Saturday, October 20, 2012

ပုသိမ်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် (၅၀၀) ဦးသည် ပါတီမှ နှုတ်ထွက်မည်


Eleven Media Group
ပုသိမ်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် (၅၀၀) ဦးသည် ပါတီမှ နှုတ်ထွက်မည်
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် (၅၀၀) ဦးသည် ပါတီမှ နှုတ်ထွက်ရန် ယနေ့ (အောက်တိုဘာလ ၂၀) ရက်နေ့ ညနေပိုင်းက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။ အောက်တိုဘာလ ၂၇ ရက်နေ့တွင် အဆိုပါ ပါတီဝင်များ အနေဖြင့် နှုတ်ထွက်ခြင်း ကိုအခမ်းအနား ပြုလုပ် မည် ဖြစ်ကြောင်းနှင့်
နှုတ်ထွက်သူများ အနေဖြင့် NGO ပုံစံဖြင့် ဆက်လက် ရပ်တည် သွားရန် စီစဉ်ထားကြောင်းလည်း သိရှိရပါသည်။

အာဏာရ ပါတီအတွင်း ကွဲလွဲမှု ကြီးထွားလာ


အာဏာရ ပါတီအတွင်း ကွဲလွဲမှု ကြီးထွားလာ


Freedom News, 20 October 2012  —  တစ်ချိန်က တန်ခိုးထွား ခဲ့သော အာဏာရ ပြည်ခိုင်ဖြိုး ပါတီအတွင်း မငြိမ်သက်မှုများ ကြီးထွားလာခြင်းကြောင့် သမ္မတကို ထောက်ခံကြ သူများနှင့် သမ္မတ၏ ပြုပြင်ပြောင်းလဲမှုများသည်ဒေါ်အောင်ဆန်း စုကြည် အား စင်ပေါ်ရောက် လာစေသည်ဟု အပြစ်တင်သူ ခေတ်နောက်ပြန်ဆွဲ
သမားများအကြား ပါ တီတွင်း အကွဲအပြဲ ဖြစ်နေပြီဟူသော ပြောဆိုမှု များ ထွက်ပေါ်လာသည်။

သစ်တောဌာန၏ ဥပဒေ ချိုးဖောက်မှု ရခိုင် ပြည်နယ်ဝန်ကြီး မဖြေရှင်းနိုင် သဖြင့် သမ္မတထိ တိုင်ကြား


သစ်တောဌာန၏ ဥပဒေ ချိုးဖောက်မှု ရခိုင် ပြည်နယ်ဝန်ကြီး မဖြေရှင်းနိုင် သဖြင့် သမ္မတထိ တိုင်ကြား

ရခိုင်မှ သစ်လုပ်ငန်း တစ်ခု
နိရဉ္စရာသတင်းဌာန. ၂၀ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-  ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သစ်တော ဦးစီးဌာနမှ ဥပဒေကို လက်တလုံးခြား ချိုးဖေါက်ပြီး ဆောင်ရွက်နေမူများ အပေါ် ရခိုင်ပြည် နယ် ၀န်ကြီးချုပ်ကို တိုင်ကြားသော်လည်း ဖြေရှင်း မပေးနိုင်၍ သစ်ဆိုင် ပိုင်ရှင်များက နိုင်ငံတော် သမ္မတထိ စာရေးတိုင်ကြားလိုက်ကြောင်း သတင်း ရရှိသည်။

ရသေ့တောင်တွင် လူသတ်မှု ဖြစ်ပွား


ရသေ့တောင်တွင် လူသတ်မှု ဖြစ်ပွား


နိရဉ္စရာသတင်းဌာန. ၂၀ရက်နေ့ အောက်တိုဘာ ၂၀၁၂—ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ် ဈေးကုန် တန်းကျေးရွာတွင် အောက်တိုဘာလ ၈ ရက်နေ့က လူသတ်မူ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
အသတ်ခံရသူမှာ ဈေးကုန်းတန်းကျေးရွာနေ မောင်တင်ထွန်း (၄၁)နှစ် (ဖ) ဦးအောင်သာလှ၏ သားဖြစ်သည်။ဖြစ်ပွားပုံနှင့် ပတ် သက်ပြီး မယူကမ်း တွင် တည်ရှိသော ဈေးကုန်တန်းကျေးရွာ သားတဦးက နိရဉ္စရာသို့ ယခုလိုပြောသည်။
“ ကျေးရွာ ကြံ့ခိုင်ရေး အတွင်းရေးမှူးဦးအောင်တင်သန်းက မောင်တင် ထွန်းကို မင်းကျောင်းမှာ ရေလည်းမခပ်ဘူး၊ အမိုက်တွေလည်း မသိမ်း ဘူး၊ ကျောင်းဥယာဉ်မှူး တဦးရဲ့ တာဝန်ကို ကျေပွန်အောင် ဘာကြောင့်မလုပ်လဲ အဲလို ဆူပူ ကြိမ်းမောင်း ရာကနေ အပြန်အလှန် စကားများပြီး ပြဿနာ စဖြစ်ကြတယ်။ နောက်တော့ ဦးအောင်တင်သန်းက ယမ်းေ ထာင်း သေနတ်နဲ့ ပစ်သတ်လိုက်တယ် ” ဟု ပြောသည်။

OIC ကန့် ကွက်ပွဲ မင်းပြားတွင် လူပေါင်း သိန်းချီပါဝင်


OIC ကန့် ကွက်ပွဲ မင်းပြားတွင် လူပေါင်း သိန်းချီပါဝင်

မင်းပြားတွင် ဆန္ဒ ပြနေကြစဉ်။
နိရဉ္စရာသတင်းဌာန. ၂၀ ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-  ရခိုင်ပြည်နယ်မှ မြို့ကြီး တစ်မြို့ဖြစ်သော မင်းပြားမြို့တွင် ယနေ့ နံနက်က အိုအိုင်စီ ရုံးဖွင့်လှစ်မည်ကို ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်ရာ လူပေါင်း သိန်းချီ ပါဝင်ခဲ့သည်ဟု ဦးဆောင် လူပ်ရှားသူ ကိုရာကျော်    က ပြောသည်။
ဆန္ဒပြပွဲကို မင်းပြားမြို့ လူမှုကူညီရေးအဖွဲ့က ဦးဆောင် ပြု လုပ်ခြင်း ဖြစ်ပြီး မြို့ပေါ် ပြည်သူများ သာမက နယ်မှ ပြည်သူများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရဟန်းတော် ၁၀၀၀ ကျော်ခန့်လည်း ပြည်သူများနှင့် အတူ ရှေ့ဆုံးမှ ဆန္ဒပြခဲ့ကြ သည်ဟု ဆိုသည်။

မြေပုံမြို့ တွင် မွတ်ဆလင် ရပ်ကွက် မြို့ပြင်ထုတ်ရန် ဆန္ဒပြ တောင်းဆို


မြေပုံမြို့ တွင် မွတ်ဆလင် ရပ်ကွက် မြို့ပြင်ထုတ်ရန် ဆန္ဒပြ တောင်းဆို 

မြေပုံတွင် ပြည်သူများ ဆန္ဒ ထုတ်ဖေါ်နေကြပုံ။
နိရဉ္စရာသတင်းဌာန. ၂၀ရက်နေ့ အောက်တိုဘာ ၂၀၁၂  — ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများက ယနေ့ ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ရာ မြို့ထဲရှိ မွတ်ဆလင် ရပ်ကွက်ကို မြို့ပြင်သို့ ထုတ်ပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
၎င်းဆန္ဒဖေါ်ထုတ်ပွဲကို ရဟန်းတော်များနှင့်  ဒေသခံ မြို့မိ မြို့ဖများမှ ယနေ့ နံနက် ၈ နာရီခွဲတွင် ပြုလုပ် ခဲ့ကြသည်ဟု သတင်း ရရှိသည်။

ပန်းဝါအကြမ်းဖက်မှုနောက်ပိုင်း ဘင်္ဂလားဒေရှ်သို့ မြန်မာပစ္စည်းအ၀င်နည်း


ပန်းဝါအကြမ်းဖက်မှုနောက်ပိုင်း ဘင်္ဂလားဒေရှ်သို့ မြန်မာပစ္စည်းအ၀င်နည်း


Hot News Journal, 20 October 2012  —  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်)ရာမူးမြို့တွင် အဆောက် အအုံများကိုမီးရှို့ဖျက်ဆီးမှုဖြစ် ပွား ပြီး သုံးပတ်အတွင်း မြန်မာ-ဘင်္ဂ လားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေး လည်း ကျဆင်းနေကြောင်းသိရ သည်။
အကြမ်းဖက်မှုများဖြစ်ပွား ပြီးနောက် မြန်မာ့စက်လှေများ သည် ဘင်္ဂလားဒေ့ရှ်ဘက်မှထွက် ခွာသွားကြပြီး ယခုအခါတွင် တက္ကနာမြို့ ရှိ နိုင်ငံကုန်သွယ်ရေး ဆိပ်ကမ်းတွင် နယ်စပ်ကုန်သွယ် ရေး (နစက)မှ စက်လှေ (၃)စီး သာကျန်ရှိကြောင်း ဆိပ်ကမ်းအ လုပ်သမားတစ်ဦးက ပြောသည်။

ပါတီတခုရဲ့ ဥက္ကဌလုပ်ပြီး နိုင်ငံရေး ကင်းရှင်းရမည်ဆိုတာနဲ့ မငြိဘူးလား


ပါတီတခုရဲ့ ဥက္ကဌလုပ်ပြီး နိုင်ငံရေး ကင်းရှင်းရမည်ဆိုတာနဲ့ မငြိဘူးလား

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင် (ဓာတ်ပုံ – ဧရာဝတီ)
ဧရာဝတီသတင်းဌာန. ၂၀ ရက်နေ့ အောက်တိုဘာ ၂၀၁၂   —-  (အင်တာဗျူး)  အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ အထိ နေပြည်တော်တွင် ပထမဆုံးအကြိမ် ကျင်းပသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်လုံးကျွတ် ပါတီညီလာခံက သမ္မတ ဦးသိန်းစိန်ကို ပါတီဥက္ကဌအဖြစ် ပြန်လည် ရွေးချယ် တင်မြှောက်ခြင်း သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိ၊ မရှိ အငြင်းပွားမှု များ ဖြစ်ပေါ်နေသည်။

တရုတ်ကုမ္ပဏီများ ဒေသခံများ၏ ယုံကြည်မှုရအောင် ကြိုးပမ်းလာ


တရုတ်ကုမ္ပဏီများ ဒေသခံများ၏ ယုံကြည်မှုရအောင် ကြိုးပမ်းလာ

ယခုနှစ်သြဂုတ်လအတွင်းကစစ်ကိုင်းတိုင်းမုံရွာခရိုင်ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီစီမံကိန်းအတွက်အသိမ်းခံထားရသည့်မြေများ ပြန်ရရှိရေးအတွက်မူရင်းယာ ပိုင်ရှင် တောင်သူများက “ယာသိမ်းတိုက်ပွဲ” ဆင်နွှဲနေစဉ် (ဓာတ်ပုံ – OpenSociety / Facebook)
ဧရာဝတီသတင်းဌာန. ၂၀ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  မြန်မာပြည်တွင် ဝင်ရောက် လုပ်ကိုင်နေသော တရုတ် စီမံကိန်း များသည် ယခင် စစ်အုပ်ချုပ်ရေး လက်ထက်က ပြုလုပ်ခဲ့ဖူးခြင်း မရှိသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး လှုပ်ရှားသူ များနှင့် ဆွေးနွေးမှု၊ စီမံကိန်း အထမြောက်စေရန် တွေ့ဆုံကြိုးပမ်းမှုများ လုပ်နေသည်ဟု သိရသည်။

ကြံ့ဖွံ့အစိုးရအောက်က လက်ပန်တောင်းတောင်လူထုညီလာခံက ပြည်သူ့တောင်းဆိုချက်များ ထုတ်ပြန်


ကြံ့ဖွံ့အစိုးရအောက်က လက်ပန်တောင်းတောင်လူထုညီလာခံက ပြည်သူ့တောင်းဆိုချက်များ ထုတ်ပြန်


Moe MaKa News, 20 October 2012  —-  အောက်တိုဘာ ၁၉ ၊ လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံ ဒုတိယနေ့ ထုတ်ပြန်ချက် များကို လူထုနှင့် အဖွဲ့အစည်းပေါင်းစုံ အင်အား ၅၀၀၀ ခန့်မှ အခုလို အတည်ပြုတယ်လို့ သိရပါတယ်။
လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံကြီးမှ အတည်ပြု ဆုံးဖြတ် ချက် များ
ရက်စွဲ။ ။ ၁၉-၁၀-၂၀၁၂။
၁။       လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း လုံးဝ ရပ်တန့်ပေးရန်
၂။       နိုင်ငံတော် သမတကြီးဦးသိန်းစိန်၏စကားအရ ၁၈၂၄-ခုနှစ်မှ စ၍ နှစ်ပေါင်း (၁၀၀)ကျော် နေထိုင်လာခဲ့ သော ဘင်္ဂလီလူမျိုးများအား မြန်မာနိုင်ငံသားအဖြစ် အသိ အမှတ်ပြုကာ နိုင်ငံသားအခွင့်အရေးများ အပြည့်အ၀ပေးရန်နှင့် ယခုလက်ရှိကာလ တွင် တရားမ ၀င် ခိုးဝင်လာသော ဘင်္ဂလီများအား ဘင်္ဂလားဒေ့ရှ် သို့မဟုတ် တတိယနိုင်ငံများသို့ ပို့ဆောင်ပေးရန်

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။