ဘိန်းခင်းများကို ဖျက်ဆီးနေသော စစ်သည်များ။
VOA News, 31 October 2012 —- မြန်မာနိုင်ငံမှာ
ဘိန်းစိုက်ပျိုးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုမှာ အောင်မြင်မှုတွေ ရရှိတယ်လို့
အစိုးရက ပြောဆိုနေပေမဲ့လို့ ဒီကနေ့ နေပြည်တော်မှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ
မူးယစ်ဆေးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးဌာန UNODC ရဲ့ အရှေ့တောင်အာရှဆိုင်ရာ
ဘိန်းစိုက်ပျိုးမှု နှစ်ပတ်လည် အစီရင်ခံစာမှာတော့ ရှမ်းပြည်နယ်နဲ့
ကချင်ပြည်နယ်တွေထဲက စုစုပေါင်း ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၂ ခုနှစ်အတွင်း ၁၇
ရာခိုင်နှုန်းနီးပါး တိုးလာခဲ့တယ်လို့ဖော်ပြထားပါတယ်။