Tuesday, February 5, 2013

"ငွေထုပ်ပိုက်၍ စောင့်နေကြသော နိုင်ငံတကာအင်န်ဂျီအိုများ ကချင်စစ်ဘေးဒုက္ခသည်များအား ကူညီခွင့်ရပြီ"


"ငွေထုပ်ပိုက်၍ စောင့်နေကြသော နိုင်ငံတကာအင်န်ဂျီအိုများ ကချင်စစ်ဘေးဒုက္ခသည်များအား ကူညီခွင့်ရပြီ"

‎
ကချင်ပြည်နယ်အတွင်းသို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များအား ဝင်ရောက်ခွင့် ပြုလိုက် ပြီဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ သိရသည်။
နှစ်ဖက်တပ်များ၏တာဝန်ယူ ပေးမှုနှင့်အတူဝင်ရောက်ခွင့်ကို နိုင်ငံ တော်သမ္မတမှ ခွင့်ပြုပေးခြင်းဖြစ်ပြီး အဆိုပါကိစ္စကို မြစ်ကြီးနားရှိ ကယ် ဆယ်ရေးစခန်းများ သို့ ရောက်ရှိစဉ် သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သမ္မတရုံးဝန်ကြီးဌာန(၃)မှ တာ ဝန်ရှိသူက ”ခွင့်ပြုမိန့် ကို စာနဲ့မထုတ် ပြန်သေးပေမယ့် မှန်ပါတယ်” ဟု အတည်ပြုသည်။

၈၈ မျိုးဆက် ဘယ်လဲ၊ ဘာလဲ


၈၈ မျိုးဆက် ဘယ်လဲ၊ ဘာလဲ 




ဒေါက်တာရန်မျိုးသိမ်း ~


မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်သည် ဒီမိုကရက်တစ်အသွင်သို့ ကူးပြောင်းနေသည် ဟု ယေဘုယျ သုံးသပ်နိုင်သည်။ 
စနစ်သစ်တစ်ခုသို့ အကူးအပြောင်းကာလသည် အလွန်သိမ်မွေ့နုနယ်သည့်အပြင် ထိရှလွယ်သည်ဟု လည်း မှတ်ချက်ပြုကြသည်။ အသွင်ကူးပြောင်းရေးကာလတွင် အဓိကအင်အားစု များ၏ မောင်းနှင်အား အပေါ်မူတည်လျက် အချိန်ကြာမြင့်မှုတွင် အတိုးအလျော့ရှိနိုင်သည်ဟု သုံးသပ်မိသည်။ 
မြန်မာ့နိုင်ငံရေး တွင် မျိုးဆက်သစ် နိုင်ငံရေးအစုအဖွဲ့များသည် အနာဂတ်နိုင်ငံရေးချိန်ခွင်လျှာကို ထိန်းညှိ မည့်သူများဖြစ်သည့်အားလျော်စွာ မျိုးဆက်သစ်နိုင်ငံရေးအစုအဖွဲ့များတွင် ဦးဆောင်အဖွဲ့တစ်ခုဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဘယ်လဲ၊ ဘာလဲဟု မေးခွန်းထုတ်ရခြင်းဖြစ်သည်။ 
မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာ့ဝန်းကျင်တွင်ပါ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနှင့်အတူ တွဲဖက်သိနေသည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အနေဖြင့် ရှေ့ခရီးကို မည်သို့ဦးတည်လျှောက်လှမ်းမည်။ 
မည်သို့၊ မည်ပုံ၊ မည်သူတို့နှင့် မည်သည့်နည်း ဖြင့်ခရီးဆက်မည်တို့ကို အများပြည်သူသိအောင် အလျင် အမြန် ထုတ်ပြန်ရမည်ဖြစ်သည်။ 
ထို့အတူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် စာပေအနုပညာအဖွဲ့ သို့မဟုတ် လူမှုရေးအသင်း အဖွဲ့ သို့မဟုတ် ပြည်တွင်းအန်ဂျီအို သို့မဟုတ် နိုင်ငံရေးပါတီ မည်သည့်ပုံစံကို အနာဂတ်တွင် ပုံဖော်လာမည်ကို လည်း တိတိကျကျရှင်းပြရတော့မည် ဖြစ်သည်။ 

ကချင်တစ်ကျပ်၊ မြန်မာတစ်ကျပ်ပြောခဲ့ပေမဲ့၊ လက်တွေတော့ ကချင် ၁၀ ပြား၊ မြန်မာတစ်မတ်


ကချင်တစ်ကျပ်၊ မြန်မာတစ်ကျပ်ပြောခဲ့ပေမဲ့၊ လက်တွေတော့ ကချင် ၁၀ ပြား၊ မြန်မာတစ်မတ် 


Moe MaKa News, 5Feberuary 2013  —-   တာပိန်ရေအားလျှပ်စစ်ဆိုတာ တရုပ်ကုမ္မဏီကြီးတခုရဲ့ ရှမ်းပြည်မြောက်ပိုင်း၊ KIA နယ်မြေမှာ ငြိမ်းချမ်းရေးကာလ ၂၀၀၉လောက်က စီမံကိန်းတခုပါ။ အကျိုးတူခွဲဝေစားသောက်ဖို့ဆိုပြီး န.အ.ဖ အစိုးရကာလမှာ စီးပွားရေးလုပ်ငန်းတစ်ခု (သယံဇာတရောင်းစားရေးစီမံကိန်း) ဖြစ်ပါတယ်။ အဲဒီဒေသမှာ ကချင် KIA တပ်မဟာတစ်ခု နဲ့ မြန်မာတပ်များ အင်အားညီမျှစွာ စခန်းချနေထိုင်ပါတယ်။ နယ်မြေတစ်ခုလုံးကတော့ ကချင်လက်နက်ကိုင်များ ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။
နောက်ပိုင်း ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ် တက်လာတဲ့အချိန် မြန်မာစစ်ကြောင်း၊ တပ်မတစ်ခု တာပိန်ရေအားလျှပ်စစ်ဒေသကို ချီတက်လာ တယ်ဆိုတာ KIA က သတင်းရပါတယ်။

စစ်ပြေငြိမ်းရေး အကောင်အထည်ဖော်ကြရန် အစိုးရနှင့် KIO သဘောတူ


စစ်ပြေငြိမ်းရေး အကောင်အထည်ဖော်ကြရန် အစိုးရနှင့် KIO သဘောတူ 

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဗိုလ်ချုပ် ဂွန်မော်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင် ဦးအောင်မင်း (ဓာတ်ပုံ – Waiyan Moe Thone Thann / Facebook)
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ရှိ Jin Cheng Hotel တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက်ခိုင်မာသည့် စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် သဘောတူညီကြကြောင်း ပူးတွဲကြေညာချက် ထုတ်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် “အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာ နေရာများကို လေ့လာစောင့်ကြည့် စိစစ်ရေးစနစ် ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားရန် သဘောတူညီကြသည်” ဟု ပါရှိသည်။

Monday, February 4, 2013

မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲတစ်ရပ်ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း


မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲတစ်ရပ်ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း 


Moe MaKa News, 2February 2013  —– အခုလာမယ့် မေလမှာဆို အရေးကြီးတဲ့ကိစ္စတစ်ခုဟာ တရုတ်ပြည်ရဲ့ ပထဝီဝင်အနေအထားကို ထူးခြားမှုတစ်ခုခု ဖြစ်စေ ပါတော့မယ်။ ကမ္ဘာ့ တိုက်ကြီးတစ်ခုစာပမာဏရှိတဲ့ တရုတ်ပြည်ဟာ ၎င်းရဲ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ကို နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းမြို့တွေမှာ အခြေ စိုက် ဖေါ်ဆောင်လာခဲ့ရာမှ နိုင်ငံရဲ့ မြောက်ဘက်ကို အခြေချပါတော့မယ်။ အရှည်အားဖြင့် ကီလိုမီတာ ၈၀၀ ရှည်တဲ့ တရုတ်-မြန်မာ ရေနံနဲ့ ဓါတ်ငွေ့ ပိုက် လိုင်းဟာ တရုတ်ပြည်ရဲ့ အနောက် ဘက်ပိုင်း ယူနန်ပြည်နယ် မြို့တော်ကူမင်းကို မြန်မာမှတဆင့် ဘင်္ဂလားပင်လယ်အော်အထိ သွယ်တန်းကာ တည်ရှိလာတော့မယ်ဖြစ်ပါတယ်။ နောက်နှစ်ဆိုရင်တော့ ဓါတ်ငွေ့  ပိုက်လိုင်းအပြင် ရေနံပိုက်လိုင်းကလည်း အဲဒီလမ်း ကြောင်းအတိုင်း စတင်ဖွင့်လှစ်ပြီး ရေနံတွေ ပို့ လွှတ်ပါတော့မယ်။

လွတ်လပ်မျှတမှု မရှိသေးတဲ့ တရားရေးမဏ္ဍိုင်


လွတ်လပ်မျှတမှု မရှိသေးတဲ့ တရားရေးမဏ္ဍိုင် 

Lady Justice
VOA News , 3February 2013  —- (မျက်မှောက်ရေးရာ/ဒီမိုကရေစီရေးရာ)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မတရားဖမ်းဆီးခြင်း ခံထားရတဲ့ ဒေါက်တာထွန်းအောင် အမှု၊ ပြစ်ဒဏ်၊ တရားစီရင်ရေး လုပ်ပုံလုပ်နည်း၊ ဆောင်ရွက်လုပ်ကိုင် ဆုံးဖြတ်ချက်ဆိုင်ရာများကို ဟောင်ကောင် (Hong Kong) အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ (Asian Human Rights Commission ) အကျိုးဆောင်ရှေ့ နေ ဦးမင်းလွင်ဦး နဲ့ ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။