Monday, November 5, 2012

နိင်ငံမဲ့ လူမျိုးများ စာရင်း မရှိ လူမျိုးစု အသစ် အဖြစ် သတ်မှတ် လက်ခံပေးရန် အစီအစဉ် မရှိ


နိင်ငံမဲ့ လူမျိုးများ စာရင်း မရှိ လူမျိုးစု အသစ် အဖြစ် သတ်မှတ် လက်ခံပေးရန် အစီအစဉ် မရှိ 


ရွှေဟင်္သာသတင်းဌာန. ၅ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —- နိုင်ငံမဲ့ လူမျိုးများ၊ ခေတ်အဆက်ဆက် နိုင်ငံတွင်း သတ်မှတ် လူမျိုးစုအဖြစ် သတ်မှတ်ခြင်း မခံရသည့် လူမျိုးစု အသစ်များ နိုင်ငံတွင်း ရှိပါက ၄င်းတို့ကို လူမျိုးစု အသစ်အဖြစ် သတ်မှတ် လက်ခံပေးရန် အစီအစဉ် မရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောသည်။
“ပြည်လုံးကျွတ် ကောက်လို့ လူမျိုးစု အဖြစ် သတ်မှတ်နိုင်မယ့် နို်င်ငံမဲ့ လူမျိုးတွေပဲ ဖြစ်ဖြစ်၊ ခေတ်အ ဆက်ဆက် သန်းခေါင် စာရင်း ကောက်တာ မှာ မရှိတဲ့လူမျိုးစု ပဲ ဖြစ်ဖြစ် တွေ့ရင် သူတို့တွေ မှာ ဘာ အထောက် အထားမှ ခိုင်ခိုင်မာမာ မရှိရင် လ.ဝ.က ဥပဒေ အတိုင်း အရေးယူ မှာပါ။

မူစယ် – နမ့်ခမ်းကြား တံတားထပ်ပျက် ယာဉ်အသွားအလာ ခေတ္တရပ်ဆိုင်း


မူစယ် – နမ့်ခမ်းကြား တံတားထပ်ပျက် ယာဉ်အသွားအလာ ခေတ္တရပ်ဆိုင်း


သျှမ်းသံတော်ဆင့်သတင်းဌာန. ၅ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —  တစ်နေ့လျှင် ကားအစီးရေ ရာနှင့်ချီဖြတ်သန်းမောင်းနှင်နေပြီး မကြာခဏပျက်လေ့ရှိသည့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် – နမ့်ခမ်း ကားလမ်းပေါ်ရှိ နမ့်ပေါ့တံတားမှာ ယနေ့ နံနက် ၆ နာရီခန့်က ထပ်မံပျက် သွားကြောင်း သိရသည်။
အဆိုပါတံတားပျက်အား နံနက် ရ နာရီခန့်မှ နေ့လည် ၁၁ နာရီကျော်အ ထိ ပြုပြင်နေရာ ကားအသွား အလာ များ ၃ နာရီ ကျော်ခန့် ရပ်နားထား ရကြောင်း မူစယ် – နမ့်ခမ်း လှိုင်းဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

အားလုံးပါဝင်သည့် ညီလာခံကြီး ဖော်ဆောင်ရန် ABSDF နှင့် ၈၈ လိုလား


အားလုံးပါဝင်သည့် ညီလာခံကြီး ဖော်ဆောင်ရန် ABSDF နှင့် ၈၈ လိုလား 


နယူးဒေလီ (မဇ္ဈိမ) . ၅ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —–   ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် ၈၈ မျိုးဆက် ကျောင်းသားများသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးသည့် ကျောင်းသား တပ်မတော် ခေါ် ABSDF နှင့် တနင်္လာနေ့က ချင်းမိုင်မြို့တွင် အလွတ် သဘော တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
၎င်းတို့၏ ခရီးစဉ်သည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင် သည့် ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တရပ်ဖြစ်သလို အားလုံးပါဝင်သည့် ညီလာခံကြီး တရပ် ဖော်ဆောင်နိုင်ရေး ကြိုးပမ်း မည်ဖြစ်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမြအေး က ပြောသည်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ကမ္ဘာ့စီးပွားရေး


အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ကမ္ဘာ့စီးပွားရေး 

ပြင်သစ်နိုင်ငံ၊ပဲရစ်စ်မြို့တော်တွင် ရောင်းချနေသည်အမေရိကန်သမ္မတဘရာ့ခ် အိုဘားမား(ယာ) နှင့်ရီပတ်ဘလီကန်သမ္မတလောင်းမစ်တ်ရွမ်မ်နီတို့၏ ရုပ်ပုံများပါဝင်သော ချောကလက်ဘူးများ။ အောက်တိုဘာ၁၂၊၂၀၁၂။
VOA News, 5 November 2012  — (မျက်မှောက်ရေးရာ/ စီးပွားရေး)  ဥရောပတိုက်မှာ အကြွေးပြဿနာနဲ့ နပန်းလုံးနေရပြီး ဒေသတခုလုံးကို ခြိမ်းခြောက်နေတာနဲ့အမျှ တရုတ်နိုင်ငံ အနေနဲ့လည်း စီးပွားရေးတိုးတက်မှု နှေးကွေးနေတာ ရပ်တန့်သွားအောင် ကြိုးစားနေရတဲ့အချိန်မှာ ကမ္ဘာပေါ်က သတင်း ခေါင်းကြီးပိုင်းကို လွှမ်းမိုးထားတာကတော့ အမေရိကန်သမ္မတ ရွေးကောက်ပွဲအကြောင်းပါပဲ။

အစွမ်းကုန် မဲဆွယ်ရမယ့် နောက်ဆုံးနေ့


အစွမ်းကုန် မဲဆွယ်ရမယ့် နောက်ဆုံးနေ့ 


BBC News, 5 November 2012 —- နှစ်ယောက် စလုံးအတွက် အရေးအကြီးဆုံး နောက်ဆုံး မဲဆွယ်ချိန်ကို ရောက်ရှိလာပါပြီ
သမ္မတ အိုဘားမားနဲ့ ပြိုင်ဘက် ရီပါဘလီကန် သမ္မတလောင်း မစ်တ်ရွမ်နေ တို့အတွက် အစွမ်းကုန် မဲဆွယ်ရမယ့် နောက်ဆုံးနေ့ ကို ရောက်ရှိ လာပြီ ဖြစ်ပါတယ်။

အချိန် ၂၄ နာရီ သာ လိုတော့တဲ့ သမ္မတ ရွေးပွဲအတွက် သူတို့ နှစ်ဦးဟာ ကူညီ မဲဆွယ်စည်းရုံးပေးမယ့် သူတွေနဲ့ အတူ အင်တိုက် အားတိုက် ကြိုးစား ဆောင်ရွက်နေ ကြပါတယ်။

ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား


ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား   PDF Print
Written by ဇွဲဝေယံ   
Saturday, 03 November 2012 11:26
AddThis Social Bookmark Button
မင်္ဂလာပါ ကိုအောင်ဇော် (ဧရာဝတီ)။ အကိုရေးသားထားတဲ့ Fresh Arakan Strife Bad Omen for Reform ဆိုတဲ့ ဆောင်းပါးကို ပြန်ပြီး ဝေဖန်ထားတာပါ။ ဝါရင့် သုံးသပ်သူ တစ်ယောက် မဟုတ်ပေမယ့် ကျန်ခဲ့တယ်လို့ ထင်တဲ့ အချက်တွေကို ဖော်ပြထားတာပါ။
‘ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို လျှင်လျှင်မြန်မြန် မရပ်တန့်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံနဲ့ ရခိုင်ဒေသရဲ့ တည်ငြိမ်မှုကို ထိခိုက် လာနိုင်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နိုင်ငံတော်သမ္မတပြဋ္ဌာန်း၊ မတည်ငွေရင်း ကို နိုင်ငံခြားသားနှင့် နိုင်ငံသားနှစ်ဦး သဘောတူ သတ်မှတ်၍ ဖက်စပ်လုပ်ကိုင်နိုင်


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နိုင်ငံတော်သမ္မတပြဋ္ဌာန်း၊ မတည်ငွေရင်း ကို နိုင်ငံခြားသားနှင့် နိုင်ငံသားနှစ်ဦး သဘောတူ သတ်မှတ်၍ ဖက်စပ်လုပ်ကိုင်နိုင်   PDF Print
Friday, 02 November 2012 12:07
AddThis Social Bookmark Button
နိုဝင်ဘာလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမြင်ကွင်း ဓါတ်ပုံ-ငြိမ်းဇော်လင်း
852နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာလ ၁ ရက်တွင် အတည်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်တွင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည်။
နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စု လွှတ်တော် သို့ ပြန်လည်ပေးပို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း ကို နိုင်ငံတော် သမ္မတ၏ ပြင်ဆင်ချက် ၁၁ ချက်အနက် တစ်ချက်ကိုသာ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အတိုင်း ပြင်ဆင်၍ ၁၀ ချက်ကို ပြင်ဆင်မှုမပြုဘဲ နိုဝင်ဘာလ ၁ ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့ပါသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။