ELEVEN Media Group, 23 October 2012 —–
သမ္မတကြီးပြောကြားခဲ့သော ပြည်သူလူထုကသာလိုလားပါက ဒုတိယသက်တမ်းကို
ထမ်းဆောင်သွားမည်ဟူသော မေးခွန်းအပေါ် “နောက်သက်တမ်းမှာ အရွေးချယ်ခံချင်တဲ့
မည်သူမဆို အားလုံးကနေ မျှမျှတတအခြေခံပေါ်ကနေ ရွေးချယ်နိုင်အောင်လို့
ကြိုးစားပေးစေ ချင်တယ်။ အကုန်ပြင်ရမှာပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက
တရား မျှတမှုမှမရှိတာ။ တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင် လုပ်ချင်စိတ်
မရှိသင့်ဘူးလို့ ဒီလိုပဲမြင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြန်လည်ဖြေကြားခဲ့သည်။