတွေး
သူ့အသိများဖြင့် ရေးသားတင်ပြထားသည်မှာ အပြစ်ဆို
ဖွယ်ရာမရှိပါ။ဆောင်းပါးတစ်နေရာတွင်
”ရဲတိုင်းကိုမဆိုလိုပါ”ဟု ဖွင့်ဟထားသဖြင့် ”တော်သေးသဟ”ဟု
ယောင်ရမ်းရေရွတ် လိုက်မိပါသည်။
ရိုဟင်ဂျာ ဟူ၍မရှိ ဘင်္ဂလီသာ ရှိကြောင်း ပြည်သူ့လွှတ်တော်တွင် ဖြေကြား
“မြန်မာနိုင်ငံတွင်
သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့်
စပ်လျဉ်းသည့်မေးခွန်း” အား စစ်တွေမဲဆန္ဒနယ်မှ ဦးခင်မောင်ညိုမေးမြန်းရာတွင်-
ရခိုင်ပြည်နယ်
ဒေသခံ ရခိုင်တိုင်းရင်းသားများနဲ့ ဧည့်သည်တစ်ဖက်နိုင်ငံမှ ကုလား ခေါ်
ဘင်္ဂါလီ မျိုးနွယ်စု ပဋိပက္ခ ဖြစ်ကြရာတွင် နှစ်ဖက်စလုံးမှ အသေအပျောက်များ၍
ပစ္စည်းဥစ္စာများ ဆုံးရှုံး နစ်နာခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်ကပင် ရန်စခဲ့သော
ပဋိပက္ခသည် အကြိမ်များစွာ ပျောက်လိုက်ပေါ်လိုက် ဖြစ်ခဲ့သည်မှာ ၂၀၁၂ ခုနှစ်အထိ
သက်တမ်းရှည်ခဲ့ပါတယ်။ သမိုင်းတွင် မရှိခဲ့သည့် တရားမဝင်သော
လိုအပ်ဆန္ဒကြောင့် သူများပစ္စည်းကို မတရားလိုလားတောင်းဆိုမှု၊
လုယက်တိုက်ခိုက်မှု၊ အကြမ်းဖက်မှုများကြောင့် အေးချမ်းစွာ နေလိုသော ဒေသခံ
ရခိုင်တိုင်းရင်းသား များမှာ မိမိတို့ ပိုင်ဆိုင်သော ပိုင်နက်ကို
ကာကွယ်သည့် အနေဖြင့် လည်းကောင်း၊ ပြည်ထောင်စုကို ကာကွယ်သည့်
အနေသည့်လည်းကောင်း ကျူးကျော်ရန်စမှုကို မခိုင်ဘဲ ဆန္ဒအရ ကာကွယ်ခဲ့ကြပါတယ်။
မြန်မာ နိင်ငံဆရာဝန်များအသင်း ပွင့်လင်းလာမှု ရှိလာနေခြင်း
by Moethee Zun
၁၉-၂-၂၀၁၃
အင်္ဂါ နေ့ အတွက် ထုတ်ဝေတဲ့ “News Watch weekly” စောင့်ကြည့် သတင်း ဂျာနယ်
အတွဲ (၇) အမှတ် (၈၅) ကို ဖတ်မိပြီး ဒီစာကို ကျွန်တော် ရေးလိုက်ရခြင်း
ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ က
ဆေးတက္ကသိုလ်က နေ ပညာရည်နို့ သောက်စို့ပြီး ဆရာဝန် လားမြောက်ခဲ့ သူပါ။
စောင့် ကြည့် သတင်းဂျာနယ်မှာ ဒေါက်တာ အောင်ခင်ဆင့် ရေးတဲ့ “မြန်မာနိုင်ငံ
ဆရာဝန်အသင်းကြီးကို လက်ပံ တောင်း တောင် လိုမဖြစ်စေလို” ဆောင်းပါးနဲ့
ပါမောက္ခ ဒေါက်တာမြင့်သောင်း ရေးတဲ့ “ အစဉ်မညှိုးနွမ်း ထာဝစဉ် လန်းဆန်းနေဦး
မည့် မြန်မာနိုင်ငံဆရာဝန်အသင်းကြီး” ဆိုပြီးတော့ ဆောင်းပါး နှစ်ခုကို မျက်နှာခြင်းဆိုင်စာမျက် နှာ နှစ်ခုမှာ ဖတ်လိုက်ရပါတယ်။
ဆရာအောင်ခင်ဆင့် အနေနဲ့ လက်ရှိ ဖြစ်နေတဲ့ MMA ရုံးကို နိုင်ငံခြားကုမ္ပဏီကို နှစ်ရှည်ငှားရမ်းခြင်းအားဖြင့်
မြန်မာနိုင်ငံ ဆရာဝန်အသင်းကြီး ရဲ့ ဂုဏ်သိက္ခာ မှေးမှိန် သွားမှာကို
စိုးရိမ်နေကြောင်း ပြောပြထားပါတယ်။