Wednesday, September 19, 2012

ဝယ်ယူခဲ့သော အငြင်းပွားကျွန်းများအတွက် အစီအစဉ်များ ဂျပန်ရေးဆွဲ

ဝယ်ယူခဲ့သော အငြင်းပွားကျွန်းများအတွက် အစီအစဉ်များ ဂျပန်ရေးဆွဲ  
Sunday, 16 September 2012 15:10
တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားခဲ့သော အိုကီနာဝါစီရင်စုရှိ ဆင်ကာကူကျွန်းစု၏ ကျွန်းသုံးခုအတွက် ပြုလုပ်မည့် အစီအစဉ်များကို ဂျပန်အစိုးရက ရေးဆွဲနေသည်။ ယင်းကျွန်းစုများကို ပိုင်သည်ဟု ဂျပန်ကလက်ခံထားသော ပိုင်ရှင်များထံမှ ယန်း ၂ ဒသမ ၀၅ ဘီလျံဖြင့် အစိုးရက ၀ယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့သည်။
ယင်းဝယ်ယူခဲ့သော ကျွန်းများအတွက် အစီအစဉ်များကို ရေးဆွဲထားပြီး အစီအစဉ်တစ်မှာ ယင်းကျွန်းများကို မူလအတိုင်းထားရှိရန်ဖြစ်ကာ အစီအစဉ်နှစ်အရ ကျွန်းတစ်ဝိုက် သဘာဝပတ်ဝန်းကျင် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ရန်ဖြစ်သည်။ အစီအစဉ်သုံးမှာ ကျွန်းသုံးခုအနက် Uotsurijima ကျွန်းပေါ်ရှိ မီးပြတိုက်ကို LED မီးလုံးများဖြင့် အစားထိုးရန်ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ်နိုဒါက အစီအစဉ် နှစ်နှင့်သုံးကို ပြုလုပ်ရန် စိတ်ဝင်စားခဲ့သော်လည်း တရုတ်နှင့် တင်းမာမှု မြင့်တက်မည်စိုးသဖြင့် အစိုးရတာဝန်ရှိသူများက စည်းရုံးရာတွင် နောက်ဆုံး၌ အစီအစဉ်တစ်ကိုသာပြုလုပ်ရန် နိုဒါက လိုက်လျောခဲ့သည်။

အစီအစဉ်လေးမှာ ယင်းကျွန်းများပေါ်တွင် ငါးဖမ်းလှေများအတွက် ခိုနားရန် အဆာက်အအုံ တည်ဆောက်ရန်ဖြစ်ပြီး တိုကျိုအုပ်ချုပ်ရေးမှူးရှင် တာရိုအီရှီဟာရာကလည်း ထောက်ခံခဲ့သည်။ အစီအစဉ်ငါးမှာ ယင်းကျွန်းစုတစ်ဝိုက် အဏ္ဏ၀ါရင်းမြစ်များကို Survey လုပ်ရန်ဖြစ်သည်။ အစီအစဉ်ခြောက်မှာ ယင်းကျွန်းစုတစ်ဝိုက်ပေါ်တွင်  Self-Defence Force ချထားရန်ဖြစ်သည်။
Ref;Yomiuri Shimbun

ဂျပန်နှင့် အငြင်းပွားနေသော ကျွန်းစုသို့ တရုတ်က သင်္ဘောခြောက်စင်း စေလွှတ်




ဂျပန်နှင့် အငြင်းပွားနေသော ကျွန်းစုသို့ တရုတ်က သင်္ဘောခြောက်စင်း စေလွှတ်  
Sunday, 16 September 2012 15:02
ဂျပန်ကမ်းခြေစောင့်တပ်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရိုက်ကူးထားသည့် တရုတ်ရေကြောင်း ထောက်လှမ်းရေးသင်္ဘောတစ်စင်း အငြင်းပွားကျွန်းစုအနီးသို့ ရောက်ရှိလာမှု မြင်ကွင်း Photo: AFP
တရုတ်သည် ဂျပန်နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းစုအား စက်တင်ဘာလ ၁၄ ရက်နေ့က သင်္ဘောခြောက်စင်းစေလွှတ်ခဲ့ကြောင်း သိရှိရသည်။
တရုတ်၏ ပြောကြားချက်အရ ယင်းကဲ့သို့ စေလွှတ်ခဲ့ခြင်းသည် တရုတ်တို့၏ ကျွန်းစုပေါ်တွင် အာဏာသက်ရောက်မှုကို ပြသရန်ဖြစ်ကြောင်း သိရှိရသည်။ မကြာသေးမီကပင် အဆိုပါကျွန်းစုအား ပိုင်ဆိုင်သည်ဟု ဂျပန်ဘက်က လက်ခံထားသည့် ဂျပန်မိသားစုထံမှ ဂျပန်အစိုးရက ၀ယ်ယူခဲ့ပြီးဖြစ်သည်။
ယင်းကဲ့သို့ စီးပွားရေးအင်အား အကြီးဆုံးနှစ်နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ပြင်းထန်သော အငြင်းပွားမှုများကြောင့် တရုတ်နိုင်ငံတွင် နေထိုင်နေသော၊ အလည်အပတ်ရောက်ရှိနေသော ဂျပန်နိုင်ငံသားများကို တိုက်ခိုက်ခံရမှုများလည်း ဖြစ်ပွားခဲ့သည်။
ဂျပန်စီးပွားရေးလုပ်ငန်းများ အခြေစိုက်ရာနှင့် ဂျပန်ခရီးသွားများ လာရောက်ရာ ရှန်ဟိုင်းရှိ ဂျပန်ကောင်စစ်ဝန်ရုံးတွင် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှုနှင့်ပတ်သက်ပြီး လာရောက်တိုင်ကြားမှုများ ရှိလာခဲ့ပြီးနောက် တရုတ်သို့ ခရီးသွားသော၊ တရုတ်တွင်နေထိုင်သော ဂျပန်လူမျိုးများအတွက် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
ယင်းကဲ့သို့ သင်္ဘောများစေလွှတ်ခြင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သင်္ဘောများသည် နိုင်ငံပိုင်၏အချုပ်အခြာအာဏာပိုင် နယ်မြေအတွင်းသွားလာကြခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဂျပန်တို့ဘက်မှလည်း  တရုတ် နိုင်ငံရှိ ဂျပန်လူမျိုးများ၏ လုံခြုံရေးအား အစွမ်းကုန်ကူညီပေးရန် တိုက်တွန်းခဲ့သည်။ ရှန်ဟိုင်းတွင် ညပိုင်း ညစာစားသောက်နေကြသော ဂျပန်များသည် ပုလင်းများ၊ အစားအသောက်များနှင့် ပစ်ပေါက်ခံခဲ့ရမှုများ ဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်နှစ်ခုတွင်ဆိုလျှင် ''မင်းဂျပန်လား''ဟု သေသေချာချာမေးပြီးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရှန်ဟိုင်းရှိ ဂျပန်သံတမန်တစ်ဦးက ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် အတွင်းရေးမှူးသည် သတင်းစာရှင်းလင်းပွဲတွင် တရုတ်သင်္ဘောခြောက်စင်းလွှတ်သည့်ကိစ္စသည် မကြုံဖူးသည့်ကိစ္စတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးအားလည်း တရုတ်သံအမတ်အားဆင့် ခေါ်စေပြီး ဆန္ဒပြပွဲများအား ထိန်းချုပ်ပေးရန် ပြောကြားခဲ့သည်။
Ref:AFP

အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အဖြစ် အကျဉ်းသား ၅၁၄ ဦးအား လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ပါဝင်ပြီး ၃၉၉ ဦးမှာ နိုင်ငံခြားသားများဖြစ်


အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အဖြစ် အကျဉ်းသား ၅၁၄ ဦးအား လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ပါဝင်ပြီး ၃၉၉ ဦးမှာ နိုင်ငံခြားသားများဖြစ်  
Wednesday, 19 September 2012 09:33
စက်တင်ဘာလ ၁၇ ရက်နေ့က ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် တွေ့ရစဉ် ဓာတ်ပုံ အောင်ဇော်ထွန်း
အစိုးရသစ်လက်ထက်တွင် စတုတ္ထအကြိမ်မြောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အဖြစ် အကျဉ်းသား ၅၁၄ ဦးအား လွှတ်ပေးလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဆိုက်ဘ်မှ ဖော်ပြခဲ့ပြီး အဆိုပါအကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ပါဝင်ကာ ၃၉၉ ဦးမှာ
 နိုင်ငံခြားသားများဖြစ်ကြောင်း သတင်းရရှိပါသည်။
''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှုဖော်ဆောင်ရေးအတွက် လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံအချင်းချင်း မိတ်မပျက် ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄(က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများ ဖြစ်ကြသည့် နိုင်ငံခြားသား အကျဉ်းသားများ အပါ အ၀င် စုစုပေါင်းအကျဉ်းသား ၅၁၄ ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁)အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊
 တော်သလင်းလဆန်း ၂ ရက် (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့)မှစ၍ ပြစ်ဒဏ်
လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်''ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲပြီးနောက် အရပ်သားအစိုးရအနေဖြင့် အကျဉ်းသားအများအပြားကို
 လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်ထုတ်ပြန်ပြီး လွှတ်ပေးခဲ့ရာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် 
အကျဉ်းသား ၆၀၈၇ ဦး၊ အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၆ ဦး၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် အကျဉ်းသားစုစုပေါင်း ၆၅၁ ဦး၊ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် အကျဉ်းသား ၃၇ ဦး၊ အကျဉ်းသူ ၄၆ ဦးကိုလည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။ ယခုကဲ့သို့ အစိုးရသစ်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားအများအပြား လွှတ်ပေးခဲ့ရာ၌ နိုင်ငံရေးအကျဉ်းသားများ 
ပါဝင်မှုရှိခဲ့သော်လည်း လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီးတွင် ယခင်အစိုးရလက်ထက်က
 ထောက်လှမ်းရေး မှ ဖောက်ခွဲရေးပုဒ်မများအပါအ၀င် ကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲ ဖမ်းဆီးခဲ့သော နိုင်ငံရေးအကျဉ်းသားများ များစွာကျန်ရှိနေသေးကြောင်း ပြန်လည်လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများက 
 ပြောကြားထားသည်။
အကျဉ်းသား ၅၁၄ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် ၃၉၉ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း၊ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး အဆိုပါ နိုင်ငံခြားသားအများစုမှာ တရားမ၀င် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာ၍ လ၀က ပုဒ်မ ၁၃ (၁) ဖြင့် ထောင်ဒဏ်ကျခံနေရသူများဖြစ်ကြောင်း နေပြည်တော် အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းက Eleven Media Group သို့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်က ပြောကြားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ပြုစုထားသောစာရင်းအရ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသားပေါင်း ၃၀၃ ဦးရှိရာ ယခုစတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် စက်တင်ဘာလ ၁၈ ရက်နေ့အထိ သိရသောစာရင်းများအရ  ၈၆ ဦး လွတ်မြောက်လာကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) ၏ စာရင်းများအရ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများမှာ ရန်ကုန် အင်းစိန်ထောင်မှ ရှစ်ဦး၊ မန္တလေး အိုးဘိုထောင်မှ ၄၆ ဦး၊ တောင်ငူထောင်မှ ၂၆ ဦး၊ သာယာဝတီထောင်မှ သုံးဦး၊ ပဲခူးထောင်မှ တစ်ဦး၊ မြင်းခြံထောင်မှ တစ်ဦး၊ တောင်ကြီးထောင်မှ တစ်ဦး စုစုပေါင်း ၈၆ ဦးဖြစ်ကြောင်း သိရသည်။ AAPP မှထုတ်ပြန်သော စာရင်းအရ စက်တင်ဘာ ၁ ရက်နေ့အထိ အတည်ပြုနိုင်သော နိုင်ငံရေး အကျဉ်းသားအရေအတွက် ၄၂၄  ဦး ရှိပြီး အဆိုပါ နိုင်ငံရေးအကျဉ်းသားများမှာ ယခင် အစိုးရလက်ထက်က ဖမ်းဆီးခဲ့သူများဖြစ်ကာ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မများ၊ မတရားအသင်းနှင့် ဆက်သွယ်သော ပုဒ်မများ၊ ဖောက်ခွဲရေးပုဒ်မများဖြင့် စွဲချက်တင်ပြီး ဖမ်းဆီးခံထားရသူများဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က ''အခုလို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တဲ့အခါ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိသင့်တော့ပါဘူး။ သမ္မတကြီးကိုယ်တိုင်ကလည်း နိုင်ငံကို ပြုပြင်ပြောင်းလဲမှုပြုလုပ်ရာမှာ အားလုံးပါဝင်ဖို့ လို ကြောင်း ပြောထားတာပါ။ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အားလုံးခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက်ပါ။ ရရှိတဲ့သတင်းတွေအရ လွတ်မြောက်လာတာ အရမ်းနည်းနေပါတယ်။ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပါလို့ တောင်းဆိုပါတယ်''ဟု ပြောပြပါသည်။
စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး လွတ်မြောက်ခဲ့ရာ နှစ်ဦးမှာ နိုင်ငံခြားသားများဖြစ်ပြီး ကျန်ရှစ်ဦးမှာ ပုဒ်မ ၁၇။၁၊ ၁၃။၁၊ သင်းဖွဲ့ - ၆ အစရှိသော ပုဒ်မများဖြင့် အကျဉ်းကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများဖြစ်သည်ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် ပဲခူးမြို့မကျောင်းမှ ဦးခေမာစာရ (ခေါ်) ကိုချမ်းသာက ပြောကြားသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ပြုစုထားသောစာရင်းများအရ အင်းစိန်ထောင်တစ်ခုတည်းတွင်ပင် နိုင်ငံရေးအကျဉ်းသားပေါင်း ၈၀ ကျော်ရှိသော်လည်း ရှစ်ဦးသာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည့်အတွက် ယခုလွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်သည့်အရေအတွက်မှာ မျှော်လင့်ထားသည်ထက် အလွန်နည်းပါးနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်၏ ပြောကြားချက်အရ သိရသည်။
မန္တလေး အိုးဘိုအကျဉ်းထောင်မှလည်း နိုင်ငံခြားသားတစ်ဦးအပါအ၀င် အကျဉ်းသား ၄၇ ဦး လွတ်မြောက်လာကြောင်း သတင်းရရှိသည်။ ယင်းလွတ်မြောက်လာသူများထဲတွင် ဖောက်ခွဲရေးပုဒ်မများဖြင့် ဖမ်းဆီးခံခဲ့ရသူများ၊ နိုင်ငံရေးအကျဉ်းသားများ အပြင် ၂၀၀၃ ခုနှစ်က အထိန်းသိမ်းခံခဲ့ရသည့် သံဃာတော် ၂၂ ပါးလည်း ပါဝင်ကြောင်းလည်း သိရသည်။
တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော နိုင်ငံရေးအကျဉ်းသား ၂၄ ဦးမှာ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်ကြောင်း သိရပြီး ၎င်းတို့အားလုံးမှာ မတရားအသင်းနှင့် ပတ်သက်ဆက်နွှယ်မှု ( ပုဒ်မ ၁၇-၁) ဖြင့် ဖမ်းဆီးခံထားရသူ အများစုဖြစ်ကြောင်း သိရှိရသည်။ တောင်ငူအကျဉ်းထောင်တွင် မတရားအသင်းနှင့် ဆက်သွယ်သော ပုဒ်မ၁၇(၁)နှင့် ဖောက်ခွဲရေးပုဒ်မများဖြင့် အကျဉ်းကျခံနေရသူ ၄၃ ဦးရှိပြီး စက်တင်ဘာလ ၁၇ ရက် ပြစ် ဒဏ်လွတ်ငြိမ်းခွင့်အပြီးတွင် ၁၇ ဦး ကျန်ရှိနေသေးကြောင်းလည်း သိရှိရသည်။
ကျန်အကျဉ်းထောင်များမှ လွတ်မြောက်လာသူများထဲတွင် ၁၉၉၈ ခုနှစ်ကတည်းက အကျဉ်းကျနေသော တောင်ကြီးထောင်မှ ဦးရွှေထူး၊ သာယာဝတီထောင်မှ မောင်မောင်သန်းရွှေ၊ ဇာနိုင်ထွန်း(ခ) ဖြူလေး၊ ကိုဉာဏ်ထွန်း၊ ပဲခူးထောင်မှ ကိုဇင်လင်းထွန်း စသူတို့ပါဝင်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ကလေးမြို့ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၁၈ ဦးအနက် မြန်မာနိုင်ငံသားတစ်ဦးသာ ပါဝင်ကြောင်း သိရသည်။ လွတ်မြောက်ခဲ့သူများတွင် အိန္ဒိယနိုင်ငံသား ၁၄ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦး ပါဝင်ခဲ့ပြီး ပုဒ်မ ၁၇-၁ ဖြင့် အကျဉ်းကျနေသော ချင်းတိုင်းရင်းသား တစ်ဦးပါဝင်ကြောင်း သိရပါသည်။ ကလေးမြို့ အကျဉ်းထောင်တွင် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသား ကိုရန်ရွှေနှင့် ဗိုလ်မှူးကြီးဟောင်းတင်လှတို့မှာ လွတ်မြောက်ခြင်း မရှိသေးဟု သိရသည်။
နောက်ဆက်တွဲရရှိသော သတင်းများအရ ယမန်နေ့က ထုတ်ပြန်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသည့် ၁၁၈ ဦးအား စက်တင် ဘာလ ၁၇ ရက်နေ့ ညပိုင်းက စစ်တွေ အကျဉ်းထောင်မှ ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်အစိုးရမှ ပြန်မခေါ်မချင်း ယာယီထိန်းသိမ်းထားဦးမည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ငွေကြေးအလွဲသုံးစားပြစ်မှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် အကျဉ်းသားသုံးဦးကိုလည်း ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း၊ ၎င်းတို့အား နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ''အခုလို လွှတ်ပေးသင့်တာ ကြာပါပြီ။ ထောင်ထဲမှာ ဆယ်စုနှစ်တွေကြာတဲ့ အထိနေခဲ့ကြရတဲ့ ဘ၀တွေအများကြီး ရှိပါတယ်။ ဦးရွှေထူးဆိုရင် ၁၅ နှစ် နီးပါးရှိပြီ။ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တော်ပြန်လာတဲ့သူတွေကိုတောင် လက်ခံနေပြီဆိုတဲ့ အချိန်မှာပုဒ်မတွေ အမျိုးမျိုးနဲ့ အစွပ်စွဲခံခဲ့ရပြီး မတရား ဖမ်းဆီးခံခဲ့ရတဲ့သူတွေ ထောင်ထဲမှာ မရှိသင့်ပါဘူး။ အခုလို လွှတ်ပေးခြင်းဟာ နိုင်ငံတကာမှာ မျက်နှာပန်းလှမယ့်ကိစ္စပါ။ တစ်စုံတစ်ယောက်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘ၀တွေကို နိုင်ဖဲတစ်ချပ်ကိုင်ထားသလို ကိုင်ထားတာမျိုး မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းပါတယ်''ဟု ပြောပြခဲ့ပါသည်။
Comments 
 
+3 #3 Hercules 2012-09-19 10:42
သမ္မတကြီးအတွက်နဲ့ ဒီလောက်မဖြေရှင်းလည်း ရပါတယ် တပြည်သူ မရွှေထားရယ်။ ကျနော်မျိုးကြီး နောက်ထားတာပါ။ :lol:
 
0 #2 Ta Pyay Thu Ma Shwe Hta 2012-09-19 10:28
Quoting Hercules:
Quote:
အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အဖြစ် အကျဉ်းသား ၅၁၄ ဦးအား လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ပါဝင်ပြီး ၃၉၉ ဦးမှာ နိုင်ငံခြားသားများဖြစ်
သမ္မတကြီးက နိုင်ငံခြားသားတွေကို ပိုချစ်သတဲ့ဟေ့- :sad:
Go try as a prisoner in a foreign prison without any respect to the rule of law and basic human rights. Don't make anything as black and white situation. All falsely detained or have served their sentence (if guilty) should be released, foreigners or not, without being used as political pawns.
 
+1 #1 Hercules 2012-09-19 10:14
Quote:
အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အဖြစ် အကျဉ်းသား ၅၁၄ ဦးအား လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ပါဝင်ပြီး ၃၉၉ ဦးမှာ နိုင်ငံခြားသားများဖြစ်
သမ္မတကြီးက နိုင်ငံခြားသားတွေကို ပိုချစ်သတဲ့ဟေ့- :sad:

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစဉ် မတိုင်မီ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်




နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစဉ် မတိုင်မီ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်  
Tuesday, 18 September 2012 21:12
ts-china
နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်းတို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်စဉ် ဓါတ်ပုံ- သမ္မတရုံး ဝက်ဘ်ဆိုက်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု ခရီးစဉ်မတိုင်မီ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ စက်တင်ဘာလ ၁၈ ရက် နေ့က ချစ်ကြည်ရေးခရီး စတင်သွားရောက်ခဲ့သည်။
သမ္မတဦးသိန်းစိန်သည် (၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန် စည်ပြပွဲ (နန်နင်း)နှင့် တရုတ်-အာ ဆီယံရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ရန် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ အထိသွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရုတ်-အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ၂၀၀၄ ခုနှစ်ကစတင်ပြီး နှစ်စဉ်ကျင်းပသော နန်နင်းကုန်စည် ပြပွဲနှင့် ထိပ်သီးအစည်းအဝေးများတွင် ယခုနှစ်၌ မြန်မာနိုင်ငံသည် Honor Country ဖြစ်သဖြင့် လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ ကဖိတ်ကြား၍ လည်းကောင်း သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုခရီးစဉ်သည် သမ္မတဦး သိန်းစိန် ၂၀၁၁ ခုနှစ် မတ်လတွင် သမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင် ပြီးနောက်ပိုင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်သည့် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ် သည်။ ပထမအကြိမ် ခရီးစဉ်မှာ ၂၀၁၁ ခုနှစ် မေလတွင် ဖြစ်သည်။
ယခုခရီးစဉ် မတိုင်မီ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်၊ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) ၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ၀ူဘန်းဂိုသည် မြန်မာနိုင်ငံသို့ စက်တင်ဘာ လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ လာရောက်ခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ ထုတ်ပြန်သော အချက်အလက် များအရ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ ရှိကြောင်းနှင့် ပြီးခဲ့သည့်နှစ်ထက် ၄၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက် တစ်လျှောက်လုံး မြန်မာနိုင်ငံ ကို ကမ္ဘာ့အလယ်တွင် ထောက်ခံ ကာကွယ်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အခြားနိုင်ငံများထက် ပိုမိုလက်ဦးမှု ရယူနိုင်ခဲ့သည်ကို တွေ့ ရသည်။

ts-china1
နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်းတို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်စဉ် ဓါတ်ပုံ- သမ္မတရုံး ဝက်ဘ်ဆိုက်

သို့ရာတွင် မြန်မာနိုင်ငံ၌ အရပ် သားအစိုးရ တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင် မှုကြောင့် ဥရောပ၊ အမေရိကန်တို့နှင့် ဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန်လာသလို အဆိုပါနိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ မှုများကို ဖြေလျော့ဆိုင်းငံ့မှုများ ပြု လုပ်လာကြသည်။
ထို့ပြင် အဆိုပါနိုင်ငံများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်ပြုလုပ်လာကြသည်။
ထိုသို့ မြန်မာနိုင်ငံနှင့် အနောက် နိုင်ငံများအကြား ဆက်ဆံရေးတိုး တက်ကောင်းမွန်လာမှုသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံအတွက် စိုးရိမ် စရာ ဖြစ်လာစေသည်ဟုလည်း လေ့ လာသူအချို့က သုံးသပ်ကြသည်။
“ကျွန်တော့်အမြင်ကတော့ သမ္မတရဲ့ အမေရိကန်ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံကို အလည်အပတ်ခရီး သွားရောက်တာဟာ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံဟာ အမေရိကန် ပြည်ထောင်စုထက် မဟာဗျူဟာ မြောက် အရေးကြီးတယ်ဆိုတာကို ပြသလိုတာကြောင့်ဖြစ်သလိုတစ်ဖက် ကလည်း အမေရိကန်နဲ့ ဆက်ဆံရေး မှာ တရုတ်-မြန်မာမဟာဗျူဟာဆက် ဆံရေးကို အလေးထားဖို့ ပြသလို တာကြောင့်ဖြစ်တယ်။ တစ်နည်းပြော ရင် တရုတ်နိုင်ငံနဲ့ မဟာဗျူဟာအ ဆင့် ဆက်ဆံရေးကို ကျောထောက် နောက်ခံပြုပြီးအမေရိကန်ပြည်ထောင် စုကို အလည်အပတ်သွားတယ်လို့ လည်း သုံးသပ်နိုင်မယ် ထင်တယ်။
ကျွန်တော်ကတော့ တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက် ဆံရေးဟာ လက်ရှိအစိုးရရော၊ နောင် လာမယ့်အစိုးရတွေအတွက်ရော အ လွန်အရေးကြီးတယ်လို့မြင်ပါတယ်။ အဓိကအကြောင်းတွေထဲက တချို့ ကတော့ တရုတ်နိုင်ငံဟာ မြန်မာနိုင် ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်နေတာ၊ တ ရုတ်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု တွေက မြန်မာနိုင်ငံမှာ နံပါတ်တစ် ဖြစ်နေတာ၊ တရုတ်နိုင်ငံဟာ ဒေသ တွင်းသာမက ကမ္ဘာ့နိုင်ငံရေး အခင်း အကျင်းမှာ မဟာအင်အားကြီးနိုင်ငံ ဖြစ်နေတာတွေ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ကျွန်တော်တို့ထက် စီးပွား ရေးအားကောင်း၊ ချမ်းသာတဲ့အာဆီ ယံအဖွဲ့ဝင်နိုင်ငံ တွေကတောင် တ ရုတ်နိုင်ငံနဲ့ မဟာဗျုဟာဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားနေတဲ့အချိန် မှာ ကျွန်တော်တို့ကလည်း ရှိပြီးသား ဆက်ဆံရေးကို ပိုမိုကောင်းမွန်ဖို့၊ ပိုမို မဟာဗျူဟာမြောက်ဖို့နဲ့ သူနိုင်ကိုယ် နိုင် အနေအထားဆီ ဦးတည်နိုင်ဖို့၊ နယ်ပယ်စုံမှာ တန်းတူရည်တူရှိမှုကို ပိုမိုပီပြင်ဖို့ စနစ်တကျပြင်ဆင်ဆောင် ရွက်ရမယ်ထင်ပါတယ်။ မြန်မာနိုင် ငံမှာ အရပ်သားအစိုးရ တက်လာပြီး တဲ့နောက် အနောက်နိုင်ငံတွေ၊ ဥရော ပနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင် စုတို့နဲ့ ဆက်ဆံရေးပြန်လည်နွေးထွေး လာတာကြောင့် တရုတ်နိုင်ငံနဲ့ မြန်မာ နိုင်ငံဆက်ဆံရေးဆက်လက်နွေးထွေး ပါ့မလားလို့တော့ သံသယဖြစ်စရာ မလိုဘူးထင်ပါတယ်။ မြန်မာ့ဈေး ကွက်ထဲမှာ ပြိုင်ဘက်အသစ်တွေ၊ အထူးသဖြင့် ဥရောပနဲ့ အမေရိကန် တို့ ၀င်လာတာဟာ ယေဘုယျအား ဖြင့် တရုတ်နိုင်ငံအတွက် စိုးရိမ်စရာ လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တ ရုတ်နိုင်ငံဟာ  နိုငံတကာမှာလည်း အဲဒီနိုင်ငံတွေနဲ့ စီးပွားရေးနယ်ပယ် မှာ ပြိုင်ဆိုင်နေရတာဖြစ်လို့ သာမန်ပဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တန်းတူရည်တူယှဉ်ပြိုင်ရမယ့် သ ဘော ရှိနေတာ၊ ပြိုင်ဘက်ကောင်း တွေတိုးလာတာတို့ကတော့ တရုတ် နိုင်ငံအနေနဲ့ သတိထားပြင်ဆင်ရ မယ့်အပိုင်းလို့ ထင်ပါတယ်”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်မှု ဆောင်းပါးများရေးသားသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုထက် မဟာဗျူဟာမြောက် အရေးကြီးတယ်ဆိုတာကို ပြသလိုတာကြောင့် ဖြစ်သလို တစ်ဖက်ကလည်း အမေရိကန်နဲ့ ဆက်ဆံရေးမှာ တရုတ်-မြန်မာ မဟာဗျူဟာဆက်ဆံရေးကို အလေးထားဖို့ ပြသလိုတာကြောင်  .   .   .
“မြန်မာနိုင်ငံ အစိုးရတိုင်းဟာ အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများနဲ့ ဆက်ဆံရေးတိုး တက်ကောင်းမွန်လာတဲ့တစ်ချိန်တည်း မှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆက်ဆံရေးကိုလည်း မဟာဗျူဟာမြောက် ဟန်ချက်ညီညီ တည်ဆောက်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေ ကမြန်မာနိုင်ငံရဲ့တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို မျက်ခြေမပြတ်စောင့်ကြည့် နေသလို တရုတ်နိုင်ငံကလည်း မြန် မာနိုင်ငံရဲ့ အမေရိကန်အပါအ၀င်အနောက် နိုင်ငံတွေနဲ့ ဆက်ဆံရေးကို မျက်ခြေမပြတ် စောင့်ကြည့် လေ့လာ နေမှာပါ။ အဲဒီအခြေအနေမျိုးမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ အမျိုးသား အကျိုးစီးပွားအတွက်၊ တိုင်း ပြည်နဲ့ လူမျိုးအကျိုးအတွက် တရုတ်နိုင်ငံနဲ့ လည်းကောင်း၊ အနောက်နိုင်ငံများနဲ့ လည်းကောင်း ဆက်ဆံရေးတွေကို အကျိုးရှိအောင် ထိန်းညှိ နိုင်ရမယ်လို့ ထင်ပါတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံနဲ့ ဆက် ဆံရေးဟာ တိုးတက်ကောင်းမွန်လာဖို့ပဲ ရှိတယ်လို့ မြင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးလို့ အစိုးရသစ် တက်လာခဲ့ရင်တောင် တရုတ်နိုင်ငံ နဲ့ ဆက်ဆံရေးဟာ မဟာဗျူဟာ မြောက် အရေးကြီးနေဦးမှာပါ’ဟု ဒေါက်တာရန်မျိုးသိမ်းကဆက်လက် ပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ် ပြီးနောက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့်  (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ နောက်ဆုံးပတ်တွင် သွားရောက်မည်ဖြစ်ပြီး အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာမှ အကြီးအကဲများနှင့် သီးသန့်တွေ့ဆုံ မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင် စုသို့ ရောက်ရှိနေသည်။
ဒေါက်တာ ရန်မျိုးသိမ်းက “အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံထဲကို ခပ်သွက်သွက် ၀င်ရောက်နေ တဲ့အပေါ် တရုတ်နိုင်ငံက စိုးရိမ်နိုင်သလို တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး အရှိန်အဟုန်ကြီးမား တာကြောင့်လည်း အမေရိကန်က စိုးရိမ်ပြီး မြန်မာနိုင်ငံထဲ အရှိန်မြင့် ၀င်တယ်လို့လည်း စဉ်းစားနိုင်ပါတယ်။ အရေးကြီးတာက အင်အားကြီးနှစ်နိုင်ငံရဲ့ အားပြိုင်တဲ့ စင်မြင့် မဖြစ်ဖို့လိုတာပါ။ အဲဒီလိုမဖြစ်ဖို့ ဆိုရင် အစိုးရ၊ လွှတ်တော်တို့က ထိန်းကျောင်းရမယ် ထင်ပါတယ်။ အမေရိ ကန်နဲ့ ဆွေးနွေးတဲ့နေရာမှာ တရုတ် နဲ့ ဆက်ဆံရေးကို တွန်းအားတစ်ခု အဖြစ် သွက်ဝိုက်သုံးသင့်သလို တ ရုတ်နဲ့ ဆွေးနွေးတဲ့နေရာမှာ အမေရိကန်နဲ့ ဆက်ဆံရေးကို တွန်းအား တစ်ခုဖြစ်အောင် မသိမသာစောင်း ပေးနိုင်ရင် ကျွန်တော်တို့ဟာ အင်အားကြီးနှစ်နိုင်ငံလုံးဆီက မဟာဗျူ ဟာမြောက် တုံ့ပြန်မှုတွေ ရနိုင်ပါ တယ်။ အဲဒါတွေဟာ ကျွန်တော်တို့ အမျိုးသား အကျိုးစီးပွားအတွက် အထောက်အကူဖြစ်ရပါမယ်။ နောက် အမေရိကန်ပြည်ထောင်စု၊ အနောက် နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့ဟာလည်း သူတို့အမျိုးသားအကျိုးစီးပွား၊ သူတို့ တိုင်းပြည်၊ သူတို့လူမျိုးတွေအတွက် အကောင်းဆုံးဖြစ်အောင်၊ အကျိုးရှိ အောင်လုပ်နေတယ်ဆိုတာကို မမေ့ဖို့ လိုပါတယ်။ နောက်ထပ်ပြောချင်တာ ကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နိုင်ငံနဲ့ဆက်ဆံရေး ကို စနစ်တကျ၊ မဟာဗျူဟာမြောက် တည်ဆောက်သင့်သလို တရုတ်နိုင် ငံကို အမြန်ဆုံး အလည်အပတ်ခရီး သွားရောက်သင့်တယ်လို့လည်း ထင် မြင်မိပါတယ်။ မြန်မာနိုင်ငံရဲ့အနာ ဂတ်နိုင်ငံရေးအခင်းအကျင်းကို စိုး မိုးဖို့ ပြင်ဆင်အားထုတ်ဖို့ဆိုရင် တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးတည်ဆောက်ထားဖို့ အထူး လိုအပ်တယ်လို့ ယူဆပါတယ်”ဟု  ပြောကြားခဲ့သည်။

Comments 

+4 #11 yangonite70 2012-09-19 10:02
Dear Mr. President,
Wherever you go, whatever you do, please, always remember that good government is that which most effectively secures the rights of the people and the fruits of their labor, promotes their happiness, and does their will.
 
+13 #10 Mg Dee 2012-09-19 08:57
တရုတ်ကိုပေါင်းနေတာလည်း ကြာပြီထင်ပါတယ်။ တရုတ်က မြန်မာကို ဘာတွေများ ကူညီပေးခဲ့လို့လဲ။ သူတို့ဘက်က မြန်မာပြည်သူတွေအပေါ် မိတ်ဆွေလို သဘောထားရင် ပြည်သူကို ဖိနှိပ်တဲ့ အစိုးရကို နိုင်ငံတကာဖိအားတွေက ကာကွယ်ပေးဖို့ ဗီတိုအာဏာတွေ သုံးပြီး၊ ပြည်သူတွေကို ဖိနှိပ်ဖို့ စစ်လက်နက်ပစ္စည်းတွေရောင်းခဲ့ပါ့မလား။ ပြည်သူ့အစိုးရမရှိတဲ့ ၀ရုန်းသုန်းကားအချိန်မှာ နိုင်ငံထဲက သစ်တွေ၊ကျောက်တွေ၊ ဓါတ်ငွေ့တွေ ဈေးပေါပေါနဲ့ ရယူပြီး သူတို့နိုင်ငံအတွက် သက်သက်အမြတ်ထုတ်သွားတာလည်း လူတိုင်းအသိ။ နည်းပညာဆိုလည်း အနမြူထုတ်လုပ်တဲ့နည်းပညာပေးဖို့ နေနေသာသာ အနုမြူစွန့်ပစ်ပစ္စည်း မြန်မာပြည်ထဲ လာမမြုပ်ရင်တောင် ကံကောင်းတယ်ပြောရမှာပါ။ တရုတ်က ပဒေသရာဇ်ဖြစ်ဖြစ်၊ ဖက်ဆစ်ဖြစ်ဖြစ်၊စစ်အာဏာရှင်ဖြစ်ဖြစ် အုပ်ချုပ်သူကိုသာ မိတ်ဆွေဖွဲ့ပြီး ရေနစ်နေတဲ့ ပြည်သူကို စုန်းစုန်းမြုပ်အောင် ၀ါးကူထိုးပေးတဲ့ အလုပ်တွေသာ လုပ်ခဲ့တာပါ။ လုပ်လည်းလုပ်ဦးမှာပါ။ မြောက်ကိုရီးယားကြည့်မလား။လစ်ဗျားကြည့်မလား။ ဆီးရီးယားကို ကြည့်မလား။ သူတို့ရဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ လူကြီးလူကောင်းဆန်တဲ့ ပေါ်လစီလား။
အိမ်နီးချင်း မဖြစ်မနေပေါင်းရမယ်ဆိုပြန်တော့ ရိုးရာပေါ်သလိုများ ဖြစ်နေမလား။ ကိုးကွယ်ပသရင်လည်း သေတဲ့အထိ အကုန်အကျများဦးမယ်။ မကိုးကွယ်မပသရင်လည်း နတ်ကိုင်ဦးမယ်။

ဘုရင်က ကိုးကွယ်တဲ့ဘာသာဟာ ပြည်သူကိုးကွယ်ရမယ့်ဘာသာ ဖြစ်ခဲ့တဲ့ခေတ် ကတော့ ကုန်ပြီထင်ပါတယ်။ တရုတ်နဲ့ပတ်သက်တာပဲဖြစ်ဖြစ် မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ဘ၀တွေကိုရင်းပြီး သိလာတဲ့ အသိ၊ခံစားချက်တွေနဲ့ နိုင်ငံတကာနဲ့ ယှဉ်ထိုးကြည့်ရင်း ဆုံးဖြတ်ပါလိမ့်မယ်။ အစိုးရကလည်း ပြည်သူ့အစိုးရမှန်ရင် နိုင်ငံတကာမှာ မျက်နှာပျက်စရာဖြစ်ရင်တောင် ကိုယ့်ပြည်သူအပေါ်မှာ မျက်နှာပျက်စရာမဖြစ်အောင် လုပ်ပေးရမယ်ထင်ပါတယ်။ ပြည်သူ့မျက်နှာ မကြည့်တဲ့ ခေါင်းဆောင်တွေကတော့ သမိုင်းစာမျက်နှာပေါ်က အကျည်းတန်နေရာတွေပဲ ရယူနိုင်မှာ သေချာပါတယ်။
 
+16 #9 KO KYAW - BUTALIN 2012-09-19 08:22
ပေါင်းပါ မိတ်ဆွေများတာ ကောင်းတာပေါ့ 
သို့ သော်သတိထားသင့်သည်မှာ သင်တရုတ်ကုမ္မဏီမှာလုပ်လျင် သင့်ကိုငွေနဲ့ ပေါက်ပြီးဝယ်လျင် သင့်ကိုဒုတ်အဖြစ်သုံးပြီး သင့်လူမျိုးများအား အသေနှံလိမ့်မည်ကိုသတိမူရန်လိုပါသည်။
ဘယ်လူမျိုးနဲ့ ပဲပေါင်းပေါင်း ဘယ်သူနဲ့ ပဲမိတ်ဆွေဖြစ်ဖြစ် မိမိနိုင်ငံ မိမိလူမျိုးကို သင့်အားသစ္စာဖေါက်စေရန် အသုံးချလာလျင် ဘာလုပ်မည်နည်းဟု လူတိုင်းမိမိကိုယ်ကိုမေးခွန်းထုတ်ကြည့်သင့်ပါသည်။ မိမိနိုင်ငံ မိမိလူမျိုးသည်သာ မွေးရာပါ သစ္စာနှံထားသော မိမိဘ၀တလျောက်သစ္စာထားရမည့် သူများဖြစ်ပါသည်။
ဘယ်နိုင်ငံမှာမဆို တရုတ်တို့ ဝင်ရောက်ကြီးစိုးလျင် ဒေသန္တရ အုပ်ချုပ်ရေးတွင်အာဏာရှိသူများအားငွေနဲ့ ပေါက်ခါးပိုက်ထဲထည့်ပြီး ဂုတ်သွေးစုတ်ယူသည်မှာ ပုံသေ နည်းလမ်း ဖေါ်မြူလာဖြစ်ပြီး corporate ethic , corporate social responsibilities ဆိုသည်များအလွန်အားနည်းပါသည်။ ထို့ ကြောင့်လည်းယခုအခါ တရုတ်ကလာသေားပစ္စည်းမှန်သမျှသံသယနှင့်ကြည့်လာကြပြီး ၂၀၁၁ မှစတင်ကာ တရုတ်နိုင်ငံခြားပို့ ကုန်သည်ပင်အလွန်အမင်းကျဆင်းခဲ့ပါသည်။အထူးသဖြင့်ဆေးဝါးနှင့် စားသောက်ကုန်များ တရုတ်ပစ္စည်းဆိုလျင်အထူးပင်သတိထားသင့်ပါသည်။
 
+24 #8 salamander 2012-09-19 08:07
သမ္မတကြီးလျှောက်တဲ့လမ်းမှာ ကော်ဇော်နီခင်းမထားပါလား။ လေးစားပါတယ်။ အရင်က ဟိုလူကြီးနဲ.များ ကွာပါ.။ :lol:
 
+22 #7 Orgalisan 2012-09-19 07:17
တယုတ်နဲ့ဘယ်လိုပေါင်းရမယ် ဘယ်လိုချဉ်းကပ်ရမယ် အမျိုးသားအကျိုးစီးပွား ဆိုတဲ့စကားလုံးတွေ ကိုတော့ အပြစ်မပြောလိုပါဘူး
ဒါပေမယ့် တယုတ်ကမြန်မာကို တုံးလိုခုပြီးနင်းတက်သွားတာ၊ ဂျင်းထည့်တာ၊ မြန်မာပြည်ကိုဆုတ်ယုတ်အောင်လုပ်ပြီးသူတို့အမျိုးသားအကျိုးစီးပွားရှာသွားတာမျိုးတော့အဖြစ်ခံလို့မရပါဘူး
မြန်မာတစ်ပြည်လုံး တမျိုးသားလုံးသတိရှိကြပါ။ ပြည်ကြီးတယုတ်တွေကိုလုံးဝ ယုံလို့မရပါဘူး။ ကျနော်ကတော့အိမ်ကိုခဏခဏမှာတယ်။ တယုတ်လုပ် ပစ္စည်းတွေကို လုံးဝရှောင်ဖို့။
 
+14 #6 exodus88 2012-09-19 03:57
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နိုင်ငံနဲ့ဆက်ဆံရေး ကို စနစ်တကျ၊ မဟာဗျူဟာမြောက် တည်ဆောက်သင့်သလို တရုတ်နိုင် ငံကို အမြန်ဆုံး အလည်အပတ်ခရီး သွားရောက်သင့်တယ်လို့လည်း ထင် မြင်မိပါတယ်။ မြန်မာနိုင်ငံရဲ့အနာ ဂတ်နိုင်ငံရေးအခင်းအကျင်းကို စိုး မိုးဖို့ ပြင်ဆင်အားထုတ်ဖို့ဆိုရင် တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးတည်ဆောက်ထားဖို့ အထူး လိုအပ်တယ်လို့ ယူဆပါတယ်”ဟု ပြောကြားခဲ့သည်။
 
-35 #5 exodus88 2012-09-19 03:55
လက်ရှိတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင် စုသို့ ရောက်ရှိနေသည်။
Why ဒေါ်အောင်ဆန်းစုကြည် don't go to China first before go to america. China God will be
 
-23 #4 exodus88 2012-09-19 03:53
Why U Thein Sein went to China and offered thing like to God before he went to China.China is one of the Myanmar God/ So government need to offer first before what they do. Shame on you U Thein Sein.Quoting Zawtika:
မီဒီယာ သမားတွေများ တော်တော် တရားကျဘို့ ကောင်းတယ်...
ဟိုတစ်ယောက်တုံးကများ ..... သူရဲမရဲ စီးပီး အမဲသားတွဲ ၀ိုင်းဆွဲ သလို အုံခဲနေတာဘဲ ...
ဒို့ သမ္မတကြီး နဲ့ ကြတော့ ကျီး နဲ့ ဖုတ်ဖုတ်
သိပ်မျက်နှာ လိုက်တာဘဲ။
ဒို့ သမ္မတကြီး သနားပါတယ်။

အပြောအဆို ဆင်ခြင် မှ တော်တော်ကြာ ၀ိုင်းထိုးနေအုံးမယ်...
ပြောင်းတို ပြောင်းရှည် တွေနဲ့ .....
 
 
+11 #3 Change 2012-09-18 22:45
Quoting Zawtika:
မီဒီယာ သမားတွေများ တော်တော် တရားကျဘို့ ကောင်းတယ်...
ဟိုတစ်ယောက်တုံးကများ ..... သူရဲမရဲ စီးပီး အမဲသားတွဲ ၀ိုင်းဆွဲ သလို အုံခဲနေတာဘဲ ...
ဒို့ သမ္မတကြီး နဲ့ ကြတော့ ကျီး နဲ့ ဖုတ်ဖုတ်
သိပ်မျက်နှာ လိုက်တာဘဲ။
ဒို့ သမ္မတကြီး သနားပါတယ်။

အပြောအဆို ဆင်ခြင် မှ တော်တော်ကြာ ၀ိုင်းထိုးနေအုံးမယ်...
ပြောင်းတို ပြောင်းရှည် တွေနဲ့ .....

လိုက်မလား...အစ်ကို
မော်စကို...မော်စကို
 
+29 #2 nyi nyi han 2012-09-18 22:10
သမ္မတကြီး လျှောက်လာသောလမ်းကို အရောင်တင်ပြုပြင်ပေးရန် အစီအစဉ်ရှိမရှိ...
 
+38 #1 Zawtika 2012-09-18 21:38
မီဒီယာ သမားတွေများ တော်တော် တရားကျဘို့ ကောင်းတယ်...
ဟိုတစ်ယောက်တုံးကများ ..... သူရဲမရဲ စီးပီး အမဲသားတွဲ ၀ိုင်းဆွဲ သလို အုံခဲနေတာဘဲ ...
ဒို့ သမ္မတကြီး နဲ့ ကြတော့ ကျီး နဲ့ ဖုတ်ဖုတ်
သိပ်မျက်နှာ လိုက်တာဘဲ။
ဒို့ သမ္မတကြီး သနားပါတယ်။

အပြောအဆို ဆင်ခြင် မှ တော်တော်ကြာ ၀ိုင်းထိုးနေအုံးမယ်...
ပြောင်းတို ပြောင်းရှည် တွေနဲ့ .....

မဟာရန်ကုန် မြို့ပြဖွံ့ ဖြိုးရေး မဟာဗျူဟာစီမံကိန်းအတွက် နိုင်ငံတော်သမ္မတ ခွင့်ပြုချက်ဖြင့် မြေဧကလေးသောင်း အသုံးပြုခွင့် ရရှိခဲ့ကြောင်း သိရ


မဟာရန်ကုန် မြို့ပြဖွံ့ ဖြိုးရေး မဟာဗျူဟာစီမံကိန်းအတွက် နိုင်ငံတော်သမ္မတ ခွင့်ပြုချက်ဖြင့် မြေဧကလေးသောင်း အသုံးပြုခွင့် ရရှိခဲ့ကြောင်း သိရ  
Wednesday, 19 September 2012 10:42
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည် ဖော်ဆောင်မည့် "မဟာရန်ကုန် မြို့ပြဖွဲ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း" အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ မြေဧကလေးသောင်း အသုံးပြုခွင့်ပေးအပ်ခဲ့သည်ဟု အဆိုပါစီမံကိန်းမှ အကြံပေး ပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။
အဆိုပါ ပြောကြားချက်အား စက်တင်ဘာ တတိယအပတ်တွင် ကျင်းပခဲ့သည့် လှိုင်မြို့နယ်ရှိ ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဋ္ဌာနတွင် ကျင်းပခဲ့သည့် ရှေးဟောင်း မြို့တော်များဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စသည့် ပျူမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မဟာ ရန်ကုန်မြို့ပြဖွဲ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် JICA မှ ပူးပေါင်းရေးဆွဲနေခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ် ရေးဆွဲသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
"မြေဧက ၄၀၀၀၀ ကို သမ္မတ ရဲ့ ခွင့်ပြုချက်နဲ့ ရရှိထားပါတယ်။ စည်ပင်ကလည်း ခွင့်ပြုချက်ရထားတဲ့ စီမံကိန်းကို လက်ဦးမှုယူချင်လို့ အမြန်အကောင် အထည်ဖော်နေပါတယ်" ဟု ဒေါက်တာကျော်လတ်က ပြောကြားခဲ့ပါသည်။
အဆိုပါ မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် အကောင် အထည်ဖော်နိုင်ရန် မြေဧက ၄၀၀၀၀ ရရှိထားပြီး လက်ရှိ ကာလတွင် ရရှိထားသည့် မြေနေရာများ၌ စီမံကိန်း အဆောက်အအုံများ တည်ဆောက် နိုင်ရန် မြေလွာစစ်ဆေးမှုများ ပြုလုပ်နေကာ ရက်ပိုင်းအတွင်း ပြီးစီးမည်ဖြစ်ကြောင်းလည်း ဒေါက်တာကျော်လတ်က ပြောကြားခဲ့ပါသည်။ 
အဆိုပါ စီမံကိန်းအတွက် ဒေါက်တာကျော်လတ်အား ဆက်လက် မေးမြန်းရာ အကောင်အထည် ဖော်ဆောင်မည့် မြေနေရာ အတိအကျအား မြေဈေးနှုန်းများ မြင့်တက်လာမည် စိုးရိမ်သည့်အတွက် ပြောဆိုနိုင်မှုမရှိကြောင်း ပြောကြား ခဲ့ပါသည်။
Comments 
 
+31 #1 ရန်ကုန်အောင် 2012-09-19 10:53
အထက်အမိန့် အရ ........ထုတ်ဖော်ပြောလို့  မရလို့ ပါ။
အချိန်တန်တော့လည်း ........ သူတို့ ပဲ .... ရ ရ သွား၊ မ မ သွားကြပြန်မယ်လေ။
ပွင့်လင်းမြင်သာမှုရှိတာ တကယ်တွေ့ ချင်ရင်တော့....... မော်ဒယ်ရှိုးတွေ....... တွေပဲ သွားကြည့်ရင် ထင်ရှားမှာပါ ဗျာ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။