Friday, October 26, 2012

တိုက်ခိုက်မှုများ ရပ်တန့် ကြရန် ပြည်ပအခြေစိုက် ရခိုင် ၁၂ ဖွဲ့မှ ကြေငြာချက်ထုတ် တောင်းဆို


တိုက်ခိုက်မှုများ ရပ်တန့် ကြရန် ပြည်ပအခြေစိုက် ရခိုင် ၁၂ ဖွဲ့မှ ကြေငြာချက်ထုတ် တောင်းဆို


နိရဉ္စရာသတင်းဌာန. ၂၅ရက်နေ့ အောက်တိုဘာ ၂၀၁၂  —- ရခိုင်ပြည်နယ်တွင် ဆက်တိုက် ဖြစ်ပွားနေသည့် အပြန်အလှန် တိုက်ခိုက် နေမူများကို အမြန်ဆုံး ရပ်တန့်ရန်အတွက် ပြည်ပအခြေ စိုက် ရခိုင်အဖွဲ့အစည်း ၁၂ ဖွဲ့က စုပေါင်း  ကြေငြာချက်တစ်စောင် ထုတ်ပြန်ကာ တောင်းဆို လိုက်သည်။
ကြေငြာချက်ကို အောက်တိုဘာလ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။
ရခိုင်အမျိုးသားကောင်းစီ (အိန္ဒိယ-ANC)မှ  ဥက္ကဌ ဆရာတော် အရိယာ ၀ံသက ကြေငြာချက် ထုတ်ပြန်ရသည့် အကြောင်းကို ယခုကဲ့ သို့ ပြောသည်။

မြန်မာ့ အိမ်မွေးနွား ၂၉၉၃ ကောင် ဘင်္ဂလာသို့ တင်ပို့


မြန်မာ့ အိမ်မွေးနွား ၂၉၉၃ ကောင် ဘင်္ဂလာသို့ တင်ပို့  


Arakan Times, 25 October 2012 —- မြန်မာနိုင်ငံမှ ဘင်္ဂလဒေ့ခ်ျနိုင်ငံ မူဆလင် ဘာသာရေးပွဲတော်ဖြစ်သော ကရင်ဘင် သို့ နွား ၂၉၉၃ ကောင် ယခုအပတ်အတွင်း တင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်မှ ဘင်္ဂလာသို့ နယ်စပ်စီးပွားရေးတရားဝင် လမ်းကြောင်းမှ ယင်း ၂၉၉၃ ကောင်နွားကို တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျွဲနှင့် တခြားအိမ်မွေးတိရိစ္ဆာန်များ တင်ပို့မှုများလည်း ရှိခဲ့ကြောင်းနှင့် မှောင်ခိုလမ်းများမှ အမြောက်အများ တင်ပို့ခဲ့မှုများ ရှိခဲ့ကြောင်း နယ်စပ်သတင်းများက ဆိုသည်။

ငြိမ်းချမ်းရေးအတွက် နိပွန် ဖောင်ဒေးရှင်း၏ ဒေါ်လာ ၃ သန်းတန် အကူအညီ


ငြိမ်းချမ်းရေးအတွက် နိပွန် ဖောင်ဒေးရှင်း၏ ဒေါ်လာ ၃ သန်းတန် အကူအညီ


“ConferenceonEmergencyHumanitarianAidtoMyanmarEthnicGroups” အတွင်း နိပွန်ဖောင်ဒေး ရှင်း ဥက္ကဋ္ဌ Yōhei Sasakawa နှင့် UNFC ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးခွန်ဥက္ကာတို့အားအတူတကွ တွေ့ရစဉ် (ဓါတ်ပုံ - NMSP)
စံခလပူရီ (မဇ္ဈိမ) .၂၅ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-   ဂျပန်နိုင်ငံ၏ NGO အဖွဲ့အစည်းကြီး တခုဖြစ်သည့် နိပွန် ဖောင်ဒေးရှင်း (The Nippon Foundation) မှ မြန်မာနိုင်ငံ တိုင်းရင်းသား စစ်ဘေး ဒဏ်သင့် ဒေသများအတွက် အမေရိကန် ဒေါ်လာ ၃ သန်းတန် ဆန်နှင့် ဆေးဝါး အကူအညီ များကို လူသားချင်း စာနာမှု အကူအညီ၏ ပထမသုတ် အနေဖြင့် ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ပွင့်လင်းမြင်သာမှု မရှိတာကြောင့် လက်ပန်းတောင်ဆန္ဒပြမှုတွေဖြစ်


ပွင့်လင်းမြင်သာမှု မရှိတာကြောင့် လက်ပန်းတောင်ဆန္ဒပြမှုတွေဖြစ် 

RFAအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပထမအကြိမ် လွှတ်တော်တက်ရောက်စဉ်၂၀၁၂ခုနှစ် မေလ၂ရက်နေ့ကလွှတ်တော်ခန်းမအတွင်း သတင်းထောက်များဝိုင်းဝန်းမေးမြန်းနေသည့်မှတ်တန်းပုံ ဖြစ်ပါသည်။
RFA News, 25 October 2012  —-  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မုံရွာမြို့လက်ပန်းတောင်း တောင်ကြေနီစီမံကိန်းကိုဒေသခံပြည်သူတွေကန့်ကွက်ဆန္ဒပြနေကြတာနဲ့
ပတ်သက်ပြီး ဒါဟာ လက်ရှိအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ပေါ်ပေါက်ရ တာဖြစ် တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

ကန် ဒု-ဘဏ္ဍာရေးဝန်ကြီး သမ္မတနဲ့တွေ့ဆုံ


ကန် ဒု-ဘဏ္ဍာရေးဝန်ကြီး သမ္မတနဲ့တွေ့ဆုံ 

အမေရိကန်ဒုတိယဘဏ္ဍာရေးဝန်ကြီးNealWolinဟာဒီနေ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့အတူ မြန်မာအစိုးရထိပ်ပိုင်းအရာရှိတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ (သတင်းဓာတ်ပုံ- သမ္မတရုံး Website)
VOA News, 25 October 2012  —-  အမေရိကန် ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Neal Wolin ဟာ ဒီနေ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့အတူ မြန်မာအစိုးရထိပ်ပိုင်းအရာရှိတွေနဲ့ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံကို နှစ်ရက်ကြာ ခရီး ရောက်ရှိနေတဲ့မစ္စတာ ၀ိုလင် ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ
လုပ်ငန်းတွေမှာ အကူအညီပေးဖို့အတွက် အခုလို မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ပြောဆိုထားပါတယ်။ မစ္စတာ ၀ိုလင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အကြောင်း အပြည့်စုံ သိရအောင် မခင်ဖြူထွေးက ပြောပြပေးထားပါတယ်။

ရခိုင်ပြဿနာ ကုလစိုးရိမ်


ရခိုင်ပြဿနာ ကုလစိုးရိမ် 

အတွင်းရေးမှူးရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီးယား ရခိုင်ပြည်နယ် စစ်တွေကို သွားရောက်ခဲ့စဉ် (ဇွန် ၁၄၊၂၀၁၂)
VOA News, 25 October 2012  —-   ရခိုင်ပြည်နယ်မှာ အခုလောလော ဆယ် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ အလွန်ဆိုးဝါးနေပြီး ဒီ့ထက်ပိုမိုပြင်းထန်လာမယ့်အရေး စိုးရိမ်မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ပြောကြားလိုက်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။