Monday, October 1, 2012

အီဂျစ်ရှိ အမေရိကန် အမျိုးသမီး ခရစ်ယာန်ဘာသာရေး မစ်ရှင်အဖွဲ့တွေကို သတိပေး




Sunday, September 30, 2012

အီဂျစ်ရှိ အမေရိကန် အမျိုးသမီး ခရစ်ယာန်ဘာသာရေး မစ်ရှင်အဖွဲ့တွေကို သတိပေး 

အမေရိကန်ရောက် အီဂျစ် ခရစ်ယာန်တချို့ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုခွေကြောင့် ဒေါသထွက် ဆန္ဒပြနေကြတဲ့ အီဂျစ်နိုင်ငံသားတချို့။ (စက်တင်ဘာလ ၁၁ ရက်၊ ၂၀၁၂)။
ဗွီအိုအေ (မြန်မာဌာန)
မူစလင်တွေအများစုရှိတဲ့ အီဂျစ်နိုင်ငံမှာ အမေရိကန် အမျိုးသမီး ခရစ်ယာန်ဘာသာရေး မစ်ရှင်အဖွဲ့တွေ အနေနဲ့ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်ကို သတိထားကြဖို့ ကိုင်ရိုမြို့မှာရှိတဲ့ အမေရိကန် သံရုံးက သတိပေးချက် ထုတ်ပြန်ပါတယ်။
အကြမ်းဖက်သမားတွေဟာ အမေရိကန် အမျိုးသမီးမစ်ရှင်အဖွဲ့ တွေကို ပစ်မှတ်ထားနေတယ် ဆိုတဲ့ ယုံကြည်ရတဲ့ အထောက်အထားတွေ ရှိထားတယ်လို့ သံရုံး ၀က်ဘ်ဆိုက် ကြေညာချက်မှာ ဖော်ပြ ပါတယ်။ အီဂျစ်မှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ သူတို့ လုံခြုံရေးအတွက် အထူး သတိထား နေကြဖို့ လိုအပ်သလို၊ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားကြဖို့လည်း သံရုံးက တိုက်တွန်းပါတယ်။
အမေရိကန် သံတမန်တွေ အနေနဲ့ အရေးပေါ် အခြေအနေ ကြုံလာရင် ဆက်သွယ် အကူအညီယူနိုင်ဖို့ STEP လို ခရီးသွား လုံခြုံရေး အစီအစဉ်အတွက် အွန်လိုင်းပေါ်မှာ ၀င်ရောက် စာရင်းသွင်းထားကြဖို့ လည်း အမေရိကန်နိုင်ငံသားတွေကို တိုက်တွန်းနေပါတယ်။
မူစလင် အများစုရှိတဲ့ အီဂျစ်လူဦးရေ ၈၃ သန်းရဲ့ ၁၀ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပြီး၊ ခွဲခြား ဆက်ဆံခံရတယ် ဆိုပြီး တိုင်တန်းမှုတွေ ရှိခဲ့ပါတယ်။ အီဂျစ်နိုင်ငံတွင်း ခရစ်ယာန် ဘာသာဝင်တွေ ဟာ ဘာသာရေးအရ ဖိနှိပ် အကြမ်းဖက် ခံရတာမျိုးတွေ ရှိတယ် ဆိုပြီးတော့လည်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြပါတယ်။ 
http://profile.ak.fbcdn.net/hprofile-ak-ash4/373228_6815841748_1514951842_n.jpg
အမေရိကန်မှာ စော်ကားတဲ့ အပြုအမူတွေ ဖြစ်ပေါ်နေတာ မရေတွက်နိုင်ပါဘူး။ ကျွန်တော့်လိုပဲ အမေရိကန်ပြည်သူအများစုဟာ ခရစ်ယာန်တွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုအပေါ် ကန့်ကွက်ရှုတ်ချတာတွေကိုတော့ အခုထိ ပိတ်ပင်ထားတာ မရှိပါဘူး။ ပြီးတော့ နိုင်ငံ့ခေါင်းဆောင်၊ စစ်သေနာပတိချုပ်တစ်ဦးဖြစ်နေတဲ့ ကျွန်တော်ကိုယ်တိုင်လည်း နေ့တိုင်း စော်ကား ပြောဆိုမှုတွေ ခံရတာပါပဲ။ ဒါပေမဲ့ အဲဒီလိုမပြောဆို ရဘူးဆိုပြီး သူတို့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်သွားမှာ မဟုတ်ပါဘူး။ ... ဒါပေမဲ့ အပြစ်မဲ့ အရပ်သားတွေကို တိုက်ခိုက်မှုတွေအတွက် ဆင်ခြေတွေပေးစရာ မလိုဘူး။ သံရုံးတစ်ခုကို တိုက်ခိုက်ရလောက်တဲ့အထိ အကြောင်းပြချက် ခိုင်လုံတဲ့ ဗီဒီယိုဆိုတာ မရှိသေးပါဘူး''
(အမေရိကန်သမ္မတ အိုဘာမား၏ ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းမှ)

""လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ""

""လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ""  

 
 
 
 
 
 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိရပ်ဆိုင်းရန် အစီအစဉ်မရှိကြောင်း
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သောစာနယ်ဇင်းရှင်း

လင်းပွဲတွင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီး
တန်းအရာရှိ ဦးဝင်းကြည်ကပြောသည်။
"စပြီးလုပ်တုန်းက ဘာပြဿနာမှမရှိပါဘူး။ ဒေသခံတွေကိုယ်တိုင် ကြည်ကြည်ဖြူဖြူနဲ့ လျော်ကြေးတွေယူတယ်။
 လျော်ကြေး ထပ်တိုးတောင်းတယ်။ အဲဒီပြဿနာတွေပဲရှိတယ်။ အခုဟာက
 စီမံကိန်းရပ်ဆိုင်းပေးပါဆိုတာ အရမ်းကို ပြင်းထန်တယ်။ ရပ်ဖို့ အစီအစဉ်မရှိပါဘူး။ ဒီလိုတွေ ဖြစ်လာတယ်ဆိုတာ နိုင်ငံရေးအင်အားစုတွေပါလာလို့ သွေးထိုးလှုံ့ဆော်
လို့ဖြစ်ရတာပါ"ဟု မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီးတန်းအရာရှိ
ဦးဝင်းကြည်ကပြောသည်။
ဦးပိုင်လီမိတက် ပိုင်ဆိုင်သော သတ္တုတွင်း၏ အကျိုးတူပူးပေါင်း
ခွဲဝေခံစားမှုစာချုပ်အရ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ထုတ်လုပ်သည့်ရ
လဒ်အပေါ် ၅၁ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရပြီး၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ၄၉
ရာခိုင်နှုန်း အကျိုးခံစားခွင့်ရကာ နိုင်ငံတော်အစိုးရက မြေငှားစရိတ်၊ ၀င်ငွေအခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ အကျိုးခံစားရကြောင်း ယင်းပုဂ္ဂိုလ်ကပြောသည်။
ဒေသခံများဘက်ကလည်း ယင်းစီမံကိန်းသည် ပြည်သူတို့၏ သဘောဆန္ဒမပါရှိဘဲ အစိုးရအချင်းချင်းလုပ်သော စီမမံကိန်းဖြစ်ကြောင်း၊ ထို့အပြင် လူမှုစီးပွားကို တွက်
ချက်ရာတွင်လည်းတစ်အိမ်ထောင်လူတစ်ယောက်ဝန်ထမ်းလုပ်ခွင့်ရသည့်အစီအစဉ်
မှလွဲပြီး ရေရှည်ဒေသခံများအတွက် လူမှုဘ၀အာမခံချက်မရှိသော စီမံကိန်းဖြစ်သောကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာလိုက်နာမှုအပေါ်ကိုလည်း
 စိုးရိမ်မှုများ ရှိနေခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ပထမပတ်က တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်
ယင်းစီမံကိန်းကို တရုတ်နိုင်ငံသားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ၁၀၀ ရာခိုင်နှုန်း
 ရင်းနှီးမြှုပ်နှံထားသည်။ Production Sharing Contract စနစ် ကျင့်သုံးနေသော်လည်း
 မိုင်းပါမစ်ကို ဦးပိုင်လီမိတက်ကသာ ပိုင်ဆိုင်သည်ဟုဆိုသည်။ လက်ပံတောင်းတောင်၏
 ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာတစ်ဘီလီယံရှိကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီ
 ဥက္ကဋ္ဌကပြောသည်။
7 Day New
လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝပွဲ တွင်တွေ့ရသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး
ဓါတ်ပုံ - ဂျေပိုင်
 
 လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝပွဲလက်ပံတောင်းတောင် စီမံကိန်းအကြောင်းရှင်းလင်းနေသည့် မသွဲ့သွဲ့ ၀င်း
ဓါတ်ပုံ - ဂျေပိုင်
 လက်ပန်တောင်း စီမံကိန်း ရပ်ဆိုင်းရန် သမ္မတကြီးထံ တောင်းဆိုမည်
လက်ပန်တောင်းတောင် ကြေးနီ ထုတ်လုပ်မှု
 စီမံကိန်း ရပ်ဆိုင်းရန် သမ္မတကြီး ဦးသိန်းစိန်ထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း
 တော်ဝင်နှင်းဆီ ခန်းမ၌ ယနေ့ ကျင်းပသည့်
လက်ပန်တောင်းနှင့် ချင်းတွင်းအလှ

ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက် လာသည့် ပညာရှင်များနှင့် လက်ပန်တောင်းတောင် အနီးရှိ ဒေသခံအချို့ပြောကြားသည်။
လက်ပန်တောင်းတောင် စီမံကိန်းတွင် ဖြစ်ပေါ်နေသော ပြသာနာများကြောင့်
 ယင်းသို့ တောင်းဆို ရခြင်းဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာ
သည့် ECO DEX မှဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောဆိုသည်။
"နိုင်ငံတော် အသစ်ကို တကယ်သွားတော့မယ် ဆိုရင် ပြည်သူ့ အသံ ပြည်သူ့ဆန္ဒ
ကို နားထောင်ဖို့ လိုတယ်။ ဒါ့ကြောင့် ဒီနေ့ ပြည်သူ့ဆန္ဒကို ထုတ်ဖော် လိုက်တာပဲ"
ဟုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလုပ်ဆောင်နေသည့်
 ဒေါ်ဒေ၀ီသန့်စင်က ပြောကြားသည်။
ယခုကဲ့သို့သော ဖြစ်ရပ် ကြုံရခြင်းမှာ သက်ဆိုင်ရာ အာဏာပိုင်များ အနေနှင့်
၎င်းတို့ ထုတ်ပြန်ထားသော ဥပဒေများကို ၎င်းတို့ကိုယ်တိုင် လိုက်နာမှုမရှိခြင်းကြောင့်သာ ဖြစ်သည်ဟု ရှေ့နေများ ကွန်ယက်မှတရား
လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပြောဆိုသည်။
"ဒီစီမံကိန်းကြောင့် ရွာတွေရွှေ့ပြောင်းရတယ်။ ကျွန်တော်တို့ ဒီလိုနေလို့ မရတော့ဘူး။
ရွာသူရွာ သားတွေ အတွက် အကူအညီပေး ရမယ်၊ ကာကွယ်ပေး ရမယ်"
ဟု၎င်းကဆိုသည်။
တော်ဝင်နှင်းဆီခန်းမ၌ ယနေ့ကျင်းပသည့် လက်ပန်တောင်းနှင့် ချင်းတွင်း အလှကာကွယ် ထိန်းသိမ်းရေး နှီးနှော ဖလှယ်ပွဲသို့ ၈၈မျိုးဆက်ကျောင်းသားများ၊ လက်ပန်တောင်းတောင်
 စီမံကိန်းအနီးရှိ ၀က်မှေးရွာ၊ ကံကုန်းရွာ၊ ဆည်တည်းရွာများမှ ရွာသားများ၊ စပယ်တောင်ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်ခဲ့ဘူးသော စီမံကိန်းအင်ဂျင်နီယာ ဦးအောင်ကျော်ဇံနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ မြန်မာနိုင်ငံရှေ့
 နေကွန်ယက်မှ အဖွဲ့ဝင်များ အပါအ၀င် လူငါးရာခန့် တက်ရောက်ခဲ့ကြပြီးလက်ပန်
 တောင်းတောင် စီမံကိန်းရပ်ဆိုင်ရန် လက်မှတ်ထိုးခဲ့ကြသည်။

The Voice Weekly

လုံးလုံး ပြားပြား သီးစုံကုလားဟင်းကတော့ ရောင်းကောင်းတာပါပဲ




လုံးလုံး ပြားပြား သီးစုံကုလားဟင်းကတော့ ရောင်းကောင်းတာပါပဲ 

Posted by on September 30, 2012 
တခါတုန်းက ရွာတရွာမှာ မုဆိုးမ မိသားစု တစု ရှိတယ်။ မိသားစုထဲမှာ မလုံး ဆိုတဲ့ သမီးတယောက်လဲပါတယ်။ မလုံးက သမီးမိန်းကလေးဆိုပေမယ့် ဒေါင်းတည်မောင်းတည် ကျားကျားယားယား မဟုတ်မခံ ယောင်္ကျားလျာတယောက်၊ မလုံး ရဲ့ အထက်အောက် မောင်နှမတွေက ပျော့စိစိ အေစစ ဆိုတော့ မိခင်မုဆိုးမကြီးက ဖအေတူသမီး မလုံး ကိုပဲ သားတ ယောက်လို အားကိုးအားထားပြုနေရတယ်။ တခါတော့ အများကဝိုင်းတောင်းဆိုတာကြောင့် မလုံး ကိုယ်တိုင်ဦးစီးပြီး ဇာတ်ထောင်တယ်၊ မိခင်လုပ်သူကလည်း မလုံး ကို ယုံကြည်တော့ ရှိသမျှထုခွဲပြီး အရင်းနှီးထုတ်ပေးလိုက်တယ်။
ဇာတ်ရယ်လို့သာ အများတောင်းဆိုလို့ထောင်လိုက်ရတာ ဇာတ်စီးလည်းမယ်မယ်ရရ မရှိသလို ပါလာသမျှဇာတ်သမား ဇာတ်သမတွေကလည်း ဝါသနာပါတာကလွဲလို့ ဘာမှမတတ်ဘူး၊ ဆိုင်းသံကြားလို့ထွက်လာကြတာ၊ ခေါင်းခါးခြေလက် ကွဲသူက အတော်ဆုံးပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဆိုတော့ တပွဲမှမကသေးပေမယ့် လက်ခုပ်သံဖျောင်း ဖျောင်းနဲ့ အားပေးကြတာပဲ။ ဇာတ်သမား ဇာတ်သမတွေကို ဟိုက ဒီက ဖိတ်ခေါ်အားပေးဧည့်ခံကြရတာ အလုအယက်။

ဒီလိုနဲ့ အချိန်တွေသာကြာလာတယ် ဇာတ်စီး မလုံး မအားတာလိုလို ပွဲမိန့်မရတာလိုလိုနဲ့ တပွဲမှမကရဘဲ ဇာတ်သမား တွေက ဟိုရောက်ဒီရောက် ဖားကောက်သူကောက် ငါးနှိုက်သူနှိုက်၊ ဇာတ်နဖူးစီးတွေ ကာလိပ်တွေက ဆေးရောင်တွေ ပြယ် ဖုံးတွေတက် အရောင်မှိန်ကုန်ပြီ။ ဘာပဲဖြစ်ဖြစ် ဇာတ်ကတော့ ကအုန်းမှာပဲဆိုတော့ အရပ်ကလဲ အားပေးကြတုန်း ပါပဲ။ ဘာပဲဖြစ်ဖြစ် ဇာတ်ထောင်လိုက်တာတခုတော့ အမြတ်ထွက်တယ်ပြောရမယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် မလုံး အ တွက် တက်ညီလက်ညီ အပေးအယူမျှတဲ့ လုပ်ဖော်ကိုင်ဖက် တယောက်ရလာတယ်။ သူကတော့ ကိုပြား တဲ့၊ အနုပညာ ကို တကယ်ဝါသနာပါတယ်လို့ပြောပြီး နောက်ဆုံးမှ ကပ်ပြီးဇာတ်ထဲပါလာတာ၊ သူက ကိုပြား ဆိုပေမယ့် လုံးရာကပြား ချင်တဲ့ ဘုန်းကညာ မိန်းမလျာတပါးပေါ့။

ဒီတော့ မလုံး နဲ့တော့ တိုင်းယက်ထားတဲ့ ပက်ကလာ မိုးရွာတာနဲ့ အဆင်သင့်နေတာပေါ့။ အရပ်ကလည်းသဘောကျ ဓါတ်တိုက်နတ်ကြိုက် အကိုက်ပေါ့။ ဒီတော့ကာ ကိုလုံးနဲ့မပြား အဲလေ ကိုပြားနဲ့မလုံးတိုင်ပင်တယ်။ တခြားဇာတ်သမား တွေ ဟိုရောက် ဒီရောက် ဖားကောက်သူကောက် ငါးနှိုက်သူနှိုက်နေချိန် ဇာတ်လည်းတိတိကျကျမကရသေးတဲ့ အတူတူ မလှူနိုင်ဈေးရောင်း ဆိုတဲ့စကားအတိုင်း ငတ်ပြတ်နေတဲ့ ရွာသားတွေအတွက် စေတနာရှေ့ထားပြီး ဟင်းဆိုင် ဖွင့်ကြမယ် ပေါ့။

အရပ်ထဲက ကိုတုတ်ကြီးတို့ ကိုမုတ်ဆိတ်တို့ကလည်း မဖြစ်စလောက်အရင်းအနှီး ထုတ်ပေးတယ်။ ကိုလုံးနဲ့ မပြား အဲ လေ ကိုပြားနဲ့ မလုံးတို့ ရွာသားတွေအတွက် ဟင်းဆိုင်ကလေးဖွင့်လိုက်တယ် ဆိုပါတော့။ ဒါပေမယ့် ဟင်းဆိုင်က တပင် တိုင် သီးစုံကုလားဟင်းတခွက်ပဲ ရောင်းတယ်။

ရွာသားတွေ ဈေးပေါပေါနဲ့ဝယ်လည်းစားနိုင်အောင် တွက်ချေလည်းကိုက်အောင် ကိုမုတ်ဆိတ်ပွဲရုံက အာလူး ဘူးသီး ခရမ်းချဉ်စတဲ့ လွှင့်ပစ်ရတော့မယ့် တခြမ်းပုပ်တဝက်ကောင်းတွေ ပုံတိုက်ယူပြီး အပုပ်ကိုဖယ် အကောင်းကို အသေအချာ သန့်စင်ပြီး ငါးခြောက်ရိုးလေး ပါလေကာနဲ့ချက်တယ်။ ပြီးတော့ မုဆိုးမမျက်ရေပေါက်လောက် ဆီနဲ့သတ် ကိုမုတ်ဆိတ်ရဲ့ မဆလာနဲ့အုပ်လိုက်တော့ ကိုလုံးနဲ့ မပြား အဲလေ ကိုပြားနဲ့ မလုံးတို့ရဲ့ သီးစုံကုလားဟင်းဟာ အပေါ်ယံဆီလိုလို ရေလို လို ဝေ့ပြီး မဆလာနံ့လေးသင်းနေတော့ အငတ်ရွာသားတွေ ဘာခံနိုင်မလဲ သွားရေတမျှားမျှားနဲ့ပေါ့။

ရောင်းကောင်းလိုက်ပုံများ လက်ခုပ်သံ တဖျောင်းဖျောင်း အဲလေ ဇာတ်ကတာနဲ့ ရောသွားပြီ၊ ရောင်းကောင်းတာများ လက်တောင်မလည်ဘူး။ တသက်လုံး ဟင်းရယ်လို့ တူတူတန်တန်မစားဖူးတဲ့ ရွာသားတွေအတွက်တော့ ကိုလုံးနဲ့ မပြား အဲလေ ကိုပြားနဲ့ မလုံးတို့ရဲ့ သီးစုံကုလားဟင်းစားလိုက်ရတော့ နတ်သုဒ္ဓါကိုစာရသလို ကျေးဇူးတွေ တင်လို့မဆုံးတော့ ဘူး။ ကံဆိုးကံကောင်း ငါးခြောက်ရိုးလေးတဖတ်လောက် ကိုယ့်ထဲပါလာလို့ကတော့ အာဂပါးစပ် လူဖြစ်ကျိုးနပ်လှချည့် လို့ အားရကျေနပ်ကြလို့ပေါ့။ ကိုလုံးနဲ့ မပြား အဲလေ ကိုပြားနဲ့ မလုံး ကလဲ တောက်ရှောက်မှားနေတော့တာပဲ။ ထားပါ လေ လုံးလုံး ပြားပြား မထူးပါဘူး။ ဘယ်သူတွေဘာပြောပြော ကိုလုံးနဲ့ မပြား တို့ သီးစုံကုလားဟင်းကတော့ ရွာကလေး မှာ လက်မလည်အောင်း ရောင်းကောင်းနေတုန်းပါပဲ။

ဒါကြောင့် ပြောကြတာပေါ့ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အံကိုက်တာပါပဲ။

(ကာလပေါ်ပုံပြင်၊ ပုံပြင်ကို ပုံပြင်လိုပဲ သဘောထားဖတ်ပါ)

ရဲဘော်ကျော်သန်း

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။