Saturday, November 3, 2012

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် တစ်သန်းခွဲအထိ ပြည်ပတင်ပို့မည်၊ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့် နိုင်ငံများစာရင်းတွင် ဥရုဂွေး၊ ကမ္ဘောဒီးယား၊ ဘရာဇီးလ် တို့ကိုကျော်ကာ အဆင့် (၅)နေရာ ရောက်နိုင်


မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် တစ်သန်းခွဲအထိ ပြည်ပတင်ပို့မည်၊ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့် နိုင်ငံများစာရင်းတွင် ဥရုဂွေး၊ ကမ္ဘောဒီးယား၊ ဘရာဇီးလ် တို့ကိုကျော်ကာ အဆင့် (၅)နေရာ ရောက်နိုင်  

AddThis Social Bookmark Button

ပြည်ပသို့တင်ပို့နေသည့် ဆန်စက်တစ်ခု၏လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်

thn-4-11-2မြန်မာနိုင်ငံအနေဖြင့် ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် တစ်သန်းခွဲအထိတင်ပို့ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ ထုတ်ပြန်ချက်များအရ သတင်းရရှိပါသည်။
၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် ၇၉၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး ကမ္ဘာ့ ဆန်တင်ပို့မှုအများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် အဆင့် ၈ နေရာ၌သာရပ်တည်နိုင်ခဲ့သည်။

ရခိုင်ပဋိပက္ခဖြေရှင်းဖို့ ဒလိုင်းလားမား ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း


ရခိုင်ပဋိပက္ခဖြေရှင်းဖို့ ဒလိုင်းလားမား ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း

RFA ၂ ပတ်ကြာ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း၂၀၁၁ခုနှစ်ဇူလိုင်လ၁၁ရက်နေ့ကRFAလွတ်လပ်တဲ့ အာရှအသံဝါရှင်တန်ဒီစီရုံးချုပ်ကိုလာရောက်လည်ပတ်ခဲ့သောတိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို တွေ့ရစဉ်။ ဓါတ်ပုံ - RFA
RFA News, 3 November 2012  —-   ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ အပေါ် ကိုယ်ရဲ့သြဇာကိုသုံးစွဲပြီး ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်းနိုင်တဲ့ အဆင့်ရောက်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ဒုတိယအကြိမ်မြောက် စာရေးသားပေးပို့ တောင်းဆိုလိုက်ကြောင်း တိဘက်အဝေးရောက် အစိုးရက ပြောပါတယ်။

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည် မမြှင့်နိုင်


ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည် မမြှင့်နိုင်

ရခိုင်အရေးမှာ ကြားချပြောဆိုခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
BBC News, 3 November 2012  —-  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပဋိပက္ခမှာ နှစ်ဘက်စလုံးက သည်းခံပြီး ပြဿနာ ပြေလည်ရေးကို ရှေးရှုကြဖို့နဲ့ သူ့အနေနဲ့ ပြဿနာ အကြောင်းရင်းကို မကြည့်ဘဲ ရိုဟင်ဂျာဘက်က တဘက်သတ် ထုတ်ဖော် ပြောဆိုမှာ မဟုတ်ဘူးလို့ နေပြည်တော် ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဂျော်နသန် ဟတ် နဲ့ တွေ့ဆုံ မေးမြန်းမှု မှာ ပြောကြားလိုက် ပါတယ်။

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ဒီလအတွင်း သွားမယ်


အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ဒီလအတွင်း သွားမယ် 

(Photo: AFP) အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသောအမေရိကန်သမ္မတဘာရက်အိုဘားမားနှင့်အင်ဒိုနီးရှားသမ္မတ စူစီလိုဘမ်ဘန်ယူဒိုယိုနိုတို့ နိုဝင်ဘာ၉ရက်နေ့ကဂျာကာတာမြို့မှာကျင်းပသောပူးတွဲသတင်းစာရှင်းလင်းပွဲတွင် သတင်းစာဆရာများ၏ မေးခွန်းကိုသမ္မတအိုဘားမား ဖြေကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
RFA News, 3 November 2012  —-  အမေရိကန်သမ္မတ အိုဘာမားဟာ ဒီလအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၁၈ ရက် ကနေ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ အာဆီယံညီလာခံ ကို တက်ရောက်မယ့် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

Friday, November 2, 2012

သံတွဲဗလီမှာ ဓားလက်နက်တွေဖမ်းမိ


သံတွဲဗလီမှာ ဓားလက်နက်တွေဖမ်းမိ 

ရခိုင်မှာ လက်နက်တွေ ကိုင်ခွင့်မရှိတော့
BBC News, 2 November 2012 —-  ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်က ဗလီ တခုမှာ တုတ်ဓား လက် နက်တွေ ရှာဖွေ တွေ့ရှိတဲ့ အတွက် လူ၎ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက် တယ်လို့ သိရပါတယ်။
သံတွဲမှာ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက စစ်တပ်နဲ့ ရဲ ဘုန်းကြီးကျောင်း တချို့နဲ့ ဗလီတွေကို ရှောင်တခင် ဝင်ရောက် ရှာဖွေရာမှာ ဂျမတ်ဗလီက တုတ်ဓားတွေ အပါအဝင် ဂျင်ဂလိတွေ ပါ ဖမ်းဆီးရမိတဲ အတွက် ဗလီ ဂေါပက တယောက်နဲ့ ဗလီထဲမှာ နေထိုင်နေတဲ့ လူငယ် ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။