Sunday, September 23, 2012

အိမ်ကိုမီးရှို.တဲ့လူကို တရားဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမ၇ှိ




အိမ်ကိုမီးရှို.တဲ့လူကို တရားဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမ၇ှိ 

ရပ်စောက်မြို.နယ် ပင်ဖြစ်ကျေးရွာမှ အိမ်ကိုမီးရှို.တဲ့လူကို
တာဝန်ရှိလူကြီးတွေက တရားဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမ၇ှိ...

အမှုဖြစ်စဉ်မှာ...

                   (၂.၉.၂၀၁၂)ရက် ည(၈း၀၀) နာရီအချိန်ခန်.တွင်
ရပ်စောက်မြို.နယ်ပင်ဖြစ်ကျေးရွာ အမှတ်(၄) ရက်ကွက်အတွင်း
မီးလောင်မှု.ဖြစ်ပွားရာ မီးလောင်သောအိမ်အား ကျေရွာအတွင်းရှိ
ပြည်သူများနှင့် မီးသတ်အဖွဲ.၀င်များမှ ၀ိုင်းဝန်းငြိမ်းသက်ခဲ့သဖြင့်
ည(၈း၃၀)
အချိန်တွင် ပတ်ဝန်းကျင်ရှိ အိမ်တစ်အိမ်အားကူးစက်ပြီး မီးလောင်သောအိမ်အား
ငြိမ်းသက်နိုင်ခဲ့ပါသည်။(၃.၉.၂၀၁၂)ရက်နေ.တွင်
မြို.နယ်မီးသတ်တပ်ဖွဲ့.ဦးစီးမှုး ဦးဇော်လင်းနှင့်ဆရာစိုးလင်းတို.လာရောက်
စစ်ဆးမှတ်တမ်းတင် သွားခဲ့ပါသည်။
                   မီးလောင်ခံရသော အိမ်ပိုင်ရှင်မှာ ကိုမြင့်ထူးဖြစ်ပြီး
ကိုသားအိုဆိုသောသူအား ဌားရမ်းထားကြောင်းသိရပါသည်။မီးလောင်သော
အိမ်တွင်နေထိုင်သော ကိုသားအိုအား တာဝန်ရှိသဖြင့် ပြည်သူရဲတပ်ဖွဲ့နှင့်
ကျေးရွာအရံမီးသတ်တပ်ဖွဲ.၀င် တပ်စုမှုးကိုမြင့်ထွန်းတို.မှ ခေါ်ယူစစ်ဆေးမေး
မြန်းရာ ကိုသားအိုမှ မီးသုံးစွဲရာတွင် ပေါ့စမှုကြောင့် မီးလောင်ခြင်းမဟုတ်
ကြောင်း ပြောကြားသဖြင့် ဆက်လက်၍ စစ်ဆေးမေးမြန်းရာ ကိုသားအိုမှာ
စားသောက်ဆိုင်တစ်ဆိုင်တွင် ကိုဖိုးပြားခေါ်(ခ)ကိုပြည့်စုံ နှင့်အတူစားသောက်
စဉ် တစ်ဦးနှင့်တစ်ဦး စကားများ ရန်ဖြစ်ခဲ့ပြီး ပြန်လာ၍ အိမ်တွင်အိပ်နေစဉ်
ကိုဖိုးပြားမှ အိမ်တံခါးအား ကန်ဖွင့်ပြီး ဓားဖြင့်ခုတ်ရန် ကြိုးပမ်းခဲ့ရာ မအောင်
မြင်သဖြင့် ကိုသားအိုနေထိုင်သောအိမ်အား မီးရှို.ခဲ့ကြောင်း ကိုသားအိုမှ
ပြောကြားသဖြင့် ကိုဖိုးပြား(ခ)ကိုပြည့်စုံအား ခေါ်ယူစစ်ဆေးကာ ဟုတ်မှန်
ကြောင်းဝန်ခံသဖြင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ကိုဖိုးပြား(ခ)
ကိုပြည့်စုံအား (၃.၉.၂၀၁၂)ရက်နေ.တွင် ရပ်စောက်မြို.ရဲစခန်းသို. ဒုရဲအုပ်
စန်းယုအောင်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ကိုဖိုးပြားနှင့်အတူ ကိုသား
အိုအား ခုတ်ရန်ကြံစဉ်ခဲ့သော ဓားအား သက်သေခံပစ္စည်းအဖြစ် သိမ်းယူ
သွားခဲ့ပါသည်။
                  တာဝန်ရှိလူကြီးများအနေဖြင့် ထိုအမှုအား အမှု.ဖွင့်အရေးယူ
ခြင်းမရှိပဲ (၁၈.၉.၂၀၁၂)ရက်နေ.တွင် ဖမ်းဆီးခေါ်ဆောင်သွားသော
ကိုဖို.ပြား(ခ)ကိုပြည့်စုံအား မည်သို.လွှတ်ပေးလိုက်ကြောင်း မသိရှိရသဖြင့်
ဥပဒေအားတိကျစွာ ဆောင်ရွက်ခြင်းမရှိကြောင်း သိရှိရသဖြင့် ဥပဒေအား
မျက်ကွယ်ပြုခြင်းအား တိကျစွာဖော်ထုတ် အရေးယူပေးပါရန် လေးစားစွာ
တိုင်တန်းအပ်ပါသည်။
                       ဥပဒေနှင့်အညီ  ဆောင်ရွက်ပေးခြင်းမရှိသော
ဝန်ထမ်းများအား စုံစမ်းစစ်ဆေးဖော်ထုတ်ပေးပါရန် ပင်ဖြစ်ကျေးရွာမှာ
နေထိုင်သော---
-  ဦးဝင်နိုင် ၊ မှတ်ပုံတင်အမှတ်, ၉/တသန(နိုင်)၅၀၂၃၅၁

-ဦးကျော်ဆန်းတင့် ၊ မှတ်ပုံတင်အမှတ်,၁၃/ရစန(နိုင်)၁၂၆၇၃၅
-ဦးဝင်းမောင်(ဒုခွဲမှုး) ၊  မှတ်ပုံတင်အမှတ်,၁၃/ရစန(နိုင်)၀၂၉၂၃၃
-ဦးထွန်းမြင့် ၊ မှတ်ပုံတင်အမှတ်,၁၃/ရစန(နိုင်)၀၀၂၅၉၆   တို.မှ တရာခံအား
ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တာဝန်ရှိလူကြီးများအား လေးစားစွာ
တင်ပြတောင်းဆိုအပ်ပါသည်။
---                                                 ဇေမောင်(ys)
http://feeds.feedburner.com/thithtoolwin/yIWV

ကျူးကျော်သူများဝိုင်းဝန်းဆန္ဒပြကြသဖြင် မန်းမြို့တော်ဝန် ပိတ်မိနေခဲ့


ကျူးကျော်သူများဝိုင်းဝန်းဆန္ဒပြကြသဖြင် မန်းမြို့တော်ဝန် ပိတ်မိနေခဲ့ 




မန္တလေး-စက်တင်ဘာ၂၂

မန္တလေးပုသိမ်ကြီးမြို့နယ် မကွေးကျောင်းတိုက်တွင် ကျူးကျော်သူများအား ယနေ့နေ့လည်က သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည့် မန်းမြို့တော်ဝန်ကို ကျူးကျော် တစ်ထောင်ခန့်က
ဝန်းရံဆန္ဒပြကြသဖြင့် အဆိုပါကျောင်းတိုက်တွင် ၁ နာရီခွဲကြာ ပိတ်မိနေခဲ့သည်။
၈၈မျိုးဆက် ကျောင်းသားများ ၀င်ရောက် ဖြေရှင်းပေးခဲ့မှုကြောင့်
ညနေ၃နာရီအချိန်မှ အဆိုပါကျောင်းတိုက်မှ မြို့တော်ဝန်ပြန်လည် ထွက်ခွာနိုင်ခဲ့ ကြောင်းသိရသည်။
ှကျူးကျော် သူများပြောင်းရွေ့ ပေးရန်တွေ့ဆုံမှူတွင် ကျူးကျော်နေထိုင်သူများမှ
ဖယ်မပေးနိုင်ကြောင်း ၊မိမိတို့သည်ဝယ်ယူ နေထိုင်သူများဖြစ်ပြဲီး ကျူးကျော်နေထိုင်သူများမဟုတ်ကြောင်း၊နေစရာလည်း မရှိကြောင်းဖယ်ရှာ ပေးစေလိုပါက
နေစရာအရင်ပေး ရန်မြို့တော်ဝန်အားပြောကြားခဲ့သည်။
မြို့တော်ဝန်မှအဆိုပါကိစ္စသည်စဉ်းစားရဦးမည်ဖြစ်ပြီးနေစရာအစားပြန်မပေးသေးနိုင်သေးကြောင်း၊
ကျူးကျော်သူများကိုတွေ့ဆုံရခြင်းသည်ဝယ်ယူထားသောစာချုပ်များကိုကြည့်ပြီးရောင်းချသူများကိုတရားစွဲရန်နှင့်
တရားစွဲလျှင်လည်းလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး
သတ်မှတ်ချိန်ပြည့်သွားသည့်အတွက်ဖယ်ရှားရန်ပြောကြားခဲ့သည့်အတွက်ကျူးကျော်ရပ်ကွက်တွင်ဝယ်ယူ
နေထိုင်သောပြည်သူများကမကျေနပ်၍်မန်းမြို့တော်ဝန်ဦးအောင်မောင်းအား
ဝိုင်းဝန်းပိတ်ဆို့ထားခြင်းဖြစ်သည်။

စိုင်းလမင်း-Popular Myanmar News Journal
http://feeds.feedburner.com/thithtoolwin/yIWV

ဘုရားသုံးဆူမြို့ ကျောင်းအုပ်ဆရာမကြီး တက္ကသိုလ်ဝင်တန်းလျှောက်လွှာကြေး အဆမတန် ကောက်ယူ


ဘုရားသုံးဆူမြို့ ကျောင်းအုပ်ဆရာမကြီး တက္ကသိုလ်ဝင်တန်းလျှောက်လွှာကြေး အဆမတန် ကောက်ယူ 

စက်တင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ်- ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားသုံးဆူမြို့တွင်တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကျောင်း သား/သူများ စာမေးပွဲ ဖြေဆို ရန် လျှောက်လွှာတင်ကြေးကို ကျောင်းအုပ်ဆရာမကြီးက အဆမတန် ကောက်ယူနေသည်ဟု ကျောင်းသား မိဘများက ပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း လျှောက်လွှာတင်ကြေးအဖြစ် ကျောင်းသူ/သားတစ်ဦးလျှင် ၂၅၀၀ကျပ်သာ ကောက်ခံ နေသော်လည်း ဘုရားသုံးဆူမြို့ရှိ အထက(၁)ကျောင်းအုပ်ကြီး ဒေါ်ခင်လှဝေက တစ်ဦးလျှင် ဘတ် ၂၅၀ (မြန်မာကျပ် ၇၀၀၀)နှုန်းဖြင့် ကောက်ခံလျှက်ရှိသည်ဟု ကရင်ကျောင်းသားမိဘတစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့မြို့မှာ စီးပွားရေးလည်းကျတယ်။ လုပ်ကိုင်စားသောက်ရတာလည်း မလွယ်ဘူး။ တနေ့တနေ့ စားဖို့က မနည်း ရုန်းကန် နေရတဲ့အချိန်မှာ ပိုက်ဆံပိုကောက်တော့ ကျနော်တို့အတွက် ငွေရှာရတာလည်း မလွယ်ကူဘူး ဖြစ်နေတယ်”ဟု ပြောသည်။
အစိုးရပိုင်သတင်းစာများတွင် ယခုနှစ် စက်တင်ဘာလ ၆ရက်နေ့မှ စတင်ပြီး ၂၈ရက်နေ့အထိ လျှောက်လွှာတင်သွင်းနိုင်ကြောင်း ကြေညာ ခဲ့သော်လည်း ဘုရားသုံးဆူမြို့အထက်တန်းကျောင်းအုပ်ကြီး ဒေါ်ခင်လှဝေကမူ ယမန်နေ့ ၂၀ရက်မှ စတင်၍ ၂၃ရက်နေ့အပြီး ပေးဆောင် ရန် ငွေကောက်ခံနေခြင်းဖြစ်သည်။
ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်မသိန်းကလည်း “ကျမတို့အနေနဲ့က အဆင်မပြေတာတွေ ရှိပါတယ်။ အိမ်ငှားနေရတယ်။ ကျောင်းနေ တဲ့ ကလေးသုံးယောက်လည်း ရှိတယ်။ အဲဒါ ကလေးတွေရဲ့ လစဉ် ကျူရှင်စရိတ်၊ စားစရိတ်ကော နောက်ပြီး ဘာဖိုးညာဖိုးဆိုပြီး ကျောင်း ဖွင့်ကတည်းက ပိုက်ဆံတချိန်လုံး ကောက်ခံနေတယ်”ဟု ပြောသည်။
ဘုရားသုံးဆူမြို့ တက္ကသိုလ်ဝင်ကျောင်းသား/သူများ လျှောက်လွှာစာရင်းကို ၎င်းတို့မြို့တွင် မတင်ဘဲ ကျောင်းသားစာရင်း၊ အိမ်ထောင်စု စာရင်း၊ ဓါတ်ပုံများကို ယူဆောင်သွားပြီး ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အဆိုပါ ကျောင်းအုပ်ဆရာမကြီးက သွားရောက် တင်ပေးခြင်း ဖြစ် သည်။
ထို့ကြောင့် ဘတ် ၂၅၀ မပေးနိုင်သည့် ကျောင်းသားမိဘများ စုပေါင်းပြီး ကျောင်းအုပ်ဆရာမကြီးထံ ခရီးစရိတ် အပါအ၀င် လျှောက်လွှာ တင်ကြေးကို ဘတ် ၁၀၀ကျော်သာ ကောက်ယူပေးရန် ကျောင်းသားမိဘများက သွားရောက်ပြောကြားမည်ဟုလည်း သိရသည်။
ဘုရားသုံးဆူမြို့တွင် ရပ်ကွက်ပေါင်း ၄ခုရှိသည့်အနက် အထက်တန်းကျောင်းတစ်ကျောင်းသာရှိပြီး ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေ ဆိုမည့် ကျောင်းသား/သူပေါင်း ၇၀ဦးကျော် ရှိသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် အစိုးရပညာရေးဝန်ကြီးဌာနက ကျောင်းသားတစ်ဦးလျှင် လျှောက်လွှာတင်ကြေးမှာ ၂,၅၀၀ကျပ် သတ်မှတ်ထားခြင်းဖြစ်သော်လည်း တချို့ကျောင်းများတွင် အလှူငွေ အပါအ၀င် ကျပ်တစ်သောင်းဝန်းကျင် ပေးဆောင်ရသည်ဟုလည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
မြန်မာတစ်နိုင်ငံလုံးရှိ ပညာရေးစိစစ်ရေးဌာနအသီးသီး၌ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် စာမေးပွဲဝင်ခွင့်ကတ်ပြားကို လာမည့် ဖေဖော်ဝါရီလ ၂၇ရက်နေ့မှစ၍ ထုတ်ပေးသွားမည်ဖြစ်ပြီး ၂၀၁၁-၁၂ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၁၂ခုနှစ်၊ မတ်လ ၁၂ရက်မှ ၂၂ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်သည်။

ဖလုံ-စဝေါ်ပါတီ၏ ငြိမ်းချမ်းရေး တည်ဆောက်ရေး ရက်တိုသင်တန်း ပြီးစီး


ဖလုံ-စဝေါ်ပါတီ၏ ငြိမ်းချမ်းရေး တည်ဆောက်ရေး ရက်တိုသင်တန်း ပြီးစီး 

စက်တင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP မှ ငြိမ်းချမ်းရေးတည်ဆောက်ရေး (Peace Building) ရက်တိုသင်တန်းဆင်းပွဲကို ဘားအံမြို့ အမှတ်(၉)ရပ်ကွက်၊ ငုရွှေဝါလမ်းတောင့်နှင့် အင်ကြင်း(၂)လမ်းတောင့်ရှိ ဖလုံ-စဝေါ်ပါတီရုံး၌ ယနေ့ညနေ(၆)နာရီက ကျင်းပပြီးစီးသွားခဲ့ သည်။

ယခုကာလသည် ငြိမ်းချမ်းရေးကာလ ဆွေးနွေးနေချိန်ဖြစ်ပြီး ပြည်သူများအနေနှင့်လည်း မိမိတို့၏ အခန်းကဏ္ဍတွင် ပါဝင်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး ရက်တိုသင်တန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ဖလုံ-စဝေါ်ပါတီ အထွေထွေအတွင်းရေးမှူး စဘီ ကျင်ဦးက ကေအိုင်စီသို့ ပြောသည်။
“ကရင်ပြည်နယ်မှာဆိုရင် ငြိမ်းချမ်းရေးကို တော်တော်လေး ခရီးသွားနေပြီးဆိုတော့ ပါတီဝင်တွေအနေနဲ့ နောက် ပြည်သူလူထုတွေပေါ့ နော် သိထားဖို့လိုတယ်။ လိုအပ်ရင် လိုအပ်သလို ၀ိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ပေးလို့ရအောင်ပါ”ဟု သူက ဆိုသည်။
စက်တင်ဘာလ ၁၇ရက်နေ့တွင် စတင်ခဲ့သည့် ၎င်းသင်တန်းတွင် ရန်ကုန်မှ သင်တန်းဆရာ ၂ဦးက ကရင်ပြည်နယ်ရှိ မြို့နယ်များနှင့် မွန် ပြည်နယ် ကျိုက်မရောမြို့နယ်မှ သင်တန်းသူသင်တန်းသားပေါင်း ၂၅ဦးအား ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်သည့် ဘာသာရပ်ကို သင် ကြားပို့ချပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပြုလုပ်သည့် ၎င်းတို့၏ သင်တန်းဆင်းပွဲကို ပြည်သူ့လွှတ်တော်အမတ်များဖြစ်သော PSDP ပါတီ ဥက္ကဌ စောသိန်းအောင်၊ နန်းစေး အွာ၊ အမျိုးသားလွှတ်တော်အမတ် စောအောင်ကျော်နိုင်နှင့် ကျန်ပါတီဝင် အလုပ်အမှုဆောင်များလည်း တက်ရောက်ခဲ့ကြသည်။
ဤသင်တန်းမှ သင်တန်းသူသင်တန်းသားများက တက်ရောက်သင်ကြားပြီး ရလာသော အကျိုးရလဒ်ကို မိမိတို့၏ နယ်မြေဒေသအတွင်း လူမှုရေးကိစ္စ၌သော်လည်းကောင်း ပြန်လည် ဆွေးနွေးရာတွင် ပြောရဲဆိုရဲ ရှိလာနိုင်မည်ဟု ယုံကြည်ကြောင်း စဘီကျင်ဦးက ပြောသည်။
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီသည် ၂၀၁၀ခုနှစ်တွင် ခေါင်းဆောင်မှုသင်တန်းနှင့် အမျိုးသမီးစွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ် ပြုလုပ်ခဲ့သော်လည်း ယခုလို ငြိမ်းချမ်းရေးတည်ဆောက်ရေးသင်တန်းကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။