Monday, October 22, 2012

““သမ္မတလုပ်ရတဲ့ဒုက္ခ””


““သမ္မတလုပ်ရတဲ့ဒုက္ခ”” 

၁။
““အဘ””
အံစာတုံးပုံရုံးခန်းတံခါးဝမှာ ရိုရိုကျိုးကျိုးလေးရပ်ရင်း ခပ်တိုးတိုးခေါ်လာသည်။ လှမ်းကြည့်တော့လိုက် သူအားကိုးရသော ဌာနအရာရှိကြီးတစ်ဦးကို တွေ့ရ၏။
လက်ပြရင်း ၀င်ခဲ့ဖို့ပြောလိုက်တော့ သူ့စားပွဲပေါ်ကို ဖိုင်တစ်ထပ်လာချပေးသည်။
““ဘာဖိုင်တွေတုန်း””
““ဆန္ဒပြခွင့်တောင်းခံစာတွေပါ အဘ””
သူ စိတ်သေးသေးလေးညစ်ရသည်။ သူက ဒီနိုင်ငံရဲ့ အကြီးအကဲတစ်ဦးဖြစ်သည်။ သားသမီးမကောင်း မိဘခေါင်းဟူသည့် စကားပုံအရ သူ့အောက်မှ ဌာနအကြီးအကဲများ
ပေါက်ကရလုပ်သမျှ သူ့ခေါင်းပေါ်စုပြုံကျရသည်။ ဒါတင်မကသေး။ အရင်က သူ့ဆရာတွေလုပ်ထားခဲ့တဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကလည်း သူ့ခေါင်းပေါ်ကျ
လာခဲ့သည်။ ဒါကတော့ ဆရာမကောင်းတပည့်ခေါင်းဟု ဆိုရမည်။ အခုတော့ သူ့ခေါင်းမှာ ထင်ပေါ်တာဆိုလို့ နဖူးပဲကျန်တော့သည်။

မြန်မာကိုယ်စားပြု အလှမယ် နန်းခင်ဇေယျာ၏ မြန်မာပြည်သူများထံသို့ကျေးဇူးတင်စကား


မြန်မာကိုယ်စားပြု အလှမယ် နန်းခင်ဇေယျာ၏ မြန်မာပြည်သူများထံသို့ကျေးဇူးတင်စကား 

အားလုံးကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ပါတယ်လို့ ညီမပြောပါရစေ။ အားလုံးရဲ့ပံ့ပိုးကူညီမှုနဲ့ ညီမမျှော်လင့်ထားတဲ့ ဆုနှစ်ဆုကို ယူခဲ့နိုင်ပါပြီ။ ညီမနဲ့ထပ်တူအားလုံးပျော်ကြမယ်လို့လည်း ညီမယုံကြည်ပါတယ်။ ပြိုင်ဖက်တွေကြားမှာ၊ ဒိုင်တွေကြားမှာ၊ နိုင်ငံတကာမှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံကို အံ့သြသွားရအောင်၊ အသိအမှတ်ပြုသွားရအောင် အတိုင်းအတာတစ်ခုအထိတော့ ညီမတို့လုပ်ပြနိုင်ခဲ့တယ်လို့ ညီမယုံကြည်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။