မြန်မာ နိင်ငံဆရာဝန်များအသင်း ပွင့်လင်းလာမှု ရှိလာနေခြင်း
၁၉-၂-၂၀၁၃ အင်္ဂါ နေ့ အတွက် ထုတ်ဝေတဲ့ “News Watch weekly” စောင့်ကြည့် သတင်း ဂျာနယ် အတွဲ (၇) အမှတ် (၈၅) ကို ဖတ်မိပြီး ဒီစာကို ကျွန်တော် ရေးလိုက်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ က ဆေးတက္ကသိုလ်က နေ ပညာရည်နို့ သောက်စို့ပြီး ဆရာဝန် လားမြောက်ခဲ့ သူပါ။
စောင့် ကြည့် သတင်းဂျာနယ်မှာ ဒေါက်တာ အောင်ခင်ဆင့် ရေးတဲ့ “မြန်မာနိုင်ငံ ဆရာဝန်အသင်းကြီးကို လက်ပံ တောင်း တောင် လိုမဖြစ်စေလို” ဆောင်းပါးနဲ့ ပါမောက္ခ ဒေါက်တာမြင့်သောင်း ရေးတဲ့ “ အစဉ်မညှိုးနွမ်း ထာဝစဉ် လန်းဆန်းနေဦး မည့် မြန်မာနိုင်ငံဆရာဝန်အသင်းကြီး” ဆိုပြီးတော့ ဆောင်းပါး နှစ်ခုကို မျက်နှာခြင်းဆိုင်စာမျက် နှာ နှစ်ခုမှာ ဖတ်လိုက်ရပါတယ်။
ဆရာအောင်ခင်ဆင့် အနေနဲ့ လက်ရှိ ဖြစ်နေတဲ့ MMA ရုံးကို နိုင်ငံခြားကုမ္ပဏီကို နှစ်ရှည်ငှားရမ်းခြင်းအားဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းကြီး ရဲ့ ဂုဏ်သိက္ခာ မှေးမှိန် သွားမှာကို စိုးရိမ်နေကြောင်း ပြောပြထားပါတယ်။
