Wednesday, September 19, 2012

Suu accepts honors at Rotunda


Suu accepts honors at Rotunda 


ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လွှတ်တော် Rotunda ခန်းမဆောင်မှာ ဂုဏ်ပြုမှုလက်ခံ
မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၁၉ ၊ ၂၀၁၂
            ယနေ့ နေ့ခင်း ၃ နာရီက အမေရိကန်ပြည်၊ ၀ါရှင်တန်ဒီစီ မြို့တော်၊ လွှတ်တော်အဆောက်အဦ၊ Rotunda ခန်းမဆောင်မှာ လွှတ်တော်ရဲ့ အရပ်သားများအပေါ် အမြင့်မားဆုံး ဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ လွှတ်တော်ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့ပါတယ်။ မြန်မာ့အရေးကို တောက်လျောက် ရွက်ဆောင်ခဲ့ကြတဲ့ အမေရိကန်ပြည်က ၂ ဖက်လွှတ်တော် ခေါင်းဆောင်များ၊ အစိုးရခေါင်းဆောင်များနဲ့အတူ ယခင်သမ္မတကတော် လော်ရာဘွတ်ခ်ျလည်း တက်ရောက် ဂုဏ်ပြုပါတယ်။



 မြန်မာ့အရေးလုပ်ဆောင်နေသူ မြန်မာအများအပြားလည်း တက်ရောက်တာ တွေ့ရပါတယ်။ မြန်မာပြည်က ရောက်ရှိနေသူ ပုဂ္ဂိုလ်များအနက် မြန်မာအစိုးရအဖွဲ့ဝင်များအပြင် သံဃာတော်များလည်း တက်ရောက်ကြတာကို တွေ့ရပါတယ်။






            ဒေါ်အောင်ဆန်းစုကြည် က တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ဆက်လက်တိုးတက်မှုများ ရှိဖို့အတွက် လွတ်လပ်ရေး နဲ့အတူ အာမခံချက်ရှိရေးဟာလည်း အရေးကြီးတယ်လို့ ပြောသွားပါတယ်။




“မိအေး နှင့် ဂဏန်းတစ်ထောင်”


“မိအေး နှင့် ဂဏန်းတစ်ထောင်” 

လူဆိုတာပီယ၀ါစာချစ်ဖွယ်သောစကားများကိုသာ ပြောချင်တာပေါ့။ နှလုံးသွင်းတဲ့ အခါမှာလည်းယောနိသောမနသီကာရ သင့်တင့်လျှောက်ပတ်သော အကြောင်းအရာကလေးများကိုသာ တွေးချင်မှာပေါ့။ အလကားနေရင်း ကျက်သရေမရှိတဲ့ အရှုတ်ထုပ် အစုတ်ထုပ်တွေကို ဘယ်သူကမှ ပြန်ကာလှန်ကာ စစ်ဆေးဝေဖန် စားမြုံ့ပြန်ချင်လိမ့်မယ် မထင်ပါဘူး။ ဒါပေမယ့်လည်း မိအေးအော်တာ လူကြားတယ် ဂဏန်းညှပ်တာ လူမမြင်ဘူး ဆိုတဲ့အဆင့်ကို တော်တော်ကြီး ကျော်လွန်သွားပြီမို့ မိအေးခမျာ အသံတောင် မထွက်နိုင်တော့ပဲ ဂဏန်းကောင်တွေပြုသမျှ နုနေရတဲ့အထဲ ငါးဖယ်ကပြောင်းပြန် ဂဏန်းတွေ အော်သံပေးလို့ ဘယ်များနာသွားသေးလဲဆို ပြေးပြေးထူနေကြတာတော့ အသည်းနာလွန်းလွန်းလို့ ပြောရပြန်ပါဦးမယ်။
စိတ်ရင်းအတိုင်းကတော့ စိတ်ကုန်လွန်းလွန်းလို့ ဘာတစ်ခွန်းမှကို မပြောချင်တော့ပါဘူး။ ဒါပေမယ့် စုံစမ်းစစ်ဆေးနေကြတဲ့သူတွေ တာဝန်ရှိတဲ့သူတွေ သိစေခြင်းငှာ ကိုယ်တွေ့သိမြင်နေရတဲ့ အဖြစ်အပျက်တွေကို ရေငုံနှုတ်ပိတ်ပြီးနေခဲ့ရင် သမိုင်းတာဝန်မကျေပွန်မှာစိုးလို့ အဖြစ်အပျက် အတွေးအမြင်ကိုသာ တင်ပြပါ့မယ်။ သုံးသပ်ဝေဖန်သမှုကိုတော့ မိမိစိတ်တိုင်းကျ ပြုကြပါတော့။ ဒီလိုအင်ထရိုနဲ့ဆိုရင်တော့ နှက်တာတော့ နှက်တော့မှာ။ ဘယ်သူ့ကိုနှက်မယ် ဆိုတာသာ မသိတာ လို့ သို့လောသို့လော တွေးတော စိုးရိမ်ခြင်း မရှိရလေအောင် တည့်တည့်ပဲ အစချီပါတော့မယ်။ ရခိုင်ပြည်နယ်အတွင်းသို့ တရားမ၀င် ၀င်ရောက်နေထိုင်သူများ အကြောင်းကို ပြောမှာပါ။


မေလပိုင်းလောက်မှာ မငြိမ်မသက်မှုတွေ အစပျိုးကတည်းက အိမ်ကမိသားစုရော၊ ရပ်ဝေးရပ်နီးက မိတ်သင်္ဂဟအပေါင်းတို့ကပါ ကိုယ့်အတွက် စိတ်ပူပန်စိုးရိမ်လို့ မေးမြန်းစုံစမ်းကြသူတွေအားလုံးကို “ဘာမှ စိုးရိမ်စရာ မရှိဘူး။ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ လုံခြုံမှု အရှိဆုံးနေရာကို ပြပါဆိုရင် အမ်းကလွဲလို့ နောက်တစ်နေရာ ပြစရာလား။” လို့ ဖြေခဲ့ပါတယ်။ ဘာဖြစ်လို့ဆိုတော့ အမ်းဆိုတာ ဟိုဒင်းကင်းစင် ရခိုင်တခွင် လို့ ဗီနိုင်းပိုစတာထောင်လို့ ရလောက်တယ်ဗျ။ နောက်တစ်ချက်ကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီး ရုံးစိုက်တဲ့မြို့ဆိုတော့ “ဤမြို့သည် တပ်မတော်၏ မေတ္တာရိပ်အောက်တွင် ရှိပါသောကြောင့် ရောက်လာသူအားလုံး လုံခြုံချမ်းသာကြပါစေ။” လို့ ပလပ်စတစ်လောင်း စာရွက်ကလေးတွေလည်း ကပ်လို့ရတာပေါ့။ အဲသလောက်ကို အဲသလောက်တဲ့ကြားကပဲ
ကိုဟိုဒင်းတွေက လူမရောက်မြင့်မိုရ်တောင်ဆိုသလို အလည်ရောက်ရောက်လာကြတာ အစပိုင်းမှာတော့ မအံသြမိပါဘူး။
ရိုးမတောင်ပေါ်မှာ မှတ်ပုံတင်မဲ့ ဘင်္ဂါလီကောင်လေးတွေ တွေ့လို့ရှိရင် လ၀က က လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့အရေးယူပြီး ရဲစခန်းမှာ အမှုဖွင့်ရတာပေါ့။ ဒါပေမယ့် ဟိုအကောင်လေးတွေက သူတို့ထက်လည်လို့ ဟိုဒင်းဖြစ်နေတာဆိုတော့ လူကသာ ဇလုပ်တစ်ထွာမကတာ အသက်မေးကြည့် ဘယ်သူမှ ဆယ့်ခြောက်နှစ်တစ်ရက်လျော့က မတက်ဘူး။ အသက်မပြည့်သေးတဲ့သူတွေဆို အမှုဖွင့်မရပဲ အစိုးရစားရိတ်နဲ့ အိမ်ကို ချောချောမောမော ပြန်ပို့ရမှန်းသိလို့ ပွဲစားက သေသေချာချာ သွန်သင်ပေးထားတာ။ ရဲနဲ့တွေ့ရင် ဘယ်လိုဆက်ဆံ၊ လ၀က ကို ဘယ်လို အချိုသပ်၊ ဆရာဝန်နဲ့ဆေးစစ်ရင် ဘာတွေဖြေ၊ အကုန် ဇာတ်တိုက်ထားပြီးသား။ ဒီလိုနဲ့ မခေါ်ပဲရောက်လာတဲ့ ဧည့်သည်လေးတွေကို အသက်ပြည့်မပြည့် ဆေးစစ်ပေးရတဲ့အခါ သူတို့တတွေနဲ့ စကားစမြည် အင်တာဗျူးဖြစ်တာပေါ့ဗျာ။
သူတို့အလိုဆိုရင်တော့ ကျုပ်တို့မြန်မာတွေက ဘာတွေကို စိုးရိမ်နေမှန်းမသိပါဘူး။ သူတို့လည်း ၀င်ချင်လွန်းလို့ ၀င်လာတာ မမှတ်နဲ့။ မြန်မာပြည်ဆိုတာ သူတို့အတွက် ဖြတ်သာသွားမယ် မနားတယ်ပဲ။ သူတို့သွားမှာက မလေးကို တဲ့။ ဟိုရောက်ရင် အလုပ်ပေးမယ့်သူနဲ့ ချိတ်ပြီးသား။ လောလောဆယ် တောင်ပေါ်လမ်းကနေ ရိုးမကျော်ရုံကလေးပဲ ခြေကျင်ခရီးရှိတာ။ နေ့ဘက်မှာ ပုန်းအိပ်ပြီး ညမှောင်မှ ခရီးဆက်ကြသတဲ့။ ဟိုဘက်ရောက်ရင်တော့ နွေလွင်ပြင်ကို ဖြတ်ကျော်လာသူ အပ္ပနားလေး ပလီထဲကြွပါ ဆို တည်းခိုနေထိုင်စားသောက်ဖို့ အသင့်တဲ့။ အဲသည်ကမှ ရန်ကုန်ကိုရောက်အောင်သွား၊ ရန်ကုန်မှာလည်း အလုပ်ပေး နေစရာပေးထားမယ့်သူရှိတယ်။ မပုတင်ရှိရှိ မရှိရှိ၊ ရန်ကုန်ရောက်ရင် စာအုပ်ကလည်း လုပ်လို့ရသတဲ့။ အတုလား အစစ်လားတောင် မမေးဝံ့ဘူး။ ကိုယ့်ဆီကလူတွေ ထိုင်းနယ်စပ်ကနေ သူတို့ဘက်ဝင်ကြသလို နေမှာပေါ့။ အစကတည်းက လူတောင် တရားမ၀င်ပါဘူးဆိုမှ ဘာတွေကို တရားဝင်လုပ်နေစရာ လိုဦးမှာလဲ။ အလကားသက်သက်မဲ့ အပျော်သဘောမျိုး စွန့်စားခန်း ခရီးထွက်တဲ့သူတော့ ဘယ်သူမှ မပါဘူးဗျ။ အိမ်ကထွက်ကတည်းက တထောက်နား စခန်းထိအရောက် သူ့ပေါက်ဈေးနဲ့သူရှိတယ်။ လူရောက်သွားမှ အိမ်ဖုန်းဆက်ပြီး အရစ်ကျပေးရသတဲ့။ မနေ့ညက မင်းပြားမြို့နယ်က လာတဲ့ကောင်လေးကို သေသေချာချာ မေးကြည့်တာ။ မင်းပြားကနေ အမ်းကိုကျော်အောင်သွားဖို့ ငါးသောင်းအရင်ပေးခဲ့ပြီးသားတဲ့။ သူရို့ဘာဘာ က ဆက်သွယ်ပေးတာ။ ရန်ကုန်မှာ ခန အလုပ်လုပ်၊ စာအုပ်ရရင် မလေးသွား၊ အိမ်ကလည်း အရစ်ကျ ပိုက်ဆံပေး၊ သူကလည်း ဟိုရောက်တာနဲ့ ငွေပြန်ပို့ရမှာတဲ့။ အဲဒါ လူကုန်ကူးတဲ့အမှု မဟုတ်လို့ ဘယ်လိုများ ခေါင်းစဉ်တပ်ရပါ့မလဲနော်။ တစ်ခုတော့ရှိတာပေါ့လေ။ အတင်းအကြပ် ခေါ်ဆောင်လာတာတော့ မဟုတ်ဘူးပေါ့။ ဖြားယောင်းသွေးဆောင်ထားတာ လို့ပဲ ပြောလို့ရမယ်။ တကယ်တော့ သူတို့ခမျာ မိလို့သာ အမှုဖြစ်ရတာပါ။ မမိလိုက်ပဲ ဟိုရောက်သွားလို့ ချောချောမောမော အလုပ်လုပ်နေတဲ့သူတွေ တောင်ပုံရာပုံ။ ကျောက်ဖြူအင်တာနက်ဆိုင်မှာ တစ်ရာဖိုး နှစ်ရာဖိုး ဗီဇက်အို နဲ့ လာလာငိုနေတဲ့ အမီနာတွေ ညတိုင်းရှိတယ်။ ဒါလည်း ငိုရလှ လေးငါးခြောက်လပဲ။ အဲသည်နောက်ပိုင်းဆို ဟိုကအကောင်က ဟိုမှာ မိန်းမအသစ်ရသွားပြီး မပို့တော့လို့ လာမငိုပြနိုင်တော့ဘူးတဲ့။ ဒါဆိုလည်း ဘာအရေးလည်းကွယ်။ သည်က အကောင်မကလည်း ရေလျှံတဲ့တစ်ယောက်ယောက်အိမ်မှာ နံပါတ်စဉ်ဝင်စီလိုက်ရုံပေါ့။ ဘာဖြစ်သေးတုန်း။ သူတို့လည်း သူတို့နည်းသူတို့ဟန်နဲ့ အမျိုးကိုစောင့်ရှောက်ကြတာပေါ့။
သည်အကြောင်းတွေ ပြောမလို့လား။ အောင်မယ်မင်း။ ဘာများလဲလို့။ အဲဒါ ထူးခြားဖြစ်စဉ်မှ မဟုတ်တာ။ မောင်ရင်လေးသာ မနေ့တနေ့ကမှ သည်ရောက်လို့ ထူးထွေသည့်အံ့ရာဖြစ်တာ။ လူတိုင်းသိပြီးသားပါကွဲ့။ ဟုတ်ပါပြီလေ။ အဲသည်လူတိုင်းသိပြီးသားဖြစ်စဉ်ကို လက်ရှိအချိန်အခါနဲ့ တဆိတ်လောက် ပြန်ညှိပေးပါ။ မနေ့က နောက်တစ်ခါ လာပြန်ချည့်သေးမှာ နှစ်ဒါဇင်မိသွားပါတယ်။ လွတ်သွားတဲ့သူတွေလည်း ရှိသတဲ့။ ရခိုင်မှာ ဘာတွေဖြစ်နေသလဲ မသိလို့လား။ သည်လူတွေကို အမ်းတောင်ကြား၊ တောင်ကုတ်တောင်ကြားကို အုပ်စုလိုက် လွှတ်လိုက်လို့ မလိုလားအပ်သော ပြဿနာတွေ ဖြစ်လာမှာကို မတွေးမိဘူးလား။ ပိုဆိုးတာက လက်ချည့်လွှတ်လိုက်တာတောင် မဟုတ်ဘူး။ ရန်ပြုလာရင် ခုခံကာကွယ်ရအောင်ဆိုပြီး တုတ်ဓါးလက်နက်ပါ ဆောင်သွားခိုင်းလိုက်တာ။ ရဲက ဖမ်းတာတောင် သူတို့က အင်အားများတယ်ဆို ပြန်ခုခံထိုးသတ် ထွက်ပြေးကြတာ။ အဖော်မပါတဲ့ မိန်းမပျိုကလေး တစ်ယောက်ယောက်နဲ့ လက်နက်ကိုင် ကုလားနှစ်ဒါဇင်တွေ့ရင် ဘာတွေဖြစ်ကုန်မလဲ မတွေးမိလို့လား။ မအေးနိုင်တဲ့ပြဿနာမို့လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး မငြိမ်းငြိမ်းအောင် သတ်နေတဲ့မီးကို ဘယ်သူတွေက ဆီလောင်းယပ်ခတ် လုပ်နေကြတာလဲဆိုတာ ကိုယ်တွေလည်း သိသင့်တယ်။ ကမ္ဘာကလည်း သိသင့်တယ် ထင်လို့ တော်တော် အော့နှလုံးနာနေတဲ့သူတွေအကြောင်းကို စက်ဆုပ်ရွံရှာစွာနဲ့ပဲ ထပ်ရေးရပြန်ပါတယ်။
တကယ်တော့ ကိုယ့်ဘက်ကလူတွေမှာ လူသားချင်းစာနာတဲ့စိတ် ရှိမရှိဆိုတာ မိထားတဲ့သူတွေသာ လာမေးလှည့်ပါ။ ရဲတွေကို ခံသတ်လို့ရတဲ့ဒဏ်ရာကို ရဲတွေကပဲ ကြီးကြပ်လို့ ဆေးရုံမှာ ဆေးလာကုပေးရတယ်။ စခန်းမှာ လူနှစ်ဒါဇင်စာ ထမင်းချက်ကျွေးရတယ်။ ကိုယ်လည်းပဲ မေတ္တာတုံးနေတဲ့ ရခိုင်အမှုထမ်းလေးတွေကို “လုပ်ပေးရတာပေါ့ကွယ်။ ငါးခူလည်းငါး၊ ကုလားလည်းလူ၊ အတူတူပေါ့။” လို့ ချော့ကာမော့ကာ ပြုစုကုသပေးရတယ်။ မောင်မင်းကြီးသားများ ပျောက်ကင်းကျန်းမာပါစေကြောင်း ဆေးဝါးများလည်း ယူပါဦး သောက်ပါဦး ပေးရတယ်။ တကယ်တော့ ကျုပ်တို့က လူလူချင်းစာနာပါတယ်။ ခင်ဗျားတို့ ကုလားတွေကသာ ကုလားကုလားချင်း မစာနာတာပါ လို့ ပြောရမယ်ဗျ။ (ပွဲစားလုပ်တဲ့သူက ပလီဆရာလို့ ပြောပါတယ်)။ သူတို့လူပွဲစားအလုပ်ကို အခြေအနေကလေး တည်ငြိမ်တဲ့အထိမှ မစောင့်နိုင်ပဲ ကိုယ်ပိုက်ဆံရဖို့ သူများအသက်တွေရင်းပြီး လွှတ်လိုက်တယ်။ ပြဿနာတက်ခဲ့ရင် တစ်ခါထပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဦးမယ်။ သူ့အိမ်ကသူ့သားသမီးဆို သည်အချိန် သည်ခရီး ဓါးယူသွား လှံယူသွား လွှတ်မှာလား။ ကိုယ့်ဘာသာဝင်အချင်းချင်းကို မညှာမတာ သေလမ်းပို့တဲ့ အပြုအမူ မဟုတ်ဘူးလား။ ဘာသာရေးခေါင်းဆောင်တွေကတောင် အမြန်ဆုံး အေးချမ်းသာယာသွားဖို့ ဆုတောင်းနေပါတယ် ဆိုတဲ့အချိန်မှာ နောက်ထပ်မီးတွေ ထပ်ထပ်ပြီးမွှေးနေတာ ဘာသဘောလဲ အသိသာကြီးပါ။
အဲဒါက ကုန်းလမ်းဘက်ကနေ ၀င်တာ။ ဈေးသက်သာတယ်။ လယ်သမား အလုပ်ကြမ်းသမားတွေ ၀င်တဲ့လမ်းပါ။ ရေလမ်းက စက်လှေနဲ့ မလေးအရောက်ပို့တာတွေလည်း ရှိပါတယ်။ ဈေးပိုကြီးတာ တစ်ခုပဲ။ လမ်းခရီးမှာ တစ်ထောက်တစ်နား စခန်းချဖို့ကတော့ ထိုင်းကို ၀င်ကပ်လိုက်ရင် ဟိုမှာ ကြိုဆိုနေရာချထားရေးတွေက ခရီးဦးကြိုဆို ထမင်းကျွေး သောက်ရေဖြည့်ပေးဖို့ ကုလသမဂ္ဂဒုက္ခသည်များကောင်စီက ၀န်ထမ်းများတောင် ခန့်ထားကြီးကြပ်ပေးနေပါသတဲ့။ (အဲသည်မှာ အဲဒါလုပ်တယ်ဆိုတဲ့ လူတစ်ယောက်နဲ့ ရန်ကုန်မှာ တွေ့ဖူးလိုက်ပါသဗျား)။ ရေမျောကမ်းမတင် မောင်ရှင်တစ်သိုက်ကလည်း ဒုက္ခသည်ဇာတ်ကလေး ငိုလို့ကောင်းအောင် ရခိုင်ပြည်မှာ လူမျိုးတုန်း လက်စဖျောက်သတ်ဖြတ်နေလို့ သူတို့ခမျာ အသက်ဘေးလွတ်ရာလွတ်ကြောင်း မွတ်စလင်ညီနောင်များထံ အပြေးခိုလှုံရပါသတဲ့။ သနားစရာကောင်းချက်များတော့ မပြောပါနဲ့။ သူတို့မွေးမြေကို ရခိုင်တွေ နိုင်ထက်စီးနင်း သိမ်းယူခဲ့တာ ရာစုနှစ်ပေါင်းများစွာ ရာဇ၀င်ချီပြီး စာပေအထောက်အထားနဲ့ ရှင်းပြမယ့်သူတွေရှိတယ်။ ဘောလိဝုဒ်က မင်းသားကြီး ရှာထုတ်ခံနဲ့ ကျုပ်တို့ဆီက ကိုယ်တော်ကြီး စိုင်းမှောက်ခံဟာ ဂျင်ဂျစ်ခံက ဆင်းသက်တဲ့ ခံမိသားစု မျိုးနွယ်တူတွေပါဆို အတင်းကြီး ဆွေမျိုးစပ်ချင်လည်း စပ်ပြတတ်တယ်။ အစာဝရင်တော့ ကိုယ်တော်တို့ အဲသမှာ ခြေညောင်းလက်ဆန့် ၀င်ပြေးဖို့ မကြံလေနဲ့။ ဒုက္ခသည်မို့ သနားရင် ထမင်းကျွေး။ ရေတိုက်နိုင်တယ်။ ခိုလှုံခွင့်တော့ သည်းခံပါတဲ့။ အဲဒါ ထိုင်းရဲ့ ပြတ်သားတဲ့ပေါ်လစီပါပဲ။ အမောပြေရင် လှေပေါ်မှာ အိပ်သာလိုက်ခဲ့။ ပင်လယ်ထဲဆွဲခေါ်သွားပြီး ရေစီးကြောင်းနဲ့မှ မျှောချပေးလိုက်တာတဲ့။ မလေးရောက်ရင် ဟိုမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းဆိုတာ အဆင်သင့်ရှိပြီးသား။ သူတို့တတွေ သွားလမ်းသာ လာလမ်းဖြောင့်အောင် ခင်းပြရတဲ့ ဒုက္ခသည်ဇာတ်ညွှန်းမှာ လူကြမ်းတစ်ယောက်ယောက် မဖြစ်မနေ လိုအပ်တာမို့ စိတ်တော့မကောင်းပါဘူး။ ကျုပ်တို့တတွေကို အံကျော် မြင့်နိုင် အောင်ခိုင် နေရာက အကယ်ဒမီပေးထားတာနေလိမ့်မယ်။
ဘာလေးဖြစ်လိုက်ဖြစ်လိုက် ကိုယ်တွေကိုသာ လူမျိုးရေးခွဲခြားပါတယ် စွပ်စွဲပြီး သူတို့ကျတော့ ရခိုင်ဒုက္ခသည်စခန်းဆို ထိုင်တောင် မထိုင်နိုင်ဘူး။ ပြန်မယ် ပြန်မယ် တကဲကဲ။ ကုလားစခန်းရောက်မှ ရင်ဘတ်စည်တီး ငိုချင်းတခါ သာချင်းတထပ်လုပ်တာ မခွဲခြားတတ်လို့ပေါ့လေ။ အစကတည်းက ကိုယ့်လူမျိုးချင်းပဲ ထောက်ပံ့ချင်ပါတယ်ဆိုရင်လည်း ဘယ်သူကတားထားလို့လဲ။ မသိချင်ယောင် ဆောင်နေတာကို မဟုတ်ဘူး။ သိသိကြီးနဲ့လည်း ခွင့်ပြုတယ်။ တတ်နိုင်ရင် စိန်တွေစီသွားလိုက်။ သူများလူမျိုးတွေကျတော့ မသထာရေစာ ခေါစာပြစ်သလို ရွံရွံရှာရှာ မထိချင်မကိုင်ချင်လာပေးပြီး ကမ္ဘာသိဂရုဏာရှင်ဘွဲ့ကလည်း ခံချင်သေးတာ။ အဆိုးဆုံးကတော့ မြင်သမျှတွေ့သမျှ အမှန်တွေကိုဖုံးကွယ်ပြီး ပလီစိချောက်ချက် မဟုတ်တမ်းတရားမှန်သမျှ သတင်းလွှင့်ကြတာပါ။ အခုချိန်မှာ စုံစမ်းစစ်ဆေးရေးကောင်မရှင်ဖွဲ့ပြီး အသေးစိတ် လိုက်လံစုံစမ်း ကြားနာနေပါသတဲ့။ မတော်လို့များ အဲသည်အဖွဲ့ကြီးက အစီရင်ခံစာထုတ်ပြန်တဲ့အခါ “ရခိုင်ပြည်မှာ သည်လို အဖြစ်အပျက်မျိုး ရှိတယ် ဟုတ်လား။ ငါတို့လည်း မသိလိုက်ရပါလား။ ငါတို့ကိုလည်း ဘယ်သူကမှ လာမပြောပါလား။” လို့ ရှိနေမှာစိုးလို့ အခု ပြောပြလိုက်ပါပြီ။ မယုံရင် ကိုယ်တိုင် လာကြည့်လှည့်ပါ။ ရခိုင်ပြည်နယ်မှ မဟုတ်ဘူး။ ချင်းပြည်နယ် ကလေးမြို့မှာလည်း အလားတူဖြစ်ခဲ့တယ် လို့ သတင်းတွေထဲမှာ ဖတ်ရပါတယ်။ ကိုယ့်ထက် မျက်စိကြီး နားကြီး ဦးနှောက်ကြီးတဲ့သူတွေအဖို့ ဘာတွေဖြစ်ပြီး ဘာဆက်လုပ်ရမယ် ဆိုတဲ့အဖြေ ရှိနေကောင်းပြီလို့ မျှော်လင့်မိပါတယ်။ ငပိသည်တွေအစား ဟောသည်ကဆားသည် ယင်ဝင်ဝင်ခြောက်ရတာ ဘယ်တော့ ဂျီဟတ်အလုပ်ခံရမယ် မသိဘူး။ ငယ်ငယ်တုန်းက မွေးသဖခင်ပေးခဲ့တဲ့ “သည်အကောင် မနေတတ် မထိုင်တတ်” ဆိုတဲ့ဘွဲ့ကို ခုအချိန်မှာ ချွင်းခြက်မရှိ လက်ခံသဘောတူမိပါရဲ့။
ဘယ်အရေးကိစ္စမဆို ငါ့အိမ်ကခွေး၊ သူများအိမ်ကခွေး၊ ခွေးချင်းကိုက်တောင် ကိုယ့်အိမ်ကနိုင်မှ ကျေနပ်တဲ့အတ္တဟာ အမှန်တရားနဲ့ ဝေးကွာစေပါတယ်။ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ပြဿနာကို မှားမှားမှန်မှန် ငါတို့မူဆလင်ညီနောင်များဘက်ကသာ ကာကွယ်ခုခံပေးရမယ်ဆိုတဲ့ အစွဲကလည်း အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းသလို ဖြစ်တာမို့ စေတနာမမှန်ပါဘူး။ အမေရိကန် အင်္ဂလန်ကနေ ကမုတ်တစ်ထိုင် လာထိုင်ပြီး ထင်ရာမြင်ရာတွေ သုံးသပ်တာကလည်း ငါ့စကားနွားရပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ်ပြောတဲ့စကားကမှ လုံးဝဥဿုံအမှန်လို့ မဆိုလိုပါ။ သည်မြေမှာနေ၊ သည်လူတွေနဲ့ နေ့စဉ်ကျင်လည်ရင်း သည်အခင်းတွေကို အစကတည်းက တွေ့ကြုံလာခဲ့ရတဲ့သူမို့ ကိုယ်တွေ့မျက်မြင်ဖြစ်ရပ်များကတော့ သည်သို့သည်နှယ်လို့သာ သိစေပါတယ်။ ယုံချင်တဲ့သူကို ယုံလို့ရပါတယ်။ မိအေးတို့ကိုတော့ လာမယုံခိုင်းပါနဲ့။ အခါခါလည်း နာခဲ့ရပြီးပြီ။ ဂဏန်းပေါင်းထောင်သောင်းမကလည်း အညှပ်ခံခဲ့ရပြီ။ နောင်ကိုအော်နေမယ့် အစားမျိုးတော့ မှတ်မနေပါနဲ့။ ခုံဖိနပ်ရော ငရုတ်ကျည်ပွေ့ရော ရှိတယ်။ အကုန်ကြိုးတုပ်ပြီး တရုတ်ပြည်ပို့ပစ်မယ်။ နေ့တောင် မကူးစေရဘူး။ ဒါဗြဲ ဒါဗြဲ။

Soe Min Facebook

ပဉ္စမံတပ်သား/သူ့လူကိုယ့်ဘက်သား




ပဉ္စမံတပ်သား/သူ့လူကိုယ့်ဘက်သား  
Written by ဇော်ဇော်အောင်   
Sunday, 16 September 2012 12:01
ပဉ္စမံတပ်သား။ အရေးကိစ္စတစ်ခုကို အများအကျိုးအတွက် အများစုပေါင်းဆောင်ရွက်ကြရာမှာ
 သူ့လူကိုယ့်ဘက်သားလုပ်ပြီး ၀င်ရောက်ဖျက်ဆီးတဲ့လူကို ခေါ်တယ်။ သူ့လူကိုယ့်ဘက်သားဆိုတဲ့
 စကားကသဘောမိတယ်။ လူကတော့သူ့လူပဲ၊ ဒါပေမယ့် ကိုယ့်ဘက်မှာ နေတယ်။ 
ကိုယ့်လူဟန်ဆောင်ပေးတယ်။ ပြီးတော့ မသိအောင် ကပျက်ယဖျက် လုပ်တယ်။ အနှောင့်အယှက်ပေးတယ်။ နောက်ဆုံး လုပ်ငန်းကြီးတစ်ခုလုံးကို လုပ်မရအောင် ဖျက်ဆီးတယ်။ ဒီလိုလူတွေဟာ ပရိယာယ်ကြွယ်တယ်။ 
ပါး နပ်တယ်။ လူရည်လယ်တယ် ခေါ်ရမှာပေါ့။ သူတို့ဟာ ရန်သူဘက်က (၀ါ) တစ်ဖက်ကဖြစ်တယ်ဆိုတာ 
မရိပ်မိအောင် မသိအောင်နေတယ်။ အနေအထိုင် သိပ်သည်းတယ်။စကား ကြွယ်တယ်။
တစ်ဖက်ကိုဘယ်လောက် မုန်းတီးဆန့်ကျင်ကြောင်း (အမှန် တော့ အဲ့ဒီတစ်ဖက်ဟာသူ့ဘက်) ဒီဘက်ကို
 ဘယ်လောက်လေးစား ချစ်ခင်ကြောင်း (အမှန်တော့ ဒီဘက်ဆိုတာသူနဲ့ ဆန့်ကျင်ဘက်)တွေကို အာဘောင်အာရင်းသန်သန် ပြောတတ်တယ်။ အဲဒီလိုလူမျိုးတွေဟာ မျက်နှာချင်းဆိုင် တိုက်ခိုက်နေရတဲ့ 
 ရန်သူထက် ပိုကြောက်စရာကောင်းတယ်။ အဲ့ဒီ သူ့လူကိုယ့်ဘက်သား ပဉ္စမံတပ်သားဆိုတာ 
 အလွန်အန္တရာယ် ကြီးပါတယ်။ ပဉ္စမံတပ်သားဆိုတဲ့ စကားကို ဘယ်သူစတင်ပြန်ဆိုသုံးစွဲ ခဲ့သလဲမသိပါ။ 
စိတ်အထင်တော့ ဟိုတုန်းက သတင်းစာ ဆရာကြီး တစ်ယောက်ယောက်၊ ဂျာနယ်လစ်ကြီးတစ်ယောက်ယောက်  ဖြစ်လိမ့်မယ်ထင်ပါတယ်။ လေးစားဖို့ ကျေးဇူးတင်ဖို့ကောင်းပါတယ်။
 နိုင်ငံကြီးတွေမှာတော့ အရေးပါတဲ့ စကားလုံး အသစ်တစ်လုံး ထွက်ပေါ်လာတယ်ဆိုရင် ဘယ်တုန်းက ဘယ်သူကစသုံးခဲ့တယ်ဆိုတာ အဘိဓာန်ကြီးတွေမှာ မှတ်တမ်းတင်ထားတတ်ကြတယ်။ ကျောင်းသုံးအဘိဓာန်မျိုးမှာတော့ မဟုတ်ဘူးပေါ့။ OED လို အဘိဓာန်ကြီးတွေမှာ တွေ့ရတတ်တယ်။ ကျွန်တော်တို့ဆီမှာလည်း တစ်နေ့တော့ ဖြစ်လာမှာပေါ့။
ဒီစကားလုံး ဖြစ်ပေါ်လာပုံ အကျဉ်းလောက်ပြောရရင် . . . ၁၉၃၆ ခုနှစ် ၀န်းကျင်လောက်မှာဖြစ်တဲ့ စပိန်နိုင်ငံ ပြည်တွင်းစစ်အဖြစ်ပျက်က စပြောရမယ်။ နောင်အခါ အာဏာရှင်အဖြစ်ကျော် ကြားလာတဲ့ ဖရန်ကို င်္မညေခငျသ င်္မညေခသ နဲ့စပိန် ဘုရင့်နိုင်ငံတော်နဲ့ ပဋိပက္ခဖြစ်ကြတယ်။ ဖရန်ကိုရဲ့ အမျိုးသားရေး ၀ါဒီတပ်တွေကို ဦးစီးတဲ့ စစ်သူကြီး Mola မိုလာဆိုတာ ရှိတယ်။ ဒီစကားလုံးက စစ်သူကြီး မိုလာစတင်သုံးစွဲခဲ့တဲ့ စကားလုံးဖြစ်တယ်။ စပိန် နေပြည်တော် Madrid ကို စစ်သူကြီးမိုလာက ၀ိုင်းရံပိတ်ဆို့ တိုက်ခိုက်တယ်။ စစ်ကြောင်းကြီး လေးကြောင်းနဲ့ ၀ိုင်းရံတိုက်ခိုက်တယ်။ အပြင်မှာ စစ်ကြောင်းကြီးလေးကြောင်း ၀ိုင်းထားသလို၊ အထဲမှာလည်း''ပဉ္စမမြောက်စစ်ကြောင်းကြီး Fifth Column ရှိနေတယ်လို့ မိုလာကဆိုတယ်။ စစ်ကြောင်းကြီးဆိုတာ Column လို့ ခေါ်တယ်။
ရန်သူ့မြို့တော်အတွင်းမှာပဲ စစ်ကြောင်းကြီးတစ်ခုလောက် များပြားတဲ့ သူလျှိုတွေ ဒလန်တွေ မြှုပ်နှံထားတယ်လို့ ဆိုလိုတာဖြစ်တယ်။ နောက်ပိုင်းမှာတော့ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို သစ္စာဖောက်ပြီး ရန်သူကို အားပေး အား မြှောက်လုပ်သူလို့လည်း အဓိပ္ပာယ်တွင်လာတယ်။ အရေးကိစ္စတစ်ခုမှာ တစ်ဖက်ကနေတယ်၊ ဟန်ဆောင်ပြီး ဆန့်ကျင်ဘက်ကို အားပေးတဲ့သူဆိုတဲ့ အဓိပ္ပာယ်နဲ့လည်း သုံးလာတယ်။ ကျွန်တော်တို့ အခုအခြေအနေနဲ့ ပြောရမယ်ဆိုရင် . . . ဒီမိုကရေစီကိုလိုလား ဟန်ဆောင်ပြီး၊ ဒီမိုကရေစီ စကားများများပြောပြီး၊ တိတ်တဆိတ် ကျိတ်ပြီး ဒီမိုကရေစီ ပျက်စီးရာပျက်စီးကြောင်း လုပ်တဲ့သူတွေဟာ . . . ပဉ္စမံတပ်သား Fifth Columnist တွေပဲ ဖြစ်ပါတယ်။ ရင်ဆိုင်တွေ့နေရတဲ့ ရန်သူထက် ပိုကြောက်စရာကောင်းပါတယ်။ နောက်ကျောကို ဓားနဲ့ထိုးတယ်ဆိုတဲ့စကား ရှိတယ်။ ပဉ္စမံတပ်သားတွေက နောက်ကျောလည်းဓားနဲ့ ထိုးတယ်၊ တွေ့ရာကြုံရာ နေရာမရွေး လစ်ရင်လစ်သလို ဓားနဲ့ထိုးမယ့်လူတွေ ဖြစ်တယ်။ သိပ်သတိ ထားရပါမယ်။ အထူးသဖြင့် နိုင်ငံရေးမှာ လှုပ်ရှားမှု ပြင်းထန်လာတဲ့အချိန်တိုင်း ရှုပ်ထွေးတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး ပဉ္စမံတွေ လှုပ်ရှားတတ်ကြတယ်။

အရေးကိစ္စတစ်ခုမှာ တစ်ဖက်ကနေတယ်၊ ဟန်ဆောင်ပြီး ဆန့်ကျင်ဘက်ကို အားပေးတဲ့သူဆိုတဲ့ အဓိပ္ပာယ်နဲ့လည်း သုံးလာတယ်။ ကျွန်တော်တို့ အခုအခြေအနေနဲ့ ပြောရမယ်ဆိုရင် . . . ဒီမိုကရေစီကို လိုလားဟန်ဆောင်ပြီး ဒီမိုကရေစီ စကား များများပြောပြီး၊ တိတ်တဆိတ်ကျိတ်ပြီး ဒီမိုကရေစီ ပျက်စီးရာပျက်စီးကြောင်း လုပ်တဲ့သူတွေဟာ  . .  .ပဉ္စမံတပ်သား Fifth Columnist တွေပဲ ဖြစ်ပါတယ် . . .
သိပ်မကြာသေးခင်ကပဲ ဆောင်းပါးတစ်စောင် ဖတ်လိုက်ရတယ်။ ၂၂-၈-၂၀၁၂ နေ့ထုတ် Newday News သတင်းဂျာနယ်မှာ ဖြစ်ပါတယ်။ ဆောင်းပါးရှင်ထွန်းဇော်ဌေးရဲ့ 'မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းမှာ' 
ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ အခု ကျွန်တ်ာပြောနေတဲ့ ပဉ္စမံတပ်သား အန္တရာယ်နဲ့ သက်ဆိုင်နေပါတယ်။ ဆောင်းပါးရှင်ဟာ နိုင်ငံရေး အတွေ့အကြုံရှိတဲ့သူတစ်ယောက်ပါပဲ။ ကွယ်လွန်သူ 
 ဒဿနိကပါမောက္ခ ဦးသိန်းဇံ (ဆရာနန္ဒာသိန်းဇံ)ရဲ့ တပည့်ရင်းတစ်ယောက်လို့ သိရတယ်။ 
 ၈၈လှုပ်ရှားမှုကြီးအတွင်းက သူ့ဆရာနန္ဒသိန်းဇံက သူ့ကိုခေါ်ပြီး စာရွက်တစ်ရွက်ပေးတယ်၊ 
အရစ္စတိုတယ် Aristotle ရဲ့ ကျမ်းစာထဲက ကောက်နုတ်စာသားတစ်ပုဒ် ဖြစ်တယ်။ 
သူ့တပည့်ရင်း(ဆောင်းပါးရှင်ထွန်းဇော်ဌေး) ကို ဒီစာရွက်ပေးလိုက်ခြင်းဟာ လတ်တလောဖြစ်ပွားနေတဲ့
 လှုပ်ရှားမှုမှာ ပညာရှင်တစ်ယောက်အနေနဲ့ ထည့်ဝင်သည်ပိုး အကျိုးပြု contribute လုပ်လိုက်တာပါပဲ။ အဲဒီကောက်နုတ်ချက်စာရွက်မှာ ရေးထားတာက ''လူထုအုံကြွမှုတစ်ခု ပေါ်ပေါက်လာ ပြီဆိုရင် 
တစ်ဖက်ကလူတွေဟာ အာရုံပြောင်းသွားအောင် မဟုတ်မမှန် လုပ်ကြံသတင်းတွေ ဖြန့်တယ်၊ ပမာအားဖြင့် ရေတွင်းရေကန်တွေမှာ အဆိပ်ခတ်ထားတယ်၊ ဘယ်နေရာမှာ ဆူပူမှုတွေ၊ လုယက်မှုတွေ
 ဖြစ်နေတယ်။ လူထုအကာအကွယ်မဲ့ပြီး အချိန်မရွေး ဒုက္ခရောက်သွားမယ်၊ လုံခြုံမှုတွေ မရှိတော့ဖူး
 စသည်ဖြင့် ၀ါဒဖြန့်တယ်။ နေရာအနှံ့အပြားမှာ ပြဿနာတွေ အခက်အခဲတွေ မဖြစ်ဖြစ်အောင် 
ဖန်တီးတတ်ကြတယ်၊ ဘယ်နေရာမှာဖြင့် လူတွေခေါင်းဖြတ် သတ်နေကြပြီ၊ မကြုံဘူးအောင် 
ရက်စက်နေကြပြီ စသည်ဖြင့်လည်းကြောက်အောင် ခြောက်တတ်ကြတယ်။ အုပ်စိုးသူတွေဟာ
 ပြည်သူလူထုရဲ့ အုံကြွမှုအကြောင်းရင်းတွေကို ဖြေရှင်းမပေးနိုင်တဲ့အတွက် လူထုကို အာရုံပြောင်း 
လမ်းကြောင်း လွှဲပေးတာမျိုးပဲ ဖြစ်တယ်။ ဒါတွေဟာ တစ်ဖက်ကလူတွေရဲ့ ပဉ္စမံနည်းလမ်းတွေ ဖြစ်ပါတယ်။ 
ဆရာနန္ဒာသိန်းဇံ (ကျွန် တော်တို့ကတော့ ဇံကြီးလို့ခေါ်တယ်) ရဲ့ တာဝန်ကျေမှု တစ်ခုဖြစ်တယ်လို့ 
 ထင်ပါတယ်။
အတွေ့အကြုံအရ ပြောရရင် ဆိုကြပါစို့၊ စီတန်းလှည့်လည် ဆန္ဒပြပွဲဆိုပါတော့။ အေးအေးချမ်းချမ်း
 စနစ်တကျ တန်းစီချီတက်ကြတယ်၊ ကြွေးကြော်သံ ကပ်ပြားတွေထောင်ပြီး ကိုင်လာကြတယ်၊
 ကြွေးကြော်သံတွေ အတိုင်အဖောက် ကြွေးကြော် လာကြတယ်။ စုရပ်တစ်နေရာရောက်တဲ့အခါ 
စကားပြောမယ်၊ အဆိုတင်သွင်းမယ်၊ ထောက်ခံမယ်၊ ဆုံးဖြတ်ချက်ချမယ်၊ ပြီးရင် ကြွေးကြော်သံတွေနဲ့
 ရုပ်သိမ်းလူစုခွဲမယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် လုပ်ရိုးလုပ်စဉ် ချီတက်ပွဲ၊ ဆန္ဒပြပွဲပါပဲ။
အဲဒီမှာ တန်းစီသူတွေနဲ့အတူ လိုက်ပါလာတဲ့ သူ့လူ ကိုယ့်ဘက်သား ပဉ္စမံတွေက မဖွယ်မရာ
 အော်ဟစ်တာတို့၊ ဘေးက ရပ်ကြည့်နေတဲ့ လူတွေကို မဖွယ်မရာ လုပ်ပြတာတို့၊ ရန်ဖြစ်တာတို့၊ ဘေးမှာ ရပ်ထားတဲ့ မော်တော်ကား၊ လမ်းဘေးဈေးဆိုင်ကလေးတွေကို ကန်ကျောက်တာ၊ အုတ်ခဲနဲ့ထုတာ၊ ဖျက်ဆီးတာ၊ နောက်ဆုံးအဆင့်ဈေးဆိုင်တွေကို ၀င်လုယက်တာတွေလုပ်တတ်ကြတယ်။ 
 ဆန္ဒပြပွဲစီတန်းလှည့်လည်ပွဲကို သရုပ်ပျက်အောင်လုပ်တာပဲ။ ရှင်းရှင်းလေးပဲ၊ အဲဒီလိုလုပ်တဲ့သူတွေဟာ 
များသောအားဖြင့် အခကြေးငွေပေးပြီး ခေါ်ထားတဲ့ . . . ကလေကချေ၊ အခြေမဲ့အနေမဲ့လူတွေ
 ဖြစ်တတ်ကြတယ်၊ မာ့စ်ဝါဒရဲ့ ဖခင်ကြီး ကားလ်မာ့စ် Karl Marx က . . . ဒီလိုလူမျိုးတွေကို Lumpen 
လူတန်းစားလို့ ခေါ်တယ်၊ လူ့လောကကို ဘာမှကောင်းကျိုးမပေး၊ ဖျက်ဆီးတတ်တဲ့ ကလေကချေ 
လူတန်းစားတွေ ဖြစ်တယ်၊ မာ့စ်ကတော့ လူ့လောကရဲ့ အမှိုက်တွေလို့တောင် ခေါ်ခဲ့တယ်၊
 တော်လှန်ရေးကို ဖျက်ဆီးမယ့်လူတွေလို့ သတ်မှတ်ခဲ့ ဖူးတယ်။
ကျွန်တော်တို့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာလည်း ဒီလို ပဉ္စမံတပ်သားတွေ ရှိနိုင်တယ်။ ရှိနေတယ်၊ 
ဒီမိုကရေစီ လှုပ်ရှားမှုတွေကို အခုပြောခဲ့သလို အတွင်းက၀င်ပြီး သရုပ်ပျက်အောင်လုပ်တော့ တစ်ဖက်က
 အကွက်ဝင်သွားတယ်။ ဘာအကွက်လည်းဆိုရင် . . . မင်းတို့ ဆန္ဒပြပွဲတွေဟာ စည်းမရှိ ကမ်းမရှိ 
 ပရမ်းပတာတွေ၊ လူအများ အနှောင့်အယှက် ဖြစ်တယ်၊ စည်းကမ်းထိန်းသိမ်းရမယ်ဆိုတဲ့ 
အကြောင်းပြချက်နဲ့ ဆန္ဒပြချင်ရင် လျှောက်လွှာတင်ခွင့်ပြုမိန့် တောင်းရမယ်၊ လူ ဘယ်နှယောက်ပါမယ်၊ ဘာတွေပြောမယ်၊ ကြွေးကြော်သံတွေ ရေးတင်ရမယ်၊ စီတန်းလှည့်လည်ရင်လည်း ဘယ်လမ်းက 
သွားမယ်၊ ဘယ်မှာဆုံးမယ် စသည်ဖြင့် အသေးစိပ်စည်းကမ်းတွေ ထုတ်လာတယ်၊ ချုပ်ချယ်လာတယ်။ 
ပညာသားပါ ပါနဲ့ နှိပ်ကွပ်ပိတ်ဆို့လာတတ်တယ်၊ တကယ်တော့ လူတိုင်းလူတိုင်း လွတ်လွတ်လပ်လပ်
 ငြိမ်းချမ်းစွာ စုဝေးခွင့် ရှိတယ်။ (အပိုဒ်၂၀၊အပိုဒ်ခွဲ၁) လူတိုင်း လူတိုင်းဟာ မိမိဆန္ဒကို လွတ်လပ်စွာ 
ထုတ်ဖော်ပြသခွင့် ရှိတယ်။ (အပိုဒ် ၁၉)လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေငြာစာတမ်းမှာပါပြီး ဖြစ်ပါတယ်။
ပိုဆိုးတာက ပိုအန္တရာယ်ကြီးတာက ဒီလိုရှိပါတယ်။ ဆိုကြပါစို့။ စကာပမာပြောတယ်လို့ပဲ သဘောထားပါ။ 
ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သား၊ ဒီမိုကရေစီအင်အားစုတွေထဲမှာ အတွေ့အကြုံများတဲ့သူတွေ ရှိတယ်။ နိုင်ငံရေးမှာ ၁၊သမ္ဘာ ၂၊၀ါ ကြီးတဲ့သူတွေ ရင့်ကျက်သူတွေ ရှိတတ်ကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ဒီမိုကရေစီအကြောင်း ကောင်းကောင်း ပြောတတ်တယ်။ များများ ပြောကြတယ်။ 
ကျယ်ကျယ်လောင်လောင် ပြောတတ်ကြတယ်။ အဟောအပြောမှာ ရှေ့တန်းရောက်တယ်။
 တကယ့်အရေးကြုံလာရင်၊ ကျဉ်းထဲ ကျပ်ထဲကျလာရင် သူတို့ မရှိတော့ဘူး။ အခြေအနေကောင်းရင်
 ပြန်ပေါ်လာပြီး ဒီမိုကရေစီအတွက် ဘယ်လိုလုပ်မယ် ဘယ်လိုကိုင်မယ် မိုးတစ်လုံး
 လေတစ်လုံးပြောကြပြန်ရော။ အဲဒီလို လူတွေက ပိုအန္တရာယ် ကြီးတယ်။ ဒီမိုကရေစီ 
အ၀န်းအ၀ိုင်းထဲမှာနေပြီး သိမ်သိမ်မွေ့မွေ့ ပါးပါးနပ်နပ်နဲ့ ကိုယ့်လမ်းကြောင်း မသွေဖည်သွားအောင် 
လုပ်တတ်ကြတယ်။ သမ္ဘာကလည်း ရင့်နေပြီ၊ ၀ါကလည်း ကြီးလှပြီ။ အဟောကောင်း
 အပြောကောင်း(မကောင်းလည်း စကားတွေ အများကြီးပြောတတ်)တဲ့ သူတွေဖြစ်တဲ့အတွက် ရိုးသားတဲ့ ဒီမိုကရေစီဘက်သားတွေ နားယောင်သွားတတ်ကြတယ်။ လမ်းကြောင်းမှားအောင် ပါးပါးကလေး 
လုပ်တတ်ကြတယ်။ ဒီလို ပုဂ္ဂိုလ်တွေလည်း ပဉ္စမံတွေပဲ။ ပိုတတ် တော့၊ ပိုကျွမ်းကျင်တော့၊
 ပိုကောက်ကျစ်တော့ ကိုယ့်ဘက်မှာ အထိနာတယ်ဆိုတာ သတိပြုမိဖို့ လွန်စွာအရေးကြီးပါကြောင်း ။  ။
Comments 
+9 #3 Truth Seeker 2012-09-18 13:18
အခုကို ဒီလိုလူတွေ တွေ့နေရတာပါပဲ
ရပ်ကွက်ထဲမှာ၊ အသင်းအဖွဲ့တွေထဲမှာသာမက
ဂျာနယ်တွေ၊ အင်တာနက်တွေမှာပါ ပလူပျံနေတာပဲ
သူတို့အလုပ်က သူလျှိုအလုပ်လိုပါပဲ
ထောက်ခံသလိုလိုနဲ့ ကိုယ်တိုင်ဝင်ဖျက်ဆီးတာပဲ
လူထုထောက်ခံမှုများတဲ့ ပါတီကြီးတွေထဲမှာ ဝင်ပြီးဖျက်ဆီးရေးစနေတာ တွေ့နေရတယ်
ဘယ်တော့ဖြစ်ဖြစ် အလိမ်မမိဖို့ ကျုပ်တို့ပြည်သူတွေ ဗဟုသုတများများလိုတယ်
ရေးပေးသူတွေကို ကျေးဇူးပါ
 
+16 #2 AMKs 2012-09-17 08:46
Great presentation !

very good presentation. thanks for writing this.
May be you like to write when you can, a bit more examples, case studies, case scenerio - obvious conspicuous ' black and white - clearly demarcated events in the past, recent past. If you dare to .
it would be very appreciated.
Write in Myanmar and with some glossary if u use English if necessary. There are a lot of examples in Myanmar . no need to look very far back . Just from 1980s . till now. Both inside country and outside country in the jungle.
Well...I know , I know, but I can not express like others do.
One of the salient points ; ( rule of thumbs )
do not rely/use the people with black-stain. People may change their attitude as time goes by, though, but still a danger of recurrence and there will be a great ' negative reaction from various aspects ( people and community, society ) around the world.
If one does that mistake, it would be ' suicide or ' put the noose around your own neck ' .
Great Article ! Great !
 
+28 #1 Public Servant 2012-09-16 21:37
88 affairs မှာ ကလေကချေတွေကို အသုံးချခဲ့တယ်ဆိုတာ မီတဲ့သူတိုင်း သိခဲ့ကြပါတယ်။ သင်ခန်းစာယူဘွယ်အတိပါပဲ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။