ရခိုင်ပြည်နယ် အကြမ်းဖက်မှု ချက်ချင်း ရပ်ဖို့ အမေရိကန် တောင်းဆို
by mmnewshub
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုမီးရှို့မူများဖြစ်ပွားစဉ်
VOA News, 25 October 2012 —– ရခိုင်ပြည်နယ်အတွင်း လက်ရှိ
ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ဆူပူမှုတွေအပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ အထူး
စိုးရိမ် ပူပန်မိကြောင်းနဲ့ လက်ရှိ အခြေအနေတွေဟာ ခက်ခဲ
ရှုပ်ထွေးနေပေမယ့်လည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့
ပူးပေါင်းပြီး နည်းလမ်းပေါင်းစုံက ပြေလည်အောင် စီစဉ် ဆောင်ရွက်နေတယ်လို့
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က
ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောကြားလိုက်ပါတယ်။