Photo:RFA/Moe
Thu Aung ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ရက်ကနာဇီရွာမှရိုဟင်ဂျာများအားစစ်တပ်အစောင့်အရှောက်များဖြင့် ဒုက္ခသည်စခန်းသို့ ပြောင်းရွေ့နေစဉ်။RFA News, 3 November 2012 — ပဋိပက္ခတွေဖြစ်ပွားနေတဲ့ရခိုင်ပြည်နယ်မှာအစိုးရအနေနဲ့စစ်တပ်တွေတိုးမြှင့် နေရာချထားရတာဟာ
ရခိုင်နဲ့ရိုဟင်ဂျာ နှစ်ဘက်စလုံးရဲ့ တောင်းဆိုချက်ကြောင့် ဖြစ်တယ်လို့သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အစိုးရအနေနဲ့ ပဋိပက္ခမီးတွေကို အရင်ငြိမ်းသတ်ပြီးမှသာ ပဋိပက္ခမှာ
ပါဝင်ပတ်သက် ဖန်တီးသူတွေကို ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ ဆက်လက်အရေးယူ
ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ရန်ကုန်မြို့ ရွှေလီ လမ်းက
ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ ဒီမိုကရေစီမိတ်ဆွေ ပါတီနဲ့ တွေ့ဆုံပွဲမှာ
ဝန်ကြီးဦးအောင်မင်း က ပြောကြားခဲ့တာပါ။