Friday, October 19, 2012

မြန်မာ-တရုတ် ‘ရွှေ’ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်းကို ပြန်လည်သုံးသပ်ရန် တိုက်တွန်း


မြန်မာ-တရုတ် ‘ရွှေ’ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်းကို ပြန်လည်သုံးသပ်ရန် တိုက်တွန်း 

ကျောက်မဲမြို့နယ်အတွင်း ပိုက်လိုင်းစီမံကိန်းလုပ်ဆောင်နေသည်ကို တွေ့ရစဉ်။ ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)
Myanmar Times, 18 October 2012  —- မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်း ရခိုင်ပြည် နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့သွယ်တန်းမည့် ‘ရွှေ’ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲမှု မှာ မြန်မာနိုင်ငံ၏လက်တွင် ရှိသင့်သော်လည်း မရှိကြောင်းနှင့် စီမံကိန်း ကို ရပ်ဆိုင်းထားကာ ပြန်လည်သုံးသပ်သင့်သည့် အချက် များရှိနေကြောင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင်များက ပြောသည်။

နိုင်ငံတကာ အလှမယ် ရွေးပွဲမှာ မြန်မာ အလှမယ် ဝင်ပြိုင်



နိုင်ငံတကာ အလှမယ် ရွေးပွဲမှာ မြန်မာ အလှမယ် ဝင်ပြိုင် 

နှစ်ပေါင်း ၅၀အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာအလှမယ် ဝင်ပြိုင်
BBC News, 19 October 2012  —   ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲမှာ မြန်မာ အမျိုးသမီး အလှမယ် တဦး ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။
ဒီပွဲမှာ နိုင်ငံပေါင်း ၆၇နိုင်ငံက အလှမယ်တွေ ဝင်ရောက် ယှဉ်ပြိုင်နေရာမှာ မြန်မာနိုင်ငံက အလှမယ် နန်းခင်ဇေယျာလည်း အပါအဝင် ဖြစ်ပါတယ်။

အငြင်းပွားတဲ့ ကျွန်းစုမှာ တရုတ် စစ်ရေး လေ့ကျင့်မယ်


အငြင်းပွားတဲ့ ကျွန်းစုမှာ တရုတ် စစ်ရေး လေ့ကျင့်မယ် 

တရုတ် ဂျပန်ကမ်းခြေစောင့်တပ်များ
BBC News, 18 October 2012  —-  တရုတ်နိုင်ငံက သူ့ရဲ့ရေပိုင် နက်ကို ကာကွယ်ရေးဖို့ လေ့ကျင့်တဲ့အနေနဲ့ ဒီကနေ့ သောကြာနေ့မှာ အရှေ့တရုတ် ပင်လယ်ပြင်မှာ တရုတ်ရေတပ်က စစ်ရေးလေ့ကျင့်မယ် လို့ သတင်းတွေဖြစ်ပေါ်နေပါ တယ်။ ဂျပန်တို့အခေါ် ဆင်ကာကူနဲ့ တရုတ်တို့ဘက်က အခေါ် ဒိုင်အိုယုဆိုတဲ့ ကျွန်းစုတွေရှိ တဲ့ နေရာ မှာဖြစ်ပါတယ်။

တရုတ်စီးပွားရေး ၇.၄ ရာခိုင်နှုန်း ကျဆင်း


တရုတ်စီးပွားရေး ၇.၄ ရာခိုင်နှုန်း ကျဆင်း 

တရုတ်ဝန်ကြီးချုပ် Wen Jiabao
VOA News, 18 October 2012  —   တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ဒီနှစ် တတိယမြောက် သုံးလပတ်ကာလမှာ ၇.၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ဒါဟာ အစိုးရ ရည်မှန်းချက်ကနေ လွဲခဲ့ရတာဖြစ်သလို ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်း စခဲ့ချိန်ကတည်းကစလို့ ဖွံ့ဖြိုးမှုနှုန်း အနိမ့်ဆုံးကို ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်အပေါ် ရုရှားတို့အမြင်မကြည်


အမေရိကန်အပေါ် ရုရှားတို့အမြင်မကြည် 

ရုရှနိုင်ငံ မော်စကိုမြို့တော်တွင်းက ရုရှပြည်သူများ
VOA News, 18 October 2012  —  ပြီးခဲ့တဲ့နှစ်က အမေရိ ကန်ပြည်ထောင် စု အပေါ်မှာ ရုရှသမ္မတနိုင်ငံသားတွေ သဘော ထားတွေက ပိုမိုဆိုးရွားလာတယ်လို့ ရုရှနိုင်ငံက အစိုးရမဟုတ်တဲ့ Nevada သုတေသနဌာန စစ်တမ်းမှာ ဖော်ပြထား ပါတယ်။ ရုရှနိုင်ငံသားတွေထဲက အမေရိကန်ပြည်ထောင်စုအပေါ် အကောင်းမြင် သဘောထားရှိသူ ရာခိုင်နှုန်းက ဒီနှစ်မှာ လျော့ကျသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သို့ ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်သံအမတ်ပြောကြား


ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သို့ ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်သံအမတ်ပြောကြား


7Day News Journal, 19 October 2012  —- ရန်ကုန်၊အောက်တိုဘာ-၁၅
တရုတ်နိုင်ငံအစိုးရအနေဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
 ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ လာရောက်ရန်အတွက် ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်နိုင်ငံသံအမတ်ကြီးက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
“ဒေါ်စုနဲ့ ကျွန်တော် ခြောက်ခါတွေ့ပြီးပါပြီ။ သံတမန်စကားနဲ့ပြောရင် အဆင်ပြေတဲ့တစ်ချိန်မှာ တရုတ်ပြည်ကိုသွားဖို့ ဖိတ်ကြားသွားမှာ ဖြစ်ပါ တယ်”ဟု သံအမတ်ကြီးကဆိုသည်။
မည်သည့်အချိန်တွင် ဖိတ်ကြားမည်ကိုမေးရာ လောလောဆယ်တွင် အချိန်ဇယား မသေချာသေးသည့်အတွက် အဖြေပေး၍ မရသေးကြောင်း သံ အမတ်ကြီးက ဆက်လက်ပြောသည်။

OIC ရုံးကိစ္စ မြန်မာအစိုးရ တရားဝင် အကြောင်းမကြားသေး


OIC ရုံးကိစ္စ မြန်မာအစိုးရ တရားဝင် အကြောင်းမကြားသေး 

OICရုံးဖွင့်ခွင့်မပြုရေးကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့အပြီး“ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့်”ရုံးကိုခွင့်ပြုမှာမဟုတ်လို့သမ္မတရုံးကထုတ်ပြန်ကြေညာခဲ့ပါတယ် (ဓာတ်ပုံ – ဧရာဝတီ)
ဧရာဝတီသတင်းဌာန. ၁၉ရက်နေ့ အောက်တိုဘာ ၂၀၁၂ —-  အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation – OIC) အထွေထွေအတွင်းရေးမှူး အက်မဲလက်ဒင် အစ်စန်နိုးလူ (Ekmeleddin Ihsanoglu) က မြန်မာနိုင်ငံမှာ OIC ရဲ့ လူသား ချင်းဆိုင်ရာ ရုံးဖွင့်ခွင့် မရတော့တဲ့ကိစ္စအပေါ် မြန်မာအစိုးရဆီ က တရားဝင် အကြောင်းကြားမှု တစုံတရာ မရရှိသေးဘူး လို့ ဆော်ဒီ အာရေဗျနိုင်ငံ ဂျက်ဒါး (Jeddah) မြို့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

အာရှ စစ်အသုံးစရိတ်တိုးလာမှုတွင် တရုတ်ကဦးဆောင်နေ


အာရှ စစ်အသုံးစရိတ်တိုးလာမှုတွင် တရုတ်ကဦးဆောင်နေ 

ပေကျင်းမြို့၌တရုတ်အမျိုသားနေ့ကျင်းပစဉ်ကာလအတွင်း၎င်းတို့၏နောက်ဆုံးပေါ်ဒုံးကျည် ကို တရုတ်တပ်မတော်က လှည့်လည်ပြသစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
Myanmr Times, 18 October 2012   —-  ၀ါရှင်တန် – ပြီးခဲ့သောဆယ်စုနှစ် အတွင်းက အာရှ အဓိကအင်အားကြီး နိုင်ငံများ၏ စစ်အသုံးစရိတ်မှာ မကြုံစဖူး သိသိသာသာကြီး မြင့်တက်လာခဲ့ရာ ယင်းတွင် ၂၀၀၀ ပြည့်နှစ်ကစပြီး ကာကွယ် ရေးအသုံးစရိတ် လေး ဆတိုးလာသော တရုတ်နိုင်ငံမှာ ထိပ်ဆုံးကဦးဆောင်လျက်           ရှိေ ကြာင်း အောက် တိုဘာလ ၁၅ရက်နေ့ကထုတ်ပြန်သော လေ့လာမှု စစ်တမ်းတစ်ခုအရ သိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။