Friday, December 21, 2012

အမေရိကန်-မြန်မာ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်


အမေရိကန်-မြန်မာ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက် 

စစ်ရေးမဟုတ်တဲ့သင်တန်းတွေကို မြန်မာစစ်တပ်အရာရှိတွေကို ပေးသွားမယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
BBC News, 20 December 2012  —-  မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နေချိန်မှာ မြန်မာ-အမေရိကန် နှစ်နိုင်ငံ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ စစ်ရေးဆိုင်ရာ သင်တန်းမဟုတ်တဲ့ လူသားချင်း စာနာ ထောက်ပံ့ရေး ဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာ ဆေးပညာနဲ့ ကာကွယ်ရေးဆိုင် ရာ ပြုပြင်ပြောင်း လဲမှု သင်တန်းတွေကို မြန်မာစစ်တပ်က အရာရှိတွေကို ပေးမယ်လို့ အမေရိကန် စစ်တပ်အရာရှိတဦးကို ကိုးကားပြီး သတင်းတွေ ထွက်လာပါတယ်။

မြန်မာ့လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးတက်မှုရှိ


မြန်မာ့လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးတက်မှုရှိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ချိတ်ဆွဲထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး ပိုစတာ
VOA News, 20 December 2012  —-   မြန်မာနိုင်ငံက လူကုန်ကူးမှုတွေဟာ အခု ၂၀၁၂ အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကထက် ၃၀ ရာခိုင်နှုန်းလျှော့ ကျသွားတယ်လို့ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး အဖွဲ့ မှ အငြိမ်းစားရဲမှူးကြီး တစ်ဦးက ပြောလိုက်ပါတယ်။ ဒီကနေ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNIAP မှာ ပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။၂၀၁၂ ခုနှစ်အတွင်းမှာ လူကုန်ကူးခံရသူပေါင်း ၁၉၇ ယောက် ရှိပြီး ပြန်လည်ကယ်တင်နိုင်တာတွေလည်း ရှိတယ်လို့ အငြိမ်းစားရဲမှူးကြီးက ပြောပါတယ်။

အစိုးရမူးယစ်တိုက်ဖျက်ရေး အဖွဲ့များ၊ RCSS နယ်မြေထဲ ၀င်ခွင့်မပြု


အစိုးရမူးယစ်တိုက်ဖျက်ရေး အဖွဲ့များ၊ RCSS နယ်မြေထဲ ၀င်ခွင့်မပြု


ရွှေဟင်္သာသတင်းဌာန. ၂၀ရက်နေ့ ဒီဇင်ဘာ ၂၀၁၂  —- ကုသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) နှင့် သဘောတူထားသည့် ပူးတွဲအစီစဉ်ကိုဆန့်ကျင်ပြီး အစိုးရသည် ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း မိုင်းဆတ်မြို့နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့၌ ရှမ်းပြည် ပြန်လည်ထူးထောင်ရေး ကောင်စီ RCSS/SSA ကို ပါဝင်ခွင့်မပြုခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလောင်ဆိုင်က ပြောပါသည်။

ကုလ အထူးကိုယ်စားလှယ် ရခိုင်ခရီးစဉ်မှာ အသိုင်းအဝန်းနှစ်ရပ်လုံးနဲ့ တွေ့ဆုံခဲ့


ကုလ အထူးကိုယ်စားလှယ် ရခိုင်ခရီးစဉ်မှာ အသိုင်းအဝန်းနှစ်ရပ်လုံးနဲ့ တွေ့ဆုံခဲ့ 

Photo: UN Photo/Eskinder Debebe ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်း(ယာ)နဲ့အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်မစ္စတာဗီဂျေးနမ်ဘီးယား(ဝဲ)တို့ကိုအစည်းအဝေးတခုတွင် တွေ့ရစဉ်
RFA News, 20 December 2012  —-   ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည် ဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambiar ဟာ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေရာရွှေ့ပြောင်းခဲ့ရသူတွေ နဲ့ တွေ့ဆုံခဲ့ပြီး၊ လူ့အသိုင်းအဝိုင်းနှစ်ရပ် ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းရေးနဲ့ ပတ်သက်လို့ အစိုးရအာဏာပိုင်တွေ နဲ့ ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ပျက်မယ် ဆိုတဲ့ ဒီဇင်ဘာ နှစ်ဆယ့်တစ်


ကမ္ဘာ့ပျက်မယ် ဆိုတဲ့ ဒီဇင်ဘာ နှစ်ဆယ့်တစ် 

တရုတ်နိုင်ငံ လယ်သမား တဦး ကတော့ ဒီဇင်ဘာ ၂၁ အတွက် အခုလို ပြင်ဆင်ထား ပါတယ်
BBC News, 20 December 2012  —-  မာယာ ရှေးဟောင်း ပြက္ခဒိန် အရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ရက် နေ့မှာ ကမ္ဘာကြီး ပျက်မယ် ဆိုတဲ့ ပြောဆို သံတွေကြောင့် ကမ္ဘာ တဝန်းမှာ စိုးရိမ် ပူပန် သူတွေ ရှိနေပါတယ်။
၂၀၁၂ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့မှာ ကမ္ဘာကြီး ပျက်မယ် ဆိုတဲ့ ပြောဆို ချက်တွေဟာ အင်တာနက်နဲ့ ဟောလီဝုဒ် ရုပ်ရှင်ကားတွေ ကြောင့် တဟုန်ထိုး ပျံ့နှံ့သွား ခဲ့တာပါ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။