Saturday, October 20, 2012

အစိုးရ ရင်ဆိုင်နေရတဲ့ စီးပွားရေးပြဿနာများ


အစိုးရ ရင်ဆိုင်နေရတဲ့ စီးပွားရေးပြဿနာများ


VOA News, 19 October 2012  —- (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်)  ကမ္ဘာ့စီးပွားရေး အင်ဂျင်ကြီးတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ တိုးတက်ဖွံ့ဖြိုးနေတဲ့ အာဆီယံနိုင်ငံတွေအကြားမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံဟာ အာရှဒေသ ကုန်စည်ဆက်သွယ်တင်ပို့မှုမှာ မဟာဗျူဟာကျတဲ့နေရာကို ရယူထားကြောင်း သမ္မတဦးသိန်းစိန်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ တော်မှာ အောက်တိုဘာ (၁၀) ရက်နေ့က ပြောသွားပါတယ်။ လုပ်အားသုံး အခြေခံကုန်ထုတ်လုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးမှာ ရင်းနှီးမြှပ်နှံမှုတွေ အဓိက လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့  ဥရောပခရီးစဉ်


ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့  ဥရောပခရီးစဉ် 


VOA News, 19 October 2012  —  (မျက်မှောက်ရေးရာ/ဒီမိုကရေစီရေးရာ)  ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ၈၈ မျိုးဆက်ကျောင်း သား အဖွဲ့ထဲမှာ နိုင်ငံရေးပါတီထောင်ဖို့ စတင်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဒီကိစ္စကို အဖွဲ့ရဲ့  ပြန်ကြားရေးက အတိအကျသတင်း ထုတ်ပြန်ခြင်း မရှိသေးပါဘူးလို့ ပြင်သစ်နိုင်ငံမှာ ခေတ္တရောက်ရှိနေတဲ့ ၈၈ မျိုး ဆက်ကျောင်း သားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီး က ပြောပါတယ်။ သူ့အနေနဲ့ကတော့ နိုင်ငံရေး ကို တစိုက်မတ်မတ် လုပ်ဆောင်သွားဖို့ပဲ ဆန္ဒရှိပါတယ်လို့ ဆိုပါတယ်။ အခု တနင်္ဂနွေနေ့ ချက်သမ္မတနိုင်ငံ Prague မြို့  Forum 2000 (www.forum2000.cz) တက်ရောက်ဖို့ရှိနေတဲ့ ဦးကိုကိုကြီး ကို ဗွီအိုအေ သတင်းဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

လာမဲ့နှစ် ကယ်လီဖိုးနီးယားမှာ ကျင်းပမဲ့ ကမ္ဘာ့ဂျူဂျစ်ဆု ပြိုင်ပွဲဝင်ဖို့ MMA ( Mixed Martial Art ) မှာ အဆင့် ၁၇၈ ရှိသူ အောင်လနှင့်စကားစမြည်မေးမြန်းချက်


လာမဲ့နှစ် ကယ်လီဖိုးနီးယားမှာ ကျင်းပမဲ့ ကမ္ဘာ့ဂျူဂျစ်ဆု ပြိုင်ပွဲဝင်ဖို့ MMA ( Mixed Martial Art ) မှာ အဆင့် ၁၇၈ ရှိသူ အောင်လနှင့်စကားစမြည်မေးမြန်းချက် 


မြန်မာ့သားကောင်း . ၁၉ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  လာမယ့် နိုဝင်ဘာလ ၁၈ရက်နေ့ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် အတ္တလန်တစ် စီးတီး (Altantic City, New Jersey) မှာ ကျင်းပမဲ့ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး လောက ကြေးစားလက်ဝှေ့ပွဲစဉ် အမှတ် R.O.C ( Ring of Combat – 38 ) အတွက် MMA ( Mixed Martial Art ) မက်ဒယ်လ် ဝိတ်တန်းရှင် အင်ဆန် အောင်လ ကို ယခင်အပါတ် အောက်တိုဘာလ ၁၅ရက် စနေနေ့ ညနေတွေ့ဆုံ ဖုန်းနဲ့မေးမြန်း စကားစမြည် ပြောဆို ဖြစ်တယ်။

နန်းခင်ဇေယျာ People Choice Award ဆု ၁ ဆု ရပြီ


နန်းခင်ဇေယျာ People Choice Award ဆု ၁ ဆု ရပြီ 

နန်းခင်ဇေယျာ- ဓာတ်ပုံများ - MI 2012
ဧရာဝတီဘလော့. ၂၀ ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  နန်းခင်ဇေယျာဟာ မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ ပရိတ်သတ် ရွေးချယ်ဆု
(People Choice Award ) ဆုတခုကို ရရှိသွားပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင်မိန့်ခွန်းပေါင်းချုပ် သြစတြေးလျမှာ ဖြန့်ချိ


ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင်မိန့်ခွန်းပေါင်းချုပ် သြစတြေးလျမှာ ဖြန့်ချိ 


Moe MaKa News, 20 October 2012  —-  ဒေါ်စု မိန့်ခွန်းပေါင်းချုပ်စာမူကို  ထိုင်းနိုင်ငံမှာရိုက်နှိပ်ပြီး သြစတြေလျနိုင်ငံမှာ ဖြန့် ချိမှာဖြစ်ပါတယ်။ ထုတ်ဝေသူကတော့ သြစတြေလျနိုင်ငံ The Trustee for Building Brighter Burma Trust က ဒေါက်တာမနုရီ  ဖြစ်ပါတယ်။ စာအုပ်ဒီဇိုင်းကိုသီဟမောင်မောင်ကပြုလုပ်ပေးပြီး စာမျက်နှာ ၄၅၇ရှိပါတယ်။ ၁၉၈၈သြဂုတ်လက ရွှေတိဂုံစေတီတော် လူထုအစည်းအဝေးပွဲ၌ ပြောခဲ့သောမိန့် ခွန်းမှ နောက်ဆုံး၂၀၁၂စက်တင်ဘာ၂၇နေ့က Yale တက္ကသိုလ်၌ ပြောခဲ့သော ဒေါ်စုမိန့် ခွန်းအထိ ထည့်သွင်းထား ပါတယ်။ စာအုပ်ကို အောက်တိုလကုန် စတင်ဖြန့် ချိမှာဖြစ်ပါတယ်။

စစ်မှန်သော ပြည်ထောင်စုစနစ် ဖက်ဒရယ်ကိစ္စဆွေးနွေး


စစ်မှန်သော ပြည်ထောင်စုစနစ် ဖက်ဒရယ်ကိစ္စဆွေးနွေး 


Popular News Journal, 20 October 2012  —  ရန်ကုန်၊အောက်တိုဘာ(၂၀)ရက် ဒီမိုကရေစီ မိတ်ဆွေ ပါတီများ နှင့် သမ္မတ အကြံပေး တို့ တွေ့ ဆုံရာ တွင် စစ် မှန်သော ပြည်ထောင် စုစနစ် ဖက်ဒရယ် ကိစ္စ ကို အဓိ ကဆွေးနွေးခဲ့သည် ဟု NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ ကပြော သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။