Wednesday, February 20, 2013
ဤလွှတ်တော်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေသား
ခိုင်အောင်ကျော် ( နယူးယောက် )
ကျွန်တော့်အနေဖြင့် အမေရိကနိုင်ငံမှ နေပြီး မြန်မာနိုင်ငံ နေပြည်တော်ရှိ
ပြည်သူ့ လွှတ်တော်ကို ဤသို့ ချီးမွမ်းခြင်းမှာ အကြောင်းရှိသည် ။
မနက်ပိုင်းအိပ်ရာကနိုးလျှင် တရားသံဖွင့်ထားပြီး စိတ်နှလုံးတွင် သာသာနာ၏
ဓမ္မတေးသံဖြင့် အာရုံပြုနေတတ်ပါသည် ။ မနက်တိုင်းတွင် မြန်မာနိုင်ငံအတွင်းက
သတင်းများ-အထူးသဖြင့် ရခိုင်ပြည်နယ်က သတင်းများ-ကချင်ပြည်နယ်က
သတင်းများကို ကြားရမြင်ရနေ၍ စိတ်မချမ်းမြေ့ ဖြစ်ရတတ်သည်လည်း ကြုံနေရသည် ။
ပူလောင်နေသော စိတ်များဖြင့် သတင်းများကို ဖတ်နေရ၍
စာပေရေးသားရသည့်အခါတိုင်းလည်း စိတ်လက်မအီမသာ ဖြစ်ရတတ်သည် ။