Friday, December 21, 2012

ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးအလားအလာ

ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးအလားအလာ

တောင်ကိုရီးယားသမ္မသစ်ဖြစ်လာမယ့် Park Geun-Hye
VOA News, 20 December 2012  —   တောင်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ အထီးကျန်ဖြစ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံ နဲ့ ဆက်ဆံရေးအပေါ်မှာ မသေချာမရေရာမှုတွေနဲ့ အခွင့်အရေးရော နှစ်မျိုးလုံးရောထွေးနေ ပါတယ်။ တောင်ကိုရီးယားရဲ့ သမ္မတသစ်ဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်သဘောထားကို ရိုးတိုးရိပ်တိတ် ဖွင့်ပြောခဲ့ပြီးဖြစ်တဲ့အကြောင်း ကိုတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကနေ ဗွီအိုအေသတင်းထောက် Steve Herman က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

သုံးနိုင်ငံလမ်းမကြီး အမြန်ပြီးရန် အိန္ဒိယ ဝန်ကြီးချုပ် နှိုးဆော်


သုံးနိုင်ငံလမ်းမကြီး အမြန်ပြီးရန် အိန္ဒိယ ဝန်ကြီးချုပ် နှိုးဆော် 

အိန္ဒိယနှင့် အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး (Photo: Government of India)
နယူးဒေလီ (မဇ္ဈိမ) .၂၀ရက်နေ့ ဒီဇင်ဘာ ၂၀၁၂  —-   အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး အမြန်ပြီးစီးရေး အတွက် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း Dr. Manmohan Singh က ကြာသပတေးနေ့တွင် ထပ်လောင်း နှိုးဆော် လိုက်သည်။
နယူးဒေလီမြို့တွင် ကျင်းပနေသည့် အိန္ဒိယနှင့် အာဆီယံ ၁ဝ နိုင်ငံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

သမ္မတဖြစ်လာမယ့် Park Geun-hye အမျိုးသားလုံခြုံရေး အလေးထား


သမ္မတဖြစ်လာမယ့် Park Geun-hye အမျိုးသားလုံခြုံရေး အလေးထား

တောင်ကိုရီးယားသမ္မတသစ် Park Geun-hye
VOA News, 20 December 2012  —-  တောင်ကိုရီးယားနိုင်ငံက အသစ်ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတ Park Geun-hye ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးနဲ့ မြောက်ကိုရီး ယားနိုင်ငံ ဘက်က ခြိမ်းခြောက်မှုတွေဟာ အရေးပါဆုံး အလေးထားဆောင်ရွက် ရမယ့်ကိစ္စတွေဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မန္တလေး – မြစ်ကြီးနား မီးရထား မိုင်းကွဲ လူ ၃ ဦး ဒဏ်ရာရ


မန္တလေး – မြစ်ကြီးနား မီးရထား မိုင်းကွဲ လူ ၃ ဦး ဒဏ်ရာရ


The Voice Weekly , 21 December 2012  —-  ရန်ကုန် ၊ ဒီဇင်ဘာ ၂၁
မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ ဆက်သွယ်သည့် အဓိက လမ်းကြောင်းဖြစ်သော မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် ကုန်တင် ရထားတစ်စီးကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) မှ မိုင်းခွဲလိုက်ခြင်းကြောင့်မီးရထား ဝန် ထမ်း သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လိုင်ဇာ ဌာနချုပ်ကို သုံးဖက် သုံးတန်မှ စစ်ဆင်ရန် အစိုးရ ပြင်ဆင်


လိုင်ဇာ ဌာနချုပ်ကို သုံးဖက် သုံးတန်မှ စစ်ဆင်ရန် အစိုးရ ပြင်ဆင် 


ရွှေဟင်္သာသတင်းဌာန. ၂၀ရက်နေ့ ဒီဇင်ဘာ ၂၀၁၂  —-  အစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ကို တိုက်ခိုက်ရန် စစ်ဗျူဟာ (၃) ခုဖြင့် သုံးဖက်သုံးတန်မှ စစ်ဆင်ရန်ပြင် ဆင်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။
“ ကျနော်တို့ ဗဟိုကို လမ်းကြောင်း (၃) ခုကနေ ချဉ်းကပ်ဖို့သူတို့ ပြင် ဆင်နေတာရှိတယ်၊ ဂန်တောင်ယန် – ဝိုင်းမော်လမ်းကြောင်း၊ ဒေါ့ ဖုန်းယန်း – ဗန်းမော်လမ်းကြောင်း၊ စတန်ပါမှာ ဗျူဟာ တစ်ခု ဖွင့်ထားပြီး တစ်ကြောင်း ချထားတယ်၊ အဲဒီ သုံးကြောင်းနဲ့ ကျွှန်တော်တို့ဌာန ချုပ်ကို စစ်ဆင်ရေးကြီး လုပ်မယ့် အနေအထားရှိတယ်” ဟု KIA ပြောခွင့်ရ ဦးလနန်မှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။

မူဆယ်မြို့နယ် အမျိုးသမီးများက မူးယစ်ဆေးဝါး သုံးစွဲသူ ၃၀၀ ခန့် အရေးယူခဲ့


မူဆယ်မြို့နယ် အမျိုးသမီးများက မူးယစ်ဆေးဝါး သုံးစွဲသူ ၃၀၀ ခန့် အရေးယူခဲ့

ချင်းမိုင်(မဇ္စျိမ) . ၂၀ရက်နေ့ ဒီဇင်ဘာ ၂၀၁၂  —-   ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ် မုံးပေါ်ဒေသအတွင်း အမျိုးသမီးများ ဦးဆောင်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ခဲ့ရာ သုံးစွဲသူ ၂၈၂ ဦးနှင့် ရောင်းဝယ်သူ ၁၂ ဦးအား အရေးယူနိုင်ခဲ့ကြောင်း ဦးဆောင် ပါဝင်ခဲ့သူ ဆရာမ တဦးက ပြောသည်။
သြဂုတ်လမှ စတင်၍ မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို ‘မုံးပေါ်
ဇုန်ပြည်သူလူထု မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး
အသင်း’ မှ မုံးပေါ်ဒေသ နမ်ခေါင်ကျေးရွာအုပ်စု လချပ်၊ မနောင်ကောင်း၊ ဖာလပ်၊ လုံဂျာ၊ ဒွန်ဒုကျေးရွာတို့မှ မူးယစ်ဆေးဝါး ရောင်းဝယ် သူများနှင့် သုံးစွဲသူများအား အရေးယူခဲ့သည်ဟုအဆိုပါ ဘာသာရေး ဆရာမက ပြော
သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။