Monday, November 5, 2012

မူးယစ်ဆေး ပြသနာကြောင့် ရှမ်းပြည် မြောက်ပိုင်း၌ စစ်ဆင်ရေး ပြင်းထန်နေ


မူးယစ်ဆေး ပြသနာကြောင့် ရှမ်းပြည် မြောက်ပိုင်း၌ စစ်ဆင်ရေး ပြင်းထန်နေ 


ရွှေဟင်္သာသတင်းဌာန. ၅ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —  တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ( KIO) တို့၏ ရှမ်းပြည် မြောက်ပိုင်း တပ်မဟာ (၄) ဧရိယာ၌ နေ့စဉ် ရက်ဆက် တိုက်ပွဲ ဖြစ်နေကြောင်း တအာင်း (ပလောင်) ပြည် လွတ်မြောက်ရေး တပ်ဦး အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး မိုင်းဖုန်းကျော်က ဆိုပါသည်။

ပလောင် စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ


ပလောင် စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ 


ချင်းမိုင်(မဇ္စျိမ) . ၅ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ပွဲများကြောင့် ရွှေ့ပြောင်းလာခဲ့ရသော ပလောင် ဒုက္ခသည် ၂,ဝဝဝ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး အမျိုးသမီးများအပေါ် ဒုက္ခသက်ရောက်မှုမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု ပလောင် အမျိုးသမီးအစည်းအရုံး PWO က ထုတ်ဖော်ပြောဆိုလိုက်သည်။

စုံစမ်းရေးကော်မရှင် အစီရင်ခံစာတင်ချိန် ရွှေ့ဆိုင်း၊ ဟာဂျီနှစ်ဦးအား တာဝန်မှရပ်စဲလိုက်


စုံစမ်းရေးကော်မရှင် အစီရင်ခံစာတင်ချိန် ရွှေ့ဆိုင်း၊ ဟာဂျီနှစ်ဦးအား တာဝန်မှရပ်စဲလိုက် 


ရန်ကုန် (မဇ္ဈိမ) .၅ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းရရှိမှုများကို သမ္မတထံ အစီရင်ခံရန် နိုဝင်ဘာ ၁၆ ရက်နေ့ဟု သတ်မှတ်ထား ခဲ့သော် လည်း ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်သို့ တိုးမြှင့်
ပြောင်း လဲ သတ်မှတ်လိုက်ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ဦးသူရ (ခေါ်) ဇာဂနာ က ပြောဆိုလိုက်သည်။

ဖမ်းဆီး စစ်ဆေးမည်ဆို၍ မင်းပြားတွင် ရခိုင်များ ထွက်ပြေး တိမ်းရှောင်နေ


ဖမ်းဆီး စစ်ဆေးမည်ဆို၍ မင်းပြားတွင် ရခိုင်များ ထွက်ပြေး တိမ်းရှောင်နေ 


နိရဉ္စရာသတင်းဌာန. ၄ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ရခိုင်အမျိုးသား ၅၀ ကျော်ကို ဖမ်းဆီးမည်ဟု ရဲတာဝန်ရှိသူ တစ်ဦးမှ ထုတ်ဖေါ် ပြောဆိုထားသဖြင့် အများစု စာရင်းပါ ဒေသခံများမှာ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သိရသည်။
အောက်တိုဘာလ ၂၁ ရက်နေ့က မင်းပြားတွင် ပေါ်ပေါက်ခဲ့သော မတည်ငြိမ်မူ နှင့် ပတ်သက်ပြီး လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးမည်ဟု ရဲမှူး ဦးကျော်အောင်မှ ထုတ်ဖေါ်ပြောဆိုထားကြောင်း မင်းပြားမှ လူမူရေး လှုပ်ရှားနေသူ တစ်ဦးက ပြောသည်။

မြောက်ဦးမြို့နယ်မှာ စစ်တပ်က အရပ်သားတွေကို ခေါ်ယူ စစ်ဆေးမူ ပိုမိုများပြားလာ


မြောက်ဦးမြို့နယ်မှာ စစ်တပ်က အရပ်သားတွေကို ခေါ်ယူ စစ်ဆေးမူ ပိုမိုများပြားလာ  


နိရဉ္စရာသတင်းဌာန. ၅ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  များမကြာမီက ဖြစ်ပွားခဲ့တဲ့ ရခိုင် မတည်ငြိမ်မူ အတွင်း ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခဲ့တဲ့ သူတွေလို့ သံသယ ဖြစ်ခံရတဲ့ ရခိုင်အမျိုး သားတွေ ကို စစ်တပ်က ခေါ်ယူ စစ်ဆေး မေးမြန်းနေ တယ်လို့ သိရပါတယ်။

ကျောက်ဖြူတွင် ငါးဖမ်းလှေများ ပြန်လည်ငါးဖမ်းထွက်ခွာနိုင်ပြီ


ကျောက်ဖြူတွင် ငါးဖမ်းလှေများ ပြန်လည်ငါးဖမ်းထွက်ခွာနိုင်ပြီ  


Arakan Times, 5 November 2012  —- ကျောက်ဖြူမြို့တွင် ဘင်္ဂလီ-ရခိုင် နှစ်ဦးနှစ်ဘက် ပဋိပက္ခများကြောင့် ရပ်ဆိုင်းနေခဲ့ရသော ငါးဖမ်းလှေများ ပင်လယ်ပြင်သို့ ပြန်လည်၍ ငါးဖမ်း ထွက်နိုင် ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလီ-ရခိုင် ပဋိပက္ခအတွင်း ကျောက်ဖြူမြို့မှ ဘင်္ဂလီများသည် ဘင်္ဂလားပင်လယ်အော်ဘက်သို့ လှေများဖြင့် ထွက်ခွာသွားကြ သည့်အတွက် ရေလုပ်ငန်း လုပ်ကိုင်သူများမှာ ငါးဖမ်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။