Friday, November 9, 2012

ဆွီဒင် ဝန်ကြီးချုပ် မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်စုနဲ့ တွေ့မည်


ဆွီဒင် ဝန်ကြီးချုပ် မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်စုနဲ့ တွေ့မည် 

ဆွီဒင် ဝန်ကြီးချုပ် Fredrik Reinfeldt
RFA News, 8 November 2012  —  ဆွီဒင် ဝန်ကြီးချုပ် Fredrik Reinfeldt ဟာ လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ဆွီဒင်ဝန်ကြီးချုပ်ရုံးက မနေ့က ပြောပါတယ်။

သမ္မတအိုဘားမား အရှေ့တောင်အာရှခရီးစဉ် ကြေညာချက်



သမ္မတအိုဘားမား အရှေ့တောင်အာရှခရီးစဉ် ကြေညာချက်

အမေရိကန်သမ္မတ ဘားရက်အိုဘားမား
VOA News, 8 November 2012  —  သမ္မတအိုဘားမားဟာ ဒီလအတွင်းမှာ မြန်မာအပါအဝင် အရှေ့တောင်အာရှ ဒေသကို
ခရီးထွက်မယ်လို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။ ကြေညာချက် အပြည့်အစုံ ကတော့
အောက်ပါအတိုင်း ဖြစ်ပါတယ်။ သမ္မတအိုဘားမား ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၊ မြန်မာနိုင်ငံ
ရန်ကုန်မြို့ နဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်တို့ဆီကို
နိုဝင်ဘာလ ၁၇ ရက်နေ့ ကနေ ၂၀ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။

အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ် အိမ်ဖြူတော် အတည်ပြု


အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ် အိမ်ဖြူတော် အတည်ပြု 

Photo: whitehouse website အမေရိကန် သမ္မတ အိမ်ဖြူတော်ပုံ
RFA News, 8 November 2012  —-   မြန်မာနိုင်ငံကို အမေရိကန် သမ္မတ ဘားရက် အိုဘားမား သွားရောက်မယ်လို့ သမ္မတ အိမ်ဖြူတော်က မနေ့က အတည်ပြုပြောဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ (၁၇)ရက်နေ့ကနေ (၂ဝ)ရက်နေ့အထိ ကျင်းပမယ့် အာဆီယံညီလာခံကို တက်ရောက်ဖို့အသွားမှာ ထိုင်းနဲ့ မြန်မာနိုင်ငံကို ဝင်ရောက်မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတရဲ့ ပထမဆုံး မြန်မာခရီး


အမေရိကန် သမ္မတရဲ့ ပထမဆုံး မြန်မာခရီး

သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်
BBC News, 9 November 2012 — သမ္မတ အိုဘားမားရဲ့ အရှေ့တောင် အာရှ ခရီးမှာ မြန်မာနိုင်ငံ ပါမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန် လိုက်ပါပြီ။
သမ္မတ သက်တမ်း ပူပူနွေးနွေးမှာ အခုလို သွားတာဟာ မြန်မာနဲ့ သံတမန် ဆက်ဆံရေး ပိုကောင်းအောင် လုပ်ဖို့ အရေးကြီးကြောင်း အချက်ပြ တာလို့ ဘီဘီစီ သတင်းထောက် ဒေးဗစ် ဘရမ်းဖို့က ပြောပါတယ်။

အိုဘားမား ဒုတိယ သက်တမ်း မြန်မာကိစ္စ အရေးကြီး


အိုဘားမား ဒုတိယ သက်တမ်း မြန်မာကိစ္စ အရေးကြီး

အမေရိကန်သမ္မတ Obama နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်ဒီစီအိမ်ဖြူတော်တွင် တွေ့ဆုံကြစဉ် ( စက်တင်ဘာ ၁၉၊ ၂၀၁၂)
VOA News, 8 November 2012  — အမေရိကန်သမ္မတ Barack Obama က သူ့ရဲ့ အရှေ့တောင်အာရှ ခရီးစဉ် အတွင်း မြန်မာနိုင်ငံကိုပါ သွားဖို့ စီစဉ်တာဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေဟာ သူ့ရဲ့ သမ္မတ ဒုတိယသက်တမ်း အတွင်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့အတွက် ဖြစ်တယ်လို့ Rutgers တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခ Joseph Silverstein က သုံးသပ်ပါတယ်။

အကျင့်ပျက်မှု တိုက်ဖျက်ရေး တရုတ်သမ္မတ သတိပေး


အကျင့်ပျက်မှု တိုက်ဖျက်ရေး တရုတ်သမ္မတ သတိပေး 

အာဏာ အလွဲသုံးစား လုပ်တာ လက်သိပ်ထိုး အခွင့် အရေးပေးတာတွေကို ခွင့်မပြုဘူးလို့ သမ္မတ ဟူက ပြော
BBC News, 8 November 2012  —-  တရုတ်နိုင်ငံက ၁၀ နှစ် တကြိမ် ရွေးချယ် လဲလှယ်တဲ့ တရုတ်ခေါင်းဆောင်သစ် အပြောင်းအလဲကို ရှေးရှုတဲ့ တရုတ် ကွန်မြူနစ်ပါတီ ညီလာခံကို နိုဝင်ဘာလ ၈ ရက်နေ့က စတင် ဖွင့်လှစ်လိုက်ခဲ့ပါတယ်။

အနောက်ဒီမိုကရေစီကို တရုတ်ပုံတူကူးမည်မဟုတ်


အနောက်ဒီမိုကရေစီကို တရုတ်ပုံတူကူးမည်မဟုတ် 

တရုတ်သမ္မတ Hu Jintao
VOA News, 8 November 2012  —  တရုတ်သမ္မတ ဟူဂျင်တောင်းက အဂတိလိုက်စားမှု တိုက်ဖျက်ဖို့၊ အုပ်ချုပ်ရေး စနစ်ကောင်းမွန်အောင် ပြုပြင်ဖို့ ၊ တိုင်းပြည်မပြိုကွဲအောင် ထိန်းသိမ်းဖို့ စီးပွားရေးတိုးတက်အောင် ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။ မစ္စတာ ဟူဟာ ခေါင်းဆောင် သစ်တွေရွေးချယ် မယ့် ပါတီကွန်ဂရက်မှာ ကြာသာပတေးနေ့က လမ်းညွှန်မိန့်ခွန်းတရပ်ပြောကြားခဲ့တာပါ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။