ရသေ့တောင် ရခိုင်လူထု စည်းဝေးပွဲ အာဏာပိုင်များမှ ကန့်သတ်
by moethiha aung

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ကျင်းပ
ရန်စီစဉ်ထားသည့် ရခိုင်ဒေသ လူထုအစည်း
အဝေးကို မြို့နယ်အာဏာပိုင်များကကန့်
သတ်မူများ ပြုလုပ်နေကြောင်း သတင်း
ရရှိသည်။
မြို့နယ် အာဏာပိုင်များက ကန့်သတ်ရာတွင် လူထု စည်းဝေးပွဲအား နှစ်ရက် တိတိ ပြုလုပ်ရန် စီစဉ် ထားခြင်းကို တစ်ရက်တည်းသာခွင့်ပြုပြီး
ဟောပြောမည့် သူများနှင့် တက်ရောက်မည့် အရေ အတွက် ကိုလည်း ကန့်သတ်ထားသည်
ဟု လူထု အစည်းအဝေး ဖြစ်မြောက်ရေး ကော်မီတီဝင် ဦးကိုကိုမောင်က
ပြောသည်။
“ ကျွန်တော်တို့ကို အခု (၁) ရက်တည်းသာ ခွင့်ပြုပါတယ်။ ကျွန်တော်တို့ ဒီအစည်းအဝေး
လုပ်မလို့ စတင် စီစဉ် ကတည်းက အာဏာပိုင်တွေကို ခွင့်ပြုချက် ရရှိဖို့
စာတင် ပါတယ်။
စာတင်တဲ့အခါ အာဏာပိုင်တွေက စာတင်စရာ မလိုဘူး။ ခင်ဗျားတို့အလုပ်ကို ခင်ဗျာတို့
လုပ်ကြပါ ဆိုပြီး ပြောပါတယ်။ အခု စည်းဝေးပွဲနီးတော့မှ တစ်ရက်တည်းဘဲ ခွင့်ပြုမယ်။
နှစ်ရက် ခွင့်မပြုနိုင်ဘူဆိုပြီး လုပ်လာတယ်။ ဒီလို လုပ်တာ ဘာကြောင့်လည်း ဆိုတာ
ကျွန်တော်တို့ စဉ်းစားမရ ဖြစ်နေပါတယ်” ဟု ဆိုသည်။
ရသေ့တောင်မြို့သည် စစ်တွေမြို့ မြောက်ဘက် မိုင် (၂၀) အကွာတွင်
တည်ရှိပြီး နိုင်ငံရေး အရ တက်ကြွသော မြို့တစ်မြို့ဖြစ်သည်။
လူထုအစည်းအဝေးကို ရသေ့တောင်မြို့တွင် စက်တင်္ဘာလ
၂၅ ရက်နှင့် ၂၆ ရက် ကိုကျင်းပရန် စီစဉ်ထားသည်။
“ကျွန်တော်တို့ ဒီလူထုအစည်းအဝေး ကော်မီတီဖွဲ့ပြီးတာနဲ့ မြို့နယ် ရဲမှူးကိုသွားပြီး
အသိပေး တင်ပြ ပါတယ်။ သူတို့ဆီကထုတ်ပေးတဲ့ လျှောက်လွာမှာ ဟောပြောမဲ့ လူပုဂ္ဂိုလ်၊
ဟောပြောသူရဲ့ ကိုယ်ရေး အချက်အလက်၊ ဟောပြောမယ့် ခေါင်းစဉ်တွေကို ဒီလ ၁၁
ရက်နေ့ ညနေ ၃ နာရီ မှာ သွားတင်ခဲ့ပါတယ်။ တင်တဲ့အခါ သူက ခင်ဗျာတို့လုပ်မယ့် စည်းဝေးပွဲက ပွဲကြီးဖြစ်နေတဲ့ အတွက် စာရင်းတွေကို
အတိကျ တင်ပါလို့ ပြောလာတော့အသေအချာ စိစစ်ပြီး ထပ်တင်ပါတယ်။ ဒီလ ၁၇ ရက်နေ့ ညနေမှာ ကော်မီတီ အဖွဲ့ဝင်တွေကို ခေါ်တဲ့အတွက် ကျွန်တော်တို့
သွားတွေ့ပြီး ကျွန်တော် တို့ လူစာရင်းကို ထပ်တင်ထားခဲ့ပါ” ဟု ဆိုသည်။
လူထု အစည်းဝေးသို့ တက် ရောက်မည့်သူ ၆၃၀ ဦး၊နှင့် ဟောပြောမည့်သူက ၂၈ ဦး တင်ပြ
ထားရာ ယနေ့ နံနက်ပိုင်းက တက်ရောက်မည့်သူကို ၂၀၀ ဦးနှင့် ဟောပြောမည့်သူကို ၁၀
ဦးသာ ခွင့်ပြုမည် ဟု ရဲမှူးက ပြောသည်ဟု သူက ပြောသည်။
ယနေ့ နံနက်ပိုင်းက ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ချိန်တွင် အာဏာပိုင်များက တက်ရောက်မည့်
သူ အရေ အတွက်နှင့် စည်းဝေးပွဲကို တစ်ရက်သာ ခွင့်ပြုမည်ဟု ခေါ်ယူ ပြောဆိုခြင်း
ဖြစ်သည်။
“ပြောတဲ့သူတွေကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးရယ်၊ ဗျူဟာမှူးနဲ့ ရဲမြို့နယ်မှူးတို့ ဖြစ်ပါတယ်။
သူတို့ က ၁၇ မြို့နယ်လုံးက လာမယ်ဆိုတော့ တစ်ရက်ပဲ ခွင့်ပြုနိုင်မယ်ဆိုပြီး ပြောပါတယ် ”
ဟု သူက ဆက်ပြောသည်။
ရခိုင် ဒေသ လူထုအစည်းအဝေးမှ ရရှိလာသော ဆုံးဖြတ်ချက်များကို ရခိုင် ပဋိပက္ခ
စုံစမ်းရေး ကော်မရှင်သို့ အထောက်ကူပြုနိုင်ရန် ပေးပို့သွားမည့်
ရည်ရွယ်ချက်ဖြင့်
ပြုလုပ်ရန် စီစဉ် ထားခြင်း ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့က ဥပဒေဘောင်အတွင်းကဘဲ ကြိုးစားသွားမယ်။ ဥပဒေကိုကျော်ပြီးလုပ်မှာ
မ ဟုတ်ပါဘူး။ ဒီက ခွင့်ပြုချက် ၂ ရက် မရရင် ခရိုင်၊ ပြည်နယ် အဆင့်ဆင့်တက်ပြီး နောက်ဆုံး
သမ္မတကြီး အထိသွားဖို့ စီစဉ်ထားပါ တယ်။ အခုလည်း အာဏာပိုင်တွေ အဆင့်ဆင့်ကို သတင်းပို့နေပါတယ်” ဟု ဆိုသည်။
ယခုကျင်းပမည့် လူထုအစည်းအဝေးမှာ အမျိုးသားရေး လိုအပ်ချက်အရ ကျင်းပသည့်ပွဲဖြစ်
သလို လူ ထုအစည်းအဝေး ဖြစ်မြောက်ရန်အတွက် အလှူထည့်ဝင်ထားကြသည့် ငွေများကို
လည်း မပျက် စီး လိုသည့်အတွက် ၂၅-၂၆ ရက်တွင် ဖြစ်သည့်နည်းနှင့် ကျင်းပသွားရန်စီ
စဉ်နေပြီး တက်ရောက် လာမည့်သူများကိုလည်း ယခုလ၂၄ ရက်နေ့ အရောက်လာကြရန်
မေတ္တာရပ်ခံ ထားသည်ဟု ဦး ကိုကိုမောင်က ပြောသည်။
နိရဉ္စရာ
Resolution on Rohingya
by moethiha aung
ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ ရိုဟင်ဂျာများ၏အရေးကိစ္စနှင့်ဆိုင်သော နိုင်ငံတကာ ညီလာခံ မှ ဆုံးဖြတ်ချက်
INTERNATIONAL CONFERENCE: ON THE PLIGHT OF THE ROHINGYA:Resolution on Rohingya (ဘာသာပြန်)
ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ ရိုဟင်ဂျာများ၏အရေးကိစ္စနှင့်ဆိုင်သော နိုင်ငံတကာ ညီလာခံ မှ ဆုံးဖြတ်ချက်
ကွာလာလမ်ပူ.........၁၇ စက်တင်ဘာ ၂၀၁၂ပါဒါနာ
ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့အစပါဒါနာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့အစည်း (PGPF) က
အခြေအနေမဲ့ကာ ဒုက္ခရောက်နေကြသော ရိုဟင်ဂျာများ၏ အရေးကိစ္စနှင့်ဆိုင်သော
နိုင်ငံတကာ ညီလာခံတစ်ခုကို မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်နေ့က
ကျင်းပခဲ့ပါသည်။
ထိုညီလာခံသို့ နိုင်ငံတကာမှ
နိုင်ငံရေးအဖွဲ့အစည်းများ ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ ပါလီမန်များ ၊
လူ့အခွင့်အရေးအဖွဲ့အစည်းများ ၊ ပညာရေးအဖွဲ့အစည်းများ ၊
သီးခြားအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များ နှင့် မီဒီယာများ မှ
ကိုယ်စားလှယ်အသီးသီးတို့ တက်ရောက်ခဲ့ကြပါတယ်။
PGPF ၏ ဥက္ကဌ ဖြစ်ပြီး မလေးရှားနိုင်ငံ၏ စတုတ္ထ မြောက် ၀န်ကြီးချုပ်ဖြစ်သူ
YABhg Tun Dr Mahathir Mohamad က အဓိကထုတ်ပြန်ချက် တစ်ရပ်ကို
ထိုညီလာခံတွင် တင်သွင်းအဆိုပြုခဲ့ပါတယ်။
အခြားသော အထင်ကရ ခေါင်းဆောင်များ၏ အဆိုကိုလည်း အပိုကဏ္ဍမှာ ထည့်သွင်းထားပါတယ်။
ကျွန်ုပ်တို့အပါအ၀င် ညီလာခံသို့ လက်မှတ်ရေးထိုးတက်ရောက်လာကြသော အဖွဲ့အစည်းများ နှင့် တက်ရောက်ပါဝင်ကြသူများ ခင်ဗျား__
လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များဆိုသည်မှာ မြန်မာနိုင်ငံ
ရခိုင်ပြည်နယ်တွင် လက်ရှိနေထိုင်လျက်ရှိသော လူဦးရေ တစ်သန်းကျော်ရှိတဲ့
လူမျိုးစု ဖြစ်ပါတယ်။
၎င်းတို့သည် မြန်မာနိုင်ငံတွင် ဟိုးရှေးယခင်
ရာစုနှစ်ပေါင်းများစွာကတည်းက နေထိုင်လာကြသူများဖြစ်ပြီး ၊ ဗြိတိသျှ
ကိုလိုနီခေတ် အတွင်းမှ အာဏာပိုင်များ ၊အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ၊
ယခင် ဗမာပြည် အစိုးရ တို့မှ ထိုရိုဟင်ဂျာတို့အား နိုင်ငံသားအဖြစ် အပြည့်အဝ
ထောက်ခံအသိအမှတ်ပြုပြီးဖြစ်ပါတယ်။
၁၉၈၂ နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံအစိုးရသည် ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ကြောင်း အသေအချာ ဖော်ပြထားရှိပါတယ်။
ရခိုင်ဗုဒ္ဓဘာသာဝင်တို့၏ ဆိုးရွားရက်စက်သော အနေအထား ၊ အထူးသဖြင့် ၂၀၁၂
ဇွန်လ တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ၄င်းတို့၏အစွန်းရောက်
တိုက်ခိုက်မှု့များကြောင့် ရိုဟင်ဂျာမွတ်စလင်တို့သည် လွန်စွာထိခိုက်
ခံစားခဲ့ကြရသည်ကို တွေ့မြင်ရပါတယ်။
ရိုဟင်ဂျာများသည်
ပြည်နယ်လုံခြုံရေး အဖွဲ့၏ မတရားဖိနှိပ် ဆက်ဆံခံရခြင်း ၊
လူအခွင့်အရေးချိုးနှိမ်မှုများ ၊ လက်ရှိနေထိုင်လျက်ရှိသော ဗမာပြည်
လူ့အဖွဲ့အစည်းများ၏ အကြီးအကျယ် လူမျိုးရေးခွဲခြားမှုများ နှင့်
ရခိုင်ပြည်နယ်တွင်း နေထိုင်သူများက ပါ ၄င်းရိုဟင်ဂျာတို့၏ လုံခြုံရေးကို
ခြိမ်းခြောက်လျက်ရှိပြီး အိမ်ခြေမဲ့နေသော ၄င်းတို့အား အဆက်မပြတ်
ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမှုများနှင့်
ရင်ဆိုင်တွေ့ကြုံနေရသည်ကိုလည်း တွေ့မြင်ရပါသည်။
မှီတင်းနေထိုင်ရန်
နေရာအတည်တကျမရှိသော ရိုဟင်ဂျာထောင်ပေါင်းများစွာတို့သည် ဘင်္ဂလားဒေ့ရှ် ၊
ထိုင်း ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ကမ္ဘောဒီးယား ၊ သြစတေးလျ ၊ အိန္ဒိယ ၊
ဂျပန် ၊ပါကစ္စတန် နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင်
ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ရိုဟင်ဂျာများအား အကွက်ကျကျသတ်ဖြတ်ခြင်း ၊ လူအင်အားအလုံးအရင်းဖြင့်
အနိုင်ကျင့်ခြင်း ၊ မုဒိန်းမှု့များကျူးလွန်ခြင်း ၊ လူသားအချင်းချင်း
ကူညီထောက်ပံ့မှု့များအား ပိတ်ဆို့တားဆီး ခြင်း ဆိုင်ရာကိစ္စရပ်များကို
မြန်မာအစိုးရမှ သိမြင်လျက်နှင့် အစိုးရ၏ ရိုဟင်ဂျာတို့အပေါ်တွင်
ထားရှိရမည်ဖြစ်သော နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ
ထောက်ထားခြင်းဆိုင်ရာ ဥပဒေများ လစ်ဟင်းမှုကိုလည်း ဆိုးဝါးစွာ
တွေ့မြင်ရပါတယ်။
ကမ္ဘာ့အစ္စလာမ်မစ်အဖွဲ့အစည်း (OIC) ၊
အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) နှင့် အပြည်ပြည်ဆိုင်ရာ
လူသားချင်းထောက်ထားညှာတာခြင်းဆိုင်ရာ နိုင်ငံသားများ၏ စုံစမ်းတွေ့ရှိချက်အရ
ရိုဟင်ဂျာ တို့အား ယခုကဲ့သို့လွဲမှားရက်စက်စွာ ဆက်ဆံမှု့များကို
တာဝန်ယူဖြေရှင်းပေးမှု စိုးစဉ်းမျှ မရှိကြောင်းကိုလည်း တွေ့မြင်ရပါတယ်။
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ရိုဟင်ဂျာများအား
မောင်းထုတ်ပြီး ရိုဟင်ဂျာလူမျိုးမပါဘဲ သီးခြားရပ်တည်လိုခြင်း ၊
လူအချင်းချင်းကူညီထောက်ပံ့မှု့များ ပျက်ကွက်နေပြီး လုံလောက်သော
အကူအညီမရရှိခြင်း ၊ အိမ်နီးချင်း အာရှတိုက် တောင်ပိုင်းနိုင်ငံများနှင့်
အာဆီယံနိုင်ငံများမှ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှု့များ စသော
ရိုဟင်ဂျာတို့အား ကာလရှည်ကြာစွာ အလေးမပေးမှု့ များ ကို လည်း ဆိုးဝါးစွာ
တွေ့မြင်ရပါတယ်။
ပြည်သူများ၏ အကူအညီဖြင့်
မြန်မာနိုင်ငံခေါင်းဆောင်များ မှ နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေး
ဆိုင်ရာ အချက်များ နှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား
တာဝန်ယူဖြေရှင်းရန် လိုအပ်ကြောင်းကိုလည်း တွေ့ရှိရပါတယ်။
အပြည့်အ၀သဘောတူထောက်ခံချက်များ
ယခုကဲ့သို့ အဓိကရုဏ်းဖြစ်အောင်လုပ်ဆောင်ခြင်း ၊
မုဒိန်းမှု့များကျူးလွန်ခြင်း ၊ လူများအားရိုက်နှက်ခြင်း ၊
နေအိမ်များအားမီးရှို့ခြင်း ၊ အာဏာမဲ့ဖမ်းဆီးခြင်း ၊ ခဏထိန်းသိမ်းခြင်း
နှင့် ရိုဟင်ဂျာတို့အား လုံးဝပျောက်ကွယ်သွားစေရန် ဖိအားပေး
လုပ်ဆောင်မှု့များကို အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။
ဘာသာရေးနှင့် လူမျိုးရေး အပေါ် အကြောင်းပြု၍ ပြင်းထန်သော
ရိုဟင်ဂျာဆန့်ကျင်ရေးများ ၊ လူသားအချင်းချင်း ဖိနှိပ်ခြင်း ၊
လူမျိုးရေးခွဲခြားခြင်း ၊ အစွန်းရောက် အကြမ်းဖက်ဝါဒ ကျင့်သုံးခြင်း
ပုံစံအမျိုးမျိုး တို့အပေါ်တွင် အလွန်တရာ ၀မ်းနည်းမိပါသည်။
မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရိုဟင်ဂျာ တို့အား ငြိမ်းချမ်းစွာ
တရားဝင်နေထိုင်ခွင့်ပေးရန်၊ ၄င်းတို့အား
နိုင်ငံအတွင်းလွတ်လပ်စွာသွားလာခွင့်ပေးရန် ၊ နိုင်ငံတကာ လူ့အခွင့်
အရေးဆိုင်ရာ ဥပဒေနှင့် လုပ်ဆောင်ချက်များအရ ၄င်းတို့၏ နေထိုင်ရေး ၊
စားသောက်ရေး ၊ ရေ ရရှိမှု့၊ ပညာရေးနှင့် ကျန်းမာရေး စသော
အခြေခံလူ့လိုအပ်ချက်များ အပါအ၀င် လူမျိုးရေးခွဲခြား နှိပ်ကွပ်ခြင်းမရှိဘဲ
၎င်းတို့၏ နေအိမ်များကို လုံခြုံစွာ ပြန်လည်ရရှိစေရေးအခြေအနေများ
လုပ်ဆောင်ပေးရန် အဆိုပြုပါသည်။
ရိုဟင်ဂျာလူမျိုးတို့အား
အခြားလူမျိုးများကဲ့သို့ မွေးစားရင်း ၊ သန်းခေါင်စာရင်း စသော အစစ်အမှန်
နိုင်ငံသားဖြစ်ကြောင်း သက်သေများနှင့် အသိအမှတ်ပြုရမည်ဖြစ်ပြီး
နိုင်ငံတကာနှင့် ဗမာပြည် ဥပဒေအရ ၄င်းတို့အား နိုင်ငံသားတိုင်းနည်းတူ
ဆက်ဆံစေရန် ၁၉၈၂ မြန်မာနိုင်ငံသားအက်ဥပဒေ၌ ထည့်သွင်းပြင်ဆင်ရန်
အဆိုပြုပါသည်။
ထို့အပြင် ကလေးသူငယ်ဆိုင်ရာ ပုဒ်မ ခုနစ် အက်ဥပဒေ အရ
ရိုဟင်ဂျာကလေးများအား နေစရာ အိမ်ခြေမဲ့မဖြစ်စေရန် နိုင်ငံသားများနည်းတူ
အခွင့်အရေးတန်းတူ ရှိစေရမည်။
အစိုးရ၏ ရိုဟင်ဂျာ
ပြသနာအားဖြေရှင်းရန် လစ်ဟင်းမှုသည် နိုင်ငံသားတိုင်းစည်းလုံးညီညွတ်ရေး ၊
လူ့အခွင့်အရေးနှင့် အနာဂတ်အလားအလာ တို့အတွက် နှောင့်နှေးစေသဖြင့်
လူမျိုးပေါင်းစုံပါဝင်သော စစ်မှန်သော နိုင်ငံတည်ထောင်ရန်
မြန်မာနိုင်ငံအစိုးရအားတိုက်တွန်းလိုက်ပါသည်။
မြန်မာနိုင်ငံအတွင်း
လူ့အခွင့်အရေးမြှင့်တင်ရန်နှင့် လူသားတိုင်းသာတူညီမျှ
အခွင့်အရေးရရှိစေရန် ၊ ရိုဟင်ဂျာများ၏ ဆိုးရွားသော အခြေအနေများအပေါ်တွင်
ထိထိရောက်ရောက်နှင့် ကြိုတင်ကာကွယ်မှု့များ ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်
၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားသော နိုင်ငံရေးပါတီများကို
တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရ နှင့် အလားတူ
သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ရိုဟင်ဂျာများအား ယာယီခိုလှုံခွင့်ပေးရန်
၊ ရိုဟင်ဂျာများ၏ နိုင်ငံရေးပြဿနာများ ရင်ဆိုင်ကြုံတွေ့နေစဉ်အတွင်း
နိုင်ငံတကာ မှ အစားအစာနှင့် အခြားသော လူ့သားချင်းဆိုင်ရာ
ကူညီထောက်ပံ့မှုများကို ခွင့်ပြုရန် တောင်းဆိုပါသည်။
အာဆီယံနိုင်ငံများအနေဖြင့်လည်း ရခိုင်ပြည်နယ်ဒေသတွင်း ငြိမ်းချမ်းရေး နှင့်
တည်ငြိမ်မှု တို့ အပေါ် အာရုံစိုက်ပြီး ရိုဟင်ဂျာ တို့၏ ပြဿနာများကို
ဖြေရှင်းရာတွင် ပိုမိုထိရောက် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ရန်
တိုက်တွန်းလိုက်ပါသည်။
မွတ်စလင်အဖွဲ့အစည်များ အနေဖြင့်လည်း
ရိုဟင်ဂျာများ၏ အခွင့်အရေးကို အားတတ်သရော အထောက်အကူဖြစ်စေရန် အလို့ငှာ
မိမိတို့၏ အစိုးရများ နှင့် ကုလသမဂ္ဂ လူမှု့ရေးအဖွဲ့အစည်းများ ကို
ဖိအားပေးဆောင်ရွက်ခိုင်းရန် လည်း တိုက်တွန်းပါသည်။
အာဆီယံနိုင်ငံများနှင့် OIC အဖွဲ့အစည်း ၏ အားထုတ်ကြိုးပမ်းမှု့များကို
နယူးယောက်တွင်ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ၌
တင်သွင်းအဆိုပြုရန် ပြင်းပြင်းထန်ထန်တိုက်တွန်းလိုက်ပါသည်။
ရိုဟင်ဂျာများ နိုင်ငံရေး လူမျိုးရေး ပြဿနာများတွင်
ကောင်းမွန်သောအခြေအနေသို့မရောက်မချင်း လူအချင်းချင်းနှောင့်ယှက်ဖျက်ဆီးမှု
နှင့် ရာဇ၀တ်မှု့များမှ ကာကွယ်ရန် ရိုဟင်ဂျာတို့အတွက် လုံခြုံခိုင်မာသော
စည်းရိုးများတည်ဆောက်ပေးရန် ကုလသမဂ္ဂအားလည်းးတိုက်တွန်းပါတယ်။
ဤ
ရိုဟင်ဂျာများအားသုံးသပ်ခြင်း အဆိုပြုလွှာ မိတ္တူ ကို မလေးရှားနိုင်ငံ
ဝန်ကြီးချုပ် ထံသို့၎င်း ၊ မြန်မာနိုင်ငံသမ္မတ ထံသို့၎င်း ၊
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ထံသို့၎င်း ၊ OIC အထွေထွေအတွင်းရေးမှူး
နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးတို့ ထံသို့လည်း ပေးပို့
တင်သွင်းလိုက်ပါသည်။ ။
အဆိုပါ နိုင်ငံတကာညီလာခံသို့ တက်ရောက်ဆွေးနွေးခဲ့ကြသူများမှာ
YABhg Tun Dr Mahathir Mohamad
Fourth Prime Minister of Malaysia & President of Perdana Global Peace Foundation
Tan Sri Razali Ismail
Former Special UN Representative to Myanmar (Moderator)
Mr Benjamin Zawacki
Consultant, Former Researcher
Amnesty International
Mr Matthew Smith
Human Rights Watch
Dr. Maung Zarni
Civil Society and Human Security Unit
London School of Economics
Mr Jacob Zenn
International Affairs Analyst, Washington DC
Formerly at UNCHR Malaysia
HE Dr. Surin Pitsuwan
Secretary General of ASEAN
Tan Sri Dr. Mohd Rais Abdul Karim
Former Vice Chancellor UPSI & Acting Secretary General PERKIM (Moderator)
Ms Chris Lewa
Director of the Arakan Project
Dr. Sriprapha Petcharamesree
Office of Human Rights Studies & Social Development, Mahidol University, Thailand
Mr Saiful Huq Omi
Equal Rights Trust Research Consultant
Dr. Abdulllah Ahsan
JUST International
Tan Sri Ahmad Fuzi Abdul Razak
Former Secretary General of Ministry of Foreign Affairs Malaysia & Trustee of PGPF (Moderator)
NGOs ASEAN
NGOs Asia
NGOs Other Countries
http://bigdogdotcom.wordpress.com/2012/09/17/resolution-on-rohingya/ ကို ဆီလျော်အောင် ဘာသာပြန်ပါသည်
INTERNATIONAL CONFERENCE
ON THE PLIGHT OF THE ROHINGYA: SOLUTION?
KUALA LUMPUR
17 SEPTEMBER 2012
RESOLUTION
The
“International Conference on the Plight of the Rohingya: Solution ”
was convened by the Perdana Global Peace Foundation (PGPF), Kuala
Lumpur, Malaysia on 17 September 2012.
The
Conference was attended by participants comprising representatives
from the diplomatic corps, international organisations,
parliamentarians, human rights groups, academia, civil society,
non-governmental organisations and media, as well as leaders of Rohingya
organisations from several countries.
YABhg Tun Dr Mahathir Mohamad, the fourth Prime Minister of Malaysia and President of PGPF, delivered the Keynote Speech.
Other prominent Speakers included as in the appendix.
We, the undersigned organisations and undersigned participants of the Conference;
Acknowledging
the minority Muslim Rohingya are an ethnic group numbering more than 1
million presently residing in the Rakhine state of Myanmar,
Recognising
that Rohingyas have been living in Myanmar for centuries and had been
recognised as full-fledged citizens of the state of Burma (Myanmar) by
previous governments of Burma, the international community and the
authorities during the British colonial period.
Mindful
of the decision of the government of Myanmar to effectively strip the
Rohingyas of citizenship under the 1982 Citizenship Law,
Observing
with serious concern that the Rakhine Buddhist community and in
particular the Rohingya Muslim community suffered from sectarian
violence that erupted in Rakhine State in June 2012,
Observing
the current tragic situation facing the Rohingya including violent
acts of oppression and human rights violations by state security
forces, widespread discrimination by the dominant ethnic Burman
society, threats to their security by hostile local Rakhine populations,
and continued statelessness that makes them highly vulnerable to
abuses,
Concerned over the
thousands of displaced and stateless Rohingyas living in Bangladesh,
Thailand, Malaysia, Indonesia, Cambodia, Australia, India, Japan,
Pakistan, the Middle East and throughout the world,
Gravely
concerned that the government of Myanmar has failed to observe its
responsibility to fulfil its international human rights and
humanitarian obligations with respect to the Rohingyas
Fully
cognisant of systematic crimes against the Rohingya community such as
killings, forced labour, rape, and denial of access to adequate
humanitarian aid,
Echoing the
various concerns about the mistreatment and fate of the Rohingya held
by the Organisation of Islamic Cooperation (OIC), non-governmental
organisations (NGOs), and citizens concerned with global humanitarian
issues,
Noting with disappointment the absence of a comprehensive solution in addressing the plight of the Rohingya,
Seriously
concerned with the consequences of a prolonged non-resolution of the
Rohingya issue including the segregation of displaced Rohingya in the
Rakhine state capital of Sittwe, the continued lack of humanitarian
access and sufficient aid to displaced Rohingya, and spill-over effects
on neighbouring South Asian and ASEAN member countries,
Recognising
the political and ethno-religious nature of the issue and human rights
dimensions that require determined action by Myanmar’s leadership with
the support of the people,
Unequivocally agree to;
Strongly
condemn the continuing acts of violence, rape, beatings, burning of
dwellings, killings, arbitrary arrests, detentions and enforced
disappearances of the Rohingya,
Strongly
deplore all forms of oppression, suppression, persecution,
discrimination, intimidation and severe restrictions against the
Rohingya on the grounds of ethnicity and religion,
Call
on the government of Myanmar to recognise the legitimate rights of the
Rohingyas to live in peace, to move freely within the country, and
create conditions for the safe and voluntary return of displaced
Rohingya to their homes or alternative locations of their choosing
without persecution or discrimination including respect for the rights
to shelter, food, water, health care, education and basic sanitation
according to international human rights law, norms and standards,
Call
on the government of Myanmar to amend the 1982 Citizenship Act to
recognise or grant citizenship to persons of Rohingya ethnicity on the
same basis as others with genuine and effective links to Myanmar by
reasons such as birth, residency or descent, and treat them as equal
citizens under International and Burmese Law. Ensure, in accordance to
Article 7 of the convention on the Rights of the Child, that Rohingya
children have the right to acquire a nationality where otherwise they
would be stateless,
Strongly
urge the government of Myanmar to stabilise the situation in the
Rakhine state and to take the necessary administrative actions to
protect, safeguard and uphold the lives, dignity and property of the
Rohingyas as well as legally recognising them as one of Myanmar’s ethnic
groups on the same basis as other ethnic group,
Call
upon the government of Myanmar to carry out full and fair
investigations and, where warranted, conduct trials meeting
international due process standards against those individuals and state
security forces who were responsible for criminal offenses, including
rape, killings, arson and looting, during sectarian violence in Rakhine
state,
Take note of the
government of Myanmar’s decision to establish a 27- member Commission
to probe the sectarian violence and recommend steps to resolve the
crisis,
Welcome the
government of Myanmar’s decision to allow diplomatic missions,
independent observers and fact-finding teams including those from the
OIC, ASEAN and the Perdana Global Peace Foundation to visit Rakhine
state to ascertain the situation affecting the Rohingya,
Urge
the government of Myanmar to recognise the multi-ethnic reality of the
country and that its failure to resolve the Rohingya problem will
undermine its current reform and progress towards national
reconciliation, democracy and prosperity,
Call
on Aung San Syu Kyi and the National League for Democracy Party as
well as other political parties to promote ethnic rights and equality
in Myanmar and take an unequivocal and proactive role in ending the
plight of the Rohingyas,
Request
the governments of Bangladesh and other destination countries to
provide temporary protection to the Rohingya and to allow the
international community to provide food and other humanitarian
assistance to them pending a political solution of the Rohingya problem,
Urge
ASEAN, to play a more proactive, substantive and effective role in
resolving the Rohingya problem in the interest of regional peace and
stability,
Call on Muslim
groups and communities to show due solidarity and exert pressure on
their governments, UN agencies civil and faith – based societies to
actively support the rights of the Rohingya,
Strongly
encourage ASEAN and OIC’s efforts in bringing up the Rohingya issue to
the 67th Session of the United Nations General Assembly in New York,
Call
on the UN to facilitate the establishment of a ‘cordon sanitaire’ for
internally displaced Rohingyas to provide a safe and humane environment
for the victims pending the attainment of a political solution,
Convey
a copy of the Resolution to the Prime Minister of Malaysia, President
of Myanmar, the Secretary General of ASEAN, the Secretary General of
the OIC and the Secretary General of the United Nations.
Kuala Lumpur, Malaysia
17 September 2012
ရခိုင်အရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အစ္စလာမ်ဘာသာရေးခေါင်းဆောင်အရေအတွက်သာ များ
by moethiha aung
