၂၀၁၂ ခုနှစ်အတွင်း မြန်မာပြည်မှ အထူးခြားဆုံး အဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၉)
မဇ္ဈိမသတင်းဌာန
|
အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၁ မိနစ်
(အမှတ် ၉) သမ္မတကြီး မီဒီယာနှင့် တွေ့ဆုံခြင်း
မြန်မာနိုင်ငံရှိ အစိုးရ ထုတ်ဝေသော မီဒီယာ များဆိုသည်မှာ အာဏာရှင်စနစ်၏ အသုံး
အနှုံးများကို ဟာသအဖြစ် ဖတ်ရှုသူများ
အတွက်သာ စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။
ယေဘူယျပြောရလျှင် နိုင်ငံပိုင်မီဒီယာများ
က အာဏာပိုင်များ ကမ္ဘာကြီးကို ဘယ်လို
မြင်သည် ဆိုသည့်အမြင်အတိုင်း ထင်ဟပ်
ဖော်ပြကြခြင်းသာ ဖြစ်သည်။ ဤသို့ ဆို၍
အင်္ဂလိပ် စကားပုံတခုတွင် ပါသလို 'ကြောင်ကလေးက ဘုရင်မင်းမြတ်ကို စကားပြောနိုင်သည်' ဟူ၍မူ မဆိုလိုပါ။
အစိုးရ၏ ပုံနှိပ်မီဒီယာများတွင် ဘွဲ့တံဆိပ်
မျိုးစုံ တပ်ဆင်ထားသော ဗိုလ်ချုပ်ကြီးများ စက်ရုံအလုပ်ရုံများသို့ သက်ဦးဆံပိုင်ဘုရင် ကြီးများသဖွယ် လှည့်လည်ကြည့်ရှုပြီး
လိုအပ်သည်များ ညွှန်ကြားနေသည်ကိုသာ
တွေ့ရသည်။ သူတို့လို ရေမြေ့ရှင်များက ပေးပို့သော သဝဏ်လွှာများကိုသာ တွေ့ရမည်။ အတိုက်အခံ ခေါင်းဆောင် ကိုမူ သွေးစုပ်ဖုတ်ကောင် အဖြစ် ကာတွန်းဆွဲ သရုပ်ဖျက်ထားမည်။
| နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) ၂ နာရီကျော် ကြာမြင့်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးခွန်းပေါင်း ၃၀ ကျော်ကို သမ္မတ က ဖြေကြားသွားခဲ့သည်။ |