ကချင်တွင် ဓါတုလက်နက်များသုံး၍ တိုက်ခိုက်နေခြင်း မရှိဟု မြန်မာအစိုးရငြင်းဆို

အေအက်ဖ်ပီ သတင်းဌာနမှ ဖေါ်ပြသောသတင်းတွင် မြန်မာသမ္မတ၏ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က “ကျနော်တို့တပ်တွေဟာ ဓါတုလက်နက်တွေကို ဘယ်တော့မှ မသုံးခဲ့ပါဘူး။ အဲဒါတွေကို အသုံးပြုဖို့ ရည်ရွယ်ချက် လည်း မရှိခဲ့ပါဘူး၊ ကေအိုင်အေဟာ ကျွန်တော်တို့ကို မှားယွင်းစွာ စွပ်စွဲနေတယ် ထင်ပါတယ်” ဟု ပြောကြားသည်။
