Sunday, January 20, 2013

တရုတ်အတွက် မြန်မာနိုင်ငံ ပြဿနာ


တရုတ်အတွက် မြန်မာနိုင်ငံ ပြဿနာ 


(17 January 2013 ရက်စွဲပါ the Diplomat မှ David Cohen ရေးသားသော China’s Myanmar Problem ကို ဘာသာပြန်ဆိုပါသည်)
နိုင်ငံခြားမှဝေဖန်သုံးသပ်သူများက ယုံကြည်နေသည်မှာ ကချင်ပြည်နယ်တွင် မြန်မာက စစ်ဆင်ရေးပြုလုပ်နေသည်မှာ အဆိုပြုထားသော ရေလှောင်တမံနေရာများကို ထိန်းချုပ်မှု ရရေးဖြစ်သည်ဟူသည့်အချက်ဖြစ်သည်။ ထိုရေလှောင်တမံများကို မြန်မာပြည်သူများက မလိုလားသော်လည်း တရုတ်နိုင်ငံပိုင်ကုမ္ပဏီများအတွက်မူ အရေးကြီးနေပါသည်။

နေပြည်တော် အိမ်ခြံမြေ နေရာကွက်၍ အရောင်းအဝယ် ဆက်ဖြစ်


နေပြည်တော် အိမ်ခြံမြေ နေရာကွက်၍ အရောင်းအဝယ် ဆက်ဖြစ် 

From : မဇ္ဈိမ

Photo:
နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ နေရာအလိုက် ကွက်၍ အရောင်းအဝယ်များ ဆက်ဖြစ်နေကြောင်း သိရသည်။
“နေပြည်တော် အိမ်ခြံမြေ ဈေးကွက်ကြီး တခုလုံး အနေနဲ့ဆိုရင်ဈေးကွက် အေးပါတယ်။ နေရာ ကွက် အရောင်းအဝယ် ဖြစ်နေတာတွေကတော့ ရှိတယ်။ ရာဇဌာနီ လမ်းမကြီး အနီးပတ်ဝန်းကျင် က မြေကွက်တွေ အရောင်းအဝယ် ဆက်ဖြစ်နေတယ်” ဟု နေပြည်တော်ရှိ နှင်းထက်နိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ လုပ်ငန်းရှင် ဦးဝင်းနိုင်ထွန်း က ပြောသည်။

Friday, January 18, 2013

တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်က ပိုမို၍တံခါးဖွင့်လာသော မြန်မာနိုင်ငံအတွက်စိန်ခေါ်မှု တစ်ခုဖြစ်လာ


တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်က ပိုမို၍တံခါးဖွင့်လာသော မြန်မာနိုင်ငံအတွက်စိန်ခေါ်မှု တစ်ခုဖြစ်လာ


(15 Jan 2013 ရက်စွဲပါ The Straits Times မှ Nirmal Ghosh ရေးသားသော Anti-China Sentiment a challenge for an increasingly open Myanmar ကိုဘာသာပြန်ပါသည်)
အဓိက အင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်၊ဂျပန်နှင့် အိန္ဒိယ တို့သည် ယခုမှ တံခါးဖွင့်လာသော မြန်မာနိုင်ငံသို့ နေရာတစ်နေရာရရန် ဝင်ရောက်လာကြရာ မြန်မာနိုင်ငံတွင်နေရာယူထားသော တရုတ်၏ စီးပွါးရေးနှင့် မဟာဗျူဟာ အရ ခြေကုတ်ယူထားမှုမှာ လျော့ကျလာနေသည်ဟု သုံးသပ်သူများက ပြောပါသည်။

တရုတ်ကမြန်မာကိုလက်လွှတ်ဆုံးရှုံးရပြီလော


တရုတ်ကမြန်မာကိုလက်လွှတ်ဆုံးရှုံးရပြီလော


(16 Jan 2013 ရက်စွဲပါ Foreign Policy မှ Yun Sun ရေးသားသော Has China Lost Myanmar? ကို ဘာသာပြန်ပါသည်)
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနျစ် သမ္မတဦးသိန်းစိန် တက်လာပြီး လျှင်မြန်သောပြောင်းလဲမှုများ ပြုလုပ်လာ ကတည်းက တရုတ် အတွက် ပြဿနာ ဖြစ်လာခဲ့ပါသည်။ တရုတ်သည် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင် အိမ်နီး ချင်းနှင့် အေးချမ်းသော ဆက်ဆံရေးရှိခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝသယံဇာတနှင့် နိုင်ငံခြားရေး မူဝါဒတွင် တစ်ဦးတည်း လက်ဝါးကြီးအုပ်လုနီးပါးရှိခဲ့ပါသည်။

Thursday, January 17, 2013

စစ်ရေးနဲ့ မဖြေရှင်းနိုင်တဲ့ ကချင်ပဋိပက္ခ

 

စစ်ရေးနဲ့ မဖြေရှင်းနိုင်တဲ့ ကချင်ပဋိပက္ခ 

ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင်းက ကလေးငယ်များ (ဇန်နဝါရီ ၄၊ ၂၀၁၃)။
VOA News, 16 January 2013  —– (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်)
ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အင်အားစု KIA နဲ့ မြန်မာအစိုးရ စစ်တပ်တို့အကြား လက်ရှိ ဖြစ်ပွါးနေတဲ့ ပဋိပက္ခကို စစ်ရေးနည်းလမ်းသက်သက်နဲ့သာ ဖြေရှင်းမဲ့သဘော အစိုးရဘက်က ပြသနေတယ်လို့ KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ က ပြောဆိုပါတယ်။ ထိုးစစ်ကိုအရှိန်မြှင့် တိုက်ခိုက်နေတဲ့အတွက် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို ပြန်ကြားရခက်နေတယ်လို့လဲ ဆိုပါတယ်။ အသေးစိတ်ကို ဒေါက်တာလဂျာ နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။