Thursday, February 14, 2013

NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့်အင်တာဗျူး


ဦး ခင်မောင်ဆွေ အင်တာဗျူး

NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့်အင်တာဗျူး
နွယ်နီစန်း                                                                                    The Politics Journal 14.FEB. 2013
မေး။      ။ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့လုပ်ကိုင်နိုင်စွမ်း ယှဉ်ပြိုင်နိုင်စွမ်းတွေ ဘယ်လိုရှိလာနိုင်ပါသလဲ။
ဖြေ။       ။ ၂၀၁၅ အတွက်ဆိုအခု ပါတီတွေက (၅၀) ကျော်သွားပြီ။ (၅၄) ပါတီရှိသွားပြီ။ နောက်ထပ် လည်း တိုးဖို့ရာ ရှိနေပါသေးတယ်။ မသကာပြောမယ်ဆိုရင် ပါတီလေးငါးဆယ်ခုလောက်တော့တိုးရင်တိုးနေဦးမှာပါ။ ပါတီတွေအများကြီး ဖြစ်လာမှာပါ။ ၂၀၁၅ ပွဲကတော့ ပြည်သူတွေမျက်စိလည်မယ့်ပွဲလို့ပြောရမှာပေါ့။ အင်အားကြီးပါတီကတော့ NLD နဲ့ ပြည်ခိုင်ဖြိုးပါတီပေါ့။ ကျန်တဲ့ပါတီတွေက သူတို့လောက်အရှိန်အ၀ါမကြီးပေမယ့်လို့ အချို့ပါတီတွေက စည်းရုံးရေးအင် အားကောင်းတယ်။ အချို့ပါတီတွေက နိုင်ငံရေးသိက္ခာရှိခဲ့ကြတယ်။ တချို့ပါတီတွေက နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ ပါတီမျိုးကျတော့ နိုင်ငံရေးဥပဓိရုပ်ကောင်းတာပေါ့။ အဲဒါတွေထည့်တွက်မယ်ဆိုရင် မှန်မှန်ကန်ကန်သွားမယ်ဆိုရင်တော့ ပြည်မမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ NLD ကအဓိကပြိုင်ဖက်ဖြစ်မှာပေါ့။ ကျန်တဲ့ပါတီတွေလဲ သူတို့အင်သူတို့အားပေါ့လေ။ စည်းရုံးရေးကောင်းတဲ့နယ်မြေတွေမှာ ရနိုင်တဲ့အနေအထားရှိပါတယ်။ ပြည်နယ်တွေမှာတော့ တိုင်းရင်းသားပါတီတွေက နံပါတ်(၁) ပေါ့လေ။ ရာခိုင်နှုန်း ၈၀၊၉၀ တော့ရမှာပေါ့။ ကျန်တဲ့ပါတီဘယ်ပါတီမဆို တိုင်းရင်းသားပါတီတွေကိုကျော်တက် ပြီးတော့ land-slide နိုင်သွားဖို့တော့မဖြစ်နိုင်ပါဘူး။ ဥပမာဆိုပါစို့- ရှမ်းမှာဆိုရင် ရှမ်း(၃) ပါတီရှိတယ်လေ။

မတူကွဲပြားမှု နဲ့ စည်းလုံးညီညွတ်ရေး


မတူကွဲပြားမှု နဲ့ စည်းလုံးညီညွတ်ရေး


VOA News, 13February 2013   —-  (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်)  ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မတူကွဲပြားမှုကို အခြေခံသော စည်းလုံးညီညွတ်ရေး Unity in Diversity ဆိုတဲ့ ပင်လုံရဲ့အခြေခံသဘောတရားကို ဘယ်လောက်အထိ ဖော်ဆောင်နိုင်ကြပြီလဲဆိုတာကို မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဦးလှထွန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ဦးစိုင်းလိတ်တို့ နှင့် ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

Wednesday, February 13, 2013

ယာယီနိုင်ငံကူးလက်မှတ် နေ့ချင်းပြီး ထုတ်ပေးမယ်


ယာယီနိုင်ငံကူးလက်မှတ် နေ့ချင်းပြီး ထုတ်ပေးမယ် 

 ~
 ပြည်တော်မြင့် ~

ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း မရှိသေးသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ခန့်မှန်းချေ ၁၀ သိန်းခန့်အတွက် သတင်းကောင်းတခု ရှိနေသည်။


ရနောင်းမြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ဓာတ်ပုံ- သန်းထိုက်ဦး/ဧရာဝတီ)
   နှစ်နိုင်ငံအစိုးရ သဘောတူညီချက်ဖြင့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည့်အစီအစဉ် လာမည့် သောကြာနေ့တွင် ပြန်လည် စတင်မည်ဟူသော သတင်း ဖြစ်သည်။
ထို့အပြင် ထိုင်းနိုင်ငံအတွင်း နေ့ချင်းပြီး ထုတ်ပေးသွားမည် ဆိုသောကြောင့် အလုပ်သမားတို့ ပိုမို အဆင်ပြေကြမည် ဖြစ်သည်။ 
ယာယီနိုင်ငံကူးလက်မှတ်ရှိပါက တရားဝင်အလုပ်လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။

KNUနဲ့ အစိုးရ ကြား လုံးဝ အပစ်အခတ်ရပ်စဲရေး ဖြစ်လာမည်လား


KNUနဲ့ အစိုးရ ကြား လုံးဝ အပစ်အခတ်ရပ်စဲရေး ဖြစ်လာမည်လား 

 ကရင်ပြည်နယ်တွင်းက ကရင်တိုင်းရင်းသူ အမျိုးသမီးတဦး၊ ဓာတ်ပုံ- မေစစ်ပိုင်/ဧရာဝတီ
မေစစ်ပိုင် ~
အစိုးရ နဲ့ ကေအင်န်ယူ တိကျသောအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မတ်လတွင် စမည် အစိုးရ
နှင့် ကေအင်န်ယူ (ကရင်အမျိုးသားအစည်းအရုံး)တို့သည် လာမည့် မတ်လအတွင်း တိကျသည့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်ကို စတင်မည်ဟု ကေအင်န်ယူ ကာကွယ်ရေး ဝန်ကြီး စောရော်ဂျာခင် က ဧရာဝတီ သို့ပြောသည်။ 
လက်ရှိတွင် အစိုးရနှင့် ကေအင်န်ယူအနေဖြင့် ပဏာမ အပစ်အခတ်ရပ်စဲရေးအဖြစ်သာ သဘောတူညီ ထားသဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိ ရန် လိုအပ်နေသည်ဟု သိရသည်။ 

“ဖက်ဒရယ်ဆိုပြီး ကိုယ်ပိုင်စစ်တပ်ထူထောင်မယ်ဆိုတာကိုတော့လက်မခံဘူး´´ပြည်ခိုင်ဖြိုးဒုဥက္ကဌ ဦးဌေးဦးပြောပြီ


“ဖက်ဒရယ်ဆိုပြီး ကိုယ်ပိုင်စစ်တပ်ထူထောင်မယ်ဆိုတာကိုတော့လက်မခံဘူး´´ပြည်ခိုင်ဖြိုးဒုဥက္ကဌ ဦးဌေးဦးပြောပြီ 

လက်ရှိဖြစ်ပွားလျက်ရှိနေသော ကချင်ပြည်နယ်အတွင်းရှိုဗ နှင့် အစိုးရတပ်မတော်ကြား ဖြစ်ပွား လျက်ရှိနေသော တိုင်းပွဲများအရေး၊ ယင်းတို့နှင့်ပတ်သက်၍ ပါတီများ၊ အဖွဲ့အစည်းများမှ သဘော ထား ကြေညာချက်များအသီးသီး ထုတ်ပြန်နေကြခြင်းများ၊ တိုင်းရင်းသားအဖွဲ့များတောင်းဆိုသော ဖက်ဒရယ်နှင့် ယင်းသို့သော ကချင်အရေးကိစ်္စများအပေါ် ပြည်ခိုင်ဖြိုးတာဝန်ရှိသူတစ်ဦးဖြစ်သော်လည်း လွှတ်တော်နိုင်ငံသား အခွင့်အရေးနှင့် ဒီမိုကရေစီရေးကော်မတီဥက်္ကဋ္ဌ ဦးဌေးဦးအား Hot News  သတင်းထောက်မှ ဆက်သွယ်၍ သဘောထားချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။