Wednesday, December 19, 2012

တကိုယ်တော် ဆန္ဒပြသူကို ပုဒ်မ ၁၈ နဲ့ တရားစွဲ


တကိုယ်တော် ဆန္ဒပြသူကို ပုဒ်မ ၁၈ နဲ့ တရားစွဲ 

Photo: RFA/Kyaw Zawe Win လက်ပန်းတောင်းအရေးနဲ့ပတ်သက်ပြီး၂၀၀၇ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုအဖွဲ့မှ ကိုထင်ကျော် မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြနေစဉ်
RFA News, 17 December 2012  —-  လက်ပန်းတောင်းတောင် သပိတ်စခန်းတွေက အကြမ်းဖက် ဖြိုခွဲခံခဲ့ရတဲ့ ရဟန်းသံဃာတွေနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေ က ဖြေရှင်းပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို ခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုထင်ကျော် ကို ဒီကနေ့မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

“သပိတ်စခန်းမှ သံဃာတော်များ ထိခိုက်မှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း သမ္မတပြော”


“သပိတ်စခန်းမှ သံဃာတော်များ ထိခိုက်မှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း သမ္မတပြော” 


Popular News Journal, 19 December 2012  —-  ထားဝယ်၊ ဒီဇင်ဘာ ၁၇
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေသည့် သပိတ်စခန်းမှ သံဃာတော်များ ထိခိုက်မှုအတွက် စိတ်မကောင်းဖြစ် ရကြောင်း သမ္မတဦးသိန်းစိန်က ပြောသည်။
အောက်ခြေတွင် ညှိနှိုင်းမှု အဆင်မပြေခြင်းကြောင့် ညှိနှိုင်းဖြေ ရှင်းရ မည့် အစား တရားဥပဒေစိုးမိုးမှု လုပ်ထုံးလုပ်နည်းအ တိုင်း ဆောင် ရွက် ခဲ့သောကြောင့် သံဃာတော်များကို ထိခိုက်ခဲ့ရကြောင်း ၄င်းက ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

တန်ဖိုးနည်း တံဆိပ်တွေနဲ့ ကွယ်ဝှက်ခံထားရတဲ့ တန်ဖိုးမဲ့ သက်ရှိများ


တန်ဖိုးနည်း တံဆိပ်တွေနဲ့ ကွယ်ဝှက်ခံထားရတဲ့ တန်ဖိုးမဲ့ သက်ရှိများ


Popular News Journal, 19 December 2012  —-
သန့်ရှင်းသောအစိုးရ၊ ကောင်း မွန်သော အုပ်ချုပ်မှုဟူသော စကားမှစ၍ ခေတ်ကြီးက ယခင် ထက် ပိုလွတ်လပ် ပွင့်လင်းလာ သည်ကတော့ အမှန်။ ဒီမိုကရေ စီ၊ တရားမျှတမှု၊ အဂတိလိုက်စား မှု ကင်းရှင်းရေး၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံဆိုသည့် နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရသော စကားရပ်များစွာ တို့လည်း ယခု တော့ နေ့စဉ်သုံး ဘာသာစကား အဖြစ် လွတ်လပ်စွာ သုံးစွဲခွင့် ရလာပြီ ဖြစ်သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။