Thursday, November 8, 2012

ရာမူး ဘုန်းတော်ကြီးကျောင်းမှ ပျောက်ဆုံး ဗုဒ္ဓရုပ်ပွားတော် ၃ ဆူ ဒုက္ခသည်စခန်းမှ ဖမ်းမိ


ရာမူး ဘုန်းတော်ကြီးကျောင်းမှ ပျောက်ဆုံး ဗုဒ္ဓရုပ်ပွားတော် ၃ ဆူ ဒုက္ခသည်စခန်းမှ ဖမ်းမိ 


နိရဉ္စရာသတင်းဌာန. ၈ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ရာမူးခေါ် ပန်းဝါမြို့ ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ မီးရှို့ ဖျက်ဆီးခံရပြီး နောက် ပိုင်း  ပျောက်ဆုံးသွားသည့် ဗုဒ္ဓဆင်းထုတော် အများအပြား အထဲမှ ရုပ်ပွားတော် ၃ ဆူကို ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှ ပြန်လည် ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာဒေခ်ျ့ အထူးမူခင်းနှိမ်နှင်းရေး  တပ်ဖွဲ့ RAB ကို ကိုးကားပြီး  24 Bdnews ကဖေါ်ပြသည်။

တပ်သား (၃) ဦး လွှတ်မြောက်ရေး အပေးအယူလုပ်မည့် ကမ်းလှမ်းချက် မြန်မာဘက်က ပယ်ချ


တပ်သား (၃) ဦး လွှတ်မြောက်ရေး အပေးအယူလုပ်မည့် ကမ်းလှမ်းချက် မြန်မာဘက်က ပယ်ချ 


နိရဉ္စရာသတင်းဌာန. ၈ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —- အောက်တိုဘာလ ၆ ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသူ မြန်မာဘက်မှ တပ်သား (၃) ဦးကို အပေးအယူဖြင့် ပြန်လည် လွှတ်ပေးမည်ဟု လက်နက်ကိုင် အဖွဲ့မှ ကမ်းလှမ်းချက်ကို မြန်မာ ဘက်က ပယ်ချလိုက်သည်ဟု မြန်မာ စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

သူတို့ပြောသော သူတို့အကြောင်း (Hpyen Num တို့ပြောတဲ့ သူတို့ဘ၀)


သူတို့ပြောသော သူတို့အကြောင်း (Hpyen Num တို့ပြောတဲ့ သူတို့ဘ၀) 


Myitmakha Media Group, 8 November 2012 —-
“ကျွန်တော်က ၂၀၀၉ ခုနှစ် ၅ လပိုင်း ၁၄ ရက်နေ့က  လိုင်ဇာပုလိပ်ရုံးဌာနချုပ်ကို ရောက်ခဲ့တာပါ။ ဒီပုလိပ်တပ်ကို ကျွန်တော်ရောက်တာက ကိုယ့်သဘောနဲ့ ကိုယ်ဝင်တာမဟုတ်ပါဘူး။”လို့  အသက် (၂၄) နှစ်အရွယ် KIOမှ အမျိုးသမီး စစ်သမီးတစ်ဦးက စကားစသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်အား လုပ်ကြံမည်ဆိုသည့် တရားခံ မဟုတ်မှန်ဟု နှစ်နိုင်ငံ ရဲအရာရှိပြော


ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်အား လုပ်ကြံမည်ဆိုသည့် တရားခံ မဟုတ်မှန်ဟု နှစ်နိုင်ငံ ရဲအရာရှိပြော 

Photo: newsdataonline.com
သျှမ်းသံတော်ဆင့်သတင်းဌာန. ၈ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ထက်ဆင်ရှင်နဝပ် အား လုပ်ကြံမည့် သူ ဟု စွပ်စွဲခံထားရသည့် တာချီလိတ်မြို့မှ တရားခံမှာ စစ်ဆေးတွေ့ရှိချက် အရ ဖြစ်နိုင်မှု မရှိဘဲ အကွက်ဆင်မှု တခုသာ ဖြစ်နိုင် ကြောင်း ထိုင်း၊ မြန်မာရဲအရာရှိများ က ပြောဆိုသုံးသပ်ကြပါသည်။

ဝန်ကြီး ဦးအောင်မင်း ABSDF အပါအဝင် အခြားအဖွဲ့များနှင့် ထိုင်းနိုင်ငံမှာ တွေ့ရန်ရှိ


ဝန်ကြီး ဦးအောင်မင်း ABSDF အပါအဝင် အခြားအဖွဲ့များနှင့် ထိုင်းနိုင်ငံမှာ တွေ့ရန်ရှိ 


စံခလပူရီ (မဇ္ဈိမ) .၈ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ သည် နိုဝင်ဘာလ ၉ ရက်နေ့၌ ထိုင်းနိုင်ငံသို့ ထပ်မံ လာရောက်ရန် ရှိပြီး ၎င်းခရီးစဉ် အတွင်း ကျောင်းသား တပ်မတော် ABSDF၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အခြားအဖွဲ့အစည်းများအား လည်း တွေ့ဆုံနိုင်ရန် စီစဉ်လျက်ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောသည်။

အမေရိကန်သမ္မတ လာရောက်မယ့် သတင်းကို မြန်မာအစိုးရ အတည်ပြု


အမေရိကန်သမ္မတ လာရောက်မယ့် သတင်းကို မြန်မာအစိုးရ အတည်ပြု 

Photo: Barack Obama's Campaign Facebook ဝှစ်ကွန်ဆင်ပြည်နယ်တွင် မဲဆွယ်စည်းရုံးနေသော အိုဘားမားပုံ
RFA News, 8 November 2012  —  ဒုတိယသက်တမ်းအတွက် နောက် တစ်ကြိမ် ပြန်လည်အရွေးခံခဲ့ရတဲ့ အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ ဒီလအတွင်း မြန်မာနိုင်ငံ ကို လာရောက်မယ်လို့ မြန်မာအစိုးရအရာရှိတစ်ဦးက အတည်ပြု   ပြောဆိုကြောင်း သိရပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။